Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, June 22, 2019

မုသားေျပာတတ္သူ မလုပ္ရဲသည့္အကုသိုလ္မရွိ


ၾကက္ဧ။္ဝမ္းတြင္းကလီစာ၌ပါေသာ သည္းေျခသည္ ေသးေသးေလးသာျဖစ္ဧ။္။ သို႔ေသာ္ ၾကက္သားခ်က္ေသာအခါ သည္းေျခမပါေအာင္ဂရုစိုက္ရဧ။္။ ပါသြားသည္နွင့္ၾကက္သားဟင္း ခါးသြားေတာ့သည္။

ထို႔အတူ လူတစ္ေယာက္အတြက္ အျခားေကာင္းကြက္မ်ား မည္မ်ွပင္ရွိေစကာမူ မုသားေျပာတတ္သည္ ဆိုတတ္သည္နွင့္ ဘယ္ေနရာမွ မသံုးၾကေတာ့ေပ။

ေကာင္းက်ိဳးမျပဳတဲ့ ၿခံဳႏြယ္လိုသစ္ပင္မ်ိဳးေတြကို ငယ္႐ြယ္စဥ္ကတည္းက ႏုတ္ပစ္ရသည္။ ႀကီးလာမွ ရွင္းရလ်ွင္ပိုမလြယ္ကူနိုင္၊ ထို႔အတူပင္ မေကာင္းတဲ့အက်င့္ဆိုးေတြကို ငယ္႐ြယ္စဥ္ကတည္းက ေဖ်ာက္ပစ္ရမည္။ မိမိသားသမီး ကေလးငယ္ေတြကို မလိမ္တတ္ေအာင္သင္ေပးရမည္။ အျပစ္လုပ္တိုင္း ရိုက္နွက္ျခင္းမျပဳပဲ အေၾကာင္းအက်ိဳးျပဆံုးမတတ္ဖို႔ လူႀကီးမ်ားတြင္တာဝန္ရွိသည္။ မိမိေဒါသကို ကေလးကိုပံုမခ်ဖို႔ အေရးႀကီးသည္။ ျပဳ ျပင္မေပးလ်ွင္ လိမ္တာကို ထမင္းစားေရေသာက္ျဖစ္သြားၿပီး လူလိမ္ လူေကာက္ ျဖစ္သြားတတ္သည္။

မုသားဟူသည္..
- မဟုတ္မမွန္ေျပာေသာ အေၾကာင္းအရာျဖစ္ျခင္း၊
- မဟုတ္မမွန္ေျပာလိုစိတ္ရွိျခင္း၊
- ေျပာလည္းေျပာျခင္း၊
-လိမ္လည္သည့္အတိုင္း သူတစ္ပါးကယံုၾကည္သြားျခင္း
စေသာအဂၤါေလးရပ္နွင့္ညီဧ။္။
တစ္ခ်ိဳ႕က သူတစ္ပါးအက်ိဳးစီးပြားပ်က္မွ မုသာဝါဒကံပ်က္သည္ဟု ယူဆၾကဧ။္။ မဟုတ္ေပ၊ သူတစ္ပါးအက်ိဳးစီးပြားပ်က္သည္ျဖစ္ေစ မပ်က္သည္ျဖစ္ေစ၊ လိမ္ေျပာသည္နွင့္ မုသာဝါဒကံပ်က္ဧ။္။ သူတစ္ပါးအက်ိဳးစီးပြားပ်က္လ်ွင္ အကုသိုလ္ ပိုႀကီးမည္။

ဗုဒၶက ရာဟုေလာဝါဒသုတ္တြင္ ခ်စ္သားရာဟုလာ မုသားကို ရယ္စရာအျဖစ္ပင္မေျပာအပ္။ အဘယ္ေၾကာင့္နည္း။ မုသားေျပာေလသူ မလုပ္ရဲသည့္အကုသိုလ္ မရွိေသာေၾကာင့္ျဖစ္ဧ။္။
ခႏၶာကိုျမင္ျခင္းနွင့္ ဒါနသီလ ဦးသိန္းေ႐ႊ
# Unicode Version # ျဖင့္ ဖတ္ပါ #

ကြက်ဧ။်ဝမ်းတွင်းကလီစာ၌ပါသော သည်းခြေသည် သေးသေးလေးသာဖြစ်ဧ။်။ သို့သော် ကြက်သားချက်သောအခါ သည်းခြေမပါအောင်ဂရုစိုက်ရဧ။်။ ပါသွားသည်နှင့်ကြက်သားဟင်း ခါးသွားတော့သည်။

ထို့အတူ လူတစ်ယောက်အတွက် အခြားကောင်းကွက်များ မည်မျှပင်ရှိစေကာမူ မုသားပြောတတ်သည် ဆိုတတ်သည်နှင့် ဘယ်နေရာမှ မသုံးကြတော့ပေ။

ကောင်းကျိုးမပြုတဲ့ ခြုံနွယ်လိုသစ်ပင်မျိုးတွေကို ငယ်ရွယ်စဉ်ကတည်းက နုတ်ပစ်ရသည်။ ကြီးလာမှ ရှင်းရလျှင်ပိုမလွယ်ကူနိုင်၊ ထို့အတူပင် မကောင်းတဲ့အကျင့်ဆိုးတွေကို ငယ်ရွယ်စဉ်ကတည်းက ဖျောက်ပစ်ရမည်။ မိမိသားသမီး ကလေးငယ်တွေကို မလိမ်တတ်အောင်သင်ပေးရမည်။ အပြစ်လုပ်တိုင်း ရိုက်နှက်ခြင်းမပြုပဲ အကြောင်းအကျိုးပြဆုံးမတတ်ဖို့ လူကြီးများတွင်တာဝန်ရှိသည်။ မိမိဒေါသကို ကလေးကိုပုံမချဖို့ အရေးကြီးသည်။ ပြု ပြင်မပေးလျှင် လိမ်တာကို ထမင်းစားရေသောက်ဖြစ်သွားပြီး လူလိမ် လူကောက် ဖြစ်သွားတတ်သည်။

မုသားဟူသည်..
- မဟုတ်မမှန်ပြောသော အကြောင်းအရာဖြစ်ခြင်း၊
- မဟုတ်မမှန်ပြောလိုစိတ်ရှိခြင်း၊
- ပြောလည်းပြောခြင်း၊
-လိမ်လည်သည့်အတိုင်း သူတစ်ပါးကယုံကြည်သွားခြင်း
စသောအင်္ဂါလေးရပ်နှင့်ညီဧ။်။
တစ်ချို့က သူတစ်ပါးအကျိုးစီးပွားပျက်မှ မုသာဝါဒကံပျက်သည်ဟု ယူဆကြဧ။်။ မဟုတ်ပေ၊ သူတစ်ပါးအကျိုးစီးပွားပျက်သည်ဖြစ်စေ မပျက်သည်ဖြစ်စေ၊ လိမ်ပြောသည်နှင့် မုသာဝါဒကံပျက်ဧ။်။ သူတစ်ပါးအကျိုးစီးပွားပျက်လျှင် အကုသိုလ် ပိုကြီးမည်။

ဗုဒ္ဓက ရာဟုလောဝါဒသုတ်တွင် ချစ်သားရာဟုလာ မုသားကို ရယ်စရာအဖြစ်ပင်မပြောအပ်။ အဘယ်ကြောင့်နည်း။ မုသားပြောလေသူ မလုပ်ရဲသည့်အကုသိုလ် မရှိသောကြောင့်ဖြစ်ဧ။်။
ခန္ဓာကိုမြင်ခြင်းနှင့် ဒါနသီလ ဦးသိန်းရွှေ

No comments:

Post a Comment