Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, August 15, 2019

အြန္လိုင္းေပၚက …..အခ်စ္ကိုယုံစားျပီး လိုက္လာတဲ႔ (၁၄)ႏွစ္ သမီးေလးဒုကၡ

မအူမ လည္ မိန္းကေလးမ်ား အထူးသတိထား …


အြန္ လိုင္းေပၚက အခ်စ္ကိုယုံစားျပီး လိုက္လာတဲ႔ (၁၄)ႏွစ္ သမီးေလး ေမာ္လျမိဳင္မွာ ဒုကၡပင္လယ္ေဝေနလို႔ ကူညီေပးခဲ႔ရျပီး

ေကာင္ မေလးက အသက္(၁၄)ႏွစ္။ နာမည္က မ​ေအးသဇင္​ဦး ၁၄ႏွစ္​ (ဘ)ဦး​ေအာင္​ျမင္​့ (မိ) ​ေဒၚ​ေခ်ာစု နာဂဒူး​ေက်းရြာ ​ေကာ့ကရိတ္​ၿမိဳ႕ ကရင္ျပည္နယ္ကပါ။ ေခၚေဆာင္တဲ႔ ေကာင္ေလးကေတာ႔ ေအာက္က အက်ီ ၤအနီနဲ႔ ပုံပါ အေကာင္႔ပိုင္ရွင္ပါ။
သူတို႔ဟာသူတို႔ ဘယ္လိုခ်ိတ္ဆက္ အဆက္အသြယ္လုပ္ျပီး လာခဲ႔သလဲေတာ႔မသိဘူး။ ေမးျမန္းခ်က္အရ အတိုခ်ဳပ္ေျပာရရင္ ေကာင္ေလးနဲ႔ ေကာင္မေလးက Online ေပၚေတြ႔တာေပါ႔။ ရည္းစား ေတြျဖစ္။ ေကာင္မေလးကလဲ အေဖမရွိေတာ႔ဘူးလို႔ဆိုပါတယ္။

အားကိုးရွာတာလဲ ျဖစ္မွာေပါ႔။ ေကာင္ေလးက ေမာ္လျမိဳင္ကလား ေခ်ာင္းဆုံကလား မသိဘူး။ လိုင္းေပၚကတဆင္႔တက္ ဖုန္းနဲ႔အခ်ိတ္ အဆက္လုပ္ျပီး ေကာင္မေလး ကိုေခၚတယ္။ လာခဲ႔ေပါ႔။ တာဝန္ယူမယ္ လာေခၚမယ္ေပါ႔။
ေကာင္မေလးကလည္း ယုံၾကည္အရဲစြန္ျပီး ေကာ႔ကရိတ္ကေန ေမာ္လျမိဳင္ကို မွန္လုံလိုင္းကားနဲ႔ လိုက္လာတယ္။ ကမ္းနားလမ္းမွာ ဆုံျပီးေတြ႔ၾကမယ္ေပါ႔။ ေကာင္မေလး ေမာ္လျမိဳင္ေရာက္ျပီး ေကာင္ေလးကို ဆက္သြယ္ေတာ႔ ဖုန္းက စက္ပိတ္ထားေတာ႔တာပဲတဲ႔။

အဲဒါနဲ႔ ဘာလုပ္ရမွန္းမသိ ဒုကၡေတြေရာက္ျပီး ေမာ္လျမိဳင္ကမ္းနားလမ္း မွာ ရြာလည္ေနတုန္း ကံေကာင္းခ်င္ေတာ႔ ကြင္းရပ္ရပ္ကြက္ အုပ္ခ်ဳပ္ေရးအဖြဲ႔ေတြနဲ႔ ေတြ႔ျပီး အခ်ိန္မွီကယ္တင္ ရုံးကို ေခၚလာခဲ႔ တယ္။
ကြင္းရပ္ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႈး ဦးဝင္းေအာင္နဲ႔ အဖြဲ႔က အမ်ိဳးသမီး ေစာင္႔ေရွာက္ေရးအဖြဲ႔ေတြကိုေခၚ မုပြန္နယ္ေျမရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္မင္းမင္းထြန္း နဲ႔အဖြဲ႔ကို ခ်ိတ္ဆက္အပ္ ႏွံေမးျမန္းျပီး ေကာင္မေလး သေဘာတရားကိုေမးၾကည္႔ရာ

ေကာင္မေလးက ေကာ႔ကရိတ္ ေနအိမ္ကိုပဲ ျပန္ခ်င္တယ္ဆိုလို႔ ျပန္ပို႔ ေပးႏိုင္ဖို႔ ေမာ္လျမိဳင္လူမႈကယ္ဆယ္ေရးအဖြဲ႔ထံ တဆင္႔ အကူအညီ ေတာင္းရာ ေမာ္လျမိဳင္လူမႈကယ္ဆယ္ေရးအဖြဲ႔မွ မိဘလက္ထဲ အေရာက္ ျပန္လည္အပ္ႏွံေပးဖို႔ ကြင္းရပ္အုပ္ခ်ဳပ္ေရးမႈးနဲ႔အဖြဲ႔ဝင္မ်ား ကြင္းရပ္ အမ်ိဳးသမီးေစာင္႔ေရွာက္ေရးအဖြဲ႔ဝင္မ်ား ႏွင္႔အတူ 4.4.19 ည (00:15)မိနစ္အခ်ိန္မွာ ေကာင္မေလးရဲ႕ ေနရပ္ကို ျပန္ပို႔ေပးေန လ်ွက္ရွိပါတယ္။

ေတာ္ေသးတာေပါ႔ဗ်ာ။ ကြင္းရပ္အုပ္ခ်ဳပ္ေရးအဖြ႔ဲဝင္ေတြ မုပြန္ရဲစခန္းက ရဲတပ္ဖြဲ႔ဝင္ေတြနဲ႔ အေတြ႔ျမန္လို႔။ ေကာင္မေလးက အသက္(၁၄)ႏွစ္ထဲ စိတ္ကစားျပီး စြန္႔စားခ်င္တဲ႔အရြယ္။ သူ႔ကိုေခၚတဲ႔ ေကာင္ေလးရဲ႕ အေကာင္႔က ပုံကိုၾကည္႔ေတာ႔လဲ ေကာင္ေလးက အလြန္ဆုံးရွိလွ (၁၅)ႏွစ္ (၁၆)ႏွစ္ေပါ႔။

လိုင္းေပၚက ရင္ခုန္ၾက စြန္႔စားလိုစိတ္နဲ႔ ျဖစ္သြားတာ ျဖစ္ဖို႔မ်ားမယ္ထင္ပါတယ္။ မအူမလည္ ေကာင္မေလးက အေရာက္လာခဲ႔ေပမဲ႔ တကယ္တမ္း အေပ်ာ္လုပ္ခဲ႔တဲ႔ေကာင္ေလးက မစြန္႔စားရဲေတာ႔လို႔ဖုန္းဆက္ပိတ္လိုက္တာမ်ားလားပဲ။
မအူမလည္နဲ႔ ၁၄ ႏွစ္သမီးေလး မသမာတဲ႔သူေတြနဲ႔ ေတြ႕သြားလို႔ကေတာ႔ မေတြးရဲစရာေပါ႔ဗ်ာ။ အရာအားလုံး သတိထား ဆင္ျခင္ထိန္းသိမ္းႏိုင္ၾကပါေစ။ ေမာ္လျမိဳင္ လူမႈကယ္ဆယ္ေရးအဖြဲ႔ ကေတာ႔ ေကာင္မေလးကို မိဘလက္ထဲအေရာက္ လိုက္ပို႔ေပးေနပါျပီး
မိဘအုပ္ထိန္းသူမ်ားလဲ သားသမီးေတြကို အတတ္ႏိုင္ဆုံး ထိန္းသိမ္း ႏိုင္ၾကပါေစ။
သင္ခန္းစာ ယူတတ္ၾကပါေစ။Credit : Zin Moe






Unicode

မအူမ လည် မိန်းကလေးများ အထူးသတိထား …

အွန် လိုင်းပေါ်က အချစ်ကိုယုံစားပြီး လိုက်လာတဲ့ (၁၄)နှစ် သမီးလေး မော်လမြိုင်မှာ ဒုက္ခပင်လယ်ဝေနေလို့ ကူညီပေးခဲ့ရပြီး

ကောင် မလေးက အသက်(၁၄)နှစ်။ နာမည်က မအေးသဇင်ဦး ၁၄နှစ် (ဘ)ဦးအောင်မြင့် (မိ) ဒေါ်ချောစု နာဂဒူးကျေးရွာ ကော့ကရိတ်မြို့ ကရင်ပြည်နယ်ကပါ။ ခေါ်ဆောင်တဲ့ ကောင်လေးကတော့ အောက်က အကျီ ၤအနီနဲ့ ပုံပါ အကောင့်ပိုင်ရှင်ပါ။



သူတို့ဟာသူတို့ ဘယ်လိုချိတ်ဆက် အဆက်အသွယ်လုပ်ပြီး လာခဲ့သလဲတော့မသိဘူး။ မေးမြန်းချက်အရ အတိုချုပ်ပြောရရင် ကောင်လေးနဲ့ ကောင်မလေးက Online ပေါ်တွေ့တာပေါ့။ ရည်းစား တွေဖြစ်။ ကောင်မလေးကလဲ အဖေမရှိတော့ဘူးလို့ဆိုပါတယ်။

အားကိုးရှာတာလဲ ဖြစ်မှာပေါ့။ ကောင်လေးက မော်လမြိုင်ကလား ချောင်းဆုံကလား မသိဘူး။ လိုင်းပေါ်ကတဆင့်တက် ဖုန်းနဲ့အချိတ် အဆက်လုပ်ပြီး ကောင်မလေး ကိုခေါ်တယ်။ လာခဲ့ပေါ့။ တာဝန်ယူမယ် လာခေါ်မယ်ပေါ့။



ကောင်မလေးကလည်း ယုံကြည်အရဲစွန်ပြီး ကော့ကရိတ်ကနေ မော်လမြိုင်ကို မှန်လုံလိုင်းကားနဲ့ လိုက်လာတယ်။ ကမ်းနားလမ်းမှာ ဆုံပြီးတွေ့ကြမယ်ပေါ့။ ကောင်မလေး မော်လမြိုင်ရောက်ပြီး ကောင်လေးကို ဆက်သွယ်တော့ ဖုန်းက စက်ပိတ်ထားတော့တာပဲတဲ့။

အဲဒါနဲ့ ဘာလုပ်ရမှန်းမသိ ဒုက္ခတွေရောက်ပြီး မော်လမြိုင်ကမ်းနားလမ်း မှာ ရွာလည်နေတုန်း ကံကောင်းချင်တော့ ကွင်းရပ်ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ တွေ့ပြီး အချိန်မှီကယ်တင် ရုံးကို ခေါ်လာခဲ့ တယ်။



ကွင်းရပ်ရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးဝင်းအောင်နဲ့ အဖွဲ့က အမျိုးသမီး စောင့်ရှောက်ရေးအဖွဲ့တွေကိုခေါ် မုပွန်နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်မင်းမင်းထွန်း နဲ့အဖွဲ့ကို ချိတ်ဆက်အပ် နှံမေးမြန်းပြီး ကောင်မလေး သဘောတရားကိုမေးကြည့်ရာ

ကောင်မလေးက ကော့ကရိတ် နေအိမ်ကိုပဲ ပြန်ချင်တယ်ဆိုလို့ ပြန်ပို့ ပေးနိုင်ဖို့ မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ထံ တဆင့် အကူအညီ တောင်းရာ မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့မှ မိဘလက်ထဲ အရောက် ပြန်လည်အပ်နှံပေးဖို့ ကွင်းရပ်အုပ်ချုပ်ရေးမှုးနဲ့အဖွဲ့ဝင်များ ကွင်းရပ် အမျိုးသမီးစောင့်ရှောက်ရေးအဖွဲ့ဝင်များ နှင့်အတူ 4.4.19 ည (00:15)မိနစ်အချိန်မှာ ကောင်မလေးရဲ့ နေရပ်ကို ပြန်ပို့ပေးနေ လျှက်ရှိပါတယ်။



တော်သေးတာပေါ့ဗျာ။ ကွင်းရပ်အုပ်ချုပ်ရေးအဖွ့ဲဝင်တွေ မုပွန်ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ အတွေ့မြန်လို့။ ကောင်မလေးက အသက်(၁၄)နှစ်ထဲ စိတ်ကစားပြီး စွန့်စားချင်တဲ့အရွယ်။ သူ့ကိုခေါ်တဲ့ ကောင်လေးရဲ့ အကောင့်က ပုံကိုကြည့်တော့လဲ ကောင်လေးက အလွန်ဆုံးရှိလှ (၁၅)နှစ် (၁၆)နှစ်ပေါ့။

လိုင်းပေါ်က ရင်ခုန်ကြ စွန့်စားလိုစိတ်နဲ့ ဖြစ်သွားတာ ဖြစ်ဖို့များမယ်ထင်ပါတယ်။ မအူမလည် ကောင်မလေးက အရောက်လာခဲ့ပေမဲ့ တကယ်တမ်း အပျော်လုပ်ခဲ့တဲ့ကောင်လေးက မစွန့်စားရဲတော့လို့ဖုန်းဆက်ပိတ်လိုက်တာများလားပဲ။



မအူမလည်နဲ့ ၁၄ နှစ်သမီးလေး မသမာတဲ့သူတွေနဲ့ တွေ့သွားလို့ကတော့ မတွေးရဲစရာပေါ့ဗျာ။ အရာအားလုံး သတိထား ဆင်ခြင်ထိန်းသိမ်းနိုင်ကြပါစေ။ မော်လမြိုင် လူမှုကယ်ဆယ်ရေးအဖွဲ့ ကတော့ ကောင်မလေးကို မိဘလက်ထဲအရောက် လိုက်ပို့ပေးနေပါပြီး

မိဘအုပ်ထိန်းသူများလဲ သားသမီးတွေကို အတတ်နိုင်ဆုံး ထိန်းသိမ်း နိုင်ကြပါစေ။

သင်ခန်းစာ ယူတတ်ကြပါစေ။Credit : Zin Moe

No comments:

Post a Comment