Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, July 19, 2019

ဂဠဳန္ဦးေစာ ၏ၾကိဳးစင္မတက္မွီ သမီးထံသို႔ ေနာက္ဆုံေပးစာ” ခ်စ္သမီးသို႔


ခ်စ္သမီးအတြက္ အနည္းငယ္ ေရးရဦးမည္။သမီးသည္ ငယ္စဥ္ကစ၍ သူတပါးအသတ္ကို မသတ္ဘဲ အၿမဲေရွာင္ၾကဥ္လာခဲ့သလို၊ မိမိ၏ အသက္ထက္ဆုံး မည္သည့္အခါမွ သူတပါးအသက္ကို မသတ္ပါဟူ၍ ျမတ္စြာဘုရားေရွ႕ေတာ္၌ ေန႔စဥ္ေန႔တိုင္း အဓိ႒ာန္ျပဳပါ။

ေနာက္ အေရးႀကီးတာတခုက သမီးအား မွာခဲ့ဦးမည္။ ဒယ္ဒီတို႔အမ်ိဳးသည္ အေဖမ်ိဳး၊ အေမ မ်ိဳးတို႔သည္ စိတ္အလြန္ထက္ၾကသည္၊ စိတ္ေကာင္းရွိၾကသည္။ သို႔ေသာ္ သူတပါးေစာ္ကားလာလွ်င္ မခံခ်င္ေသာစိတ္ထားက အလြန္အားႀကီးၾက၏၊ စိတ္ျပင္းထန္၏။

သူမ်ားတကာက တခ်က္႐ိုက္လွ်င္ ကိုယ္က အခ်က္ ၂၀ ျပန္႐ိုက္ခ်င္သည္။ လက္စားျပန္မေခ်ရလွ်င္ တသက္လုံး မေမ့ႏိုင္၊ မစားႏိုင္၊ မေနႏိုင္သလို ရွိၾကသည္။ ငါ့သမီး ဤသို႔သေဘာ မရွိေလႏွင့္။

အကယ္၍ တစုံတေယာက္က ရန္မူလာလွ်င္ သည္းခံပါ။ သည္းခံျခင္းသည္ပင္လွ်င္ ကုသိုလ္ေရး ျဖစ္ေတာ့၏။ အေရးအႀကီးဆုံး၊ အဖိုးတန္ဆုံး၊ ေနာက္ဆုံးအေမြတခု ေပးရဦးမည္။ ထိုအေမြကား အျခားမဟုတ္။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို အၿမဲဆည္းကပ္ရမည္။

လူ႔ဘဝကိုရဖို႔ အလြန္ခဲယဥ္း၏။ ဘုရားသာသနာႏွင့္ ႀကဳံႀကိဳက္ဖို႔ရာ အလြန္ခဲယဥ္း၏။ ယခု သမီးတို႔မွာ လူ႔ဘဝကို ကံအားေလ်ာ္စြာ ေရာက္လာ၏။ အလြန္အဖိုးတန္သည့္ ျမတ္စြာဘုရား သာသနာေတာ္ႀကီးႏွင့္ ႀကံဳႀကိဳက္လ်က္ရွိ၏။

မေသမေနရသမွ် အခ်ိန္ကေလးအတြင္းမွာ ရတနာ သုံးပါးကို ေန႔ေရာညဥ့္ပါ ဆည္းကပ္ကိုးကြယ္ပါ။ ဝိပႆ နာတရား အားထုတ္ပါ။ ျမန္မာျပည္၌ ဘုန္းေတာ္ႀကီးေတြ မ်ားႏိုင္သေလာက ္မ်ားေအာင္ ပၪၥင္းခံ၊ ရွင္ျပဳတို႔ကို ငါ့သမီး တတ္ႏိုင္သေလာက္ လုပ္ပါ။

သူေတာ္ေကာင္းမ်ားေသာ ႏိုင္ငံအျဖစ္ႏွင့္ ျမန္မာျပည္သည္ ကမာၻတြင္ ထင္ရွားပါေစ။ ဤသို႔ျဖစ္ရန္ ငါ့သမီးသည္ တတ္ႏိုင္သမွ် ပါဝင္ကူညီပါ။ ေဆာင္႐ြက္ပါ။ ဘုရား သာသနာေတာ္ အက်ိဳး၊ သတၱဝါမ်ား၏ အက်ိဳး၊ မိမိကိုယ္က်ိဳးအတြက္ျဖစ္ေပမည္ဟူ၍ တသက္လုံး မွတ္ထားပါ။

သမီးသည္ ဆရာေတာ္၊ သံဃာေတာ္အရွင္ျမတ္မ်ားကို အၿမဲကိုးကြယ္ပါ။ ဆည္းကပ္ပါ။ လႉဒါန္းပါ။ ဒါန၊ သီလ၊ ဘာဝနာ၊ ကုသိုလ္ေကာင္းမႈမ်ားကို အၿမဲအားထုတ္ပါ။

ဤကား- ငါ၏ ခ်စ္သမီး အား ေပးအပ္ခဲ့ေသာ အေမြပင္တည္း”

လိမၼာစြာေနရစ္ေပေတာ့ ခ်စ္သမီး

 ေမာင္ေစာ

Unicode ဖြင့်ဖတ်ရန်

“ဂဠုန်ဦးစော၏ သမီးထံသို့ နောက်ဆုံးပေးစာ” ချစ်သမီးသို့…

ဂဠုန်ဦးစော၏ သမီးထံသို့ နောက်ဆုံးပေးစာ

ချစ်သမီးသို့

ချစ်သမီးအတွက် အနည်းငယ် ရေးရဦးမည်။

သမီးသည် ငယ်စဉ်ကစ၍ သူတပါးအသတ်ကို မသတ်ဘဲ အမြဲရှောင်ကြဉ်လာခဲ့သလို၊ မိမိ၏ အသက်ထက်ဆုံး မည်သည့်အခါမှ သူတပါးအသက်ကို မသတ်ပါဟူ၍ မြတ်စွာဘုရားရှေ့တော်၌ နေ့စဉ်နေ့တိုင်း အဓိဋ္ဌာန်ပြုပါ။

နောက် အရေးကြီးတာတခုက သမီးအား မှာခဲ့ဦးမည်။ ဒယ်ဒီတို့အမျိုးသည် အဖေမျိုး၊ အမေ မျိုးတို့သည် စိတ်အလွန်ထက်ကြသည်၊ စိတ်ကောင်းရှိကြသည်။ သို့သော် သူတပါးစော်ကားလာလျှင် မခံချင်သောစိတ်ထားက အလွန်အားကြီးကြ၏၊ စိတ်ပြင်းထန်၏။

သူများတကာက တချက်ရိုက်လျှင် ကိုယ်က အချက် ၂၀ ပြန်ရိုက်ချင်သည်။ လက်စားပြန်မချေရလျှင် တသက်လုံး မမေ့နိုင်၊ မစားနိုင်၊ မနေနိုင်သလို ရှိကြသည်။ ငါ့သမီး ဤသို့သဘော မရှိလေနှင့်။

အကယ်၍ တစုံတယောက်က ရန်မူလာလျှင် သည်းခံပါ။ သည်းခံခြင်းသည်ပင်လျှင် ကုသိုလ်ရေး ဖြစ်တော့၏။ အရေးအကြီးဆုံး၊ အဖိုးတန်ဆုံး၊ နောက်ဆုံးအမွေတခု ပေးရဦးမည်။ ထိုအမွေကား အခြားမဟုတ်။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို အမြဲဆည်းကပ်ရမည်။

လူ့ဘဝကိုရဖို့ အလွန်ခဲယဉ်း၏။ ဘုရားသာသနာနှင့် ကြုံကြိုက်ဖို့ရာ အလွန်ခဲယဉ်း၏။ ယခု သမီးတို့မှာ လူ့ဘဝကို ကံအားလျော်စွာ ရောက်လာ၏။ အလွန်အဖိုးတန်သည့် မြတ်စွာဘုရား သာသနာတော်ကြီးနှင့် ကြုံကြိုက်လျက်ရှိ၏။

မသေမနေရသမျှ အချိန်ကလေးအတွင်းမှာ ရတနာ သုံးပါးကို နေ့ရောညဉ့်ပါ ဆည်းကပ်ကိုးကွယ်ပါ။ ဝိပဿ နာတရား အားထုတ်ပါ။ မြန်မာပြည်၌ ဘုန်းတော်ကြီးတွေ များနိုင်သလောက ်များအောင် ပဉ္စင်းခံ၊ ရှင်ပြုတို့ကို ငါ့သမီး တတ်နိုင်သလောက် လုပ်ပါ။

သူတော်ကောင်းများသော နိုင်ငံအဖြစ်နှင့် မြန်မာပြည်သည် ကမ္ဘာတွင် ထင်ရှားပါစေ။ ဤသို့ဖြစ်ရန် ငါ့သမီးသည် တတ်နိုင်သမျှ ပါဝင်ကူညီပါ။ ဆောင်ရွက်ပါ။ ဘုရား သာသနာတော် အကျိုး၊ သတ္တဝါများ၏ အကျိုး၊ မိမိကိုယ်ကျိုးအတွက်ဖြစ်ပေမည်ဟူ၍ တသက်လုံး မှတ်ထားပါ။

သမီးသည် ဆရာတော်၊ သံဃာတော်အရှင်မြတ်များကို အမြဲကိုးကွယ်ပါ။ ဆည်းကပ်ပါ။ လှူဒါန်းပါ။ ဒါန၊ သီလ၊ ဘာဝနာ၊ ကုသိုလ်ကောင်းမှုများကို အမြဲအားထုတ်ပါ။

ဤကား- ငါ၏ ချစ်သမီး အား ပေးအပ်ခဲ့သော အမွေပင်တည်း”

လိမ္မာစွာနေရစ်ပေတော့ ချစ်သမီး
 မောင်စော

No comments:

Post a Comment