Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, June 10, 2019

သီေပါမင္းရဲ႕သားမက္က အဂၤလိပ္ဘုရင္ခံကုိ ဘယ္လိုစိန္ေခၚခဲ႔သလဲ

သီေပါမင္းရဲ႕သားမက္က အဂၤလိပ္ဘုရင္ခံကုိ ဘယ္လိုစိန္ေခၚခဲ႔သလဲ

သီေပါဘုရင္ရဲ႕သားမက္ျဖစ္သူမွာ ဦးခင္ေမာင္လတ္ေခၚ လတ္သခင္ ျဖစ္ျပီး သီေပါဘုရင္ရဲ႕ ဒုတိယေျမာက္သမီးေတာ္ ထိပ္စုျမတ္ဖုရားလတ္ရဲ႕ ခင္ပြန္းျဖစ္ပါတယ္။

ဦးခင္ေမာင္လတ္ေခၚ လတ္သခင္ ဟာ ျမန္မာျပည္အေပၚ အဂၤလိပ္ဘုရင္ရဲ႕ မတရားဆုံးျဖတ္မႈကုိ မေက်မနပ္ျဖစ္ျပီး စိန္ေခၚခဲ႔ပါတယ္။

နတ္ရြာစံလြန္သြားတဲ႔ အရွင္နန္းမေတာ္ဖုရွားရဲ႔ မသာေတာ္အေရးကိစၥနဲ႔ ပတ္သက္ျပီး တစ္ေၾကာင္း၊ရတနာဂီရိမွာ နတ္ရြာစံသြားတဲ႔ သီေပါဘုရင္နဲ႔ မိဖုရားတို႔ အေလာင္းေတာ္ေတြကုိ ျမန္မာျပည္ ျပန္သယ္ဖို႔ ကိစၥကုိ ဆာဟာကုတ္ဘတၱဘာ မွ မတရားျပဳတဲ႔အတြက္ အေလာင္းေတာ္မ်ားကုိ ဘုံေဘျမိဳ႕မွ ျမန္မာျပည္သို႔ စစ္သေဘၤာနဲ႔ တိုက္ရိုက္သယ္ေဆာင္ေစလိုေၾကာင္း၊

ဒီနည္းလမ္းကို လက္မခံႏိုင္လ်င္ ၊ ျမန္မာလူမ်ိဳးမ်ားအေပၚ သနာၾကင္နာျခင္းကင္းမဲ႔ခဲ႔လွ်င္ ကြ်ႏ္ႈပ္တို႔ ခြင္႔ျပဳတဲ႔ သူေတြ ေရွ႕မွာ အရိုးမ်ားထုတ္ျပီး ျမန္မာလူမ်ိဳးေတြဆီကုိ ပါဆယ္ျပဳလုပ္ျပီးပို႔ေပးေစလိုပါတယ္။

ဒီလိုမွ မဟုတ္လွ်င္လည္း မတရားစီစဥ္ျပဳလုပ္သြားတဲ႔ ဆာဟာကုတ္ဘတၱဘာ နဲ႔ က်ေနာ္နဲ႔ ႏွစ္ဦးသေဘာတူ သတ္ျဖတ္ထိုးသတ္ဖို႔ ခြင္႔ျပဳေစလိုပါတယ္၊

သေဘာတူပါက ဘယ္လက္နက္ကုိ ၾကိဳက္တယ္ ဘယ္ေနရာ ဘယ္အခ်ိန္မွာ ဘယ္လို သတ္ျဖတ္မယ္ဆိုတာသင္နဲ႔ ေတြ႕ဆုံ ဆုံးျဖတ္မယ္။

ကြ်ႏ္ႈပ္မွာ ဟိမ၀ႏၱာေတာင္မွာ သုံးတဲ႔ ေလးနဲ႔ ျမားရွိပါတယ္။သင္ၾကိဳက္ရာေရြးပါ၊ေသနတ္နဲ႔လည္းတိုက္ခိုက္ႏိုင္ပါတယ္၊ေနရာကုိ ကာလကတၱားနဲ႔ ကလင္ပုံ တစ္ျမိဳ႕ျမိဳ႕ ၾကဳက္ရာေရြးပါလို႔ စိန္ေခၚခဲ႔ပါတယ္။

Unicode

သီပေါမင်းရဲ့သားမက်က အင်္ဂလိပ်ဘုရင်ခံကို ဘယ်လိုစိန်ခေါ်ခဲ့သလဲ

သီပေါဘုရင်ရဲ့သားမက်ဖြစ်သူမှာ ဦးခင်မောင်လတ်ခေါ် လတ်သခင် ဖြစ်ပြီး သီပေါဘုရင်ရဲ့ ဒုတိယမြောက်သမီးတော် ထိပ်စုမြတ်ဖုရားလတ်ရဲ့ ခင်ပွန်းဖြစ်ပါတယ်။

ဦးခင်မောင်လတ်ခေါ် လတ်သခင် ဟာ မြန်မာပြည်အပေါ် အင်္ဂလိပ်ဘုရင်ရဲ့ မတရားဆုံးဖြတ်မှုကို မကျေမနပ်ဖြစ်ပြီး စိန်ခေါ်ခဲ့ပါတယ်။

နတ်ရွာစံလွန်သွားတဲ့ အရှင်နန်းမတော်ဖုရှားရဲ့ မသာတော်အရေးကိစ္စနဲ့ ပတ်သက်ပြီး တစ်ကြောင်း၊ရတနာဂီရိမှာ နတ်ရွာစံသွားတဲ့ သီပေါဘုရင်နဲ့ မိဖုရားတို့ အလောင်းတော်တွေကို မြန်မာပြည် ပြန်သယ်ဖို့ ကိစ္စကို ဆာဟာကုတ်ဘတ္တဘာ မှ မတရားပြုတဲ့အတွက် အလောင်းတော်များကို ဘုံဘေမြို့မှ မြန်မာပြည်သို့ စစ်သင်္ဘောနဲ့ တိုက်ရိုက်သယ်ဆောင်စေလိုကြောင်း၊

ဒီနည်းလမ်းကို လက်မခံနိုင်လျင် ၊ မြန်မာလူမျိုးများအပေါ် သနာကြင်နာခြင်းကင်းမဲ့ခဲ့လျှင် ကျွနှ်ုပ်တို့ ခွင့်ပြုတဲ့ သူတွေ ရှေ့မှာ အရိုးများထုတ်ပြီး မြန်မာလူမျိုးတွေဆီကို ပါဆယ်ပြုလုပ်ပြီးပို့ပေးစေလိုပါတယ်။

ဒီလိုမှ မဟုတ်လျှင်လည်း မတရားစီစဉ်ပြုလုပ်သွားတဲ့ ဆာဟာကုတ်ဘတ္တဘာ နဲ့ ကျနော်နဲ့ နှစ်ဦးသဘောတူ သတ်ဖြတ်ထိုးသတ်ဖို့ ခွင့်ပြုစေလိုပါတယ်၊

သဘောတူပါက ဘယ်လက်နက်ကို ကြိုက်တယ် ဘယ်နေရာ ဘယ်အချိန်မှာ ဘယ်လို သတ်ဖြတ်မယ်ဆိုတာသင်နဲ့ တွေ့ဆုံ ဆုံးဖြတ်မယ်။

ကျွနှ်ုပ်မှာ ဟိမဝန္တာတောင်မှာ သုံးတဲ့ လေးနဲ့ မြားရှိပါတယ်။သင်ကြိုက်ရာရွေးပါ၊သေနတ်နဲ့လည်းတိုက်ခိုက်နိုင်ပါတယ်၊နေရာကို ကာလကတ္တားနဲ့ ကလင်ပုံ တစ်မြို့မြို့ ကြုက်ရာရွေးပါလို့ စိန်ခေါ်ခဲ့ပါတယ်။

No comments:

Post a Comment