Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, July 2, 2019

အမည္မေဖာ္လိုရင္ မေဖာ္ရဲရင္ ‘ ရဲ ‘ မလုပ္နဲ႔လို႔ …ဗစ္တိုးရီးယားေလးအမွုနဲ႔ပတ္သက္ျပီး ..လင္းလင္းေျပာ


သက္ငယ္မုဒိန္းျပဳက်င့္ခံခဲ့ရတဲ့ ေနျပည္ေတာ္က သမီးေလး Victoria ရဲ့အမွုနဲ့ပတ္သက္ျပီး 
လင္းလင္းေရးတဲ့စာ

လင္းလင္းက “အမည္မေဖာ္လိုသူ ရဲတစ္ဦးက မီဒီယာတစ္ခုကို ေျပာတယ္ဆိုတာ တရားဝင္ေျပာတာလား? တရားမဝင္ေျပာတာလား? သိခ်င္တာ။အဲဒီသတင္းအမွန္ဆိုရင္ ေျပာစရာတစ္ခုရွိတယ္။
အမည္မေဖာ္လိုဘူး အမည္မေဖာ္ရဲဘူး ဆိုရင္ ခင္မ်ား ‘ရဲ’ လုပ္မေနနဲ႔ေလ။
ၿပီးေတာ့ ဒီအမႈက ‘ မ႐ိုးစင္းဘူး၊ မလြယ္ဘူး ‘ လို႔ အဲဒီအမည္မေဖာ္လိုတဲ့ ရဲတစ္ဦးကေျပာတယ္ဆိုေတာ့ လြယ္သြားေအာင္ ကၽြန္ေတာ္အၾကံေပးၾကည့္မယ္။
” မတရားလုပ္ခံလိုက္ရတဲ့ ဗစ္တိုးရီးယားေလးေနရာမွာ ခင္မ်ား သမီးနဲ႔အစားထိုးလိုက္ေလ ” ။
ဒါဆို အရမ္းခက္ခဲေနတဲ့ဒီအမႈဟာ အရမ္းလြယ္ကူသြားလိမ့္မယ္။
ၿပီးေတာ့,,
ဟိုးတေလာက မႏၲေလးစက္မႈနားမွာ သမီးေလးတစ္ေယာက္ကို ဆိုင္ကယ္နဲ႔တင္သြားၿပီး ေမၿမိဳ႕အတက္နားမွာ လူမဆန္စြာမုဒိန္းက်င့္၊ ေသမလိုလုပ္ထားခဲ့တဲ့ မုဒိန္းေကာင္ကို ရက္ပိုင္းအတြင္း ဖမ္းေပးတဲ့ မႏၲေလးကတာဝန္ရွိရဲဝန္ထမ္းေတြနဲ႔ ေနရာခ်ိန္းမလား။
အမႈလဲ လိုတာထပ္ပိုၾကာေနသလို အမည္မေဖာ္လိုတဲ့ ရဲ တစ္ဦးေၾကာင့္ အျခားတာဝန္ရွိ ရဲ ေတြပါေရာၿပီး သိကၡာက်ေနတာ ရွက္စရာႀကီး။
ႀကိဳက္တဲ့ေရွ႕ေန ၊ျကိဳက္တဲ့တာဝန္ရွိသူေတြနဲ႔ ႀကိဳက္သေလာက္ရက္ကိုဆြဲ။ ဒီအမႈၿပီးတဲ့ထိေစာင့္မယ္။
လင္းလင္း အမည္ေဖာ္ ေရးသည္။

Unicode Version
 “အမည်မဖော်လိုသူ ရဲတစ်ဦးက မီဒီယာတစ်ခုကို ပြောတယ်ဆိုတာ တရားဝင်ပြောတာလား? တရားမဝင်ပြောတာလား? သိချင်တာ။အဲဒီသတင်းအမှန်ဆိုရင် ပြောစရာတစ်ခုရှိတယ်။
အမည်မဖော်လိုဘူး အမည်မဖော်ရဲဘူး ဆိုရင် ခင်များ ‘ရဲ’ လုပ်မနေနဲ့လေ။
ပြီးတော့ ဒီအမှုက ‘ မရိုးစင်းဘူး၊ မလွယ်ဘူး ‘ လို့ အဲဒီအမည်မဖော်လိုတဲ့ ရဲတစ်ဦးကပြောတယ်ဆိုတော့ လွယ်သွားအောင် ကျွန်တော်အကြံပေးကြည့်မယ်။
” မတရားလုပ်ခံလိုက်ရတဲ့ ဗစ်တိုးရီးယားလေးနေရာမှာ ခင်များ သမီးနဲ့အစားထိုးလိုက်လေ ” ။
ဒါဆို အရမ်းခက်ခဲနေတဲ့ဒီအမှုဟာ အရမ်းလွယ်ကူသွားလိမ့်မယ်။
ပြီးတော့,,
ဟိုးတလောက မန္တလေးစက်မှုနားမှာ သမီးလေးတစ်ယောက်ကို ဆိုင်ကယ်နဲ့တင်သွားပြီး မေမြို့အတက်နားမှာ လူမဆန်စွာမုဒိန်းကျင့်၊ သေမလိုလုပ်ထားခဲ့တဲ့ မုဒိန်းကောင်ကို ရက်ပိုင်းအတွင်း ဖမ်းပေးတဲ့ မန္တလေးကတာဝန်ရှိရဲဝန်ထမ်းတွေနဲ့ နေရာချိန်းမလား။
အမှုလဲ လိုတာထပ်ပိုကြာနေသလို အမည်မဖော်လိုတဲ့ ရဲ တစ်ဦးကြောင့် အခြားတာဝန်ရှိ ရဲ တွေပါရောပြီး သိက္ခာကျနေတာ ရှက်စရာကြီး။
ကြိုက်တဲ့ရှေ့နေ ၊ကြိုက်တဲ့တာဝန်ရှိသူတွေနဲ့ ကြိုက်သလောက်ရက်ကိုဆွဲ။ ဒီအမှုပြီးတဲ့ထိစောင့်မယ်။
လင်းလင်း အမည်ဖော် ရေးသည်။

No comments:

Post a Comment