Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 27, 2019

လမ်းလယ်ကမျဉ်းတွေ အလှရေးထားတာမဟုတ်ဘူး

လမ်းလယ်ကမျဉ်းတွေ အလှရေးထားတာမဟုတ်ဘူး
*အလယ်မျဉ်းပြတ်*

- နှစ်လမ်းမောင်းတွင် မျဉ်းပြတ်ကိုဖြတ်ကျော်၍ ကွေ့နိုင်သည်။ ဂ-ကွေ့လည်း ကွေ့နိုင် သည်။ တစ်လမ်းမောင်းလမ်းတွင်မူမျဉ်းပြတ်ကိုဖြတ်၍ ယာဉ်ကြော ကူးပြောင်းနိုင်သည်။
- အန္တရာယ်ကင်းရှင်းလျှင် မျဉ်းပြတ်ကိုဖြတ်၍ ရှေ့ယာဉ်ကိုကျော်တက်နိုင်သည်
- မျဉ်းပြတ်များကို ခွ၍မမောင်းရ။
- မျဉ်းပြတ်များပေါ်တွင် လမ်းမလျှောက်ရ ၊ ရပ်မနေရ၊ စက်ဘီးမစီးရ။

#မိဘပြည်သူများယာဉ်အန္တရာယ်မှကင်းဝေးပါစေ
#စည်းကမ်းလိုက်နာဘေးကင်းကွာ
*အလယ်မျဉ်း*

- ဤမျဉ်းကို ဖြတ်ကျော်၍ မကွေ့ရ။ ဂ-ကွေ့မကွေ့ရ၊ယာဉ်ကြောလည်း မကူးပြောင်းရ။
- ဤမျဉ်းကို ဖြတ်၍ ရှေ့ယာဉ်ကို ကျော်မတက်ရ။
- ဤမျဉ်းကို ခွ၍မမောင်းရ။
- ဤမျဉ်းများပေါ်တွင် လမ်းမလျှောက်ရ ၊ ရပ်မနေရ၊ စက်ဘီးမစီးရ။

*အလယ်မျဉ်းပြိုင်နှစ်ကြောင်း*

- မျဉ်းပြိုင်နှစ်ကြောင်းကို အန္တရာယ်ဖြစ်နိုင်သည့်လမ်းကွေ့လမ်းကောက်များ၊ တံတားကျယ်များ၊ မြင်ကွင်းကွယ်နေသောကုန်းထိပ်များစသည့်နေရာများတွင်အသုံးပြုသည်။
- မျဉ်းပြိုင်နှစ်ကြောင်းကို လုံးဝဖြတ်မကျော်ရ။
ဂ-ကွေ့မကွေ့ရ။ ခွမမောင်းရ။
- မျဉ်းပြိုင်နှစ်ကြောင်းနေရာတွင် ရှေ့မှယာဉ်ကို လုံးဝကျော်မတက်ရ။
- မျဉ်းပြိုင်နှစ်ကြောင်းနေရာတွင် ယာဉ်ရပ်ဆိုင်းခြင်း၊ ရပ်နားခြင်းမပြုရ။
- မျဉ်းပြိုင်နှစ်ကြောင်းပေါ်တွင် လမ်းမလျှောက်ရ။ ရပ်မနေရ။စက်ဘီးမစီးရ။

No comments:

Post a Comment