Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, June 3, 2019

အသုဘပို႔ၿပီး ျပန္လာရင္ တေရာ္ကင္ပြန္းျဖင့္ လက္ေဆးရသည့္ အေၾကာင္းအရင္း


ဒြတၲေဘာင္ မင္းၾကီးဟာ စစ္တိုက္ျပီးျပန္လာေတာ့ ပန္ထြာမင္းသမီးရဲ့တိုင္းျပည္မွာတစ္ည၀င္ အိပ္ခဲ့တယ္။ပန္ထြာမင္းသမီးဟာ မင္းၾက္ီးဘုန္းကံနိမ့္ေအာင္ ဆိုျပီး မီးေနသည္ထမီနဲ႕ရက္လုပ္ထားတဲ့ မ်က္ႏွာသုတ္ပဝါကို မ်က္ႏွာသုတ္ဖို႕ေပးခဲ့တယ္။မင္းၾကီးလည္း အဲဒီမ်က္ႏွာသုတ္ပ၀ါကိုမ်က္ႏွာသုတ္လိုက္ တာဘုန္းနိမ့္ျပီးနဖူးကမွည့္ရွင္ ဟာကြယ္ခဲ့တယ္။

မင္းၾကီးလည္းဘုန္းနိမ့္မွန္းသိျပီးျပန္လာခဲ့တယ္။လမ္းေရာက္ေတာ့ မိုးရြာတဲ့အတြက္ တေရာ္ပင္ ေအာက္မွာမိုး၀င္ ခိုခဲ့တယ္။တေရာ္ ကင္းပြန္းက စီးက်လာတဲ့ မိုးေရဟာမင္းၾကီးအ ေပၚက်ျပီးဘုန္းက်က္သ ေရရွိေစတဲ့မွဲ႔ရွင္ ဟာျပန္ေပၚလာခဲ့တယ္။မင္းၾကီးလည္း တေရာ္ဟာ ဘုန္းက်က္သ ေရရွိေစတယ္ ဆိုျပီး ဦးေခါင္းေဆး မဂၤလာကို မၾကာခဏ လုပ္ေပးတာကစျပီး ျမန္မာဘုရင္ အဆက္ဆက္ဟာ တေရာ္ကင္းပြန္းနဲ႕ ဦးေခါင္းေဆးမဂၤလာကို ျပဳလုပ္တဲ့ အယူအဆ ေပၚေပါက္ခဲ့တယ္။

ကင္းပြန္းသီး ရဲ့ အာနိသင္ က အပုပ္အစပ္ႏိုင္ တာပါ။ဘယ္ေလာက္ပဲ့ အပုပ္နံ႕ နံပါေစ ကင္းပြန္းသီး ကို မီးၿမိႇဳက္လိုက္ ရင္ အပုပ္နံ အားလံုး ေပ်ာက္ကြယ္သြားပါတယ္။ဒါေၾကာင့္ ဦးေခါင္းကအနံ႕ကိုေပ်ာက္ေအာင္ ကင္းပြန္းသီးက စြမ္းေဆာင္ ႏိုင္ျပီး ဘုန္းက်က္သ ေရရွိဖို႕ကို တ ေရာ္က စြမ္းေဆာင္ ေပးပါတယ္။အဲဒါေၾကာင့္ ျမန္မာလူမ်ိဳးေတြဟာ အသုဘပို႔ ျပန္လာတဲ့အခါေတြ မီးေနသည္အိမ္က ျပန္လာတဲ့အခါေတြမွာ တ ေရာ္ကင္းပြန္းကို အသံုးျပဳၾကတာ ဒီေန႕အထိပါပဲ။
ဦးျမင့္ခိုင္ (စိတ္ပညာ)

#Unicode Version# ျဖင့္ဖတ္ပါ ။

ဒွတ္တဘောင် မင်းကြီးဟာ စစ်တိုက်ပြီးပြန်လာတော့ ပန်ထွာမင်းသမီးရဲ့တိုင်းပြည်မှာတစ်ညဝင် အိပ်ခဲ့တယ်။ပန်ထွာမင်းသမီးဟာ မင်းြက်ီးဘုန်းကံနိမ့်အောင် ဆိုပြီး မီးနေသည်ထမီနဲ့ရက်လုပ်ထားတဲ့ မျက်နှာသုတ်ပဝါကို မျက်နှာသုတ်ဖို့ပေးခဲ့တယ်။မင်းကြီးလည်း အဲဒီမျက်နှာသုတ်ပဝါကိုမျက်နှာသုတ်လိုက် တာဘုန်းနိမ့်ပြီးနဖူးကမှည့်ရှင် ဟာကွယ်ခဲ့တယ်။

မင်းကြီးလည်းဘုန်းနိမ့်မှန်းသိပြီးပြန်လာခဲ့တယ်။လမ်းရောက်တော့ မိုးရွာတဲ့အတွက် တရော်ပင် အောက်မှာမိုးဝင် ခိုခဲ့တယ်။တရော် ကင်းပွန်းက စီးကျလာတဲ့ မိုးရေဟာမင်းကြီးအ ပေါ်ကျပြီးဘုန်းကျက်သ ရေရှိစေတဲ့မှဲ့ရှင် ဟာပြန်ပေါ်လာခဲ့တယ်။မင်းကြီးလည်း တရော်ဟာ ဘုန်းကျက်သ ရေရှိစေတယ် ဆိုပြီး ဦးခေါင်းဆေး မင်္ဂလာကို မကြာခဏ လုပ်ပေးတာကစပြီး မြန်မာဘုရင် အဆက်ဆက်ဟာ တရော်ကင်းပွန်းနဲ့ ဦးခေါင်းဆေးမင်္ဂလာကို ပြုလုပ်တဲ့ အယူအဆ ပေါ်ပေါက်ခဲ့တယ်။

ကင်းပွန်းသီး ရဲ့ အာနိသင် က အပုပ်အစပ်နိုင် တာပါ။ဘယ်လောက်ပဲ့ အပုပ်နံ့ နံပါစေ ကင်းပွန်းသီး ကို မီးမြှိုက်လိုက် ရင် အပုပ်နံ အားလုံး ပျောက်ကွယ်သွားပါတယ်။ဒါကြောင့် ဦးခေါင်းကအနံ့ကိုပျောက်အောင် ကင်းပွန်းသီးက စွမ်းဆောင် နိုင်ပြီး ဘုန်းကျက်သ ရေရှိဖို့ကို တ ရော်က စွမ်းဆောင် ပေးပါတယ်။အဲဒါကြောင့် မြန်မာလူမျိုးတွေဟာ အသုဘပို့ ပြန်လာတဲ့အခါတွေ မီးနေသည်အိမ်က ပြန်လာတဲ့အခါတွေမှာ တ ရော်ကင်းပွန်းကို အသုံးပြုကြတာ ဒီနေ့အထိပါပဲ။
ဦးမြင့်ခိုင် (စိတ်ပညာ)

No comments:

Post a Comment