Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, November 6, 2019

ကထိန္ခင္းသြားရင္း ယာဥ္တိမ္းေမွာက္မႈေၾကာင့္ အေၾကြေစာခဲ႔ရတဲ႔ သာသနာ့အာဇာနည္ ၾကယ္ပြင့္မ်ား…


ကထိန္ခင္းသြားရင္း ယာဥ္တိမ္းေမွာက္မႈေၾကာင့္ အေၾကြေစာခဲ႔ရတဲ႔ သာသနာ့အာဇာနည္ ၾကယ္ပြင့္မ်ား

ကထိန္ခင္းသြားသည့္ ေမာ္လၿမိဳင္၊ မဟာၿမိဳင္ဟိတဓရဓမၼစကူးအဖြဲ႕မွ Express ကားႏွစ္စီး တိမ္းေမွာက္၊ သံဃာ ၁ ပါးအပါအ၀င္ လူ ၈ ဦး ေသဆုံးၿပီး ၁၀ ဦး ဒဏ္ရာရ

ကထိန္ခင္းသြားသည့္ ေမာ္လၿမိဳင္၊ မဟာၿမိဳင္ဟိတဓရ ဓမၼစကူးအဖြဲ႕မွ Express ကားႏွစ္စီး ယေန႔ နံနက္ ၅ နာရီ ၁၅ မိနစ္ခန္႔က မႏၱေလးတုိင္းေဒသႀကီး

သပိတ္က်င္းၿမိဳ႕နယ္ ေက်ာက္ႀကီးေက်းရြာအနီးတြင္ တိမ္းေမွာက္ၿပီး သံဃာတစ္ပါး အပါအ၀င္ လူ ၈ ဦးေသဆုံးကာ ၁၀ ဦး ဒဏ္ရာရရွိေၾကာင္း Myanmar Recuse Mandalay မွ တာ၀န္ရွိသူတစ္ဦးက ေျပာဆုိသည္။


“ကားႏွစ္စီးမွာ တစ္စီးက သစ္ပင္ကုိ ၀င္တုိက္တယ္။ ေနာက္တစ္စီးက ေမွာက္တယ္။ ေလာေလာဆယ္ သိထားတာက ဆရာေတာ္တစ္ပါး အပါအ၀င္ လူ ၇ ဦးေက်ာ္ေလာက္ ေသတယ္ေပါ့။

ဒဏ္ရာရတဲ့သူလည္း မ်ားတယ္။ အေသးစိတ္ကေတာ့ ျပန္ေမးေပးမယ္” ဟု Myanmar Recuse -Mandalay မွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

ေမာ္လၿမိဳင္ၿမိဳ႕နယ္၊ မဟာၿမိဳင္ဟိတဓရ ဓမၼစကူးအဖြဲ႕မွ ကား ၃ စီးျဖင့္ ခ်င္းေတာင္တန္းတြင္ ကထိန္ခင္းရင္ သြားစဥ္ တိမ္းေမွာက္မႈ ျဖစ္ပြားျခင္းျဖစ္ေၾကာင္း သိရွိရသည္။

“သြားတာက ကား ၃ စီး။ ၃ စီးမွာ ပထမကားက ဘာမွ မျဖစ္ဘူး။ ဒုတိယကားက ေမွာက္တယ္။ ေမွာက္တဲ့ ဒုတိယကားကုိ ေရွာင္ရင္း တတိယကားက သစ္ပင္၀င္တုိက္တယ္။ သစ္ပင္၀င္တုိက္တဲ့ကားေပၚက လူေတြက ဘာမွ မျဖစ္ဘူး။



အခု ေမွာက္တဲ့ကားက လူေတြ ညပ္ေနလို႔ ထုတ္ဖုိ႔ ႀကိဳးစားေနတုန္းပဲ။ အေသးစိတ္ကုိေတာ့ စဥ့္ကူးဘက္ကုိ ေမးပါ” ဟု ​ေမာ္လၿမိဳင္ အေျခစုိက္ ဘုိဘို၀င္း ကယ္ဆယ္ေရးမွ ဦးဘုိဘုိ၀င္းက YGNခတ္သစ္ မီဒီယာသုိ႔ ေျပာသည္။

ကထိန္ကုိ ဦးေဆာင္သည့္ ဟိတဓရဆရာေတာ္မွာမူ ေဘးကင္းေၾကာင္း လတ္တေလာ စုံစမ္းသိရွိရၿပီး ရန္ကုန္ေခတ္သစ္သတင္းဌာနက အေသးစိတ္ သတင္းအခ်က္အလက္မ်ား ဆက္လက္စုံစမ္းေဖာ္ျပပါမည္။



ယူနီကုဒ္ျဖင့္ ဖတ္ရန္

ကထိန်ခင်းသွားသည့် မော်လမြိုင်၊ မဟာမြိုင်ဟိတဓရဓမ္မစကူးအဖွဲ့မှ Express ကားနှစ်စီး တိမ်းမှောက်၊ သံဃာ ၁ ပါးအပါအဝင် လူ ၈ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရ

ကထိန်ခင်းသွားသည့် မော်လမြိုင်၊ မဟာမြိုင်ဟိတဓရ ဓမ္မစကူးအဖွဲ့မှ Express ကားနှစ်စီး ယနေ့ နံနက် ၅ နာရီ ၁၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး

သပိတ်ကျင်းမြို့နယ် ကျောက်ကြီးကျေးရွာအနီးတွင် တိမ်းမှောက်ပြီး သံဃာတစ်ပါး အပါအဝင် လူ ၈ ဦးသေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိကြောင်း Myanmar Recuse Mandalay မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။



“ကားနှစ်စီးမှာ တစ်စီးက သစ်ပင်ကို ဝင်တိုက်တယ်။ နောက်တစ်စီးက မှောက်တယ်။ လောလောဆယ် သိထားတာက ဆရာတော်တစ်ပါး အပါအဝင် လူ ၇ ဦးကျော်လောက် သေတယ်ပေါ့။

ဒဏ်ရာရတဲ့သူလည်း များတယ်။ အသေးစိတ်ကတော့ ပြန်မေးပေးမယ်” ဟု Myanmar Recuse -Mandalay မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မော်လမြိုင်မြို့နယ်၊ မဟာမြိုင်ဟိတဓရ ဓမ္မစကူးအဖွဲ့မှ ကား ၃ စီးဖြင့် ချင်းတောင်တန်းတွင် ကထိန်ခင်းရင် သွားစဉ် တိမ်းမှောက်မှု ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရှိရသည်။



“သွားတာက ကား ၃ စီး။ ၃ စီးမှာ ပထမကားက ဘာမှ မဖြစ်ဘူး။ ဒုတိယကားက မှောက်တယ်။ မှောက်တဲ့ ဒုတိယကားကို ရှောင်ရင်း တတိယကားက သစ်ပင်ဝင်တိုက်တယ်။ သစ်ပင်ဝင်တိုက်တဲ့ကားပေါ်က လူတွေက ဘာမှ မဖြစ်ဘူး။

အခု မှောက်တဲ့ကားက လူတွေ ညပ်နေလို့ ထုတ်ဖို့ ကြိုးစားနေတုန်းပဲ။ အသေးစိတ်ကိုတော့ စဥ့်ကူးဘက်ကို မေးပါ” ဟု မော်လမြိုင် အခြေစိုက် ဘိုဘိုဝင်း ကယ်ဆယ်ရေးမှ ဦးဘိုဘိုဝင်းက YGNခတ်သစ် မီဒီယာသို့ ပြောသည်။



ကထိန်ကို ဦးဆောင်သည့် ဟိတဓရဆရာတော်မှာမူ ဘေးကင်းကြောင်း လတ်တလော စုံစမ်းသိရှိရပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနက အသေးစိတ် သတင်းအချက်အလက်များ ဆက်လက်စုံစမ်းဖော်ပြပါမည်။

No comments:

Post a Comment