Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, September 10, 2019

Silent Killer (သို႔) သတိမထားမိေသာ ေသျခင္းတရား တစ္ခု (သို႔) Obstructive Sleep Apnea (OSA)



အပိုင္း (၁)

က်ေနာ္ တို႔ ျမန္မာ လူအမ်ားစု က အိပ္တဲ့ အခ်ိန္မွာ ေဟာက္တာ ျမင္ရင္ ရယ္ တတ္ၾကတယ္။
ေဟာက္ေနတဲ့ လူ ကို ၾကည့္ၿပီး ေဘးနားက လူေတြ က သေဘၤာ ေမာင္း ေနတာ တို႔ ၊ရထားႀကီး ထြက္ၿပီ တို႔ ေျပာင္တတ္ၾကတယ္။
တကယ္ေတာ့ အာ့လို ေဟာက္တတ္တဲ့ သူေတြ က ေသေစႏိုင္တဲ့ ေရာဂါ တစ္မ်ိဳး ကို စတင္ခံစားေနရတာ ပါ။
ေဟာက္တတ္တဲ့ လူေတြ ဘာလို႔ ေဟာက္တယ္ လို႔ သင္ထင္ပါသလည္း?
ေဟာက္တဲ့ သူေတြ ဘာလို႔ ေဟာက္တာ လည္း ဆိုတာ က်ေနာ္ ႐ွင္းျပပါရေစ။
ေဟာက္တယ္ ဆိုတာ Flow limitation လို႔ ေခၚတဲ့ အိပ္ေနတဲ့ အခ်ိန္ အသက္႐ွဴ လမ္းေၾကာင္းမွာ ေႏွာက္ယွက္မႈ တစ္ခု (သို႔) ပိတ္ဆို႔မွု ႐ွိလို႔ ျပန္ပြင့္ေအာင္ မသိစိတ္ကေန ႏိႈးေဆာ္ၿပီး အားထည့္ၿပီး ျပန္ဖြင့္လိုက္လို႔ ထြက္လာတဲ့ အသံပါ။
တကယ္ေတာ့ ဒါဟာ ရယ္စရာ တစ္ခု မဟုတ္ပါဘူး။
ေဟာက္တဲ့ သူတစ္ေယာက္က Flow Limitation တစ္ခု ဘဲ ႐ွိေနတယ္ ဆိုရင္ ျပန္ပြင့္ေအာင္ အဆုတ္က အားနဲ႔ တြန္းထုတ္လိုက္တဲ့ ေလ နဲ႔ ျပန္ပြင့္ႏိုင္ေပမယ့္ OSA (Obstructive Sleep Apnea) လို႔ေခၚတဲ့ အိပ္ေနတဲ့ အခ်ိန္ ေလႁပြန္ပိတ္သြားျခင္းေရာဂါ ျဖစ္လာၿပီ ဆိုရင္ေတာ့ သင္ဟာ အခ်ိန္မေရြး အိပ္ေနရာကေန ျပန္မႏိုးဘဲ အသက္ဆံုး႐ွံုးႏိုင္ပါတယ္။
တကယ္ေတာ့ က်ေနာ္ တို႔ ျမန္မာ လူမ်ိဳးေတြ မွာ တစ္ခ်ိဳ႕ လြဲမွားေနတဲ့ အယူေလးေတြ ႐ွိပါတယ္။
OSA ေရာဂါ ခံစားေနရတဲ့ သူ တစ္ေယာက္ က အိပ္ေနတာ ကေန ႐ုတ္တရက္ႀကီး လန္႔ႏိုးတတ္ပါတယ္။
တစ္ခ်ိဳ႕က အာ့ကို ထမင္းလံုးတေစၥ ေျခာက္တာ တို႔၊ ဘီလူးစီးတာ တို႔ ေျပာတတ္ၾကပါတယ္။
အမွန္တကယ္ ျဖစ္တာ က အဆုတ္ ကို ဝင္တဲ့ ေလ လမ္းေၾကာင္း ပိတ္တဲ့ အခ်ိန္ၾကာသြားတဲ့ အတြက္ အသက္႐ွဴ မဝ ျဖစ္ၿပီး ေအာက္စီဂ်င္ ျပတ္သြားလို႔ ႐ုတ္တရက္ လန္႔ႏိုးတာပါ။
သင္အသက္႐ွဴ ေအာင့္ၾကည့္ ဘူးပါသလား?
အခ်ိန္ဘယ္ေလာက္ထိ အသက္႐ွဴ ေအာင့္ၾကည့္ဘူးပါသလဲ?
က်ေနာ္ အေန နဲ႔ ကေတာ့ စကၠန္႔ ပိုင္းေလာက္ဘဲ ရပါတယ္
OSA ေရာဂါ ခံစား ေနရတဲ့ သူတစ္ေယာက္က အိပ္ေနရင္းမွာ မိနစ္ နဲ႔ ခ်ီၿပီး အသက္႐ွဴ လမ္းေၾကာင္းပိတ္ေနတာပါ။
ေနာက္ဆံုးမွာ အသက္႐ွဴ မဝျဖစ္ၿပီး လန္႔ႏိုးတာပါ။
အခုေျပာျပတာ ကေန OSA (Obstructive Sleep Apnea) သို႔ အိပ္ေပ်ာ္ေနစဥ္ အသက္႐ွဴ လမ္းေၾကာင္း ပိတ္ျခင္း ဆိုတာ ကို နားလည္စျပဳ ၿပီလို႔ထင္ပါတယ္။
OSA ေရာဂါ ခံစားေနရတဲ့ သူေတြ ဘယ္လို သတိထားမိနိုင္မလည္း ဆိုတာေလး ကို ေျပာျပပါ့မယ္...

1. အဝလြန္ျခင္း (BMI > 25 kg/m² )
2. ေန႔ခင္းဘက္တြင္ အိပ္ငိုက္ျခင္း၊ေလးလံထိုင္းမိႈင္းျခင္း
3. အိပ္ေပ်ာ္ေနစဥ္ ေဟာက္ျခင္း၊ ႐ုတ္တရက္လန္႔ႏိုးျခင္း
4. ေသြးတိုး ေရာဂါ ႐ွိေနတတ္ျခင္း
5. လည္ပင္းႂကြက္သားႀကီးေနျခင္း၊ေမးစိ ႏွစ္ထပ္ျဖစ္ျခင္း
အစ႐ွိသည္ တို႔ ကို ကိုယ့္ကိုယ္ကို စမ္းစစ္ၾကည့္ပါ။
အဓိက စၿပီး သိႏိုင္တဲ့ အခ်က္ကေတာ့ အိပ္ေပ်ာ္ေနစဥ္ ေဟာက္ တတ္တာပါဘဲ။

ဆက္လက္ေဖာ္ျပပါမည္...

ခမ္းလူ (YdNb)
10.9.2019
11:16 pm

Unicode:Silent Killer (သို့) သတိမထားမိသော သေခြင်းတရား တစ်ခု (သို့) Obstructive Sleep Apnea (OSA)

ကျနော် တို့ မြန်မာ လူအများစု က အိပ်တဲ့ အချိန်မှာ ဟောက်တာ မြင်ရင် ရယ် တတ်ကြတယ်။
ဟောက်နေတဲ့ လူ ကို ကြည့်ပြီး ဘေးနားက လူတွေ က သင်္ဘော မောင်း နေတာ တို့ ၊ရထားကြီး ထွက်ပြီ တို့ ပြောင်တတ်ကြတယ်။
တကယ်တော့ အာ့လို ဟောက်တတ်တဲ့ သူတွေ က သေစေနိုင်တဲ့ ရောဂါ တစ်မျိုး ကို စတင်ခံစားနေရတာ ပါ။
ဟောက်တတ်တဲ့ လူတွေ ဘာလို့ ဟောက်တယ် လို့ သင်ထင်ပါသလည်း?
ဟောက်တဲ့ သူတွေ ဘာလို့ ဟောက်တာ လည်း ဆိုတာ ကျနော် ရှင်းပြပါရစေ။
ဟောက်တယ် ဆိုတာ Flow limitation လို့ ခေါ်တဲ့ အိပ်နေတဲ့ အချိန် အသက်ရှူ လမ်းကြောင်းမှာ နှောက်ယှက်မှု တစ်ခု (သို့) ပိတ်ဆို့မှု ရှိလို့ ပြန်ပွင့်အောင် မသိစိတ်ကနေ နှိုးဆော်ပြီး အားထည့်ပြီး ပြန်ဖွင့်လိုက်လို့ ထွက်လာတဲ့ အသံပါ။
တကယ်တော့ ဒါဟာ ရယ်စရာ တစ်ခု မဟုတ်ပါဘူး။
ဟောက်တဲ့ သူတစ်ယောက်က Flow Limitation တစ်ခု ဘဲ ရှိနေတယ် ဆိုရင် ပြန်ပွင့်အောင် အဆုတ်က အားနဲ့ တွန်းထုတ်လိုက်တဲ့ လေ နဲ့ ပြန်ပွင့်နိုင်ပေမယ့် OSA (Obstructive Sleep Apnea) လို့ခေါ်တဲ့ အိပ်နေတဲ့ အချိန် လေပြွန်ပိတ်သွားခြင်းရောဂါ ဖြစ်လာပြီ ဆိုရင်တော့ သင်ဟာ အချိန်မရွေး အိပ်နေရာကနေ ပြန်မနိုးဘဲ အသက်ဆုံးရှုံးနိုင်ပါတယ်။
တကယ်တော့ ကျနော် တို့ မြန်မာ လူမျိုးတွေ မှာ တစ်ချို့ လွဲမှားနေတဲ့ အယူလေးတွေ ရှိပါတယ်။
OSA ရောဂါ ခံစားနေရတဲ့ သူ တစ်ယောက် က အိပ်နေတာ ကနေ ရုတ်တရက်ကြီး လန့်နိုးတတ်ပါတယ်။
တစ်ချို့က အာ့ကို ထမင်းလုံးတစ္စေ ခြောက်တာ တို့၊ ဘီလူးစီးတာ တို့ ပြောတတ်ကြပါတယ်။
အမှန်တကယ် ဖြစ်တာ က အဆုတ် ကို ဝင်တဲ့ လေ လမ်းကြောင်း ပိတ်တဲ့ အချိန်ကြာသွားတဲ့ အတွက် အသက်ရှူ မဝ ဖြစ်ပြီး အောက်စီဂျင် ပြတ်သွားလို့ ရုတ်တရက် လန့်နိုးတာပါ။
သင်အသက်ရှူ အောင့်ကြည့် ဘူးပါသလား?
အချိန်ဘယ်လောက်ထိ အသက်ရှူ အောင့်ကြည့်ဘူးပါသလဲ?
ကျနော် အနေ နဲ့ ကတော့ စက္ကန့် ပိုင်းလောက်ဘဲ ရပါတယ်
OSA ရောဂါ ခံစား နေရတဲ့ သူတစ်ယောက်က အိပ်နေရင်းမှာ မိနစ် နဲ့ ချီပြီး အသက်ရှူ လမ်းကြောင်းပိတ်နေတာပါ။
နောက်ဆုံးမှာ အသက်ရှူ မဝဖြစ်ပြီး လန့်နိုးတာပါ။
အခုပြောပြတာ ကနေ OSA (Obstructive Sleep Apnea) သို့ အိပ်ပျော်နေစဉ် အသက်ရှူ လမ်းကြောင်း ပိတ်ခြင်း ဆိုတာ ကို နားလည်စပြု ပြီလို့ထင်ပါတယ်။
OSA ရောဂါ ခံစားနေရတဲ့ သူတွေ ဘယ်လို သတိထားမိနိုင်မလည်း ဆိုတာလေး ကို ပြောပြပါ့မယ်...

1. အဝလွန်ခြင်း (BMI > 25 kg/m² )
2. နေ့ခင်းဘက်တွင် အိပ်ငိုက်ခြင်း၊လေးလံထိုင်းမှိုင်းခြင်း
3. အိပ်ပျော်နေစဉ် ဟောက်ခြင်း၊ ရုတ်တရက်လန့်နိုးခြင်း
4. သွေးတိုး ရောဂါ ရှိနေတတ်ခြင်း
5. လည်ပင်းကြွက်သားကြီးနေခြင်း၊မေးစိ နှစ်ထပ်ဖြစ်ခြင်း
အစရှိသည် တို့ ကို ကိုယ့်ကိုယ်ကို စမ်းစစ်ကြည့်ပါ။
အဓိက စပြီး သိနိုင်တဲ့ အချက်ကတော့ အိပ်ပျော်နေစဉ် ဟောက် တတ်တာပါဘဲ။

ဆက်လက်ဖော်ပြပါမည်...

Ps. မေးမြန်းလိုသည်များ ကို Comment ပေးခဲ့ပါ နောက်ထပ်ရေးမည့်ထဲ တွင် ထည့်သွင်းရေးပေးပါမည်။

ခမ်းလူ (YdNb)
10.9.2019
11:16 pm

No comments:

Post a Comment