Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 3, 2019

ဘယ်​​တော့မှ မ​မေ့ပါနဲ့။


ဖတ်ကြည့်နော်…

ရေငတ်​တဲ့အခါ…
ကိုယ့်​ကို ​ရေတစ်​ခွက်​တိုက်​ဘူးသူ။

ဗိုက်​ဆာတဲ့အခါ…
အစာတစ်​လုတ်​​ ကျွေးဘူးသူ။

နေစရာမရှိတဲ့အခါ…
ခဏတာတည်းခိုခွင့်​​ ပေးတဲ့သူ။

အချစ်​ငတ်​တဲ့အခါ…
မေတ္တာတရား​ ထား​ပေးတဲ့သူ။

အထီးကျန်​တဲ့အခါ…
အ​ဖော်​အဖြစ်​ အား​ပေးတဲ့သူ။

ရောဂါ​ဝေဒနာခံစားရတဲ့အခါ…
သက်​သာ​အောင်​ ပြုစု​ပေးတဲ့သူ။

စိတ်​​သောက​ရောက်​တဲ့အခါ…
နှစ်​သိမ့်​ ချမ်း​မြေ့​စေတဲ့သူ။

အကုသိုလ်​​တွေ ပြု​နေမိတဲ့အခါ…
ကုသိုလ်​ပြုဖို့ လမ်းညွှန်​​ပေးတဲ့သူ။

အဝိဇ္ဇာ​ကြောင့်​ သံသရာရှည်​​တဲ့အခါ…
သစ္စာ​တရားကို​ ဟောကြား​ပေးသူ။

သည်​လိုလူ​တွေကို
ဘယ်​​တော့မှ မ​မေ့ပါနဲ့။

ကျေးဇူးဆပ်​ဖြစ်​​အောင်​ ဆပ်​ပါ။
ဒေါက်​တာ​ရွှေထွန်း။

မေတ္တာဖြင့်…
အရှင်ပုည( ဝကုန်း )

No comments:

Post a Comment