Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, July 2, 2019

ခုႏွစ္ရက္ သားသမီးမ်ားအတြက္.. ၂၀၁၉ ခုႏွစ္ ဇူလိုင္လအတြက္ ..တစ္လစာ ေဟာစာတမ္း


တ န ဂ ၤေႏြသားသမီးမ်ား

ဒီက ာ လ မွာ မိမိအတြက္ လုပ္စရာအလုပ္အေၾကြးေတြမ်ားေနတတ္ပါတယ္။အရင္အပတ္က မၿပီးျပတ္ေသး တဲ့ကိစၥေတြဒီကာလမွာ အျပီးသတ္လုပ္ေနရတတ္ပါတယ္။ ဖခင္ရွိေသးသူမ်ား ဖခင္ရဲ့က်နး္မာေရးကို ဂရုစိုက္ပါ။ ဒီကာလမွာ အိုးအိမ္အေျပာင္းအလဲမ်ိဳးေတြ ၊ အိမ္ျပင္ဆင္တာမ်ိဳးေတြလဲႀကံဳေနရတတ္ပါတယ္။ အားကိုးမရွာပါနဲ႔၊ မိမိကိုယ္သာအားကိုးပါ။ လုပ္ခ်င္တဲ့ကိစၥေတြကို သူမ်ားကိုမတိုင္ပင္ပါနဲ႔ ၊အဖ်က္စကားေတြပဲၾကားရပါလိမ့္မယ္။ ေငြေၾကးနဲ႔ပက္သက္ၿပီး ရသေလာက္နဲ႔ေရာင့္ရဲလိုက္ပါ။ အဲလိုသာေနႏိုင္မယ္ဆိုရင္ေတာ့ ရသင့္တာထက္ ပိုရပါလိမ့္မယ္။ ဒီကာလမွာကိုယ္ခံအားနည္းေနတာမ်ိဳးေတြလဲ ျဖစ္ရတတ္ပါတယ္။

က်န္း မ ာေရးနဲ႔ပက္သက္ရင္ ျခဴျခာလြန္းတဲ့ေန႔ေတြပါပဲ။ ေရာဂါခံစားရၿပီးလို႔ထင္တာနဲ႔ေဆးခန္းသာသြားပါ။ ေဆးၿမီးတိုနဲ႔မကုပါနဲ႔။ အခ်စ္ေရးမွာ ေတာ့ ခ်စ္သူက မိမိကိုနားလည္မႈအျပည့္ရွိမဲ့ေန႔ရက္ေတြပါပဲ။ အိမ္ေထာင္ေရးမွာ ညွိႏႈိင္းရခက္ေနပါတယ္။ နားလည္မႈရဖို႔အေတာ့္ကိုႀကိဳးစားရပါလိမ့္မယ္။ ပညာေရးမွာ ဥာဏ္၊၀ီရိယကိုသာ အားကိုးပါ။

အထူးေဟာက်န္းမာေရးဂရုစိုက္ေပးပါ။အက်ိဳးေပးဂဏန္း 6/0/2။ ယၾတာ = ဘုန္းႀကီးေက်ာင္း ဘုရားေက်ာင္းမ်ားတြင္ ေသာေရအိုး ေရအိုးစဥ္မ်ား လွဴေပးပါ။ မိမိအိမ္ဘုရားတြင္ ပန္းအဝါေရာင္(21)ပြင့္ ကပ္လွဴေပးပါ။

တ န လၤာ သား သမီးမ်ား

မိ မိ ရဲ႕ စိတ္ ကူးေတြက သစ္လြင္ေနပါလိမ့္မယ္။ အဓိပၸါယ္ရွိရွိေတြးႏိုင္ေခၚႏိုင္တာေၾကာင့္ အဆင္ေျပေခ်ာေမြ႕ မဲ့ေနရက္ေတြပါပဲ။ အစုစပ္ကိစၥမ်ား၊ေငြေပးေငြယူကိစၥမ်ား ၊ အာမခံျခင္းမ်ားလဲ ေဆာင္ရြက္ႏိုင္ပါတယ္။ လြတ္လြတ္ လပ္လပ္နဲ႔ အဆင္ေျပေအာင္ လုပ္ကိုင္ေဆာင္ရြက္ႏိုင္ပါလိမ့္မယ္။ အလုပ္နဲ႔ပက္သက္ရင္ ပြင့္လင္းျမင္သာမႈရွိ ေအာင္ႀကိဳးစားေလ ေအာင္ျမင္မႈရေလပါပဲ ။ ကား၀ယ္ျခင္း၊ ကားေရာင္းျခင္းမ်ိဳးလဲ ဒီအပတ္မွာလုပ္ေဆာင္လို႔ အဆင္ေျပတတ္ပါတယ္။ ေငြအစုလိုက္၀င္ႏိုင္တာေၾကာင့္ မိမိကိုယ္တုိင္က လာဘ္မပိတ္ေအာင္ေနတတ္ဖို႔ေတာ့ လုိပါတယ္။ က်န္းမာေရးကေတာ့ ေကာင္းမြန္ပါတယ္။ ေသြးလည္ပတ္မႈအားေကာင္းၿပီး စားေကာင္းအိပ္ေပ်ာ္မဲ့ အခ်ိန္ကာလပါပဲ။ လိုခ်င္တာေတြကုိ လုပ္ယူႏုိင္ပါလိမ့္မယ္။

အိမ္ေ ထာင္ေ ရးကေတာ့ ၾကားလူအေႏွာက္အယွက္ရွိ ေနတတ္ပါတယ္။ ၾကားစကားေတြကိုခ်င့္ခ်ိန္ၿပီးမွာယံုၾကည္ေစခ်င္ပါတယ္။ အခ်စ္ေရးေကာင္းပါတယ္။ တည္ၿငိမ္ ေအးခ်မ္းတဲ့ ခ်စ္သူမ်ိဳးေတြဆံုရတတ္ပါတယ္။ ပညာေရးကေတာ့ဆရာသင္ၾကားသမွ်နားလည္လြယ္ေနတာ ေၾကာင့္ အခက္အခဲမရွိတဲ့အေနအထားပါပဲ။

အ က်ိဳ းေပး ဂဏန္း 7/1/2အထူးေဟာ ကံျမင့္မားေနပါတယ္။ ယၾတာ = ေထာပတ္ေဖ်ာ္ရည္ တစ္ခြက္ ဘုရားကပ္လွဴလိုက္ပါ။

အဂၤါသားသမီးမ်ား

မိမိရဲ့စြမ္းေဆာင္ရည္ျမင့္မားမႈေၾကာင့္ အားလံုးကိုေက်ာ္ျဖတ္ၿပီးေတာ့ ထိပ္ဆံုးကိုေရာက္ပါလိမ့္မယ္။ အားကစားအလုပ္မ်ား၊ ေျပးပြဲ၊ၿပိဳင္ပြဲမ်ားတြင္ဆုတံဆိပ္ေတြရလာ ပါလိမ့္မယ္။ မိမိအေနနဲ႔ စူးစမ္းရွာေဖြေလ အက်ိဳးရွိေလပါပဲ။ ရသင့္တဲ့လုပ္အားခထက္ ေဘာနပ္ဆိုတာမ်ိဳးလဲ ရရွိနိုင္တဲ့အခြင့္အေရးမ်ိဳးေတြရွိပါတယ္။ ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းမ်ား ေတာ္တဲ့သူကို ေျမွာက္စားျခင္းျဖင့္ မိမိအတြက္အက်ိဳးမယုတ္ပါဘူး၊အလုပ္နဲ႔ ပက္ သက္ၿပီးအခြင့္အေရးေကာင္းေတြလဲ ရလာတတ္ပါတယ္။ မိမိျဖစ္ခ်င္တာေတြကို လုပ္ခြင့္ရလာပါလိမ့္မယ္။ က်နး္မာေရးကေတာ့ မဆိုးပါဘူး။ အစားစားခ်င္စိတ္ေတာ့ နည္းေနတတ္ပါတယ္။ ၀မ္းခ်ဳပ္တတ္ပါတယ္။ စက္ပစၥည္းအသစ္၀ယ္မယ္ဆို ဒီအပတ္ထဲျခင္းျဖင့္ ေရရွည္အဆင္ေျပပါလိမ့္မယ္္။

လူခ်စ္လူခင္လဲ မ်ားေနမဲ့ေန႔ရက္ မ်ိဳးပါပဲ။ လက္ရွိအေနအထားအရေတာ့ အခ်စ္ေရးကံကအေတာ္ေလး ေကာင္းေနပါတယ္။ အဆင္မေျပတဲ့ခ်စ္သူ ေတြျပန္လည္ၿပီးနားလည္မႈယူႏုိင္ပါလိမ့္မယ္။ အိမ္ေထာင္ေရးသာယာခ်မ္းေျမ့ပါလိမ့္မယ္။ ပညာေရးအထူးေကာင္း မြန္တဲ့ေန႔တစ္ေန႔ပါပဲ။

အက်ိဳးေပးဂဏန္း 1/9/3အထူးေဟာ စန္းပြင့္ေနမည္။ ယၾတာ = စက္ပစၥည္းအေဟာင္းတစ္ခုကို အေနာက္အရပ္တြင္ စြန္႔ျပစ္လိုက္ပါ။ သီလရွင္ေတြကို ဆန္လွဴပါ။

ဗုဒၶဟူးသားသမီးမ်ား

ျဖစ္ခ်င္တာထက္ ျဖစ္သင့္တာေတြကိုဦးစားေပးလိုက္ပါ။ ႏြားကြဲရင္ က်ားဆြဲတယ္ ဆိုသလို တစ္ေယာက္ထဲ ခၽြန္ၿပီးဘာမွမလုပ္ပါနဲ႔၊ အဖြဲ႔အစည္းနဲ႔ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ အေပးအယူမွ်မွ်လုပ္ကိုင္လုိက္ပါ ။ အဆင္ေျပသြား ပါလိမ့္မယ္။ အရြယ္ေရာက္ၿပီးတဲ့သားသမီးေတြရွိရင္ေတာ့ သားသမီးေၾကာင့္ပူပန္ရတာ ေငြကုန္ရတာမ်ိဳးေတြရွိ တတ္ပါတယ္။ ၾကားပြဲစားလုပ္ေပးျခင္းမ်ား ၊အက်ိဳးေဆာင္ေပးျခင္းမ်ားလုပ္မိပါက မိမိကေစတနာအဓိကထားလုပ္ ရင္ေတာင္မွ အျပစ္ေျပာမဲ့သူေတြက ရွိေနတတ္ပါတယ္။ ေငြေၾကးသံုးစြဲမႈအပိုင္းမွာလက္မလြယ္မိဖို႔ အထူးပဲသတိ ထားလိုက္ပါ။ မိတ္ေဆြေကာင္းရွားၿပီး ဒုကၡေပးမဲ့သူေတြပဲ ဒီကာလမွာေတြ႔ေနရတတ္ပါတယ္။ က်နး္မာေရးကေတာ့ အလြန္ေကာင္းပါတယ္။

နာမာက်န္းျဖစ္ေနသူေတာင္မွ ေန႔လို႔ထုိင္လို႔ေကာင္းၿပီး ထူထူေထာင္ေထာင္ျဖစ္လာပါလိမ့္ မယ္။ အိမ္ေထာင္ေရးမွာေတာ့ အိမ္ေထာင္ဘက္က ခရီးမ်ားေနတာေၾကာင့္ ဆုံခ်ိန္နည္းပါးေနတတ္ပါတယ္။ အခ်စ္ေရးမွာ ခ်စ္သူရဲ့အထင္လြဲမႈက ႀကီးမားလြန္းေနတတ္ပါတယ္။ ပညာေရးကေတာ့ မိမိမသိေသးတဲ့ ပညာေတြသင္ယူခြင့္ သင္ၾကားခြင့္ေတြရလာပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း 2/3/6အထူးေဟာ ကံအားနည္းေနခ်ိန္ပါ။ ယၾတာ = မိဘမဲ့ ကေလးေက်ာင္းမ်ားတြင္ လိုအပ္ေသာပစၥည္းမ်ားကို အဓိကထားၿပီး တက္ႏိုင္သေလာက္ ကူညီေပးလိုက္ပါ။

ၾကာသပေတးသားသမီးမ်ား

ယံုၾကည္ရာကို စြဲျမဲစြာလုပ္ပါ။ လုပ္ခ်င္တာေတြအတြက္ အခက္အခဲေတြကို အရင္ဆံုးရင္ဆိုင္ရပါလိမ့္မယ္။ မိမိလုပ္ခ်င္တာေတြကို သံဓိဌာန္ခ်ၿပီး ဒီကာလမွာစတင္လုပ္သြားၾကည့္ပါ ၊ေသခ်ာေပါက္ေအာင္ျမင္ပါလိမ့္မယ္။ ဘာသာေရးသမားမ်ား၊ အဓိ႒ာန္၀င္လိုသူမ်ား ဒီကာလမွာေသခ်ာပရိကံလုပ္ၿပီးစတင္ေဆာင္ရြက္ပါ။ ေပါက္ေျမာက္ ေအာင္ျမင္ပါလိမ့္မယ္။ သူမ်ားေျပာတာလုပ္ေလအမွားမ်ားေလပါပဲ။ မိမိကိုယ္တုိင္ခ်င့္ခ်ိန္ၿပီးလုပ္သင့္တာကို လုပ္ သြားလိုက္ပါ။ စီးပြားေရးသမားမ်ား အၾကပ္အတည္းကာလပါပဲ။ သည္းခံၿပီးေက်ာ္ျဖတ္ႏိုင္ပါမွ ေအာာင္ျမင္ပါလိမ့္မယ္။ လိုခ်င္တာေတြကို ကိုယ္တုိင္လုပ္ယူရပါလိမ့္မယ္။ မေကာင္းတဲ့သူေတြကို ေပါင္းသင္းတာ မ်ိဳးဒီေန႔မွာေရွာင္ေစခ်င္ပါတယ္။ သူတို႔ရဲ့မေကာင္းမႈေတြၾကားကိုယ္ပါၿပီး ရံုေရာက္ဂတ္ေရာက္ျဖစ္တတ္ပါတယ္။

က်န္းမာေရးကေတာ့ ခ်င့္ခ်ိန္ပါ။ ၀မ္းဗိုက္နဲ႔ပက္သက္တဲ့ေရာဂါမ်ိဳးရတတ္ပါတယ္။ အိမ္ေထာင္ေရးမွာ အဆင္ေျပတာမ်ားပါတယ္။ အခ်စ္ေရးလဲ အေကာင္းႀကီးမဟုတ္ေပမဲ့ ”သင့္”တဲ့ အခ်ိန္ေတြပါပဲ။ ပညာေရးကေတာ့ ေကာင္းတယ္ဗ်ာ ။တစ္ဦးတစ္ေယာက္ ဆရာတင္ၿပီး ပညာစယူလုိက္ပါ။

အက်ိဳးေပးဂဏနး္ 4/8/5 အထူးေဟာ လူလိမ္ခံရတတ္ပါတယ္။ယၾတာ = ေက်ာင္းသား/ေက်ာင္းသူမ်ားကို မိမိတက္ႏိုင္သေလာက္ လိုအပ္ေသာ အသံုးအေဆာင္ပစၥည္းမ်ားကို လွဴေပးပါ။ အိမ္ဘုရားမွာ ေထာပတ္ဆီမီးခြက္(3)ခြက္ ထြန္းညိွ့ပူေဇာ္ေပးပါ။

ေသာၾကာသားသမီးမ်ား

စိတ္ကူးယဥ္တာ ေလထဲတို္က္အိမ္ေဆာက္တာမ်ိဳးကို မလုပ္ပါနဲ႔။ လက္ေတြ႔က်က် လုပ္ၾကည့္လိုက္ပါ။ ေသခ်ာေပါက္ေအာင္ျမင္ပါလိမ့္မယ္။ ကိုယ္ပိုင္စီးပြားေရးသမားမ်ား အားထည့္ၾကည့္လိုက္ပါ။ ႀကိဳးစားသေလာက္ အက်ိဳးအျမတ္ေတြလဲႀကီးပါလိမ့္မယ္။ ကုန္သြယ္မႈအလုပ္မ်ား၊ ရပ္ေ၀းမွာတည္ေထာင္ထားတဲ့အလုပ္မ်ား ေသခ်ာ ေပါက္အက်ိဳးအျမတ္ႀကီးပါလိမ့္မယ္။ ႏိုင္္ငံျခားသို႔ တင္ပို႔ေရာင္းခ်ျခငး္မ်ိဳးလဲ ေကာင္းမြန္ေနပါလိမ့္မယ္။မိမိအိမ္ ၊မိမိလုပ္ငန္းအတြက္ ပရိေဘာဂပစၥည္းမ်ား၀ယ္ယူျခင္းေတြလဲ အထူးေကာင္းတဲ့ကာလပါပဲ။ စကားခ်ိဳသာစြာေျပာ ျခင္း၊ ကတိသစၥာတည္ျခင္းမ်ားေၾကာင့္ လူအမ်ားရဲ့ယံုၾကည္ေလးစားမႈကိုရရွိပါလိမ့္မယ္။က်န္းမာေရးအေနနဲ႔ ကိုယ္ခံအားအလြန္ေကာင္းေနပါလိမ့္မယ္။ ေတာ္ရံုနဲ႔ ေရာဂါျဖစ္မွာမဟုတ္ပါဘူး။

အခ်စ္ေရးကံကေတာ့ အလြန္ပဲ ေကာင္းေနပါလိမ့္မယ္။ ခ်စ္သူသစ္ရည္းစားသစ္ဆိုတာမ်ိဳးလဲ ရလြယ္ပါတယ္။ အိမ္ေထာင္ေရးမွာေတာ့ ေဆြမ်ိဳးေတြနဲ႔ပက္သက္ၿပီးစကားမ်ားရတတ္ပါတယ္။ ပညာေရးကေတာ့အားထည့္ထားႏို္င္ရင္အေကာင္းဆံုးးပါပဲ။

အက်ိဳးေပးဂဏန္း 5/4/6အထူးေဟာ စီးပြားေကာင္းမည္။ ယၾတာ = မိမိအိမ္ဘုရားတြင္ အုန္းၫြန္႔(5)ၫြန္႔ ပန္း(7)ပြင့္ ေအာင္သေျပ (9)ၫြန္႔ ကပ္လွဴေပးပါ။

စေနသာသမီးမ်ား

စိတ္ခ်မ္းေျမ႕ေပ်ာ္ရြင္ရတတ္ပါတယ္။ ဒါေပမဲ့တာ၀န္နဲ႔၀တၱရားေတြကို ေမ့ထားႏုိင္မွအဆင္ေျပပါလိမ့္မယ္။ မိမိသူတစ္ပါးအက်ိဳးယုတ္မဲ့ကိစၥေတြကို ေရွာင္ေစခ်င္ပါတယ္။ မိမိလုပ္ခ်င္တာေတြကို အခ်ိန္ေပးၿပီးလုပ္ရပါလိမ့္ မယ္။ အခက္အခဲေတြႀကံဳၿပီးမွ ေအာင္ျမင္မႈေတြရတတ္ပါတယ္။ အလုပ္မ်ားေနတာေၾကာင့္ အိမ္မကပ္ႏိုင္ျဖစ္ရ တတ္ပါတယ္။အလုပ္နဲ႔ပက္သက္တဲ့ခရီးမ်ိဳးေတြလဲသြားခြင့္ႀကံဳမွာပါ။ လူမ်ိဳးျခားဘာသာျခားေတြနဲ႔ဆက္စပ္ လုပ္ကိုင္ျခင္းမ်ား အမွားမရွိေအာင္လုပ္ကိုင္လိုက္ပါ။ ေရႊ၀ယ္ျခင္း၊ေရႊေရာင္းျခင္းမ်ိဳးလဲ ဒီကာလမွာေရွာင္လိုက္ပါ။ က်န္းမာေရးကေတာ့ လိုတာထက္ပိုဂရုစိုက္လိုက္ပါ။ အဆိုးႀကီးမဟုတ္ေပမဲ့ ျဖစ္ေနက်ေရာဂါေလးေတြျပန္ျဖစ္ရ တတ္ပါတယ္။ အိမ္ေထာင္ေရးမွာ ေသြးထုိးမႈေတြေၾကာင့္ အိမ္ေထာင္ဘက္နဲ႔ အဆင္မေျပျဖစ္ႏိုင္ပါတယ္။

ေငြေၾကး လက္လြန္မိရင္ေတာ့ ဆံုးတတ္ပါတယ္။ အခ်စ္ေရးကံကေတာ့ ေကာင္းမြန္အဆင္ေျပေနတာမ်ိဳးေတြ႔ရပါတယ္။ ပညာေရးမွာႀကိဳးစားသေလာက္ထြန္းေပါက္ပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း 5/6/2 အထူးေဟာအလုပ္မ်ား၊ကိစၥမ်ားေနမည္။ယၾတာ = ရဟန္းတစ္ပါးကို ဖိနပ္လွဴဒါန္းလိုက္ပါ။

ရာဟုသားသမီးမ်ား

ဒီကာလအတြင္း တနဂၤေႏြသားသမီးေတြ အထူးကံေကာင္းေနတတ္ပါတယ္။ ၾကံစည္သမွ် ေအာင္ျမင္မဲ့ အခ်ိန္ပါ။ ကုန္သြယ္မႈ လုပ္ငန္း ၊ ခရီးသြားလုပ္ငန္း ၊ ဘဏ္လုပ္ငန္းေတြ အထူးေကာင္းက်ိဳးေပးခ်ိန္ပါ။ အနာဂတ္ စီမံကိန္းခ်ထားတဲ့ ကိစၥမ်ား လက္ေတြ႕ အေကာင္အထည္ေဖာ္ႏိုင္မဲ့ အခ်ိန္ပါပဲ။ လူငယ္ေတြ အခ်စ္ေရးကံေကာင္းေနပါတယ္။ စန္းလဲပြင့္ေနပါတယ္။ အလုပ္အကိုင္ေတြလဲ အရွိန္အဟုန္ေတြနဲ႔ တိုးတတ္ေနပါတယ္။ အထက္လူႀကီးရဲ႕ခ်ီးေျမႇာက္ျခင္းခံရတတ္ပါတယ္။ ရာထူးတိုးျခင္း၊ ေနရာေကာင္းရျခင္း အလုပ္ရွာေနသူမ်ား အလုပ္သစ္ရျခင္းမ်ိဳးေတြ ၾကံဳရတတ္ပါတယ္။ က်န္းမာေရးကေတာ့ ေသြးတိုးႏိုင္တာေၾကာင့္ တတ္စာေတြ ေလွ်ာ့စားပါ။ ပညာေရးအေကာင္းဆံုးအခ်ိန္ပါ။

အက်ိဳးေပးဂဏန္း ၂/၆/၁။ အထူးေဟာ ေကာင္းေသာကံမ်ားျဖစ္ထြန္းေနမည္။ ယၾတာ = အနီေရာင္မ်ားမ်ားပါေသာ အဝတ္အစားမ်ားအားျပဳဝတ္ဆင္ပါ/ပန္းေပါင္းစံု ၅မ်ိဳး ဘုရားလႉေပးပါ။

ခုႏွစ္ရက္သားသမီး အေပါင္း ေကာင္းက်ိဳးလိုအင္ဆႏၵေတြျပည့္ဝၾကပါေစ။

ေဗဒင္ႏွင့္ လကၡဏာ ဆရာမင္းသုခ

မႏၱေလးၿမိဳ ၊ 09-440243656။ ၇၃လမ္း/၃၄-၃၅လမ္းၾကား(viber)

(Unicode Version)
ခုနှစ်ရက် သားသမီးများအတွက် ၂၀၁၉ ခုနှစ် ဇူလိုင်လအတွက် တစ်လစာ ဟောစာတမ်း

တနင်္ဂနွေသမီးများ

ဒီကာလမှာ မိမိအတွက် လုပ်စရာအလုပ်အကြွေးတွေများနေတတ်ပါတယ်။အရင်အပတ်က မပြီးပြတ်သေး တဲ့ကိစ္စတွေဒီကာလမှာ အပြီးသတ်လုပ်နေရတတ်ပါတယ်။ ဖခင်ရှိသေးသူများ ဖခင်ရဲ့ကျန်းမာရေးကို ဂရုစိုက်ပါ။ ဒီကာလမှာ အိုးအိမ်အပြောင်းအလဲမျိုးတွေ ၊ အိမ်ပြင်ဆင်တာမျိုးတွေလဲကြုံနေရတတ်ပါတယ်။ အားကိုးမရှာပါနဲ့၊ မိမိကိုယ်သာအားကိုးပါ။ လုပ်ချင်တဲ့ကိစ္စတွေကို သူများကိုမတိုင်ပင်ပါနဲ့ ၊အဖျက်စကားတွေပဲကြားရပါလိမ့်မယ်။ ငွေကြေးနဲ့ပက်သက်ပြီး ရသလောက်နဲ့ရောင့်ရဲလိုက်ပါ။ အဲလိုသာနေနိုင်မယ်ဆိုရင်တော့ ရသင့်တာထက် ပိုရပါလိမ့်မယ်။ ဒီကာလမှာကိုယ်ခံအားနည်းနေတာမျိုးတွေလဲ ဖြစ်ရတတ်ပါတယ်။

ကျန်းမာရေးနဲ့ပက်သက်ရင် ခြူခြာလွန်းတဲ့နေ့တွေပါပဲ။ ရောဂါခံစားရပြီးလို့ထင်တာနဲ့ဆေးခန်းသာသွားပါ။ ဆေးမြီးတိုနဲ့မကုပါနဲ့။ အချစ်ရေးမှာ တော့ ချစ်သူက မိမိကိုနားလည်မှုအပြည့်ရှိမဲ့နေ့ရက်တွေပါပဲ။ အိမ်ထောင်ရေးမှာ ညှိနှိုင်းရခက်နေပါတယ်။ နားလည်မှုရဖို့အတော့်ကိုကြိုးစားရပါလိမ့်မယ်။ ပညာရေးမှာ ဉာဏ်၊ဝီရိယကိုသာ အားကိုးပါ။

အထူးဟောကျန်းမာရေးဂရုစိုက်ပေးပါ။အကျိုးပေးဂဏန်း 6/0/2။ ယတြာ = ဘုန်းကြီးကျောင်း ဘုရားကျောင်းများတွင် သောရေအိုး ရေအိုးစဉ်များ လှူပေးပါ။ မိမိအိမ်ဘုရားတွင် ပန်းအဝါရောင်(21)ပွင့် ကပ်လှူပေးပါ။

တနင်္လာသားသမီးများ

မိမိရဲ့စိတ်ကူးတွေက သစ်လွင်နေပါလိမ့်မယ်။ အဓိပ္ပါယ်ရှိရှိတွေးနိုင်ခေါ်နိုင်တာကြောင့် အဆင်ပြေချောမွေ့ မဲ့နေရက်တွေပါပဲ။ အစုစပ်ကိစ္စများ၊ငွေပေးငွေယူကိစ္စများ ၊ အာမခံခြင်းများလဲ ဆောင်ရွက်နိုင်ပါတယ်။ လွတ်လွတ် လပ်လပ်နဲ့ အဆင်ပြေအောင် လုပ်ကိုင်ဆောင်ရွက်နိုင်ပါလိမ့်မယ်။ အလုပ်နဲ့ပက်သက်ရင် ပွင့်လင်းမြင်သာမှုရှိ အောင်ကြိုးစားလေ အောင်မြင်မှုရလေပါပဲ ။ ကားဝယ်ခြင်း၊ ကားရောင်းခြင်းမျိုးလဲ ဒီအပတ်မှာလုပ်ဆောင်လို့ အဆင်ပြေတတ်ပါတယ်။ ငွေအစုလိုက်ဝင်နိုင်တာကြောင့် မိမိကိုယ်တိုင်က လာဘ်မပိတ်အောင်နေတတ်ဖို့တော့ လိုပါတယ်။ ကျန်းမာရေးကတော့ ကောင်းမွန်ပါတယ်။ သွေးလည်ပတ်မှုအားကောင်းပြီး စားကောင်းအိပ်ပျော်မဲ့ အချိန်ကာလပါပဲ။ လိုချင်တာတွေကို လုပ်ယူနိုင်ပါလိမ့်မယ်။

အိမ်ထောင်ရေးကတော့ ကြားလူအနှောက်အယှက်ရှိ နေတတ်ပါတယ်။ ကြားစကားတွေကိုချင့်ချိန်ပြီးမှာယုံကြည်စေချင်ပါတယ်။ အချစ်ရေးကောင်းပါတယ်။ တည်ငြိမ် အေးချမ်းတဲ့ ချစ်သူမျိုးတွေဆုံရတတ်ပါတယ်။ ပညာရေးကတော့ဆရာသင်ကြားသမျှနားလည်လွယ်နေတာ ကြောင့် အခက်အခဲမရှိတဲ့အနေအထားပါပဲ။

အကျိုးပေးဂဏန်း 7/1/2အထူးဟော ကံမြင့်မားနေပါတယ်။ ယတြာ = ထောပတ်ဖျော်ရည် တစ်ခွက် ဘုရားကပ်လှူလိုက်ပါ။

အင်္ဂါသားသမီးများ

မိမိရဲ့စွမ်းဆောင်ရည်မြင့်မားမှုကြောင့် အားလုံးကိုကျော်ဖြတ်ပြီးတော့ ထိပ်ဆုံးကိုရောက်ပါလိမ့်မယ်။ အားကစားအလုပ်များ၊ ပြေးပွဲ၊ပြိုင်ပွဲများတွင်ဆုတံဆိပ်တွေရလာ ပါလိမ့်မယ်။ မိမိအနေနဲ့ စူးစမ်းရှာဖွေလေ အကျိုးရှိလေပါပဲ။ ရသင့်တဲ့လုပ်အားခထက် ဘောနပ်ဆိုတာမျိုးလဲ ရရှိနိုင်တဲ့အခွင့်အရေးမျိုးတွေရှိပါတယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ တော်တဲ့သူကို မြှောက်စားခြင်းဖြင့် မိမိအတွက်အကျိုးမယုတ်ပါဘူး၊အလုပ်နဲ့ ပက် သက်ပြီးအခွင့်အရေးကောင်းတွေလဲ ရလာတတ်ပါတယ်။ မိမိဖြစ်ချင်တာတွေကို လုပ်ခွင့်ရလာပါလိမ့်မယ်။ ကျန်းမာရေးကတော့ မဆိုးပါဘူး။ အစားစားချင်စိတ်တော့ နည်းနေတတ်ပါတယ်။ ဝမ်းချုပ်တတ်ပါတယ်။ စက်ပစ္စည်းအသစ်ဝယ်မယ်ဆို ဒီအပတ်ထဲခြင်းဖြင့် ရေရှည်အဆင်ပြေပါလိမ့်မယ်။

လူချစ်လူခင်လဲ များနေမဲ့နေ့ရက် မျိုးပါပဲ။ လက်ရှိအနေအထားအရတော့ အချစ်ရေးကံကအတော်လေး ကောင်းနေပါတယ်။ အဆင်မပြေတဲ့ချစ်သူ တွေပြန်လည်ပြီးနားလည်မှုယူနိုင်ပါလိမ့်မယ်။ အိမ်ထောင်ရေးသာယာချမ်းမြေ့ပါလိမ့်မယ်။ ပညာရေးအထူးကောင်း မွန်တဲ့နေ့တစ်နေ့ပါပဲ။

အကျိုးပေးဂဏန်း 1/9/3အထူးဟော စန်းပွင့်နေမည်။ ယတြာ = စက်ပစ္စည်းအဟောင်းတစ်ခုကို အနောက်အရပ်တွင် စွန့်ပြစ်လိုက်ပါ။ သီလရှင်တွေကို ဆန်လှူပါ။

ဗုဒ္ဓဟူးသားသမီးများ

ဖြစ်ချင်တာထက် ဖြစ်သင့်တာတွေကိုဦးစားပေးလိုက်ပါ။ နွားကွဲရင် ကျားဆွဲတယ် ဆိုသလို တစ်ယောက်ထဲ ချွန်ပြီးဘာမှမလုပ်ပါနဲ့၊ အဖွဲ့အစည်းနဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အပေးအယူမျှမျှလုပ်ကိုင်လိုက်ပါ ။ အဆင်ပြေသွား ပါလိမ့်မယ်။ အရွယ်ရောက်ပြီးတဲ့သားသမီးတွေရှိရင်တော့ သားသမီးကြောင့်ပူပန်ရတာ ငွေကုန်ရတာမျိုးတွေရှိ တတ်ပါတယ်။ ကြားပွဲစားလုပ်ပေးခြင်းများ ၊အကျိုးဆောင်ပေးခြင်းများလုပ်မိပါက မိမိကစေတနာအဓိကထားလုပ် ရင်တောင်မှ အပြစ်ပြောမဲ့သူတွေက ရှိနေတတ်ပါတယ်။ ငွေကြေးသုံးစွဲမှုအပိုင်းမှာလက်မလွယ်မိဖို့ အထူးပဲသတိ ထားလိုက်ပါ။ မိတ်ဆွေကောင်းရှားပြီး ဒုက္ခပေးမဲ့သူတွေပဲ ဒီကာလမှာတွေ့နေရတတ်ပါတယ်။ ကျန်းမာရေးကတော့ အလွန်ကောင်းပါတယ်။

နာမာကျန်းဖြစ်နေသူတောင်မှ နေ့လို့ထိုင်လို့ကောင်းပြီး ထူထူထောင်ထောင်ဖြစ်လာပါလိမ့် မယ်။ အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်က ခရီးများနေတာကြောင့် ဆုံချိန်နည်းပါးနေတတ်ပါတယ်။ အချစ်ရေးမှာ ချစ်သူရဲ့အထင်လွဲမှုက ကြီးမားလွန်းနေတတ်ပါတယ်။ ပညာရေးကတော့ မိမိမသိသေးတဲ့ ပညာတွေသင်ယူခွင့် သင်ကြားခွင့်တွေရလာပါလိမ့်မယ်။

အကျိုးပေးဂဏန်း 2/3/6အထူးဟော ကံအားနည်းနေချိန်ပါ။ ယတြာ = မိဘမဲ့ ကလေးကျောင်းများတွင် လိုအပ်သောပစ္စည်းများကို အဓိကထားပြီး တက်နိုင်သလောက် ကူညီပေးလိုက်ပါ။

ကြာသပတေးသားသမီးများ

ယုံကြည်ရာကို စွဲမြဲစွာလုပ်ပါ။ လုပ်ချင်တာတွေအတွက် အခက်အခဲတွေကို အရင်ဆုံးရင်ဆိုင်ရပါလိမ့်မယ်။ မိမိလုပ်ချင်တာတွေကို သံဓိဌာန်ချပြီး ဒီကာလမှာစတင်လုပ်သွားကြည့်ပါ ၊သေချာပေါက်အောင်မြင်ပါလိမ့်မယ်။ ဘာသာရေးသမားများ၊ အဓိဋ္ဌာန်ဝင်လိုသူများ ဒီကာလမှာသေချာပရိကံလုပ်ပြီးစတင်ဆောင်ရွက်ပါ။ ပေါက်မြောက် အောင်မြင်ပါလိမ့်မယ်။ သူများပြောတာလုပ်လေအမှားများလေပါပဲ။ မိမိကိုယ်တိုင်ချင့်ချိန်ပြီးလုပ်သင့်တာကို လုပ် သွားလိုက်ပါ။ စီးပွားရေးသမားများ အကြပ်အတည်းကာလပါပဲ။ သည်းခံပြီးကျော်ဖြတ်နိုင်ပါမှ အောာင်မြင်ပါလိမ့်မယ်။ လိုချင်တာတွေကို ကိုယ်တိုင်လုပ်ယူရပါလိမ့်မယ်။ မကောင်းတဲ့သူတွေကို ပေါင်းသင်းတာ မျိုးဒီနေ့မှာရှောင်စေချင်ပါတယ်။ သူတို့ရဲ့မကောင်းမှုတွေကြားကိုယ်ပါပြီး ရုံရောက်ဂတ်ရောက်ဖြစ်တတ်ပါတယ်။

ကျန်းမာရေးကတော့ ချင့်ချိန်ပါ။ ဝမ်းဗိုက်နဲ့ပက်သက်တဲ့ရောဂါမျိုးရတတ်ပါတယ်။ အိမ်ထောင်ရေးမှာ အဆင်ပြေတာများပါတယ်။ အချစ်ရေးလဲ အကောင်းကြီးမဟုတ်ပေမဲ့ ”သင့်”တဲ့ အချိန်တွေပါပဲ။ ပညာရေးကတော့ ကောင်းတယ်ဗျာ ။တစ်ဦးတစ်ယောက် ဆရာတင်ပြီး ပညာစယူလိုက်ပါ။

အကျိုးပေးဂဏန်း 4/8/5 အထူးဟော လူလိမ်ခံရတတ်ပါတယ်။ယတြာ = ကျောင်းသား/ကျောင်းသူများကို မိမိတက်နိုင်သလောက် လိုအပ်သော အသုံးအဆောင်ပစ္စည်းများကို လှူပေးပါ။ အိမ်ဘုရားမှာ ထောပတ်ဆီမီးခွက်(3)ခွက် ထွန်းညှိ့ပူဇော်ပေးပါ။

သောကြာသားသမီးများ

စိတ်ကူးယဉ်တာ လေထဲတိုက်အိမ်ဆောက်တာမျိုးကို မလုပ်ပါနဲ့။ လက်တွေ့ကျကျ လုပ်ကြည့်လိုက်ပါ။ သေချာပေါက်အောင်မြင်ပါလိမ့်မယ်။ ကိုယ်ပိုင်စီးပွားရေးသမားများ အားထည့်ကြည့်လိုက်ပါ။ ကြိုးစားသလောက် အကျိုးအမြတ်တွေလဲကြီးပါလိမ့်မယ်။ ကုန်သွယ်မှုအလုပ်များ၊ ရပ်ဝေးမှာတည်ထောင်ထားတဲ့အလုပ်များ သေချာ ပေါက်အကျိုးအမြတ်ကြီးပါလိမ့်မယ်။ နိုင်ငံခြားသို့ တင်ပို့ရောင်းချခြင်းမျိုးလဲ ကောင်းမွန်နေပါလိမ့်မယ်။မိမိအိမ် ၊မိမိလုပ်ငန်းအတွက် ပရိဘောဂပစ္စည်းများဝယ်ယူခြင်းတွေလဲ အထူးကောင်းတဲ့ကာလပါပဲ။ စကားချိုသာစွာပြော ခြင်း၊ ကတိသစ္စာတည်ခြင်းများကြောင့် လူအများရဲ့ယုံကြည်လေးစားမှုကိုရရှိပါလိမ့်မယ်။ကျန်းမာရေးအနေနဲ့ ကိုယ်ခံအားအလွန်ကောင်းနေပါလိမ့်မယ်။ တော်ရုံနဲ့ ရောဂါဖြစ်မှာမဟုတ်ပါဘူး။

အချစ်ရေးကံကတော့ အလွန်ပဲ ကောင်းနေပါလိမ့်မယ်။ ချစ်သူသစ်ရည်းစားသစ်ဆိုတာမျိုးလဲ ရလွယ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ ဆွေမျိုးတွေနဲ့ပက်သက်ပြီးစကားများရတတ်ပါတယ်။ ပညာရေးကတော့အားထည့်ထားနိုင်ရင်အကောင်းဆုံးးပါပဲ။

အကျိုးပေးဂဏန်း 5/4/6အထူးဟော စီးပွားကောင်းမည်။ ယတြာ = မိမိအိမ်ဘုရားတွင် အုန်းညွန့်(5)ညွန့် ပန်း(7)ပွင့် အောင်သပြေ (9)ညွန့် ကပ်လှူပေးပါ။

စနေသာသမီးများ

စိတ်ချမ်းမြေ့ပျော်ရွင်ရတတ်ပါတယ်။ ဒါပေမဲ့တာဝန်နဲ့ဝတ္တရားတွေကို မေ့ထားနိုင်မှအဆင်ပြေပါလိမ့်မယ်။ မိမိသူတစ်ပါးအကျိုးယုတ်မဲ့ကိစ္စတွေကို ရှောင်စေချင်ပါတယ်။ မိမိလုပ်ချင်တာတွေကို အချိန်ပေးပြီးလုပ်ရပါလိမ့် မယ်။ အခက်အခဲတွေကြုံပြီးမှ အောင်မြင်မှုတွေရတတ်ပါတယ်။ အလုပ်များနေတာကြောင့် အိမ်မကပ်နိုင်ဖြစ်ရ တတ်ပါတယ်။အလုပ်နဲ့ပက်သက်တဲ့ခရီးမျိုးတွေလဲသွားခွင့်ကြုံမှာပါ။ လူမျိုးခြားဘာသာခြားတွေနဲ့ဆက်စပ် လုပ်ကိုင်ခြင်းများ အမှားမရှိအောင်လုပ်ကိုင်လိုက်ပါ။ ရွှေဝယ်ခြင်း၊ရွှေရောင်းခြင်းမျိုးလဲ ဒီကာလမှာရှောင်လိုက်ပါ။ ကျန်းမာရေးကတော့ လိုတာထက်ပိုဂရုစိုက်လိုက်ပါ။ အဆိုးကြီးမဟုတ်ပေမဲ့ ဖြစ်နေကျရောဂါလေးတွေပြန်ဖြစ်ရ တတ်ပါတယ်။ အိမ်ထောင်ရေးမှာ သွေးထိုးမှုတွေကြောင့် အိမ်ထောင်ဘက်နဲ့ အဆင်မပြေဖြစ်နိုင်ပါတယ်။

ငွေကြေး လက်လွန်မိရင်တော့ ဆုံးတတ်ပါတယ်။ အချစ်ရေးကံကတော့ ကောင်းမွန်အဆင်ပြေနေတာမျိုးတွေ့ရပါတယ်။ ပညာရေးမှာကြိုးစားသလောက်ထွန်းပေါက်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း 5/6/2 အထူးဟောအလုပ်များ၊ကိစ္စများနေမည်။ယတြာ = ရဟန်းတစ်ပါးကို ဖိနပ်လှူဒါန်းလိုက်ပါ။

ရာဟုသားသမီးများ

ဒီကာလအတွင်း တနင်္ဂနွေသားသမီးတွေ အထူးကံကောင်းနေတတ်ပါတယ်။ ကြံစည်သမျှ အောင်မြင်မဲ့ အချိန်ပါ။ ကုန်သွယ်မှု လုပ်ငန်း ၊ ခရီးသွားလုပ်ငန်း ၊ ဘဏ်လုပ်ငန်းတွေ အထူးကောင်းကျိုးပေးချိန်ပါ။ အနာဂတ် စီမံကိန်းချထားတဲ့ ကိစ္စများ လက်တွေ့ အကောင်အထည်ဖော်နိုင်မဲ့ အချိန်ပါပဲ။ လူငယ်တွေ အချစ်ရေးကံကောင်းနေပါတယ်။ စန်းလဲပွင့်နေပါတယ်။ အလုပ်အကိုင်တွေလဲ အရှိန်အဟုန်တွေနဲ့ တိုးတတ်နေပါတယ်။ အထက်လူကြီးရဲ့ချီးမြှောက်ခြင်းခံရတတ်ပါတယ်။ ရာထူးတိုးခြင်း၊ နေရာကောင်းရခြင်း အလုပ်ရှာနေသူများ အလုပ်သစ်ရခြင်းမျိုးတွေ ကြုံရတတ်ပါတယ်။ ကျန်းမာရေးကတော့ သွေးတိုးနိုင်တာကြောင့် တတ်စာတွေ လျှော့စားပါ။ ပညာရေးအကောင်းဆုံးအချိန်ပါ။

အကျိုးပေးဂဏန်း ၂/၆/၁။ အထူးဟော ကောင်းသောကံများဖြစ်ထွန်းနေမည်။ ယတြာ = အနီရောင်များများပါသော အဝတ်အစားများအားပြုဝတ်ဆင်ပါ/ပန်းပေါင်းစုံ ၅မျိုး ဘုရားလှူပေးပါ။

ခုနှစ်ရက်သားသမီး အပေါင်း ကောင်းကျိုးလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

ဗေဒင်နှင့် လက္ခဏာ ဆရာမင်းသုခ

မန္တလေးမြို ၊ 09-440243656။ ၇၃လမ်း/၃၄-၃၅လမ်းကြား(viber)

No comments:

Post a Comment