Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, July 10, 2019

Victoria အမႈႏွင့္ပတ္သက္ျပီး ဘက္မလိုက္ဘဲ စစ္ေဆးခဲ့ေၾကာင္း ရဲတပ္ဖြဲ႔ သတင္းထုတ္ျပန္ ၊ အလွဴခံမႈမ်ားကို ရိုးသားမႈရွိ/မရွိ စိစစ္အေရးယူမည္


ျမန္ မာ နိုင္ငံရဲတပ္ဖြဲ႕အေနျဖင့္ Victoria အမႈႏွင့္ပတ္သက္၍ ေဆးစာျပန္ၾကားခ်က္၊ CCTV မွတ္တမ္း၊ ဓါတုေဗဒဆိုင္ရာ စစ္ေဆးေတြ႕ရွိခ်က္၊ ေမးျမန္းစစ္ေဆးထားသူမ်ား၏ သက္ေသခံ ထြက္ဆိုခ်က္မ်ားအပါအဝင္ အျခားအျခားေသာအေထာက္အထားမ်ားျဖင့္ ခရိုင္ဥပေဒ႐ုံး၏ အႀကံျပဳခ်က္ႏွင့္ အညီ တရား႐ုံးသို႔ အမႈစြဲတင္ခဲ့ပါေၾကာင္း။

CID အေနျဖင့္ CCTV အေထာက္အထားကို Software နည္းပညာအရ အျပည့္အဝ အေထာက္အထားရရွိၿပီး ယေန႔ BBC Facebook သတင္းမေဖာ္ျပခင္ကတည္းက တရား႐ုံးသက္ေသခံ တင္ၿပီးျဖစ္ေၾကာင္း၊ ေနျပည္ေတာ္ကုတင္(၁၀၀၀)ေဆး႐ုံမွ တရားဝင္လက္မွတ္ေရးထိုးျပန္ၾကားေသာ သက္ေသခံေဆးစာလည္း မေပ်ာက္ပါသျဖင့္ တရား႐ုံးသက္ေသခံတင္ၿပီးပါေၾကာင္း၊ မူႀကိဳေက်ာင္း၊ လမ္းေပၚ၊ အိမ္ မည္သည့္ဘက္မွမလိုက္ဘဲ စစ္ေဆးခဲ့ပါေၾကာင္း။

အခ်ိဳ႕က မိမိစိတ္အထင္ျဖင့္ ရဲတပ္ဖြဲ႕ဂုဏ္သိကၡာက်ဆင္းေစရန္ စြပ္စြဲခ်က္မ်ား၊ ဆူပူ ဆႏၵျပေစရန္ လႈံ႔ေဆာ္မႈအေရးအသားမ်ား၊ Victoria အတြက္ အလႉခံသည္ဟုအေၾကာင္းျပ၍ Bank Account ဖြင့္ တရားမဝင္အလႉခံေနမႈမ်ား၏ ပထမအဆင့္အေနျဖင့္ သကၠမိုးညိဳ အေကာင့္ ပိုင္ရွင္အား ႀကိဳတင္လ်ိဳ႕ဝွက္စုံစမ္းေဖာ္ထုတ္ခဲ့ၿပီး မည္သူမည္ဝါသိရသည္ႏွင့္ ဥပေဒႏွင့္အညီသာ ေဆာင္ရြက္ခဲ့ျခင္းျဖစ္ကာ ဆက္စပ္ပတ္သက္မႈမ်ားကိုလည္း ဆက္လက္စိစစ္ေဖာ္ထုတ္ အေရးယူ သြားမည္ျဖစ္ပါေၾကာင္း။

Victoria ကိစၥ အေၾကာင္းျပဳၿပီး ေငြအလႉခံမႈသည္ ရိုးသားမႈရွိလ်င္ေတာ့ မေျပာလိုပါ။ ရိုးသားမႈမရွိလ်င္ လက္မခံဘဲ စိစစ္အေရးယူပါမည္။

Credit- ရဲဇာနည္

Unicode Version
မြန် မာ နိုင်ငံရဲတပ်ဖွဲ့အနေဖြင့် Victoria အမှုနှင့်ပတ်သက်၍ ဆေးစာပြန်ကြားချက်၊ CCTV မှတ်တမ်း၊ ဓါတုဗေဒဆိုင်ရာ စစ်ဆေးတွေ့ရှိချက်၊ မေးမြန်းစစ်ဆေးထားသူများ၏ သက်သေခံ ထွက်ဆိုချက်များအပါအဝင် အခြားအခြားသောအထောက်အထားများဖြင့် ခရိုင်ဥပဒေရုံး၏ အကြံပြုချက်နှင့် အညီ တရားရုံးသို့ အမှုစွဲတင်ခဲ့ပါကြောင်း။

CID အနေဖြင့် CCTV အထောက်အထားကို Software နည်းပညာအရ အပြည့်အဝ အထောက်အထားရရှိပြီး ယနေ့ BBC Facebook သတင်းမဖော်ပြခင်ကတည်းက တရားရုံးသက်သေခံ တင်ပြီးဖြစ်ကြောင်း၊ နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံမှ တရားဝင်လက်မှတ်ရေးထိုးပြန်ကြားသော သက်သေခံဆေးစာလည်း မပျောက်ပါသဖြင့် တရားရုံးသက်သေခံတင်ပြီးပါကြောင်း၊ မူကြိုကျောင်း၊ လမ်းပေါ်၊ အိမ် မည်သည့်ဘက်မှမလိုက်ဘဲ စစ်ဆေးခဲ့ပါကြောင်း။

အချို့က မိမိစိတ်အထင်ဖြင့် ရဲတပ်ဖွဲ့ဂုဏ်သိက္ခာကျဆင်းစေရန် စွပ်စွဲချက်များ၊ ဆူပူ ဆန္ဒပြစေရန် လှုံ့ဆော်မှုအရေးအသားများ၊ Victoria အတွက် အလှူခံသည်ဟုအကြောင်းပြ၍ Bank Account ဖွင့် တရားမဝင်အလှူခံနေမှုများ၏ ပထမအဆင့်အနေဖြင့် သက္ကမိုးညို အကောင့် ပိုင်ရှင်အား ကြိုတင်လျို့ဝှက်စုံစမ်းဖော်ထုတ်ခဲ့ပြီး မည်သူမည်ဝါသိရသည်နှင့် ဥပဒေနှင့်အညီသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ဆက်စပ်ပတ်သက်မှုများကိုလည်း ဆက်လက်စိစစ်ဖော်ထုတ် အရေးယူ သွားမည်ဖြစ်ပါကြောင်း။

Victoria ကိစ္စ အကြောင်းပြုပြီး ငွေအလှူခံမှုသည် ရိုးသားမှုရှိလျင်တော့ မပြောလိုပါ။ ရိုးသားမှုမရှိလျင် လက်မခံဘဲ စိစစ်အရေးယူပါမည်။

Credit- ရဲဇာနည်

Unicode Versiona

No comments:

Post a Comment