Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, June 22, 2019

ဂရုစိုက္ၾကပါ..ကေလးျမိဳ႕မွာ ေမြ႔ယာေပၚဖုန္းအားသြင္းရာက အပူလြန္ျပီး အိမ္ပါ မီးေလာင္


ေမြ႔ယာေပၚဖုန္းအားသြင္းထားရာမွ အပူလြန္၍ ႏွစ္ထပ္တုိက္ မီးေလာင္

ကေလးၿမိဳ႕ ေတာင္ဇလပ္ရပ္ကြက္ နယ္ေျမ ၂ ရာဇၿဂိဳလ္လမ္းတြင္ ယေန႔ နံနက္ ၉ နာရီ ၁၅ မိနစ္ခန္႔က လူေနအိမ္ႏွစ္ထပ္တုိက္တစ္လုံး မီးေလာင္မႈျဖစ္ခဲ့ေၾကာင္း ျမိဳ႕နယ္မီးသတ္ဌာနမွ သတင္းရရွိသည္။

မီးေလာင္မႈမွာ ေမြ႔ယာေပၚဖုန္းအားသြင္းထားရာ အပူလြန္ကဲ၍ မီးစတင္ေလာင္ကၽြမ္းျခင္းျဖစ္သည္ဟု မီးသတ္တပ္ဖြဲ႔မွ စစ္ေဆးေတြ႕ရွိထားသည္။

“ဒီေန႔ နံနက္ပုိင္းေလာက္ကျဖစ္တာပါ။အခ်ိန္မွီၿငိမ္းသတ္ႏုိင္ခဲ့ပါတယ္။ဒီကိစၥနဲ႔ပတ္သက္ၿပီး စစ္ေဆးအေရးယူဖုိ႔ လုပ္ေနပါၿပီ”ဟု ကေလးၿမိဳ႕နယ္ မီးသတ္ဦးစီးဌာနမွ တာဝန္ရွိသူကေျပာသည္။

မီးေလာင္ရာသုိ႔ ကေလးၿမိဳ႕နယ္ မီးသတ္ဦးစီးဌာနရုံးမွ မီးၿငိမ္းသတ္ယာဥ္ ၅ စီးlမီးသတ္ေရယာဥ္ ၂ စီးႏွင့္အတူ တပ္ဖြဲ႔ဝင္ ၄၅ ဦးlေဒသခံျပည္သူ ၅၀ ေက်ာ္ႏွင့္တပ္မေတာ္သားမ်ားတုိ႔က ဝုိင္းဝန္းၿငိမ္းသတ္ခဲ့ရာ ၉ နာရီခြဲအခ်ိန္တြင္ မီးညႊန္႔က်ိဳးၿငိမ္းသတ္ႏုိင္ခဲ့သည္။

မီးေလာင္မႈေၾကာင့္ ေနအိမ္ႏွစ္ထပ္တုိက္အေပၚထပ္ရွိ HPကြန္ပ်ဳတာ ၁ လုံးlကုတင္ေမြ႔ယာlမွန္ခုတင္lAir Con ၂ လုံးlဖုန္းတစ္လုံးႏွင့္အေပၚထပ္ ပ်က္စီးခဲ့သည္။
အဆုိပါကိစၥႏွင့္ပတ္သက္ၿပီး မီးေပါ့ဆစြာအသုံးျပဳသူ အိမ္ရွင္ ဦးဇန္းလ်န္အား ကေလးၿမိဳ႕မရဲစခန္းက (ပ)၁၁၉၂/၂၀၁၉lပုဒ္မ ၂၈၅ ျဖင့္ အမႈဖြင့္ထားသည္။

ဓာတ္ပုံ-ေဝႏုိင္ဦးlကုိထက္
#မုံရြာေဂဇက္ #ကေလးျမိဳ႕ #မီးေလာင္မႈ

Unicode vErsion
မွေ့ယာပေါ်ဖုန်းအားသွင်းထားရာမှ အပူလွန်၍ နှစ်ထပ်တိုက် မီးလောင်

ကလေးမြို့ တောင်ဇလပ်ရပ်ကွက် နယ်မြေ ၂ ရာဇဂြိုလ်လမ်းတွင် ယနေ့ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က လူနေအိမ်နှစ်ထပ်တိုက်တစ်လုံး မီးလောင်မှုဖြစ်ခဲ့ကြောင်း မြို့နယ်မီးသတ်ဌာနမှ သတင်းရရှိသည်။

မီးလောင်မှုမှာ မွေ့ယာပေါ်ဖုန်းအားသွင်းထားရာ အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခြင်းဖြစ်သည်ဟု မီးသတ်တပ်ဖွဲ့မှ စစ်ဆေးတွေ့ရှိထားသည်။

“ဒီနေ့ နံနက်ပိုင်းလောက်ကဖြစ်တာပါ။အချိန်မှီငြိမ်းသတ်နိုင်ခဲ့ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ဆေးအရေးယူဖို့ လုပ်နေပါပြီ”ဟု ကလေးမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူကပြောသည်။



မီးလောင်ရာသို့ ကလေးမြို့နယ် မီးသတ်ဦးစီးဌာနရုံးမှ မီးငြိမ်းသတ်ယာဉ် ၅ စီးlမီးသတ်ရေယာဉ် ၂ စီးနှင့်အတူ တပ်ဖွဲ့ဝင် ၄၅ ဦးlဒေသခံပြည်သူ ၅၀ ကျော်နှင့်တပ်မတော်သားများတို့က ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၉ နာရီခွဲအချိန်တွင် မီးညွှန့်ကျိုးငြိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်မှုကြောင့် နေအိမ်နှစ်ထပ်တိုက်အပေါ်ထပ်ရှိ HPကွန်ပျုတာ ၁ လုံးlကုတင်မွေ့ယာlမှန်ခုတင်lAir Con ၂ လုံးlဖုန်းတစ်လုံးနှင့်အပေါ်ထပ် ပျက်စီးခဲ့သည်။



အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မီးပေါ့ဆစွာအသုံးပြုသူ အိမ်ရှင် ဦးဇန်းလျန်အား ကလေးမြို့မရဲစခန်းက (ပ)၁၁၉၂/၂၀၁၉lပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားသည်။

ဓာတ်ပုံ-ဝေနိုင်ဦးlကိုထက်
#မုံရွာဂေဇက် #ကလေးမြို့ #မီးလောင်မှု

No comments:

Post a Comment