Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, July 23, 2019

မိဘမဲ့ေက်ာင္းက ကေလးေလးေသဆံုးမႈ နဲ႔ပတ္သတ္ၿပီး ဒီစာကိုေတြ႔ရခ်ိန္ ေနာက္ကြယ္မွာ ဆိုးရြားတာေတ လဲ ဒီထက္ပိုႏိုင္ပါတယ္


တေန႔က မိဘမဲ့ေက်ာင္းက ကေလးေလးေသဆံုးမႈ နဲ႔ပတ္သတ္ၿပီး ဒီစာကိုေတြ႔ရခ်ိန္ ေနာက္ကြယ္မွာ ဆိုးရြားတာေတ လဲ ဒီထက္ပိုႏိုင္ပါတယ္အလႉ႐ွင္ေတေ႐ွ႕ေတာင္ဒီလိုဆိုေတာ့ေလ

မိဘမဲ့ေက်ာင္းက ကေလးမ်ားအသံုးခ်ခံရတဲ့ဘ၀မွ လြတ္ေျမာက္ၾကပါေစ…🙏🙏..
ေက်ာင္းအကုန္လံုးကိုမဆိုလိုပါေနာ္…………..
ဒီစာကိုေရးမယ္မေရးဘူးခ်ိန္ေနတာ ၾကာပါပီ ဒီပို ့စ္ျမင္ပီးမေနႏိုင္လို ့ေျပာပါမယ္ေနာ္………..
ေက်ာင္းေတာ့ထည့္မေျပာေတာ့ပါဘူးေနာ္ မၾကာေသးခင္ကမွ ကိုယ္တိုင္ေတြ႕ခဲ့ခံစားခဲ့ရတာပါ……… ရင္ထဲမွာလဲ အာ့ေက်ာင္းက ျပန္လာထဲက ငါႏိုင္တဲ့၀န္ေလးနဲ႔ ကေလးေပါင္းမ်ားစြာဘ၀ကိူဘယ္လိုတတတ္တအား ပါႏိုင္မလဲ စဥ္းစားပါတယ္……….

လႉဖို ့အတြက္ပထမဆံုးေရာက္ေရာက္ခ်င္း မွာပဲ စိတ္ထဲ ကသိကေအာက္ျဖစ္သြားမိတယ္ တေန႔တည္းေန႔လည္စာအလႉရွင္ ၃ေယာက္ထပ္ေနပါတယ္…….

အာ့ထဲကမွေန႔လည္စာအျပင္ ဆန္အိတ္ ဆရာေတာ္ကို၀တၱဳ ကပ္တဲ့အဖြဲ႕ကို တရားေတြေပး ေရဘူးေတြေပး ၾကေပမယ့္ ကေလးေတြကိုလက္ထဲအေယာက္လႉခဲ့ပီး ဆံပင္ညႇပ္ကုသိုလ္ယူမယ့္ ကိုယ္ေတြအဖြဲ႕ၾက မဆိုင္သလိုပါပဲ

လႉဖို ့ဖုန္းဆက္ေမးတုန္းက အာ့ေန႔အတြက္ရေသးလားဆိုေတာ့ ရွိေတာ့ရွိတယ္ ေရြ႕ေပးဘို ့အဆင္ေျပပါတယ္တဲ့ဆိုလို ့ ကေလးေတြအတြက္လႉဖို ့ အကုန္သယ္ပီး အေ၀းႀကီးကေနလာခဲ့ပါတယ္

ေရာက္ေတာ့ ခုလို၃ေယာက္စံုပီး ကေလးေတြစားေနတဲ့ေနရာ ဓာတ္ပံုသြားရိုက္ၾက ပီးထမင္းစားၾကဆိုပီး ၃ဖြဲ႕လံုးေျပာပါတယ္…….

ကိုယ္ေတြလာတာ ဓာတ္ပံုရိုက္မွတ္တမ္းယူရံု ထမင္းေလးစားျပန္ရံုလာတာမဟုတ္ပါဘူး……

စားလဲမစားခဲ့ပါဘူး ကိုယ္ေတြမစားခဲ့ရင္ ကေလးေတြအတြက္ေနာက္ရက္ရတယ္ဆိုတဲ့အေတြးနဲ႔ပါ…

အလႉရွင္နည္းပါးေနတယ္ ဆုိလို ့ ကေလးေတြအတြက္ႏိုင္သေလာက္အားေလးနဲ႔ကူဖို႔လာတာပါ



အလႉရွင္သာနည္းတယ္ေျပာတယ္ စတိုခန္းထဲမယ္ေလွာင္ထားတာ အျပည့္ေတြ႕ခဲ့ရပါတယ္

အဓိက ကေလးေတြအေပၚ ေစာင့္ေရွာက္မႈတအားနဲပါတယ္လသားေလးေတြအခန္းမွာဆို ယင္ေတြဆိုတာကေလးေတြကိုနားေနတာ ျမင္မေကာင္းေအာင္ပါ

ႏို႔ဘူးဆို႔တဲ့အရြယ္ေတြရွိေတာ့ ႏို႔စက္ေတြကက် သန္႔ရွင္းေပးမႈအားနည္းေတာ့ ယင္ေတြကလာ

ကေလးေတြဆိုတာ လာသမွ်ဧည့္သည္ကိုခ်ီခိုင္းပီး အားကိုးရသြားသလို မခြာေတာ့ပါဘူး😢…….

ကိုယ္ဆိုကေလးေတြအခန္းထဲ၀င္ ခ်ီလိုက္ပါပီဆိုထဲက မ်က္ရည္ထိန္းမရႏိုင္ေအာင္ကို က်ပီး ရင္ထဲနင့္ေအာင္ခံစားလုိက္ရပါတယ္…….

ကေလးေတြရဲ႕ မ်က္ႏွာေတြမွာ ေပ်ာ္ရႊင္မႈေတြေပ်ာက္ဆံုးေနတာ ေတြ႕ရပါတယ္ ေက်ာင္းကိုအုပ္ခ်ဳပ္တဲ့ ဆရာေတာ္ေတြေနပံုထိုင္ပံု ကေလးေတြဆက္ဆံပံုကို လံုး၀ သေဘာမက်ခဲ့တာေတာ့အမွန္ပါေနာ္……….

စေရာက္ထဲက စိတ္တိုေနပီျဖစ္တဲ့ အမ်ိဳးသားကိုေဖ်ာင္းဖ်နားခ်ထားေပမယ့္ ျပန္ေတာ့မယ့္အခ်ိန္မွာ ကို္ယ့္ေဒါသကိုေတာင္မထိန္းႏိုင္တဲ့အထိ ျဖစ္ခဲ့ရတယ္………

ကေလးေတြထားတဲ့အခန္းထဲကေန ေလးဘက္ေထာက္သြားေနတဲ့သမီးေလးက ႏို႔ဘူးေလးလိမ့္သြားတာ လိုက္ရင္း အခန္းအျပင္ကို လိမ့္က်ေတာ့မယ့္ဆဲဆဲ အခ်ိန္လက္မတင္ေလး ေျပးဆြဲလိုက္ႏိုင္လို ့ ကေလးမက်သြားတာပါ ဖိနပ္ေတာင္ကြ်တ္က် က်န္တဲ့အထိေျပးလိုက္ရတယ္……..





ထိန္းသူမရွိလို ့လား အခန္းထဲၾကည့္လိုက္ေတာ့ ထိန္းတဲ့ ေကာင္မေလး ၂ေယာက္ရွိပါတယ္တေယာက္ကေတ့ာ အိပ္ေနတာ သိုးလို ့.. . .

တေယာက္က ဘာလုပ္ေနသလဲဆို အာ့အခန္းထဲ၀င္အိပ္ေနတဲ့ ဘူန္းႀကီး ကိုေဘးကေနထိုင္ယပ္ခပ္ေပးေနရပါတယ္ …….

အာ့ျမင္ကြင္းကိုျမင္ပီးတဲ့ေနာက္ေဒါသေတာ္ေတာ္ထြက္မိပါတယ္ကေလးေတြကျဖစ္ခ်င္သလိုျဖစ္ ယင္ေတြနား လိမ့္က်မတတ္ျဖစ္ေတာ့မယ္ သူတို ြကေတာ့ မဆိုင္သလိူပါပဲ😠😠😠

ခပ္ေပးတဲ့ေကာင္မေလးအျပစ္မေျပာလိုပါ သူတို ့လက္ေအာက္ေနရတာေလ ဒါလုပ္ဆိုလုပ္ရမွာပဲ ကေလးေတြထားတဲ့အခန္းထဲ ၀င္ကိုမအိပ္ေနသင့္တာ ပါေနာ္…😡😡😡

စိတ္ထဲဘ၀င္မက်တာတခုရွိပါေသးတယ္ ၃.၄.၅ႏွစ္ေတြ အိပ္တဲ့အခန္းထဲ ၀င္ၾကည့္ေတာ့ ယင္ေတြအံုခဲေနတာကို အိပ္ေနၾကတာ တန္းစီပီး လံုး၀ကို သူတို ့ကိုယင္မနားတဲ့အတိုင္း…….

အကုန္တၿပိဳင္တုန္းတူတူအိပ္ေမာက်ေနတာ သမာရိုးက်အိပ္ေနတာမွ ဟုတ္ပါရဲ႕လားေတာင္ေတြးမိပါတယ္……..

ကေလးေတြမွာဆိုလဲ အနာေလးေတြေကာ ေတြ႕ရပါတယ္အင္မတန္မွကို ဂရုစိုက္မႈအားနည္းပီး အုပ္ခ်ဳပ္မႈအားနည္းပါတယ္

ကြင္းျပင္က်ယ္ႀကီးထဲမွာ ရွိတဲ့ေက်ာင္းေလးမွာ ကေလးေတြ နာမက်န္းျဖစ္ေသသြားေတာင္ ဘယ္သူမွမသိလိုက္ပဲ ေျမ ျမဳတ္ပစ္ ဘယ္သူမ်ား သတိတရေမးမလဲ သိမလဲ😭😭

မသိလိူက္ရပဲ အဆံုးသတ္သြားရတဲ့ခေလးေတြ ဘယ္နေယာက္ေတာင္ ရွိခဲ့ပီးပီးလဲ ကေလးေတြ ဘ၀တြက္ေတြးပီး တကယ္ရင္ေမာမိပါတယ္…….

အမွန္တကယ္ မေစာင့္ေရွာက္ႏိုင္ပဲ ေမ်ာက္ျပဆန္ေတာင္းခ်င္ယံုစိတ္နဲ႔ေတာ့ မလုပ္ၾကေစခ်င္ပါဘူး…….

ကေလးအမ်ားႀကီး ထိန္းရတာနားလည္ပါတယ္ ကိုယ့္ေသြးသားေတာင္ စိတ္မၾကည္ခ်ိန္ တိုးတဲ့အခ်ိန္ စိတ္တို စိတ္မရွည္တတ္ၾကတာပဲေလ

ဒါေပမယ့္ နားလည္ေပးႏိုင္မႈထပ္ေက်ာ္လြန္ေနတာေတြ႕ခဲ့ရပါတယ္…

အဆိုးဆံုးကေတ့ာ ရွင္းရွင္းေျပာရရင္ အရြယ္ေရာက္လာၾကမယ့္ မိန္းခေလးေတြဘ၀လံုျခံဳမႈေပါ့……..

ျဖစ္ႏိုင္ရင္ ကေလးတို ့ဘ၀ေပါင္းမ်ားစြာကို ကယ္တင္ခ်င္မိတယ္ ပရဟိတေက်ာင္းေတြကို စစ္ေဆးတဲ့အဖြဲ႕ေတြ ေနာက္ကြယ္ကျဖစ္ရပ္အမွန္ေတြကို ေဖာ္ထုတ္တဲ့အဖြဲ႕ေတြ ေပၚလာပါေစ ဆုေတာင္းေပးပါတယ္ကြယ္……..

ကုသိုလ္လုပ္ရင္း အကုသိုလ္ေတြ တပံုႀကီးရခဲ့တာေပါ့ကြယ္ 😣😣

ခုလိုေျပာလို ့ ကိုယ္လဲ စိတ္သာရွိတာပါ ဘာေကာင္မွ မဟုတ္တာေၾကာင့္ မစြမ္းေဆာင္ႏိုင္ပါဘူး….. အခြင့္အေရးရမယ္ဆိုရင္ျဖင့္ ကေလးတို ့ဘ၀ေတြကယ္တင္ႏိုင္တဲ့သူျဖစ္ပါရေစ🙏🙏🙏

ကေလးေတြလဲ အသံုးခ်ခံ ဘ၀မွ လြတ္ေျမာက္ၾကပါေစ…… 🙏🙏🙏

23.7.2019
SisKay KhineOo

unicode version

Copy ယူလာပါတယ် တနေ့က မိဘမဲ့ကျောင်းက ကလေးလေးသေဆုံးမှု နဲ့ပတ်သတ်ပြီး ဒီစာကိုတွေ့ရချိန် နောက်ကွယ်မှာ ဆိုးရွားတာတေ လဲ ဒီထက်ပိုနိုင်ပါတယ်အလှူရှင်တေရှေ့တောင်ဒီလိုဆိုတော့လေ

မိဘမဲ့ကျောင်းက ကလေးများအသုံးချခံရတဲ့ဘဝမှ လွတ်မြောက်ကြပါစေ…🙏🙏..

ကျောင်းအကုန်လုံးကိုမဆိုလိုပါနော်…………..

ဒီစာကိုရေးမယ်မရေးဘူးချိန်နေတာ ကြာပါပီ ဒီပို ့စ်မြင်ပီးမနေနိုင်လို ့ပြောပါမယ်နော်………..

ကျောင်းတော့ထည့်မပြောတော့ပါဘူးနော် မကြာသေးခင်ကမှ ကိုယ်တိုင်တွေ့ခဲ့ခံစားခဲ့ရတာပါ……… ရင်ထဲမှာလဲ အာ့ကျောင်းက ပြန်လာထဲက ငါနိုင်တဲ့ဝန်လေးနဲ့ ကလေးပေါင်းများစွာဘဝကိူဘယ်လိုတတတ်တအား ပါနိုင်မလဲ စဉ်းစားပါတယ်……….

လှူဖို ့အတွက်ပထမဆုံးရောက်ရောက်ချင်း မှာပဲ စိတ်ထဲ ကသိကအောက်ဖြစ်သွားမိတယ် တနေ့တည်းနေ့လည်စာအလှူရှင် ၃ယောက်ထပ်နေပါတယ်…….

အာ့ထဲကမှနေ့လည်စာအပြင် ဆန်အိတ် ဆရာတော်ကိုဝတ္တု ကပ်တဲ့အဖွဲ့ကို တရားတွေပေး ရေဘူးတွေပေး ကြပေမယ့် ကလေးတွေကိုလက်ထဲအယောက်လှူခဲ့ပီး ဆံပင်ညှပ်ကုသိုလ်ယူမယ့် ကိုယ်တွေအဖွဲ့ကြ မဆိုင်သလိုပါပဲ

လှူဖို ့ဖုန်းဆက်မေးတုန်းက အာ့နေ့အတွက်ရသေးလားဆိုတော့ ရှိတော့ရှိတယ် ရွေ့ပေးဘို ့အဆင်ပြေပါတယ်တဲ့ဆိုလို ့ ကလေးတွေအတွက်လှူဖို ့ အကုန်သယ်ပီး အဝေးကြီးကနေလာခဲ့ပါတယ်

ရောက်တော့ ခုလို၃ယောက်စုံပီး ကလေးတွေစားနေတဲ့နေရာ ဓာတ်ပုံသွားရိုက်ကြ ပီးထမင်းစားကြဆိုပီး ၃ဖွဲ့လုံးပြောပါတယ်…….

ကိုယ်တွေလာတာ ဓာတ်ပုံရိုက်မှတ်တမ်းယူရုံ ထမင်းလေးစားပြန်ရုံလာတာမဟုတ်ပါဘူး……

စားလဲမစားခဲ့ပါဘူး ကိုယ်တွေမစားခဲ့ရင် ကလေးတွေအတွက်နောက်ရက်ရတယ်ဆိုတဲ့အတွေးနဲ့ပါ…

အလှူရှင်နည်းပါးနေတယ် ဆိုလို ့ ကလေးတွေအတွက်နိုင်သလောက်အားလေးနဲ့ကူဖို့လာတာပါ

အလှူရှင်သာနည်းတယ်ပြောတယ် စတိုခန်းထဲမယ်လှောင်ထားတာ အပြည့်တွေ့ခဲ့ရပါတယ်

အဓိက ကလေးတွေအပေါ် စောင့်ရှောက်မှုတအားနဲပါတယ်လသားလေးတွေအခန်းမှာဆို ယင်တွေဆိုတာကလေးတွေကိုနားနေတာ မြင်မကောင်းအောင်ပါ

နို့ဘူးဆို့တဲ့အရွယ်တွေရှိတော့ နို့စက်တွေကကျ သန့်ရှင်းပေးမှုအားနည်းတော့ ယင်တွေကလာ

ကလေးတွေဆိုတာ လာသမျှဧည့်သည်ကိုချီခိုင်းပီး အားကိုးရသွားသလို မခွာတော့ပါဘူး😢…….

ကိုယ်ဆိုကလေးတွေအခန်းထဲဝင် ချီလိုက်ပါပီဆိုထဲက မျက်ရည်ထိန်းမရနိုင်အောင်ကို ကျပီး ရင်ထဲနင့်အောင်ခံစားလိုက်ရပါတယ်…….

ကလေးတွေရဲ့ မျက်နှာတွေမှာ ပျော်ရွှင်မှုတွေပျောက်ဆုံးနေတာ တွေ့ရပါတယ် ကျောင်းကိုအုပ်ချုပ်တဲ့ ဆရာတော်တွေနေပုံထိုင်ပုံ ကလေးတွေဆက်ဆံပုံကို လုံးဝ သဘောမကျခဲ့တာတော့အမှန်ပါနော်……….

စရောက်ထဲက စိတ်တိုနေပီဖြစ်တဲ့ အမျိုးသားကိုဖျောင်းဖျနားချထားပေမယ့် ပြန်တော့မယ့်အချိန်မှာ ကို်ယ့်ဒေါသကိုတောင်မထိန်းနိုင်တဲ့အထိ ဖြစ်ခဲ့ရတယ်………

ကလေးတွေထားတဲ့အခန်းထဲကနေ လေးဘက်ထောက်သွားနေတဲ့သမီးလေးက နို့ဘူးလေးလိမ့်သွားတာ လိုက်ရင်း အခန်းအပြင်ကို လိမ့်ကျတော့မယ့်ဆဲဆဲ အချိန်လက်မတင်လေး ပြေးဆွဲလိုက်နိုင်လို ့ ကလေးမကျသွားတာပါ ဖိနပ်တောင်ကျွတ်ကျ ကျန်တဲ့အထိပြေးလိုက်ရတယ်……..

ထိန်းသူမရှိလို ့လား အခန်းထဲကြည့်လိုက်တော့ ထိန်းတဲ့ ကောင်မလေး ၂ယောက်ရှိပါတယ်တယောက်ကတေ့ာ အိပ်နေတာ သိုးလို ့.. . .

တယောက်က ဘာလုပ်နေသလဲဆို အာ့အခန်းထဲဝင်အိပ်နေတဲ့ ဘူန်းကြီး ကိုဘေးကနေထိုင်ယပ်ခပ်ပေးနေရပါတယ် …….

အာ့မြင်ကွင်းကိုမြင်ပီးတဲ့နောက်ဒေါသတော်တော်ထွက်မိပါတယ်ကလေးတွေကဖြစ်ချင်သလိုဖြစ် ယင်တွေနား လိမ့်ကျမတတ်ဖြစ်တော့မယ် သူတို ွကတော့ မဆိုင်သလိူပါပဲ😠😠😠

ခပ်ပေးတဲ့ကောင်မလေးအပြစ်မပြောလိုပါ သူတို ့လက်အောက်နေရတာလေ ဒါလုပ်ဆိုလုပ်ရမှာပဲ ကလေးတွေထားတဲ့အခန်းထဲ ဝင်ကိုမအိပ်နေသင့်တာ ပါနော်…😡😡😡

စိတ်ထဲဘဝင်မကျတာတခုရှိပါသေးတယ် ၃.၄.၅နှစ်တွေ အိပ်တဲ့အခန်းထဲ ဝင်ကြည့်တော့ ယင်တွေအုံခဲနေတာကို အိပ်နေကြတာ တန်းစီပီး လုံးဝကို သူတို ့ကိုယင်မနားတဲ့အတိုင်း…….

အကုန်တပြိုင်တုန်းတူတူအိပ်မောကျနေတာ သမာရိုးကျအိပ်နေတာမှ ဟုတ်ပါရဲ့လားတောင်တွေးမိပါတယ်……..

ကလေးတွေမှာဆိုလဲ အနာလေးတွေကော တွေ့ရပါတယ်အင်မတန်မှကို ဂရုစိုက်မှုအားနည်းပီး အုပ်ချုပ်မှုအားနည်းပါတယ်

ကွင်းပြင်ကျယ်ကြီးထဲမှာ ရှိတဲ့ကျောင်းလေးမှာ ကလေးတွေ နာမကျန်းဖြစ်သေသွားတောင် ဘယ်သူမှမသိလိုက်ပဲ မြေ မြုတ်ပစ် ဘယ်သူများ သတိတရမေးမလဲ သိမလဲ😭😭

မသိလိူက်ရပဲ အဆုံးသတ်သွားရတဲ့ခလေးတွေ ဘယ်နယောက်တောင် ရှိခဲ့ပီးပီးလဲ ကလေးတွေ ဘဝတွက်တွေးပီး တကယ်ရင်မောမိပါတယ်…….

အမှန်တကယ် မစောင့်ရှောက်နိုင်ပဲ မျောက်ပြဆန်တောင်းချင်ယုံစိတ်နဲ့တော့ မလုပ်ကြစေချင်ပါဘူး…….

ကလေးအများကြီး ထိန်းရတာနားလည်ပါတယ် ကိုယ့်သွေးသားတောင် စိတ်မကြည်ချိန် တိုးတဲ့အချိန် စိတ်တို စိတ်မရှည်တတ်ကြတာပဲလေ

ဒါပေမယ့် နားလည်ပေးနိုင်မှုထပ်ကျော်လွန်နေတာတွေ့ခဲ့ရပါတယ်…

အဆိုးဆုံးကတေ့ာ ရှင်းရှင်းပြောရရင် အရွယ်ရောက်လာကြမယ့် မိန်းခလေးတွေဘဝလုံခြုံမှုပေါ့……..

ဖြစ်နိုင်ရင် ကလေးတို ့ဘဝပေါင်းများစွာကို ကယ်တင်ချင်မိတယ် ပရဟိတကျောင်းတွေကို စစ်ဆေးတဲ့အဖွဲ့တွေ နောက်ကွယ်ကဖြစ်ရပ်အမှန်တွေကို ဖော်ထုတ်တဲ့အဖွဲ့တွေ ပေါ်လာပါစေ ဆုတောင်းပေးပါတယ်ကွယ်……..

ကုသိုလ်လုပ်ရင်း အကုသိုလ်တွေ တပုံကြီးရခဲ့တာပေါ့ကွယ် 😣😣

ခုလိုပြောလို ့ ကိုယ်လဲ စိတ်သာရှိတာပါ ဘာကောင်မှ မဟုတ်တာကြောင့် မစွမ်းဆောင်နိုင်ပါဘူး….. အခွင့်အရေးရမယ်ဆိုရင်ဖြင့် ကလေးတို ့ဘဝတွေကယ်တင်နိုင်တဲ့သူဖြစ်ပါရစေ🙏🙏🙏

ကလေးတွေလဲ အသုံးချခံ ဘဝမှ လွတ်မြောက်ကြပါစေ…… 🙏🙏🙏

23.7.2019
SisKay KhineOo

No comments:

Post a Comment