Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, July 30, 2019

မလိမ္မာသော ကျွန်တော့်တပည့်များကိုယ်စား တောင်းပန်ခြင်းဦးခင်ညွန့် ( ဗိုလ်ချုပ်ကြီးဟောင်း ) { တပ်မတော် ထောက်လှမ်းရေးမှူးချုပ် }


ကျွန်တော်၏ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များကိုယ်စား တောင်း
ပန်ခြင်း။ ကျွန်တော်၏ထောက်လှမ်းရေးတပ်ဖွဲ့များသည် ရန်ကုန်မြို့တော်
နှင့် တိုင်းနှင့်ပြည်နယ်မြို့ကြီးများ/ မြို့နယ်များအထိဖြန့်ကျက်၍ တာဝန်
အသီးသီးပေးအပ် တာဝန်ပေးထားရသဖြင့်ကျွန်တော်နှင့်နီးရာအရပ်များ
မှာ တာဝန်ထမ်းရွက်သူကိုတော့ မကြာခဏတွေ့ရှိကာ သတိပေးခြင်း /
ဆုံးမသြဝါဒပေးခြင်း / ပြည်သူများအပေါ် အမှားအယွင်းမလုပ်မိစေရန်
သတိပေးခြင်းတို့ကို မကြာခဏပြုလုပ်နိုင်သော်လည်း ဝေးလံသောနေ
ရာဒေသများတွင် တာဝန်ထမ်းရွက်နေသူများကိုတော့ ဆုံးမသွန်သင်မှု့
များ / မကောင်းမှု့မပြုမိစေရန် သတိပေးခြင်းများကို မလုပ်နိုင်ခဲ့တာ
အမှန်ပင်ဖြစ်ပါသည်။ သို့သော် လေးလပတ်တစ်ကြိမ် တိုင်းနှင့်ပြည်နယ်
များတွင်ရှိကြသည့် ထောက်လှမ်းရေးတပ်မှူးများကိုသာ ခေါ်ယူဆုံးမ
ခြင်း / သတိပေးခြင်း / အခါအားလျော်စွာပေါ်ပေါက်လာပါက တာဝန်
သစ်များပေးအပ်ခြင်းများ ပြုလုပ်ရပါသည် ။

" အရှိန်အဝါ အာဏာသုံးသူတို့ရှိခဲ့ "
------------------------------------
ထို့ကြောင့် မြို့နယ်အဆင့်ရှိဒေသများတွင် ထောက်လှမ်းရေး
တာဝန်ထမ်းဆောင်နေကြသော/ အရာရှိမဟုတ်သော/ အခြားအဆင့်
နှင့် တာဝန်ထမ်းရွကါသူတို့သည် မြို့နယ်အဆင့်တာဝန်ထမ်းရွက်နေ
ကြသော ဌာနဆိုင်ဆိုင်ရာအကြီးအကဲများအပေါ် မောက်မာစွာဆက်ဆံ
ခြင်း / လာဘ်ပေးလာဘ်ယူမှု့များပြုလုပ်ခြင်း/ အရှိန်အဝါနှင့် အာဏာ
ကို အလွဲသုံးစားပြုလုပ်သူများလည်း ရှိပါသည် ။
ထို့အပြင် နယ်စပ်ဒေသများ၌ နယ်စပ်ဒေသကုန်သွယ်မှု့ပြုရာ
တွင် မသာမာမှု့ပြုလုက်သည့် လာဘ်ပေးလာဘ်ယူပြုလုပ်သည့် တပ်မှူး
များ တာဝန်ရှိသူများလည်းရှိခဲ့ရာ အထူးသဖြင့် မူဆယ်။ ကွတ်ခိုင်ဒေသ
တွင် တာဝန်ထမ်းရွက်ကြသော အရာရှိများ၏ မသမာမှု့များကြောင့် နိုင်
ငံတော်အတွက် နစ်နာဆုံးရှုံးမှု့များရှိခဲ့ကြောင်းကိုလည်း သတင်းများအ
ရ သိရှိခဲ့ရပါသည်။ မသမာမှု့ပြုလုပ်သည့်အရာရှိများ/ အခြားအဆင့်များ
ကိုလည်း ဥပဒေကြောင်းအရတရားစွဲဆို ပြစ်ဒါဏ်ပေးမှု့များ ပြုလုပ်ခဲ့
သည့်အပြင် ကျွန်တော့်ကိုပါ တာဝန်ရှိအနေဖြင့် ထောင်ဒါဏ် ( ၄၄ )
နှစ် ချမှတ်အပြစ်ပေးခြင်းခံခဲ့ရပါသည်။ ၎င်းအပြင် ထောက်လှမ်းရေး အ
ဖွဲ့စည်းကြီး တစ်ခုလုံးကိုပါ ဖျက်သိမ်းခြင်းပြုလုပ်ခဲ့ပါသည်။ ဤ ဖြစ်ရပ်
များသည် သင်ခန်းစာယူစရာ / သံဝေဂရစရာများဖြစ်ပါသည်။ ပြစ်မှု့ရှိ
သူ /.ကျူးလွန်သူများကို အပြစ်ဒဏ်ပေးခြင်းသည် မှန်ကန်သည်ဟု ခံ
ယူပါသည်။
ကျွန်တော်တာဝန်ယူထမ်းရွက်ခဲ့ရသည့် ထောက်လှမ်းရေးအဖွဲ့
အစည်းကြီးမှာ ဖျက်သိမ်းခံလိုက်ရသည့်အပြင် တပ်ဖွဲ့ဝင်အများအပြား
မှာ စွဲဆိုချက်အမျိုးမျိုးဖြင့် နိုင်ငံအနှံ့ ထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံ
ခဲ့ကြပါသည်။ ကျွန်တော်အပါအဝင် အရာရှိ / စစ်သည်အချို့ လွတ်
မြောက်ခဲ့သော်ငြားလည်း အချို့မှာ အကျဉ်းထောင်အသီးသီးတွင် ပြစ်
ဒဏ်များဆက်လက်ကျခံနေရဆဲဖြစ်ပါသည် ။
ကျွန်တော်၏ ထောက်လှမ်းရေးတပ်ဖွဲ့သည် ၁၉၈၃ ခုနှစ်တွင်
စတင်ဖွဲ့စည်းခဲ့ရပြီး နိုင်ငံတော်မှ ပေးအပ်သောတာဝန်အသီးသီးကိုသစ္စာ
ရှိရှိ / တာဝန်သိသိဖြင့် ထမ်းရွက်ခဲ့ကျသူများဖြစ်ပါသည် ။ နိုင်ငံတော်အ
ပေါ်သစ္စာဖေါက်ခဲ့သူများ မဟုတ်ကြပါ ။ နိုင်ငံတော်အစိုးရ၏ ပေးအပ်
သည့် တာဝန်အသီးသီးကို ဦးလည်မသုံ တာဝန်ကျေမွန်စွာ ထမ်းရွက်ခဲ့
သူများ ဖြစ်ကြပါသည် ။

" ရိုးသားကြိုးစားသူ အများစု "
-----------------------------
ထောက်လှမ်းရေးတာဝန်ထမ်းဆောင်ရင်း လောဘတက်ကာ
အရှိန်အဝါနှင့် အာဏာအလွဲသုံးစားပြုလုပ်ကြသူ တစ်ချို့ရှိခဲ့သော်လည်း
ရိုးရိုးသားသား ကြိုးကြိုးစားစားထမ်းရွက်ခဲ့သူများမှာ အများစုဖြစ်ကြပါ
သည်။ ထောက်လှမ်းရေးအဖွဲ့အစည်းတစ်ခုလုံးကို ဖျက်သိမ်းပြီးဖမ်းဆီး
အရေးယူကာ ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့သည်ကိုလည်း စောဒကမ
တက်လိုပါ ။ အခြေအနေ အကြောင်းအရာ အရပ်ရပ်ကို အခြေတည်၍
ဖြစ်ပေါ်လာသော အကျိုးရလဒ်ဟုသာ ခံယူပါသည် ။ တရားသျဘာဖြင့်
ရှု့လိုက်ရင်ဖြင့် ကံ ကံ၏ အကျိုးတရားပါပင် ။

" တိုင်းပြည်ပုန်ကန်သူများ မဟုတ်ကြပါ "
-----------------------------------------
အရပ်သားအစိုးရလက်ထက်တွင် ပြစ်ဒဏ်လျော့ပေါ့ပေးပြီး
အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်သွားကြသူများလည်း အကြိမ်
ကြိမ်ရှိသွားကြပါပြီ ။

{ " ကျွန်တော်၏ တပည့်သားမြေးများက နိုင်ငံရေးအကျဉ်းသား
များ မဟုတ်ကြပါ ။ တိုင်းပြည်ပုန်ကန်ကြသူများလည်း မဟုတ်ကြပါ ။
ခိုးဆိုး လုယက်ကြသူများလည်း မဟုတ်ကြပါ ။ လောဘတက်ပြီး မှား
ယွင်းခဲ့သူများတော့ ဖြစ်နိုင်ပါသည် " }

မည်သည့်အကြောင်းကြောင်းကြောင့်ဖြစ်ပါစေ။ ပြစ်ဒဏ်ကျခံခဲ့ရ
သည်မှာ ၂၀၀၄ ခုနှစ်မှ စတင်လျှင် ယခုဆို ဆယ်နှစ်ပင်ကျော်ခဲ့လေ၏
ယင်းတို့၏ မိသားစုများမှာလည်း ဒုက္ခအဖုံဖုံကိုခံစားခဲ့ရပြီး ဆက်လက်
ခံစားနေရဆဲပင်ဖြစ်ပါသည်။
ကျွန်တော့်အနေနှင့်လည်း သမ္မတကြီး ဦးသိန်းစိန်ထံသို့ ၂၀၁၃
ခုနှစ် ဒီဇင်္ဘာလတွင် နောက်ဆုံးစာတစ်စောင် တင်ပြခဲ့ပြီးဖြစ်ပါသည် ။

{ " နိုင်ငံတော်အပေါ် အစိုးရအဖွဲ့အပေါ် အကြီးအကဲများအပေါ်
သစ္စာစောင့်သိစေရပါမည်ဟု ဂတိဝန်ခံပြု၍ တာဝန်ယူပါကြောင်း ရေး
သား တင်ပြခဲ့ပါသည် " }

အကျဉ်းကျခံနေရသူများ၏ မိသားစုများကလည်း သီးခြားတင်ပြ
ချက်များပြုခဲ့သည်ဟု သိရှိရပါသည် ။

" တောင်းပန်အပ်ပါသည် "
--------------------------
ကျွန်တော့်အနေဖြင့် မိဘပြည်သူများကို အသိပေး တောင်း
ပန်ချင်လိုတာကတော့ " မလိမ္မာသောကျွန်တော့်တပည့်များ၏ အမှား
အယွင်းပြုလုပ်ခဲ့သူများ / တာဝန်ထမ်းဆောင်သူများအချင်းချင်း အပေါ်
စီးဖြင့် မောက်မာစွာဆက်ဆံခဲ့မှု့များ / မိဘပြည်သူများအပေါ် အမှား
အယွင်းပြုလုပ်ခဲ့မှု့များနှင့်ပတ်သက်၍ ကျွန်တော့်တပည့်များနှင့် ကြုံဆုံ
ခဲ့ရသည့် မိဘပြည်သူများနှင့် ကြုံခဲ့ရသည့် ပုဂ္ဂိုလ်အားလုံးကို တပ်မ
တော်ထောက်လှမ်းရေး အကြီးအကဲ တစ်ဦးအနေဖြင့် ကျွန်တော်ထံ
တွင် တပည့်တွေအစား လုံးဝ တာဝန်ရှိပါသည် ဖြစ်ပျက်ခဲ့သော အရာ
အားလုံးကို အနူးအညွတ်တောင်းပန်အပ်ပါသည် …… ခင်ဗျာ "

ဦးခင်ညွန့်
( ဗိုလ်ချုပ်ကြီးဟောင်း )
{ တပ်မတော် ထောက်လှမ်းရေးမှူးချုပ် }

No comments:

Post a Comment