Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, June 16, 2019

ႏွစ္ ၉၀ စကားဝါပင္ႀကီးကုိ …တရုတ္ျပည္သုိ႔… ေငြ ၆ သိန္းနဲ႔ ေရာင္းစားမႈ… ေက်ာက္မဲနယ္တြင္ ျဖစ္ပြား


ျမန္ မာေ တြရဲ႕ သယံဇာတေတြကေတာ့ တခုၿပီး တခု သူမ်ားေနာက္ ပါေနပါတယ္ ခင္ဗ်ာ။ အခုတႀကိမ္လည္း သက္တမ္း ႏွစ္ ၉၀ ေလာက္ရွိတဲ့ စကား ဝါပင္ႀကီးကုိ ေငြ ၆ သိန္းထဲနဲ႔ ခုတ္ေရာင္းလုိက္ၾက ျပန္ပါၿပီ။ ေငြ ၆ သိန္းဆုိတာ ဖုန္း တလံုးစာ ပဲ ရွိသလုိ မိသားစု ၄ ဦး ရွိတဲ့ မိသားစုတစု တလ စားေ သာက္ စရိတ္ပဲ ရွိပါတယ္။ ဒီ မျဖစ္စေလာက္ ေငြေလးနဲ႔ သဘာဝ ပတ္ဝန္းက်င္ကုိ ထိခုိက္ေစမယ့္ လုပ္ရပ္ကုိ လုပ္ရတာဟာ ျပည္သူေတြ ဆင္းရဲခ်ဳိ႕တဲ့မႈနဲ႔ အသိပညာ မၾကြယ္ဝမႈကုိ သက္ေသ အထင္အရွား ျပေနတာပါပဲ။ တာဝန္ရွိ အာဏာပုိင္မ်ားလည္း တားဆီးေပးၾကပါလို႔ တုိက္တြန္းလုိပါတယ္။ မူရင္း post ကုိ ဆက္လက္ ေဖာ္ျပ လုိက္ပါတယ္-
ေက်ာက္ မဲနယ္က စကားဝါပင္ တရုတ္နုိင္ငံသို႔ထြက္ခြါရန္ျပင္ဆင္၊ ျမင္ရတာ စိတ္မခ်မ္းသာလုိက္တာ နွစ္ေပါင္း ၈၀ ၉၀ သက္တမ္းကို ေငြေျခာက္သိန္းအတြက္နဲ႔ အျမစ္ျဖတ္ရက္ၾကတယ္ေနာ္။

ေက်ာက္ မဲျမိဳ႕မန္ေအာ္ေက်းရြာတြင္ နတ္စင္ေဟာင္းႏွင့္ နတ္စင္သစ္ ႏွစ္ခုရွိရာ ရြာအဝင္ နတ္စင္ေဟာင္းအနီးတြင္ သဘာဝ ေပါက္ပင္ စကားဝါပင္ႀကီးမွာ ခုတ္ လွဲျခင္း ခံလိုက္ရပါျပီ။ ခုတ္လွဲျခင္းခံရေသာ စကားဝါပင္ႀကီးမွာ ထိုေဒသ န္းက်င္ အနီး တြင္ အႀကီးဆံုးအပင္ႀကီးျဖစ္ပါသည္။လံုးပတ္ ၁၅ေပေက်ာ္ျပီး အရွည္၅၇ေပခန္႔ရွိပါသည္။

ထို အ ပင္ကို က်ပ္ေျခာက္သိန္းျဖင့္ေရာင္းခ့ဲျပီး ဝယ္သူမွာပန္ဟတ္ရြာမွ တရုပ္လူမ်ိဳးဟုသိရပါသည္။ လက္ရွိနတ္စင္အနီးတြင္ လည္း လံုးပတ္၁၇ေပခြဲ တပင္ႏွင့္ လံုးပတ္၁၂ေပ၁၃ေပခန္႔ ႏွစ္ပင ္(စကားဝါပင္) က်န္ေနပါေသးသည္။ ပန္က်ိဳင္းတံတား အနီး လီေရွာရြာဝန္းက်င္ရွိသစ္မ်ားကိုလဲ ပန္ဟတ္ရြာမွ သစ္မုဆိုးမ်ား ခုတ္လွဲ ေရာင္းပစ္ေသာေႀကာင့္ ေတာမရွိေတာ့ပါ။ တာဝန္ရိွသူ မ်ားအေရးယူထိန္းသိမ္းေပးပါရန္ ႏိုးေဆာ္ပါသည္။
ျဖစ္ရပ္မွန္ (ေလးစားစြာျဖင့္ ခရက္ဒစ္)





Unicode Version
နှစ် ၉၀ စကားဝါပင်ကြီးကို တရုတ်ပြည်သို့ ငွေ ၆ သိန်းနဲ့ ရောင်းစားမှု ကျောက်မဲနယ်တွင် ဖြစ်ပွား

မြန်မာတွေရဲ့ သယံဇာတတွေကတော့ တခုပြီး တခု သူများနောက် ပါနေပါတယ် ခင်ဗျာ။ အခုတကြိမ်လည်း သက်တမ်း နှစ် ၉၀ လောက်ရှိတဲ့ စကားဝါပင်ကြီးကို ငွေ ၆ သိန်းထဲနဲ့ ခုတ်ရောင်းလိုက်ကြ ပြန်ပါပြီ။ ငွေ ၆ သိန်းဆိုတာ ဖုန်း တလုံးစာ ပဲ ရှိသလို မိသားစု ၄ ဦး ရှိတဲ့ မိသားစုတစု တလ စားသောက် စရိတ်ပဲ ရှိပါတယ်။ ဒီ မဖြစ်စလောက် ငွေလေးနဲ့ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေမယ့် လုပ်ရပ်ကို လုပ်ရတာဟာ ပြည်သူတွေ ဆင်းရဲချို့တဲ့မှုနဲ့ အသိပညာ မကြွယ်ဝမှုကို သက်သေ အထင်အရှား ပြနေတာပါပဲ။ တာဝန်ရှိ အာဏာပိုင်များလည်း တားဆီးပေးကြပါလို့ တိုက်တွန်းလိုပါတယ်။ မူရင်း post ကို ဆက်လက် ဖော်ပြ လိုက်ပါတယ်-



ကျောက်မဲနယ်က စကားဝါပင် တရုတ်နိုင်ငံသို့ထွက်ခွါရန်ပြင်ဆင်၊ မြင်ရတာ စိတ်မချမ်းသာလိုက်တာ နှစ်ပေါင်း ၈၀ ၉၀ သက်တမ်းကို ငွေခြောက်သိန်းအတွက်နဲ့ အမြစ်ဖြတ်ရက်ကြတယ်နော်။

ကျောက်မဲမြို့မန်အော်ကျေးရွာတွင် နတ်စင်ဟောင်းနှင့် နတ်စင်သစ် နှစ်ခုရှိရာ ရွာအဝင် နတ်စင်ဟောင်းအနီးတွင် သဘာဝ ပေါက်ပင် စကားဝါပင်ကြီးမှာ ခုတ်လှဲခြင်း ခံလိုက်ရပါပြီ။ ခုတ်လှဲခြင်းခံရသော စကားဝါပင်ကြီးမှာ ထိုဒေသ န်းကျင် အနီး တွင် အကြီးဆုံးအပင်ကြီးဖြစ်ပါသည်။လုံးပတ် ၁၅ပေကျော်ပြီး အရှည်၅၇ပေခန့်ရှိပါသည်။



ထိုအပင်ကို ကျပ်ခြောက်သိန်းဖြင့်ရောင်းခဲ့ပြီး ဝယ်သူမှာပန်ဟတ်ရွာမှ တရုပ်လူမျိုးဟုသိရပါသည်။ လက်ရှိနတ်စင်အနီးတွင် လည်း လုံးပတ်၁၇ပေခွဲ တပင်နှင့် လုံးပတ်၁၂ပေ၁၃ပေခန့် နှစ်ပင ်(စကားဝါပင်) ကျန်နေပါသေးသည်။ ပန်ကျိုင်းတံတား အနီး လီရှောရွာဝန်းကျင်ရှိသစ်များကိုလဲ ပန်ဟတ်ရွာမှ သစ်မုဆိုးများ ခုတ်လှဲ ရောင်းပစ်သောကြောင့် တောမရှိတော့ပါ။ တာဝန်ရှိသူ များအရေးယူထိန်းသိမ်းပေးပါရန် နိုးဆော်ပါသည်။

ဖြစ်ရပ်မှန် (လေးစားစွာဖြင့် ခရက်ဒစ်)

No comments:

Post a Comment