Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 11, 2019

Rape Case ဆိုတာ ဖင်ယားစရာကိစ္စ မဟုတ်ဘူး

 ” အံ့သြပေစွ မုဒိမ်းမှု သေဒဏ်ပေးဖို့ အရမ်းအော်ကြတဲ့ နိုင်ငံမှာမုဒိမ်းကျင့်တဲ့ဇာတ်ကွက်ကို စင်ပေါ်တက်ပြီး ပျစ်ပျစ်နှစ်နှစ် သရုပ်ဖော်ပြတာကို လူရွေးပွဲ လုပ်သတဲ့…

ဆန်းကြယ်ထှာမြမြဆိုတာ ဖေ့စ်ဘုတ်ပေါ် တစ်ခေတ်ထလိုက်သေးသပေါ့။ မုဒိမ်းကျင့် သတ်ဖြတ် အလောင်းဖျောက်ခံရလို့ ဝိညာဉ်က မကျွတ်လွတ်ဘဲ လိုက်ပူးပြီး အမှုမှန်ဖော်ဖို့ ပြောဆိုတယ်တဲ့။

မြမြတကယ်ရှိလား မရှိလားတော့ မသိဘူး။ ထပ်ပူးရင် ဖမ်းမယ်ဆိုကတည်းက ဘယ်ရောက်သွားမှန်းတောင် မသိဘူး။

ထားပါ… မြမြတကယ်ရှိမရှိ ထားလိုက်တော့။ ဒါကို ရုပ်ရှင်ရိုက်မယ်တဲ့။ ဟုတ်ပါပြီ… ရိုက်ပါ။ သာမန် စက်ရုံဝန်ထမ်းကလေးမလေးတစ်ယောက်နေရာမှာ လိင်ဆွဲဆောင်မှုရှိတဲ့ ပုရိသကြိုက် မင်းသမီးတစ်ယောက်ကို သုံးတယ်။

မုဒိမ်းကျင့်မယ့် မုဒိမ်းကောင်သုံးကောင်ကို ပြိုင်ပွဲလုပ်ပြီး ရွေးချယ်တယ်။စင်ပေါ်မှာ မုဒိမ်းကျင့်မယ်ဟန်ပန်အမူအရာတွေ တစ်တစ်ခွခွ လုပ်ပြကြတယ်။ စင်အောက်ကလူတွေက ရယ်ကြတယ်။ ဒီဗီဒီယိုကို မီဒီယာတွေကလည်း ဖော်ပြကြတယ်။

ဖေ့စ်ဘုတ်မှာ ဒီဗီဒီယိုကို ရယ်ရပါချည်ရဲ့ဆိုပြီး ရှဲကြ၊ ခွီကြတယ်။နေပါဦး… ဒီလူ့အသိုင်းအဝိုင်းမှာ မုဒိမ်းကျင့်တယ်ဆိုတဲ့ကိစ္စဟာ ရယ်စရာလို့ ထင်သွားအောင် ယဉ်ပါးသွားကြပြီလား။



မြမြ အပြင်မှာ တကယ်ရှိရှိ၊ မရှိရှိပါ၊ ယောက်ျားသုံးယောက်လောက်က အမျိုးသမီးတစ်ယောက်ကို မုဒိမ်းကျင့် သတ်ဖြတ်တဲ့ကိစ္စကို ဘယ်လိုနှလုံးသားနဲ့ ရယ်မောစရာတစ်ခုလို သဘောထားနိုင်သွားကြတာလဲ။

မုဒိမ်းကျင့်တယ်ဆိုတာ ပြစ်မှုတစ်ခုပါ။ ပြစ်မှုမှာတောင်မှ ရက်စက်ယုတ်မာလွန်းတဲ့ ကိစ္စရပ်ပါ။ ဟာသမဟုတ်ဘူး။ ရယ်စရာမဟုတ်ဘူး။မုဒိမ်းကျင့်တဲ့ သရုပ်ကို စင်ပေါ်တင် လူရွေးပွဲလုပ်တဲ့အထိ Hightlight လုပ်စရာမလိုဘူးထင်တယ်။

သရုပ်ဆောင်ကောင်းမကောင်း မရွေးချယ်ရဘူး မဆိုလိုဘူး။ ရွေးချယ်ပါ။ ပွဲတစ်ခုလုပ်ပြီး အခုလို မုဒိမ်းကျင့်တဲ့ ဇာတ်ဝင်ခန်းကို ဘောင်းဘီဇစ်ဖြုတ်တာ၊ ပြုကျင့်တဲ့ပုံစံကိုကအစ အသေးစိတ်လုပ်ပြတာမျိုးအထိ Hightlightလုပ်ပြတာက အတော်ရုပ်ပေါက်လွန်းပါတယ်။

နာမည်ကြီးသွားတဲ့ မြမြဆိုတဲ့ ဇာတ်ရုပ်ကို ယူထားပြီးပြီ။ နာမည်ကြီးနေတဲ့ မင်းသမီးနဲ့ သရုပ်ဆောင်မယ်။ ဘာပဲဖြစ်ဖြစ် ဒီဇာတ်ကားဟာ အထိုက်အလျောက် နာမည်ကြီးမှာ၊ ဝင်ငွေရမှာပါ။

အခုလောက်အထိ ရုပ်ပေါက်ပြတာမျိုးက ရွံစရာကောင်းလွန်းတယ်။ဒီဇာတ်ကားဟာ ပညာပေးဇာတ်ကားလား၊ လိင်အသားပေးဇာတ်ကားလား မသဲကွဲဘူး။
မုဒိမ်းမှုကို စက်ဆုပ်ရွံရှာဖွယ်ကောင်းအောင် သရုပ်ဖော်ပြမှာလား၊ မုဒိမ်းကျင့်တာ ချစ်စရာလေးနော်.. ရယ်စရာကောင်းတယ်လို့ ဖြစ်အောင် ရိုက်ပြမှာလား။

မုဒိမ်းမှုတွေ၊ သက်ငယ်မုဒိမ်းမှုတွေ ထူပြောနေတဲ့ အခြေအနေမှာ ဒီဇာတ်ကားဟာ ဘာကို ဦးတည်နေသလဲဆိုတာ သိပ်စိုးရိမ်စရာကောင်းတဲ့ အခြေအနေပါပဲ။

Rape Caseဆိုတာ နာကျင်စရာကိစ္စပါ။
Rape Caseဆိုတာ မျက်ရည်တွေ၊ ကြေကွဲမှုတွေပါ။
Rape Caseဆိုတာ ပျက်စီးသွားတဲ့ ဘဝတွေ အများကြီးရှိတဲ့ ကိစ္စပါ။
Rape Caseဆိုတာ ဟာသမဟုတ်ဘူး။
Rape Caseဆိုတာ ရယ်စရာမဟုတ်ဘူး။
Rape Caseဆိုတာ ငွေရှာဖို့ နင်းစရာကိစ္စမဟုတ်ဘူး။
အရှင်းဆုံးပြောပါမယ်..
Rape Case ဆိုတာ ဖင်ယားစရာကိစ္စ မဟုတ်ဘူး။

အသိတရားတွင်းဆုံးကျနေတဲ့ ဟာတွေစိတ်တွေလည်း ဆင်းရဲရပါတယ် ” အိ ပန် ဆယ် လို

No comments:

Post a Comment