Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, June 4, 2019

မဖတ္ဘဲ ေက်ာ္သြားရင္ေတာ့……….သင္…. ဘာမွ သိလိုက္မွာ မဟုတ္ပါဘူး….

ကိုယ့္လက္ထဲမွာပိုက္ဆံတစ္ျပားမွမရွိတဲ့အခါ …ေလာကၾကီးကသင့္ကိုလူေတြအေၾကာင္း သင္ေပးသြားပါလိမ့္မယ္။သင္ဆံုးရွံုးမႈေတြနဲ႔ရင္ဆိုင္ရျပီးဆင္းရဲမြဲေတေနတဲ့အခိုက္မွာ…
စစ္မွန္ပါတယ္ဆိုတဲ့ မိတ္ေဆြေတြဆိုတာခင္မင္လွပါတယ္ဆိုတဲ့ မိတ္ေဆြေတြဆိုတာ
စာနာပါတယ္ဆိုတဲ့ မိတ္ေဆြေတြဆိုတာဘယ္လိုမ်ိဳးလဲ သင့္ကို သင္ၾကားေပးပါလိမ့္မယ္။

အဆင္ေျပေနတဲ့အခ်ိန္…လက္ခုပ္၀ိုင္းတီးေပးတဲ့ မိတ္ေဆြထက္အဆင္မေျပတဲ့အခါ ႏွစ္သိမ့္စကားတစ္ခြန္းေျပာေပးတဲ့မိတ္ေဆြက ပိုတန္ဖိုးရွိပါတယ္ ။
ျပႆနာတိုင္းက သင့္ကို…အဆံုးသတ္ဖို႔ျဖစ္ေစတာမဟုတ္ဘူးတကယ္ေတာ့သင့္ကို လမ္းညႊန္ေပးတဲ့
အရာေတြပါ။

အဆိုးေတြအားလံုးက သင့္ကို…အရွံုးေပးဖို႔ျဖစ္ေစတာမဟုတ္ဘူးတကယ္ေတာ့သင့္ကို
အေကာင္းဖက္ဘယ္လိုသြားရမလဲသင္ျပေပးေနၾကတာပါ။ရုန္းကန္မႈအားလံုးက
သင့္ကို စိတ္ဓါတ္က်ေစဖို႔ျဖစ္ေစတာမဟုတ္ဘူး။တကယ္ေတာ့သင့္ကို
ေအာင္ျမင္ျခင္းကို ဘယ္လို ယူရမလဲသင္ျပေပးေနၾကတာပါ။လြယ္လြယ္အရွံုးမေပးတတ္ဘူးဆို
အရာရာ သင့္လက္ထဲမွာ ပါပဲ ။

သူတစ္ပါးရဲ႕လုပ္ရပ္ေၾကာင့္ကိုယ္ထိခိုက္ရေပမယ့္…ကိုယ့္လုပ္ရပ္ေၾကာင့္
သူတစ္ပါးကို မထိခိုက္ေစနဲ႔။သူတစ္ပါး စကားေၾကာင့္ကိုယ္စိတ္ဆင္းရဲရေပမယ့္…
ကိုယ့္စကားတစ္ခြန္းေၾကာင့္သူတစ္ပါးစိတ္မဆင္းရဲေစနဲ႔။သူတစ္ပါးေၾကာင့္ကိုယ္မ်က္ရည္က်ရေပမယ့္…ကိုယ့္ေၾကာင့္…သူတစ္ပါးမ်က္ရည္မက်ေစနဲ႔ ။

“ ေလာကၾကီးမွာလူေတြအားလံုးက အျမင့္ကိုေရာက္ဖို႔ေလွကားေတြကိုနင္းတက္ၾကတယ္။
ဒါေပမယ့္ အဲ့ဒီေလွကားေတြကိုေက်းဇူးတင္ရေကာင္းမွန္းမသိၾကဘူး ”“ အျမင့္မွာ ပ်ံသန္းေနတဲ့စြန္ဟာသူ႔ကို ၾကိဳးနဲ႔ခ်ီျပီး ေျမျပင္ကေနရစ္ဘီးေလးကိုင္လို႔ ေမွ်ာ္ၾကည့္ေနသူကို
ေမ့ေနတတ္တယ္ ”

“ ကိုယ့္ဘ၀ရဲ႕ တန္ဖိုးကိုယ္ဘယ္လို ျဖစ္လာသလဲဆိုတာဘယ္ေနရာေရာက္ေရာက္…
ဘယ္အေျခအေနမွာျဖစ္ျဖစ္…မေမ့ဖို႔အေရးအၾကီးဆံုးပါပဲ ”သုညဆိုတာ
သူ႔ဘာသာေနရင္ေတာ့…တန္ဖိုးမရွိဘူးထင္ၾကလိမ့္မယ္။ဒါေပမယ့္ သူ႔ေရွ႕က ဂဏန္းေတြကိုေတာ့ တန္ဖိုးအျမင့္ဆံုးေရာက္ေအာင္ျမွင့္တင္ေပးႏုိင္ပါတယ္။
သက္တန္႔ခ်ိဳ .
# Unicode Version # ျဖင့္ ဖတ္ပါ #

ကိုယ့်လက်ထဲမှာပိုက်ဆံတစ်ပြားမှမရှိတဲ့အခါ …လောကကြီးကသင့်ကိုလူတွေအကြောင်း သင်ပေးသွားပါလိမ့်မယ်။သင်ဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်ရပြီးဆင်းရဲမွဲတေနေတဲ့အခိုက်မှာ…
စစ်မှန်ပါတယ်ဆိုတဲ့ မိတ်ဆွေတွေဆိုတာခင်မင်လှပါတယ်ဆိုတဲ့ မိတ်ဆွေတွေဆိုတာ
စာနာပါတယ်ဆိုတဲ့ မိတ်ဆွေတွေဆိုတာဘယ်လိုမျိုးလဲ သင့်ကို သင်ကြားပေးပါလိမ့်မယ်။

အဆင်ပြေနေတဲ့အချိန်…လက်ခုပ်ဝိုင်းတီးပေးတဲ့ မိတ်ဆွေထက်အဆင်မပြေတဲ့အခါ နှစ်သိမ့်စကားတစ်ခွန်းပြောပေးတဲ့မိတ်ဆွေက ပိုတန်ဖိုးရှိပါတယ် ။
ပြဿနာတိုင်းက သင့်ကို…အဆုံးသတ်ဖို့ဖြစ်စေတာမဟုတ်ဘူးတကယ်တော့သင့်ကို လမ်းညွှန်ပေးတဲ့
အရာတွေပါ။

အဆိုးတွေအားလုံးက သင့်ကို…အရှုံးပေးဖို့ဖြစ်စေတာမဟုတ်ဘူးတကယ်တော့သင့်ကို
အကောင်းဖက်ဘယ်လိုသွားရမလဲသင်ပြပေးနေကြတာပါ။ရုန်းကန်မှုအားလုံးက
သင့်ကို စိတ်ဓါတ်ကျစေဖို့ဖြစ်စေတာမဟုတ်ဘူး။တကယ်တော့သင့်ကို
အောင်မြင်ခြင်းကို ဘယ်လို ယူရမလဲသင်ပြပေးနေကြတာပါ။လွယ်လွယ်အရှုံးမပေးတတ်ဘူးဆို
အရာရာ သင့်လက်ထဲမှာ ပါပဲ ။

သူတစ်ပါးရဲ့လုပ်ရပ်ကြောင့်ကိုယ်ထိခိုက်ရပေမယ့်…ကိုယ့်လုပ်ရပ်ကြောင့်
သူတစ်ပါးကို မထိခိုက်စေနဲ့။သူတစ်ပါး စကားကြောင့်ကိုယ်စိတ်ဆင်းရဲရပေမယ့်…
ကိုယ့်စကားတစ်ခွန်းကြောင့်သူတစ်ပါးစိတ်မဆင်းရဲစေနဲ့။သူတစ်ပါးကြောင့်ကိုယ်မျက်ရည်ကျရပေမယ့်…ကိုယ့်ကြောင့်…သူတစ်ပါးမျက်ရည်မကျစေနဲ့ ။

“ လောကကြီးမှာလူတွေအားလုံးက အမြင့်ကိုရောက်ဖို့လှေကားတွေကိုနင်းတက်ကြတယ်။
ဒါပေမယ့် အဲ့ဒီလှေကားတွေကိုကျေးဇူးတင်ရကောင်းမှန်းမသိကြဘူး ”“ အမြင့်မှာ ပျံသန်းနေတဲ့စွန်ဟာသူ့ကို ကြိုးနဲ့ချီပြီး မြေပြင်ကနေရစ်ဘီးလေးကိုင်လို့ မျှော်ကြည့်နေသူကို
မေ့နေတတ်တယ် ”

“ ကိုယ့်ဘဝရဲ့ တန်ဖိုးကိုယ်ဘယ်လို ဖြစ်လာသလဲဆိုတာဘယ်နေရာရောက်ရောက်…
ဘယ်အခြေအနေမှာဖြစ်ဖြစ်…မမေ့ဖို့အရေးအကြီးဆုံးပါပဲ ”သုညဆိုတာ
သူ့ဘာသာနေရင်တော့…တန်ဖိုးမရှိဘူးထင်ကြလိမ့်မယ်။ဒါပေမယ့် သူ့ရှေ့က ဂဏန်းတွေကိုတော့ တန်ဖိုးအမြင့်ဆုံးရောက်အောင်မြှင့်တင်ပေးနိုင်ပါတယ်။
သက်တန့်ချို .

No comments:

Post a Comment