Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 20, 2019



မြ့မရှပ်ရှင်အတွက် မုဒိန်းကျင့်ခန်းရိုက်ကူးရာမှ ဒဏ်ရာအများအပြားရရှိခဲ့တဲ့ သင်ဇာဝင့်ကျော်
















unicode version

မြ့မြရုပ်ရှင်အတွက် မုဒိန်းကျင့်ခန်းရိုက်ကူးရာမှ ဒဏ်ရာအများအပြားရရှိခဲ့တဲ့ သင်ဇာဝင့်ကျော်

မကြာခင်က လူမှုကွန်ရက်ပေါ်မှာ အတော်လေးကို ရေးပန်းစားခဲ့တဲ့ မြမြဝိဉာဉ်ဝင်ပူးတဲ့ အကြောင်းကို အားလုံးပဲ ကြားသိကြမှာပါ။

အဲ့ဒီအကြောင်းအရာကို ဇာတ်အိမ်တည်ပြီးတော့ ဒါရိုက်တာ ညိုမင်းလွင်က အနုပညာဖြင့် ဖန်တီး တင်ဆက်ဖို့အတွက် မြမြ ရုပ်ရှင်ကို ရိုက်ကူးပြသတော့မှာဖြစ်တယ်လို့ အသိပေးပြီး မကြာခင်မှာပဲ ပါဝင်သရုပ်ဆောင်ကြမယ့် သရုပ်ဆောင် များကို ရွေးချယ်ခဲ့ပါတယ်။

မြမြအဖြစ်သရုပ်ဆောင်မည့် သူကတော့ နိုင်ငံကျော် သရုပ်ဆောင်မင်းသမီးဖြစ်တဲ့ သင်ဇာဝင့်ကျော်ကို ရွေးချယ်ထားပြီးတော့ အဓိက မင်းသား နှစ်လက်မှာ အနုပညာလောကရဲ့ မျက်နှာစိမ်းတြွေဖစ်တဲ့ ဒီဒီး နဲ့ ဖြိုးမြတ်အောင် တို့ကို ရွေးချယ်ထားခဲ့ပေမယ့်မကြာခင်ကပဲ ဖြိုးမြတ်အောင်က နှုတ်ထွက်သွားခဲ့ပါတယ်။

 မြမြကို မုဒိန်းကျင့်ရမယ့်လူကြမ်းတွေကိုလည်း ရွေးချယ်ပွဲလုပ်ပြီး ရွေးချယ်ချိန်မှာ စင်မြင့်ပေါ်မှာ ဘောင်းဘီချွတ်မုဒိန်းကျင့်ပုံစံ လုပ်ပြတာကြောင့် ပရိသတ်ရဲ့ ဝေဖန်မှုလည်းမြင့်တက်ခဲ့ပါတယ်။

အခုအခါမှာတော့ မြမြရုပ်ရှင်ကို စတင်ရိုက်ကူးနေပြီလို့ ခန့်မှန်းရပြီးတော့ ဇာတ်ဝင်ခန်းအတွက် မင်းသမီးချောလေး သင်ဇာဝင့်ကျော်တောင် အညိုအမဲ စွဲတဲ့အထိ ကြမ်းခဲ့ကြတာကိုတွေ့ရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သတ်ပြီးတော့ ဒါရိုက်တာ ညိုမင်းလွင်ကတော့ အနုအရွအလှ မင်းသမီးလေးက အလုပ်အတွက် အလုပ်လို အညိုအမဲစွဲတာတောင် ဂရုမစိုက်ပဲ လုပ်တတ်တာကြောင့် လေးစားမိတယ်လို့ ဆိုပါတယ်။

Writer- SMT(Shwe Yaung Lan)

No comments:

Post a Comment