Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 27, 2019

ကိုယ်ပြုခဲ့တဲ့ ကုသိုလ်၊ အကုသိုလ် ကံ


ပညာတွေဘယ်လောက်တတ်တတ်၊ ရာထူးတွေဘယ်လောက်ကြီးကြီး၊ ပိုက်ဆံတွေဘယ်လောက်ရှိရှိ၊ ပိုင်ဆိုင်မှု့တွေဘယ်လောက်များများ နောက်ဆုံးကျတော့ ကိုယ်ပြုခဲ့တဲ့ ကုသိုလ်၊ အကုသိုလ် ကံကပဲ အကျိုးပေးတာ။ အသေမဦးခင် အားကိုးအားထားပြုလို့ရတဲ့ စိတ်ထိန်းနိုင်မှု့တရားတခုခု (အဆင့်တခု)ရအောင် သမထ၊ ဝိပဿနာ တခုခုကို အပိုင် လုပ်ထားကြ။
ကျွန်တော့်ရဲ့အစ်မအကြီးဆုံး ဒေါ်အေးအေးစိုး ၂၅/၉/၂၀၁၉ ရက်နေ့ ကျွန်တော့်မွေးနေ့ တည့်တည့်မှာပဲဆုံးသွားပါပြီ။ အစ်မကြီးသည် အင်္ဂလိပ်စာ အဓိက နဲ့ ပညာထူးချွန်ခဲ့ပြီး သူ့ဘဝ တခုလုံး နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ အလုပ်ကြိုးစားရင် အချိန်ကုန်လွန်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ် အူမကြီးကင်ဆာ ဖြစ်တာသိရပြီး ဆေးကုသရင်း ဝေဒနာ ကိုအလူး အလဲ ခံစားရင်း၊ ဝေဒနာကိုမကျော်နိုင်ပဲ သေဆုံးခဲ့ပါတယ်။ သေဆုံးခါနီးကျမှ တရားကိုကြိုးစား မှတ်ခဲ့ပါတယ်။ ဒါပေမယ့် ယခင် ကျန်းမာစဉ်က တရားမလုပ်မိတာကိုနောင်တရကြောင်း လောကီ အလုပ်တွေ နဲ့ အဟုတ်ထင်ရှုပ်နေခဲ့ကြောင်း ကျွန်တော့်ကို ပြောပါတယ်။ ကျွန်တော် နဲ့ အတူ Facebook မိတ်ဆွေများ အသုဘ ရှူ့ တရားရှာနိုင်ရန် သတိ သံဝေဂ ရစေရန် ဓါတ်ပုံများတင်ပေးလိုက်ပါတယ်။Myint Soe

No comments:

Post a Comment