CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, August 11, 2019
Unicode Version
ကြားရသူတိုင်း စိတ်မကောင်းဖြစ်ရတဲ့ မြန်မာလူမျိုး တချို့ရဲ့ စိတ်ဓာတ်
ဂျပန်မှာ ဆူနာမီဖြစ်ခဲ့တယ်.. သူတို့နိုင်ငံသားအချင်းချင်းဆိုတဲ့ စိတ်ဓာတ်နဲ့ စတိုးဆိုင်တွေဟာ ကုန်ပစ္စည်းတွေကို အလကားယူဖို့ခွင့်ပြုကြတယ်။ အင်ဒိုနီးရှားမှာ မီးတောင်ပေါက်ခဲ့တယ်.. နေအိမ်အဆောက်အုံပျက်စီးသွားတဲ့ သူတို့နိုင်ငံသားတွေအတွက် ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင်တွေဟာ တန်ဖိုးရဲ့ ၂၅% နဲ့ဈေးလျော့ ရောင်းပေးကြတယ်။
အမေရိကန်မှာ မုန်တိုင်းတွေအကြီးအကျယ်တိုက်ခဲ့တယ်.. သူတို့နိုင်ငံသားအချင်းချင်းစိတ်ဓာတ်နဲ့ ဈေးဆိုင်တွေဟာ အလကားယူဖို့ခွင့်ပြုပေးတယ်။ ဟေတီနိုင်ငံမှာ ငလျှင်ဘေးဖြစ်ခဲ့တုန်းက ငလျှင်ဖြစ်ခဲ့တဲ့ ဒေသတွင်းမှာ ရှိတဲ့ သူတို့နိုင်ငံသားတွေဟာ ပြန်လည်ထူထောင်ရေးအတွက် ဝင်ငွေရဲ့ ၁၀% အောက်တန်ဖိုးနဲ့ ဝိုင်းဝန်းပြန်လည်ထူထောင်ရေးမှာပါဝင်ကြတယ်။
မြန်မာမှာ အခု မွန်၊ တနင်္သာရီ ရေကြီးနေတယ်… ကိုယ့်နိုင်ငံသားအချင်းချင်းဆိုသော်လည်း ဒေသတွင်းစားသောက်ကုန်တွေရဲ့တန်ဖိုးကို ၃ ဆ အထိမြင့်ရောင်းနေကြတယ်တဲ့။ (သာမာန် ထမင်းတစ်ထုတ်ကိုတောင် ၂၀၀၀ ပေးဝယ်ကြရတယ်တဲ့လေ) ။ သြော်…. ဘယ်လိုပြောရပါ့မလဲလေ… စိတ်မကောင်းဘူး…
WCA (လေးစားမှုဖြင့် ခရက်ဒစ်)
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 11, 2019
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 11, 2019
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment