Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, June 29, 2019

လက္ေပၚမွာ ကပ္သြားတဲ့ Super Glue ေတြကို ဖယ္ရွားပစ္ႏုိင္မယ့္ နည္းလမ္းမ်ား


တစ္ခါတစ္ေလ ပစၥည္းကို Super Glue ကပ္ရင္း လက္မွာေပကုန္လုိ႕ လက္ေခ်ာင္းေတြကပ္သြားတာမ်ိဳး ျဖစ္ဖူးမွာပါ။ အဲ့လုိအခ်ိန္က်ရင္ လက္မွာ ကပ္ေနတဲ့ Super Glue ကိုအလြယ္တကူ ဖယ္ရွားဖုိ႕ နည္းလမ္းမသိတာနဲ႕ လက္နဲ႕ပဲ ပြတ္တုိက္ၿပီး အတင္းခြာလိုက္တာမ်ိဳး လုပ္မိတတ္ၾကတယ္။ ကဲ … ဒါဆုိရင္ နည္းလမ္းေလးေတြကို ဗဟုသုတ အေနနဲ႕ မွွ်ေ၀ေပးလုိက္ပါတယ္ေနာ္။

(၁) ဆားနဲ႕ ေရေႏြး

ဆားကိုသုံးၿပီးေတာ့ လက္မွာ ကပ္သြားတဲ့ super glue ေတြကို ဖယ္ခ်ပစ္လုိ႕ရပါတယ္။ နည္းလမ္းေလးကေတာ့ … ခြက္တစ္ခြက္ထဲကို ေရေႏြးေႏြးထည့္ေပးပါ။ (ပြတ္ပြတ္ဆူေရေႏြးကို မဆုိလုိပါ) super glue ကပ္သြားတဲ့ လက္ျဖစ္ျဖစ္ကို ေရေႏြးနဲ႕ (၁၀)မိနစ္ေလာက္စိမ္ေပးထားပါ။ တကယ္လုိ႕ super glue ကပ္သြားတဲ့ေနရာက လက္မဟုတ္ခဲ့ဘူးဆုိရင္လည္း ေရေႏြးထဲ အ၀တ္စကို စိမ္ၿပီး super glue ကပ္သြားတဲ့ေနရာမွာ ကပ္ေပးပါ။

ၿပီးရင္ အဖက္လုိက္ကြာက်လာမွာပါ။ ဒါမွမဟုတ္ ….. ဆားနဲ႕ super glue ကပ္သြားတဲ့ေနရာကို ပြတ္တုိက္ေပးပါ။ အခ်ိန္ (၁)မိနစ္ၾကာေအာင္ super glue ေတြ မကြာလာမခ်င္း ပြတ္ေပးပါ။ super glue ေတြကြာလာၿပီးဆုိရင္ေတာ့ ေရေႏြးေႏြးေလးထဲ (၁-၂)မိနစ္ေလာက္စိမ္ေပးထားပါ။ ဒီလုိဆုိရင္ေတာ့ super glue ေတြ ျမန္ျမန္ ကြာလာမွာပါ။

(၂) ဆပ္ျပာရည္နဲ႕ ေရေႏြး

သင့္က sensitive skin ဆုိရင္ ဒီနည္းကို လုပ္ၾကည့္ပါ။ ပန္းကန္ေဆးဆပ္ျပာရည္ကို သုံးေပးႏုိင္ပါတယ္။ အေၾကာင္းကေတာ့ ပန္းကန္ေဆးဆပ္ျပာရည္က အရမ္းမျပင္းလုိ႕ သင့္အသားအေရကို မထိခုိက္ေစပါဘူး။ ဒါ့အျပင္ super glue ေတြကို ဖယ္ပစ္ႏုိင္ပါေသးတယ္။ နည္းလမ္းေလးကေတာ့ …

ပန္းကန္ေဆး ဆပ္ျပာရည္ (၅-၆စက္) ေလာက္နဲ႕ ေရ (၁ခြက္)ကို ေရာေပးပါ။ super glue ကပ္သြားတဲ့ လက္ကို ခုနက ဆပ္ျပာရည္ အေရာထဲ (၅)မိနစ္ေလး စိမ္ေပးပါ။ စိမ္ထားတဲ့အခ်ိန္မွာ လက္မွာ ကပ္ေနတဲ့ super glue ေတြကို ခြာေနပါ။ တကယ္လုိ႔မွ ေရစိမ္ၿပီးတာေတာင္ မကြာက်သြာဘူးဆုိရင္ ၊ ဆက္ၿပီး ေရစိမ္ ၊ ပြတ္ေနေပးပါ။ (၃) အရက္ျပန္ အရက္ျပန္နဲ႕ ပြတ္ေပးတာက super glue ေတြကို ေဆးေပးသလုိမ်ိဳးပါပဲ။ နည္းလမ္းေလးကေတာ့ …

ပထမအေနနဲ႕ ေရေႏြးေႏြးေလးနဲ႕ ေဆးေပးပါ။ super glue ကို အားေပ်ာ႕သြားေအာင္ လက္ေဆးဆပ္ျပာနဲ႕ေဆးေပးႏုိင္တယ္။ အရက္ျပန္ကို ဂြမ္းနဲ႕ တုိ႕ၿပီးရင္ super glue ကပ္သြားတဲ့ ေနရာကို (၁)မိနစ္ေလာက္ ဖိေပးထားပါ။ ဖိၿပီးရင္ ပြတ္ေပးလုိက္ပါ။ လုိအပ္ရင္ အရက္ျပန္ မ်ားမ်ားနဲ႕ ပြတ္ေပးပါ။ တစ္ႀကိမ္တည္းမွာပဲ super glue ေတြ ကြာက်သြားရင္ေတာ့ moisturizer ေလးကို လိမ္းေပးထားႏုိင္ပါတယ္။
Credit:မူရင္းေရးသားသူ
# Unicode Version # ျဖင့္ ဖတ္ပါ #

တစ်ခါတစ်လေ ပစ္စည်းကို Super Glue ကပ်ရင်း လက်မှာပေကုန်လို့ လက်ချောင်းတွေကပ်သွားတာမျိုး ဖြစ်ဖူးမှာပါ။ အဲ့လိုအချိန်ကျရင် လက်မှာ ကပ်နေတဲ့ Super Glue ကိုအလွယ်တကူ ဖယ်ရှားဖို့ နည်းလမ်းမသိတာနဲ့ လက်နဲ့ပဲ ပွတ်တိုက်ပြီး အတင်းခွာလိုက်တာမျိုး လုပ်မိတတ်ကြတယ်။ ကဲ … ဒါဆိုရင် နည်းလမ်းလေးတွေကို ဗဟုသုတ အနေနဲ့ မျှဝေပေးလိုက်ပါတယ်နော်။

(၁) ဆားနဲ့ ရေနွေး

ဆားကိုသုံးပြီးတော့ လက်မှာ ကပ်သွားတဲ့ super glue တွေကို ဖယ်ချပစ်လို့ရပါတယ်။ နည်းလမ်းလေးကတော့ … ခွက်တစ်ခွက်ထဲကို ရေနွေးနွေးထည့်ပေးပါ။ (ပွတ်ပွတ်ဆူရေနွေးကို မဆိုလိုပါ) super glue ကပ်သွားတဲ့ လက်ဖြစ်ဖြစ်ကို ရေနွေးနဲ့ (၁၀)မိနစ်လောက်စိမ်ပေးထားပါ။ တကယ်လို့ super glue ကပ်သွားတဲ့နေရာက လက်မဟုတ်ခဲ့ဘူးဆိုရင်လည်း ရေနွေးထဲ အဝတ်စကို စိမ်ပြီး super glue ကပ်သွားတဲ့နေရာမှာ ကပ်ပေးပါ။

ပြီးရင် အဖက်လိုက်ကွာကျလာမှာပါ။ ဒါမှမဟုတ် ….. ဆားနဲ့ super glue ကပ်သွားတဲ့နေရာကို ပွတ်တိုက်ပေးပါ။ အချိန် (၁)မိနစ်ကြာအောင် super glue တွေ မကွာလာမချင်း ပွတ်ပေးပါ။ super glue တွေကွာလာပြီးဆိုရင်တော့ ရေနွေးနွေးလေးထဲ (၁-၂)မိနစ်လောက်စိမ်ပေးထားပါ။ ဒီလိုဆိုရင်တော့ super glue တွေ မြန်မြန် ကွာလာမှာပါ။

(၂) ဆပ်ပြာရည်နဲ့ ရေနွေး

သင့်က sensitive skin ဆိုရင် ဒီနည်းကို လုပ်ကြည့်ပါ။ ပန်းကန်ဆေးဆပ်ပြာရည်ကို သုံးပေးနိုင်ပါတယ်။ အကြောင်းကတော့ ပန်းကန်ဆေးဆပ်ပြာရည်က အရမ်းမပြင်းလို့ သင့်အသားအရေကို မထိခိုက်စေပါဘူး။ ဒါ့အပြင် super glue တွေကို ဖယ်ပစ်နိုင်ပါသေးတယ်။ နည်းလမ်းလေးကတော့ …

ပန်းကန်ဆေး ဆပ်ပြာရည် (၅-၆စက်) လောက်နဲ့ ရေ (၁ခွက်)ကို ရောပေးပါ။ super glue ကပ်သွားတဲ့ လက်ကို ခုနက ဆပ်ပြာရည် အရောထဲ (၅)မိနစ်လေး စိမ်ပေးပါ။ စိမ်ထားတဲ့အချိန်မှာ လက်မှာ ကပ်နေတဲ့ super glue တွေကို ခွာနေပါ။ တကယ်လို့မှ ရေစိမ်ပြီးတာတောင် မကွာကျသွာဘူးဆိုရင် ၊ ဆက်ပြီး ရေစိမ် ၊ ပွတ်နေပေးပါ။ (၃) အရက်ပြန် အရက်ပြန်နဲ့ ပွတ်ပေးတာက super glue တွေကို ဆေးပေးသလိုမျိုးပါပဲ။ နည်းလမ်းလေးကတော့ …

ပထမအနေနဲ့ ရေနွေးနွေးလေးနဲ့ ဆေးပေးပါ။ super glue ကို အားပျော့သွားအောင် လက်ဆေးဆပ်ပြာနဲ့ဆေးပေးနိုင်တယ်။ အရက်ပြန်ကို ဂွမ်းနဲ့ တို့ပြီးရင် super glue ကပ်သွားတဲ့ နေရာကို (၁)မိနစ်လောက် ဖိပေးထားပါ။ ဖိပြီးရင် ပွတ်ပေးလိုက်ပါ။ လိုအပ်ရင် အရက်ပြန် များများနဲ့ ပွတ်ပေးပါ။ တစ်ကြိမ်တည်းမှာပဲ super glue တွေ ကွာကျသွားရင်တော့ moisturizer လေးကို လိမ်းပေးထားနိုင်ပါတယ်။

Credit:မူရင်းရေးသားသူ

No comments:

Post a Comment