Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, June 10, 2019

ေဟာင္းႏြမ္းစုတ္ျပဲေနေသာ… ဘုရားပံုေတာ္ေတြနဲ႔ …တရားစာအုပ္ေတြကုိ …ဘယ္လုိစြန္႔ပစ္မလဲ


ျမ င့္ျမတ္ တဲ့ေ နရာမွာ ထားၿပီးပူေဇာ္ခဲ့တဲ့ ဘုရားပုံေတာ္ေတြ၊ ဘုရားစာအုပ္ေတြ ေဟာင္းႏြမ္းစုတ္ျပဲသြားလို႔ စြန္႔ပစ္ရေတာ့ မယ္ဆိုရင္ ဘယ္ေနရာမွာ စြန္႔ပစ္ရင္ သင့္ေတာ္မလဲ ဆိုတာကို စိတ္ထဲ ဇေဝဇဝါနဲ႔ ဆုံးျဖတ္မရ ျဖစ္ခဲ့ပါတယ္။ မစြန္႔ပစ္ ရက္လို႔ စုထားျပန္ရင္လည္း တျဖည္းျဖည္းမ်ားလာျပီး ထားစရာေနရာက အခက္အခဲရွိလာျပန္တယ္။

ဒီေ တာ့ မျဖစ္မေ န စြန္႔ပစ္ ရေတာ့မယ္ဆိုျပန္ရင္လည္း မသင့္ေတာ္တဲ့ ေနရာမွာ စြန္႔ပစ္မိမွာ စိုးၾကျပန္ပါတယ္။ဒါနဲ႔တစ္ေန႔က ဒီကိစၥနဲ႔ပတ္သက္ၿပီး ေမးထားတာကို မေနာပဒါယီ အရွင္ဝိစိတၱ ဆရာေတာ္ေျဖထားတဲ့ စာတစ္ပုဒ္ ဖတ္လိုက္ရတဲ့အခါ ကိုယ့္လိုပဲ ဇေဝဇဝါနဲ႔ ဆုံးျဖတ္မရ ျဖစ္ေနၾကတဲ့သူေတြကိုလည္း သိေစလိုတဲ့အတြက္ ေစတနာေရွ႕ထား ေဖာ္ျပေပးလိုက္ပါတယ္။

မေနာ ပဒါယီဆရာေတာ္ အရွင္ဝိစိတၱျပန္ေျဖထားတာကေတာ့-ဒီလိုအခက္အခဲေတြက အိမ္ေတြမွာေရာ ဘုန္းႀကီးေက်ာင္းေတြမွာပါ ျဖစ္တတ္ပါတယ္။ ဘုရားပုံေတြျဖစ္လို႔ ျဖစ္သလို လႊင့္ပစ္ဖ်က္ဆီးပစ္ ျပန္ရင္လည္း ကိုယ့္စိတ္ကိုက မသန္႔ျဖစ္ေနတတ္ပါတယ္။ ေစတနာရည္ရြယ္ခ်က္ မရွိေပမယ့္ အျပစ္ လုပ္မိတယ္လို႔ ထင္တတ္ပါတယ္။

အေကာင္း ဆုံး ေျဖရွင္းနည္းကေတာ့ သန္႔သန္႔ျပန္႔ျပန္႔ ေနရာတစ္ခု ဒါမွမဟုတ္ သံပုံးတစ္ခုခုမွာ အားလုံးစုပုံၿပီး မီးပူေဇာ္ လိုက္တာ အေကာင္းဆုံးပါပဲ။ ဘုန္းဘုန္းေက်ာင္းမွာ ဆိုလည္း ဒီလိုနည္းနဲ႔ပဲ ေျဖရွင္းျဖစ္ပါတယ္။မီးရိႈ႕ဖ်က္ဆီးၿပီး မီးပူေဇာ္လိုက္တဲ့အတြက္ ဒီဘုရားပုံေတာ္မ်ား ဘုရားစာအုပ္အေဟာင္းမ်ားကို တစ္ျခားသူေတြ အေနနဲ႔ လည္း အသုံးမျပဳျဖစ္ေတာ့ပါဘူး။ ရွင္းလင္း ေျဖရွင္းလိုက္တဲ့ ကိုယ့္မွာလည္း မီးပူေဇာ္လိုက္တယ္လို႔ စိတ္ထဲမွာ ျဖစ္ေန တဲ့အတြက္ စိတ္သန္႔ရွင္း သြားပါတယ္။

ဘု ရားရွင္ရဲ႕ ရုပ္ကလပ္ေတာ္ကို ေတေဇာဓာတ္ ေလာင္ၿမိဳက္တဲ့သေဘာ အာရံုယူၿပီး မီးပူေဇာ္လိုက္တာ အေကာင္းဆုံး ပါပဲ။ ဒါေၾကာင့္ လႊင့္ပစ္ရခက္ ထားရခက္ေနတဲ့ ဘုရားပုံေတာ္ေတြ တရားစာအုပ္အေဟာင္းေတြကို ေတြ႔ရာမွာျဖစ္သလို စြန္႔ပစ္တာမ်ိဳးမလုပ္ပဲ သန္႔ရွင္းသပ္ရပ္တဲ့ ေနရာတစ္ခုမွာ မီးပုံရိႈ႕ၿပီး မီးပူေဇာ္တဲ့နည္းနဲ႔ ေျဖရွင္းတာဟာ အေကာင္းဆုံး ျဖစ္ေၾကာင္း ေျဖၾကားလိုက္ပါတယ္။ ဆရာေတာ္ပံုေတြလည္း သေဘာတရား အတူတူပါပဲ။ ဘုရားရွင္ကုိ မီးပူေဇာ္တဲ့ သေဘာနဲ႔ ေျဖရွင္းလုိုက္တာက အသင့္ေတာ္ဆံုး နည္းလမ္းပါ။
ကသစ္ပန္း

Unicode ျဖင့္ဖတ္ရန္
မြင့်မြတ်တဲ့နေရာမှာ ထားပြီးပူဇော်ခဲ့တဲ့ ဘုရားပုံတော်တွေ၊ ဘုရားစာအုပ်တွေ ဟောင်းနွမ်းစုတ်ပြဲသွားလို့ စွန့်ပစ်ရတော့ မယ်ဆိုရင် ဘယ်နေရာမှာ စွန့်ပစ်ရင် သင့်တော်မလဲ ဆိုတာကို စိတ်ထဲ ဇဝေဇဝါနဲ့ ဆုံးဖြတ်မရ ဖြစ်ခဲ့ပါတယ်။ မစွန့်ပစ် ရက်လို့ စုထားပြန်ရင်လည်း တဖြည်းဖြည်းများလာပြီး ထားစရာနေရာက အခက်အခဲရှိလာပြန်တယ်။

ဒီတော့ မဖြစ်မနေ စွန့်ပစ် ရတော့မယ်ဆိုပြန်ရင်လည်း မသင့်တော်တဲ့ နေရာမှာ စွန့်ပစ်မိမှာ စိုးကြပြန်ပါတယ်။ဒါနဲ့တစ်နေ့က ဒီကိစ္စနဲ့ပတ်သက်ပြီး မေးထားတာကို မနောပဒါယီ အရှင်ဝိစိတ္တ ဆရာတော်ဖြေထားတဲ့ စာတစ်ပုဒ် ဖတ်လိုက်ရတဲ့အခါ ကိုယ့်လိုပဲ ဇဝေဇဝါနဲ့ ဆုံးဖြတ်မရ ဖြစ်နေကြတဲ့သူတွေကိုလည်း သိစေလိုတဲ့အတွက် စေတနာရှေ့ထား ဖော်ပြပေးလိုက်ပါတယ်။

မနောပဒါယီဆရာတော် အရှင်ဝိစိတ္တပြန်ဖြေထားတာကတော့-ဒီလိုအခက်အခဲတွေက အိမ်တွေမှာရော ဘုန်းကြီးကျောင်းတွေမှာပါ ဖြစ်တတ်ပါတယ်။ ဘုရားပုံတွေဖြစ်လို့ ဖြစ်သလို လွှင့်ပစ်ဖျက်ဆီးပစ် ပြန်ရင်လည်း ကိုယ့်စိတ်ကိုက မသန့်ဖြစ်နေတတ်ပါတယ်။ စေတနာရည်ရွယ်ချက် မရှိပေမယ့် အပြစ် လုပ်မိတယ်လို့ ထင်တတ်ပါတယ်။

အကောင်းဆုံး ဖြေရှင်းနည်းကတော့ သန့်သန့်ပြန့်ပြန့် နေရာတစ်ခု ဒါမှမဟုတ် သံပုံးတစ်ခုခုမှာ အားလုံးစုပုံပြီး မီးပူဇော် လိုက်တာ အကောင်းဆုံးပါပဲ။ ဘုန်းဘုန်းကျောင်းမှာ ဆိုလည်း ဒီလိုနည်းနဲ့ပဲ ဖြေရှင်းဖြစ်ပါတယ်။မီးရှို့ဖျက်ဆီးပြီး မီးပူဇော်လိုက်တဲ့အတွက် ဒီဘုရားပုံတော်များ ဘုရားစာအုပ်အဟောင်းများကို တစ်ခြားသူတွေ အနေနဲ့ လည်း အသုံးမပြုဖြစ်တော့ပါဘူး။ ရှင်းလင်း ဖြေရှင်းလိုက်တဲ့ ကိုယ့်မှာလည်း မီးပူဇော်လိုက်တယ်လို့ စိတ်ထဲမှာ ဖြစ်နေ တဲ့အတွက် စိတ်သန့်ရှင်း သွားပါတယ်။

ဘုရားရှင်ရဲ့ ရုပ်ကလပ်တော်ကို တေဇောဓာတ် လောင်မြိုက်တဲ့သဘော အာရုံယူပြီး မီးပူဇော်လိုက်တာ အကောင်းဆုံး ပါပဲ။ ဒါကြောင့် လွှင့်ပစ်ရခက် ထားရခက်နေတဲ့ ဘုရားပုံတော်တွေ တရားစာအုပ်အဟောင်းတွေကို တွေ့ရာမှာဖြစ်သလို စွန့်ပစ်တာမျိုးမလုပ်ပဲ သန့်ရှင်းသပ်ရပ်တဲ့ နေရာတစ်ခုမှာ မီးပုံရှို့ပြီး မီးပူဇော်တဲ့နည်းနဲ့ ဖြေရှင်းတာဟာ အကောင်းဆုံး ဖြစ်ကြောင်း ဖြေကြားလိုက်ပါတယ်။ ဆရာတော်ပုံတွေလည်း သဘောတရား အတူတူပါပဲ။ ဘုရားရှင်ကို မီးပူဇော်တဲ့ သဘောနဲ့ ဖြေရှင်းလိုက်တာက အသင့်တော်ဆုံး နည်းလမ်းပါ။
ကသစ်ပန်း

No comments:

Post a Comment