CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, June 11, 2019
(Unicode Version)
မော်လမြိုင်မြို့ မြိုင်သာယာ အလက ၆ မှ ကျောင်းသား ၄ ယောက် ပျောက်ဆုံးနေ
ယနေ့နံနက်ပိုင်းက နေအိမ်မှ ကျောင်းသွားကြသည့် ၉ တန်း ကျောင်းသား (၂)ဦး နှင့် ၇တန်းကျောင်းသား (၂)ဦးတို့ဖြစ်ကြသော
မောင်ထွန်းထွန်း (၉)တန်း။ မောင်သိန်းစိုး (၉)တန်း။ မောင်စိုးနိုင် (၇)တန်း။ မောင်သားငယ် (၇)တန်း တို့ (၄)ဦးသည် ကျောင်းသို့ရောက်ရှိလာခြင်းလဲမရှိ။ ယခုအချိန်ထိလဲ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိ။ လိုက်ရှာလို့လဲမတွေ့ပဲ အဆက်အသွယ်မရ ပျောက်ဆုံးနေကြသဖြင့် မိဘ ဆရာများမှ စိုးရိမ်ပူပန်ပြီး လက်ရှိ မြိုင်သာယာရဲစခန်းတွင် တိုင်ချက်သွားရောက် ဖွင့်လှစ်ထားပြီးဟုလည်း သိရပါသည်။
သို့ဖြစ်ပါ၍ ဖော်ပြပါ ကလေးငယ်များအား တွေ့ရှိကြပါက အမြန်ဆုံး ဆက်သွယ် အကြောင်းကြားပေးနိုင်ကြပါရန် မိဘများကိုယ်စား အကူအညီတောင်းခံအပ်ပါသည်ခင်ဗျား။
09 791496308၊ 09 442158281၊ 09 968446565
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 11, 2019
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 11, 2019
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment