Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, June 12, 2019

အိမ္ဦးနတ္ ဟုေခၚထိုက္သူသည္

မိမိ၏ ဇနီးသည္ထက္ အဆေပါင္းမ်ားစြာေခ်ာေမာလွပသူကို ျမင္ေတြ႕ေနပါေစ။Sexy ေတြ က်ေနစမ္းပါေစ။ အီစီကလီေတြ လာထုေနပါေစ။ဘယ္လိုပင္ ဟန္ေရးလာျပေနပါေစဦးေတာ့။ကိုယ့္ဇနီးသည္ကလြဲရင္ က်န္တဲ့ မိန္းခေလးမ်ားကိုဖုတ္ေလတဲ့ငါးပိ ရွိတယ္လို႔ေတာင္ မထင္တတ္ပါ။

မိမိ၏ ဇနီးသည္ကိုသာ ဂ႐ုစိုက္ ၾကင္နာေလ့ရွိတတ္ၾကပီးအျခားေသာ မိန္းခေလးမ်ားႏွင့္ ခပ္ခြာခြာ ခပ္တန္းတန္းသာ ေနေလ့ရွိၾကပါတယ္။စကားေျပာဆိုဆက္ဆံရာမွာလည္း လိုအပ္သည္ထက္ေရာေရာေႏွာေႏွာ ေျပာဆိုဆက္ဆံျခင္း၊ဟိုပုတ္ ဒီပုတ္ အသားယူျခင္းမ်ိဳး မရွိၾကပါဘူး။

မိမိရဲ႕ ေခၽြးစက္ေတြနဲ႕ မိသားစုရဲ႕စားဝတ္ေနေရး အတြက္ ဖန္တီးေပးရေသာ္ျငားၿငိဳျငင္ျခင္း မရွိ။ ျငဴစူျခင္း မရွိ။ ေစာင္းေျမာင္းျခင္းမရွိ။ေစတနာ စြမ္းအားေၾကာင့္ ပီတိေတြ ျဖာေနတတ္ၾကတယ္။

ကိုယ့္ ဇနီးသည္ကို မ်က္ရည္က်ေအာင္ရင္ထဲ ႏွလံုးသားထဲ နာက်င္သြားေအာင္ဘယ္ေသာခါမွ ေျပာေလ့ မရွိ။ လုပ္ေလ့မရွိပါ။

အိမ္ေထာင္သက္ ၾကာလာေသာ္ျငားၾကင္နာ ေႏြးေထြးေသာ အရိပ္အေယာင္မ်ားသက္ဆံုးတိုင္ ေပ်ာက္ကြယ္ မသြားတတ္။

ဇနီးသည္ရဲ႕ အႀကိဳက္ကို သိတယ္။ဇနီးသည္ရဲ႕ အၾကည့္ကို သိတယ္။
ဇနီးသည္ရဲ႕အမွားကို ေဒါသႏွင့္ မျပဳျပင္။ေမတၱာနဲ႔သာ ျပဳျပင္ေပးေလ့ရွိပါတယ္။
ဇနီးသည္ရဲ႕ ကြယ္ရာေရာက္ေနပါေစ။သစၥာတရားကို ႏွလံုးသားထဲ ထည့္ထားတတ္ၾကတယ္။
ဇနီးသည္ နာမက်န္းျဖစ္တဲ့အခါသနားၾကင္နာစြာနဲ႔ ယုယုယယ ျပဳစုေပးတတ္ၾကတယ္။
Messenger မွ အျခားေသာ မိန္းခေလးေတြ စာလာ Chat ရင္ျပန္ မ Chat ပဲ ကိုယ့္ ဇနီးကို လာျပၾကတယ္။
ဘယ္ဖုန္းလာလာ Speaker ဖြင့္ေျပာရဲတယ္။ဖုန္း Password ကိုလည္း ေျပာျပထားတယ္။
မိမိ မိသားစု ေပ်ာ္ရႊင္ၿငိမ္းခ်မ္းမႈ႕ကိုသာ အေရးေပးေလ့ရွိတတ္ပီးျပင္ပတြင္ အေပ်ာ္ရွာျခင္းမ်ိဳးကို ႏွစ္သက္ေလ့မရွိ။
အနာဂတ္ ရည္မွန္းခ်က္ထဲမွာ မိသားစု ကမ႓ာေလး သာယာလွပ ေအးခ်မ္းေနဖို႔သာ အဓိက ထားပါတယ္။
မိမိကိုယ္တိုင္ ဗုဒၶအဆံုးအမေအာက္မွာ ေနထိုင္ေလ့ရွိပီး မိသားစုကိုပါ လက္တြဲေခၚသူျဖစ္တယ္။
သို႔မွသာ—
အိမ္ဦးနတ္ အစစ္ျဖစ္တယ္။ အိမ္ဦးနတ္ နာမည္ခံထိုက္တယ္။အိမ္ဦးနတ္လို႔ ေခၚထိုက္တယ္။
May Htut Khaung
# Unicode Version # ျဖင့္ ဖတ္ပါ #

မိမိ၏ ဇနီးသည်ထက် အဆပေါင်းများစွာချောမောလှပသူကို မြင်တွေ့နေပါစေ။Sexy တွေ ကျနေစမ်းပါစေ။ အီစီကလီတွေ လာထုနေပါစေ။ဘယ်လိုပင် ဟန်ရေးလာပြနေပါစေဦးတော့။ကိုယ့်ဇနီးသည်ကလွဲရင် ကျန်တဲ့ မိန်းခလေးများကိုဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင် မထင်တတ်ပါ။

မိမိ၏ ဇနီးသည်ကိုသာ ဂရုစိုက် ကြင်နာလေ့ရှိတတ်ကြပီးအခြားသော မိန်းခလေးများနှင့် ခပ်ခွာခွာ ခပ်တန်းတန်းသာ နေလေ့ရှိကြပါတယ်။စကားပြောဆိုဆက်ဆံရာမှာလည်း လိုအပ်သည်ထက်ရောရောနှောနှော ပြောဆိုဆက်ဆံခြင်း၊ဟိုပုတ် ဒီပုတ် အသားယူခြင်းမျိုး မရှိကြပါဘူး။

မိမိရဲ့ ချွေးစက်တွေနဲ့ မိသားစုရဲ့စားဝတ်နေရေး အတွက် ဖန်တီးပေးရသော်ငြားငြိုငြင်ခြင်း မရှိ။ ငြူစူခြင်း မရှိ။ စောင်းမြောင်းခြင်းမရှိ။စေတနာ စွမ်းအားကြောင့် ပီတိတွေ ဖြာနေတတ်ကြတယ်။

ကိုယ့် ဇနီးသည်ကို မျက်ရည်ကျအောင်ရင်ထဲ နှလုံးသားထဲ နာကျင်သွားအောင်ဘယ်သောခါမှ ပြောလေ့ မရှိ။ လုပ်လေ့မရှိပါ။

အိမ်ထောင်သက် ကြာလာသော်ငြားကြင်နာ နွေးထွေးသော အရိပ်အယောင်များသက်ဆုံးတိုင် ပျောက်ကွယ် မသွားတတ်။

ဇနီးသည်ရဲ့ အကြိုက်ကို သိတယ်။ဇနီးသည်ရဲ့ အကြည့်ကို သိတယ်။

ဇနီးသည်ရဲ့အမှားကို ဒေါသနှင့် မပြုပြင်။မေတ္တာနဲ့သာ ပြုပြင်ပေးလေ့ရှိပါတယ်။

ဇနီးသည်ရဲ့ ကွယ်ရာရောက်နေပါစေ။သစ္စာတရားကို နှလုံးသားထဲ ထည့်ထားတတ်ကြတယ်။

ဇနီးသည် နာမကျန်းဖြစ်တဲ့အခါသနားကြင်နာစွာနဲ့ ယုယုယယ ပြုစုပေးတတ်ကြတယ်။

Messenger မှ အခြားသော မိန်းခလေးတွေ စာလာ Chat ရင်ပြန် မ Chat ပဲ ကိုယ့် ဇနီးကို လာပြကြတယ်။

ဘယ်ဖုန်းလာလာ Speaker ဖွင့်ပြောရဲတယ်။ဖုန်း Password ကိုလည်း ပြောပြထားတယ်။

မိမိ မိသားစု ပျော်ရွှင်ငြိမ်းချမ်းမှု့ကိုသာ အရေးပေးလေ့ရှိတတ်ပီးပြင်ပတွင် အပျော်ရှာခြင်းမျိုးကို နှစ်သက်လေ့မရှိ။

အနာဂတ် ရည်မှန်းချက်ထဲမှာ မိသားစု ကမ္ဘာလေး သာယာလှပ အေးချမ်းနေဖို့သာ အဓိက ထားပါတယ်။

မိမိကိုယ်တိုင် ဗုဒ္ဓအဆုံးအမအောက်မှာ နေထိုင်လေ့ရှိပီး မိသားစုကိုပါ လက်တွဲခေါ်သူဖြစ်တယ်။

သို့မှသာ—

အိမ်ဦးနတ် အစစ်ဖြစ်တယ်။ အိမ်ဦးနတ် နာမည်ခံထိုက်တယ်။အိမ်ဦးနတ်လို့ ခေါ်ထိုက်တယ်။
May Htut Khaung

No comments:

Post a Comment