Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, July 23, 2019
unicode version
အသက် ၁၃ နှစ်အရွယ် မိန်းကလေးအား အမျိုးသားလေးဦးက ၀ိုင်းမုဒိမ်းကျင့်မှု တရာခံများအား ၂၄ နာရီအတွင်းဖမ်းဆီးနိုင်ခဲ့
July 23,2019.
ထိုင်းနိုင်ငံ ချွန်ဘူရီ ခရိုင် ချလန်ခေါ် ( ငမန်းဖြူ )ရပ်ကွက်မှာ နေထိုင်နေသူ အသက် ၁၃ နှစ် အထက်တန်းကျောင်းသူ ကို သူမရဲ ့ ရီးစား အသက်(၁၄) နှစ် က သူငယ်ချင်းအခန်းတခုကိုခေါ်သွားပြီး အပေါင်းပါ သုံးနဲ ့အတူ တညလုံး မုဒိမ်း
၀ိုင်းကျင့် ခဲ့ကြတာဖြစ်ပါတယ်။
မိန်းကလေးကို လက်ထိပ်ခတ်ပြီး မုဒိမ်းဝိုင်းကျင့်ကြရာမှာ မှတ်တမ်း ကလစ် ရုပ်သံကိုပါ ရိုက်ကူးထားကြောင်းသိရပါတယ်။ မုဒိမ်းကျင့်တဲ့တရားခံလေးဦးမှာ ထိုင်းနိုင်ငံသား သုံးဦးနဲ ့ ကမ္ဘောဒီးယား နိုင်ငံသားတစ်ဦးဖြစ်တယ်လို ့ ချွန်ဘူရီ ရဲတပ်ဖွဲ ့က ထုတ်ပြန်ခဲ့ပါတယ်။
တရားခံလေးဦးထဲမှာ အသက်သုံးဆယ်အရွယ် လူမှုကယ်တင်ရေးလုပ်သား တစ်ဦးပါ ပါဝင်နေတာတွေ ့ရပါတယ်။
ဇူလိုင်လ (၂) ရက် နေ ့ကဖြစ်ပွားခဲ့တဲ့ အမှုဖြစ်ပြီး မုဒိမ်းကျင့်ခံရသူ မိန်းခလေးကို ကာမဆက်ဆံနေတဲ့ ရုပ်သံရိုက်ထားတဲ့ တရားခံတဦးက ဘတ်ငွေ (၃၀၀၀)မပေးရင် မုဒိမ်းကလစ်ရုပ်သံကို လူမှုကွန်ယက်ပေါ်ဖြန် ့ချလိုက်မယ်လို ့ အကြပ်ကိုင် ငွေတောင်းလာခဲ့ရာက မိန်းကလေးရဲ ့ သူငယ်ချင်းတွေက အမျိုးသမီးအဖွဲ ့ကို တိုင်ကြားခဲ့လို ့ အမှုမှန်ပေါ်ပေါက်ခဲ့တာပါ။
တရားခံလေးဦးကို (၂၄) နာရီအတွင်း ချွန်ဘူရီရဲတပ်ဖွဲ ့က ရှာဖွေဖမ်းဆီးနိုင်ခဲ့ပါတယ် ၊ ရက်ကြာနေလို ့ DNA ဆေးစစ်ချက် စစ်ယူဘို ့ မလွယ်တော့ပေမယ့် အခင်းဖြစ်ပွားချိန် တရားခံတွေရိုက်ထားတဲ့ ရုပ်သံဟာ အဓိက သက်
သေဖြစ်သွားခဲ့ပါတယ်။SAW
No comments:
Post a Comment