Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, July 15, 2019

အရက်မသောက် ဆေးလိပ်မသောက် ကွမ်းမစားသူ တစ်ယောက်က ကျောက်ကပ်ထိလို့ ကျောက်ကပ်ဆေးနေရ


အရက်မသောက် ဆေးလိပ်မသောက် ကွမ်းမစားသူ
တစ်ယောက်က ကျောက်ကပ်ထိလို့ ကျောက်ကပ်ဆေးနေရတယ်ဆိုတော့...
ဇစ်မြစ်ကို လိုက်ကြည့်လိုက်တဲ့အခါမှာ...

အဖြေကတော့
ဒီလူဟာ မုန့်ဟင်းခါးအလွန်ကြိုက်လို့ နေ့တိုင်းစားသူပါတဲ့
မုန့်ဟင်းခါးမှာပါတဲ့ မုန့်ဖတ် မချဉ်အောင် မပုတ်မသိုး
အောင်သုံးတဲ့ ဓါတုဆေးဝါးတွေကြောင့်ပါတဲ့ ......

မုန့်ဖတ်လုပ်တဲ့ဖို အားလုံးနီးပါးကလည်း မုန့်ဖတ်တွေ
မပုတ်အောင် အတွက် လူသေတွေမပုတ်အောင်သုံးတဲ့
ဖေါ်မလင်တွေ သုံးကြတယ်ဆိုတာ့ 
ကိုယ်တွေလည်း ကြားဖူးတာတော့ကြာပါပြီ....

မုန့်ဖတ်ဖိုတွေရဲ့ လက်သုံးစကားက လူတကာ က
သုံးနေကြလို့ သူတို့လည်းမသုံးမဖြစ် သုံးလိုက်ရတာပါတဲ့..

ဒီကြားထဲ သစ်သီးသည်တွေက မှည့်ဆေးတွေသုံး..
ပုဇွန်ခြောက်ငခြောက်က ဓါတုဆေးတွေဖြန်း....
အစာအတု ဆေးအတု ရေသန့်အတု နဲ့ ဆိုးဆေးတွေ ဓါတုဆေးတွေကြားမှာ နေထိုင်ရှင်သန်နေကြရတဲ့
ဘဝတွေထဲက....

ကိုယ့်အလှည့် ဘယ်တော့ရောက်ပါ့မလဲတွေးရင်း 🙄🙄

@ Mg via ချန်ပီယံ @




No comments:

Post a Comment