Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, September 9, 2019

BPI မြွေဆိပ်ဖြေဆေးကို ဈေးသက်သာစွာနဲ့ အလွယ်တကူ ဝယ်ယူနိုင်အောင် ကြိုးစားဖော်ထုတ်ပေးခဲ့တဲ့သူပါ


BPI မြွေဆိပ်ဖြေဆေးကို ဈေးသက်သာစွာနဲ့
အလွယ်တကူ ဝယ်ယူနိုင်အောင် ကြိုးစားဖော်ထုတ်ပေးခဲ့တဲ့သူပါ

သုံးစွဲသူတွေအတွက် ဈေးသက်သာစွာနဲ့ ထိရောက်ပြီး
အသုံးတည့်တဲ့ ဆေးတွေ ထပ်မံဖော်ဆောင်ဖို့ပဲ
စိတ်ထဲ ထည့်ခဲ့တဲ့သူပါ

ကုန်ကြမ်းပြတ်လပ်နေတဲ့အချိန်မှာ
ဆေးကို တကယ်လိုအပ်နေတဲ့သူတွေ လိုအပ်နေတဲ့
အချိန်မှာ ဝယ်မရမှာ
ဆေးဝါး ပြတ်တောက်ခဲ့ရင် လိုအပ်နေတဲ့သူတွေ
အဆင်မပြေမှာတွေးပူတဲ့ စိတ် စေတနာတစ်ခုထဲနဲ့
ဆုံးဖြတ်ခဲ့မှုကိုလည်း

သူ့နေရာမှာကိုယ်သာ စိတ်စေတနာအပြည့်နဲ့
ဆရာဝန်တယောက်ဖြစ်ခဲ့ရင်လည်း ဒီလိုပဲ ဆုံးဖြတ်မိမှာပါ

ဆေးဝါးသစ်တစ်ခု ထုတ်ဖို့ဆိုတာ ဘယ်လောက်ခက်ခဲပြီး
ဘယ်လောက်ကြိုးစားခဲ့ရလဲဆိုတာ တွေးကြည့်တာနဲ့သိနိုင်ပါတယ်
ထားခဲ့တဲ့စေတနာကို တန်ဖိုးထားပါတယ် ဒေါက်တာ

စေတနာအမှားဆိုတာ ၁၀၀% လက်ခံတဲ့အတွက်
အမြန်အဆင်ပြေပါစေ ဆုတောင်းပေးပါတယ်

Crd . . . Zaw Moe

ဒီလိုလူမျိုး အဂတိနဲ့ ကန်ထုတ်ခံရတာ နာတယ်
နေဝင်းတက်ပြီး တိုင်းပြည်က ပညာရှင်တွေ
ကန်ထုတ်ခံရလို့ တိုင်းပြည်မွဲခဲ့တယ်
နောက်ပိုင်း ဒီမှာနေလဲ အကျိုးမထူးလို့ 
မြန်မာပြည်က ပညာရှင်တွေ နိုင်ငံတကာကို
ရွှေ့ ပြောင်းသွားကြတယ်
အခုလဲ အဲ့ဒီဇာတ်လမ်းမျိုး ချိုးနေပြီ
သူယုတ်မာ အုပ်စု အများထဲမှာ ပညာရှင်တွေ
ရပ်တည်ဖို့ ခက်ခဲပါတယ် အစိုးရ အနေနဲ့
အစစ်အမှန် ပညာရှင်များ ရှေ့ မှာ မားမား မတ်မတ်
ရပ်တည်ပေးဖို့ လိုပါတယ်
ကျနော်ပြောတဲ့ ပညာရှင် ဆိုတာ
ပညာရှင် အစစ် အမှန်ကို ပြောတာပါ
အစိုးရကို အချဉ်သိပ်မဲ့ ပညာရှင်မျိုး မပါပါဘူး

Hla Moe

ဘီပီအိုင်မှ အင်ဂျင်နီယာတစ်ဦး ရေးထားတဲ့
comment ကို ဖတ်ကြည့်ပါ

#####
ကြားသိရသ​လောက်​​တော့ သူ့ လုပ်​ရပ်​က
အစိုးရအလုပ်​မဟုတ်​ပဲ ကုမ္ပဏီ မှာသာဆိုရင်​ မင်း​တော်​တယ်​ 
မောင်​ပြူးဆိုပြီး ဆုချခံရမယ့်​သူပါ။တင်​ဒါ နဲ့ ၀ယ်​ထားတဲ့ 
ကော်​​စေ့ ​တွေ မ​ရောက်​ခင်​ တစ်​လ ခွဲ​လောက်​ ထုပ်​လုပ်​မှု
ရပ်​ထားရမှာစိုးလို့ ပြည်​တွင်း မှာ​ရောက်​ရှိ​နေတဲ့ တစ်​ခြား 
ကော်​​စေ့ တံဆိပ်​တစ်​မျိုးကို တစ်​လခွဲစာ​လောက်​ ယူသုံးတယ်​။
ကော်​​စေ့က ကွာလတီမီတယ်​။ဒါ​ပေမယ့်​ တင်​ဒါနဲ့မှာထားတဲ့ 
ကော်​​စေ့နဲ့ တံဆိပ်​ကွဲ​နေတယ်​၊ပြသနာကဒါပါပဲ၊
ခေတ်​ အ​ပြောင်းမှာ စက်​ရုံ​တွေဟာ ကိုယ့်​ ၀င်​​ငွေနဲ့
ကိုယ်​ရပ်​တည်​ ကြရတယ်​၊ ၀န်​ထမ်း၂၀၀၀ ​လောက်
လခကတင်​မနည်း​ဘူး၊ ​ဆေး​တွေ ​ရောင်းရ​အောင်
သူကိုယ်​တိုင်​ Marketing ဆင်းတယ်​။နယ်​တကာ 
ဆေးရုံ အုပ်​​တွေဆီသွားပြီ စိတ်​ရှည်​လက်​ရှည်​ ​အောက်​ကြို့
ရှင်းပြစည်းရုံးတယ်​လို့သိရတယ်​။၀ယ်​လိုအား​ကောင်းတဲ့ 
ဆေး​တွေထုတ်​တဲ့ဌာန​တွေဆို တစ်​​နေ့ ၂ ဆိုင်း နဲ့
စ​နေ တနင်္ဂနွေ ​တွေပါထုတ်​ကြရတယ်​။
သူကစက်​ရုံရဲ့ ငယ်​​မွေး ခြံ​ပေါက်​လို့ ​ပြောရင်​ရမယ်​။
အလုပ်​စ၀င်​​တော့ ခုရာထူးရဲ့ ၄ ဆင့်​​လောက်​ငယ်​တဲ့ ရာထူးနဲ့
စ၀င်​တယ်​၊ ကုန်​ထုတ်​ဌာန​ပေါင်းစုံနဲ့ QC, QA ,Planning ဌာန
တွေမှာ လုပ်​ခဲ့တယ်​၊ စက်​ရုံ​ရောက်​မှ ဆရာဝန်​ မာစတာဘွဲ့ကို
စက်​ရုံနဲ့ သက်​ဆိုင်​တဲ့ Micro Biology အထူးပြုနဲ့ယူတယ်​၊
တစ်​ခြား အလုပ်​မှာ အသုံးတဲ့မည့်​ သင်​တန်း​ပေါင်းစုံလည်းတက်​ခဲ့ တယ်​။ စက်​ရုံဝန်​ထမ်းသက်​တမ်း တစ်​​လျောက်​မှာ သူ့ရဲ့
စွမ်း​ဆောင်​ချက်​​တွေ အများကြီးပါ၊ နဂိုက ချမ်းသာပြီးသား၊စက်​ရုံ အတွက်​ပဲ ဘ၀ကိုမြုပ်​နှံထားသူ စွမ်း​ဆောင်​ရည်​ရှိသူတစ်​​ယောက်​ပါ၊quality ရှိသူတစ်​​ယောက်​ပါ။ငွေ အတွက်​ ထင်​​ပေါ်မှုအတွက်
မဟုတ်​ပဲ၊စွမ်း​ဆောင်​ရည်​ပြချင်​စိတ်​ Esteen need အတွက်​ အလုပ်​လုပ်​​နေသူ တစ်​​ယောက်​လို့ပဲမြင်​ပါတယ်​၊
ခု​ခေတ်​ကာလမှာ သူ့​နေရာ အစားထိုးနိုင်​ဖို့ဆိုရင်​ ရှာဖို့ခက်​ပါမယ်​။
ရှိရင်​​တောင်​ ရှားပါမယ်​။ဒီလိုပဲမြင်​ပါတယ်​။စီမံခန့်​ခွဲမှု
Motivation လဲ ​ကောင်းတယ်​လို့မြင်​ပါတယ်​။
စာကြွင်းး ၊ ​ကော်​​စေ့တန်​ဘိုးများလည်း
မ​ပေး​ချေရ​သေးဟုကြားသိရပါတယ်​။
#######

Copy,
Credit, Hinn Hinn Aye Lu

No comments:

Post a Comment