Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, June 11, 2019

ပဒူေကာင္ …အႏၱရာယ္ႏွင့္… အတုပ္ခံရပါက.. ေဆာင္ရန္၊ ေရွာင္ရန္ ..အခ်က္မ်ား


လြန္ ခဲ႔တဲ႔ ၆ႏွစ္က ရန္ကုန္ ကုတင္၅၀၀ ေဆးရုံနဲ႔ တစ္ကီလိုမီတာ မကြာတဲ႔ေနရာ လမ္းမေတာ္ ၁ မ်က္ႏွာခ်င္းဆိုင္ church ေက်ာင္းဝင္းထဲမွာ လူတစ္ဦး ပဒူတုပ္လို႔ hornet bite ေႀကာင့္ ေသတယ္။

ဒီ လို မိုးဦးက် ဇြန္လမွာပါပဲ။ အဲဒီအခ်ိန္က ပဒူေကာင္ ဘယ္လိုအႏၲရာယ္ရွိတယ္ ေရးထားခဲ႔တာေတာင္ ခုရက္ပိုင္း ျပန္တင္ေပးထားပါတယ္။

တို တိုေျပာရင္ ကိုက္တဲ႔ ပဒူေကာင္ကို ရိုက္မိတာနဲ႔ သူ႔ဆီက pheromone ဆိုတဲ႔ ဓါတ္တစ္ခု အနံ႔ တစ္ခုထြက္လာတယ္။ ဒီအနံ႔ဟာ ပဒူအုံက က်န္ ပဒူေကာင္ေတြကို “ငါတို႔ရန္သူ
ေရာက္ေနျပီ တိုက္ခိုက္ႀက” လို႔ တပ္လွန္႔သံပါပဲ။ ဒါေႀကာင့္ အုံနဲ႔က်င္း နဲ႔ ဝိုင္းကိုက္ႀကတာပါ။ ေျပးလို႔မလြတ္ပါဘူး။ ေဆာင္ရန္ေရွာင္ရန္ အေသးစိတ္ေရးထားလို႔ သိခ်င္ရင္ ျပန္ရွာ ဖတ္ပါ။ (1st comment မွာ Link ေပးထားပါမယ္။)

ခုေျပာျပမွာက ပဒူတုပ္တဲ႔အခါ ဘာေတြၿဖစ္လဲပါပဲ။ ပဒူ hornet က ဖင္က ဆူးနဲ႔ ထိုးလိုက္တာပါပဲ။ ဒီအခါခႏၶာကိုယ္က ဓါတ္မတည့္တဲ႔အတြက္ histamine ဓါတ္ေတြ ထြက္ပါတယ္။ တုပ္ခံရတဲ႔ေနရာမွာ ေဖာင္းမယ္ ေယာင္မယ္ နာက်င္မယ္ ယားယံမယ္။ တခ်က္၂ခ်က္ကေတာ့ ဒီေလာက္ပါပဲ။

ေသႏိုင္ေလာက္တဲ႔ အခ်က္ေရဟာ လူႀကီးမွာ ၁၀၀၀ ေလာက္ ကေလးမွာ ၅၀၀ ေလာက္လို႔ဆိုပါတယ္။ အေပၚမွာ ဆိုထားသလို ကိုက္တာနဲ႔ လိမ္မာပါးနပ္စြာ ေရွာင္ႏိုင္ရင္ ကိုက္ခံရတဲ႔ အခ်က္ေရ နည္းပါလိမ့္မယ္။ တအုံလုံးထြက္ကိုက္ရင္ေတာ့ မလြယ္ပါဘူး။ ေသႏိုင္ပါတယ္။



တစ္ခ်က္ႏွစ္ခ်က္ ကိုက္တာေတာ့ ဆူးေလးႏွဳတ္ ေဆးထည့္ မလုပ္တတ္ရင္ ေဆးခန္းျပပါေလ။ အေကာင္ကိုက္ခ်က္န ည္း လို႔ လိမ္းရတဲ႔ေဆးကေတာ့ Anthisan oitment တဲ႔။

ပူတာအို နန္းပန္းဒင္အတြက္ ေဆးေတြစီစဥ္ေတာ့ ဒီေဆး ထည့္ေပးဖို႔ သတိရတယ္။ ေဈးကြက္မွာ ဝယ္မရလို႔ မေပးလိုက္ႏိုင္ခဲ႔ဘူး။ အေကာင္ငယ္မ်ား (ေျမြမပါ). ကိုက္တာအတြက္ သင့္တဲ႔လိမ္းေဆးပါ။

ကိုက္ခံရတဲ႔ အခ်က္ေရ နည္းေသာ္လည္း ဒီ sting နဲ႔ ဓါတ္မတည့္သူအဖို႔ အလြန္အႏၲရာယ္ ရွိပါတယ္။ ေျမာက္ဒဂုံက အျဖစ္ဟာ ကိုက္ခ်က္နည္းေပမယ့္ ဓါတ္မတည့္လို႔ ဆိုးဆိုးဝါးဝါး ျဖစ္ရတယ္ ယူဆပါတယ္။

ဒီလကၡဏာေတြက ကိုက္တဲ႔ ေနရာ အျပင္ မကိုက္တဲ႔ေနရာေတြမွာ ယားယံမယ္။ ဘုေတြအပိန္႔ေတြ ထလာတယ္။ မ်က္ခြံ မ်က္ႏွာ ႏွာေခါင္း ႏွဳတ္ခမ္း ေယာင္လာမယ္။

အသက္ရွဳခက္မယ္။ ရွဴရင္ အသံၿမည္မယ္။ ေခါင္းအုံ ေခါင္းမူးမယ္။ ေသြးေပါင္က်မယ္။ ဗိုက္ထဲက ရစ္နာမယ္။ ေအာ့ခ်င္အန္ခ်င္မယ္။ အန္မယ္။ ဝမ္းသြားမယ္။ ဒါေတြဟာ ေသေလာက္တဲ႔ အႏၲရာယ္လို႔ သေဘာေပါက္ပါ။ ေဆးရုံကို အျမန္ေျပးပါ။

တကယ္ေတာ့ တကိုယ္လုံးေယာင္ရာမွာ ေလျပြန္ဝပါ ေယာင္ရမ္းျပီး ပိတ္ဆို႔လို႕အသက္မရွဳႏိုင္လို႔ ေသြးေပါင္က်လို႔ ေသရ တာပါ။ ဒီလို histamine ေတြ အမ်ားအျပား ထြက္တာအတြက္ ျပန္ေျဖတဲ႔ေဆးဟာ antihistamine “ဘာမီတြန္” တဲ႔။ အျခား အသက္ကယ္ဖို႔ လိုက္ရတဲ႔ ေဆးေတြေတာ့ ရွိပါေသးတယ္။

မွတ္ထားရမွာက ပဒူတုပ္ရင္ မေပါ့ရ။ ေသႏိုိင္ပါ တယ္။ ေသေလာက္တဲ႔ လကၡဏာေတြ သိထားျပီး ေဆးရုံ အျမန္ ေျပးဖို႔ပါပဲ။

link ရွာရခက္ေနမွာစိုးလို႔ copy တင္ေပးလိုက္ပါတယ္။ ဒီ ပ်ားတူေကာင္အေႀကာင္း ေသႏိုင္ေလာက္ေအာင္ အႏၲရာယ္ရွိလို႔ ဗဟုသုတ သိထားရေအာင္ ျပန္share ပါတယ္။

ဖတ္လိုက္ရတဲ့ သိထားသင့္တဲ့ အေၾကာင္းအရာေလးပါ. မူရင္း source က Share လုပ္လို့ မရလို႔ Saya Win Thura Nyunt wall ေပၚက Copy လုပ္ရပါတယ္.။ (credit to Original writer)

ပ်ားတူေကာင္ (hornet) ပ်ားတူေကာင္ (hornet) ေတြရဲ႕ အသိုက္ေတြနား မသြားပါနဲ႕။ တစ္ေကာင္လာကိုက္လွ်င္ လည္း အဲဒီအေကာင္ကို မသတ္ပါနဲ႕။ ထြက္ေျပးပါ။

အစားအစာ အမ်ိဳးမ်ိဳးနဲ႕ မတည့္သူေတြ အင္းဆက္ကိုက္မႈေတြနဲ႕ မတည့္သူေတြအတြက္ အသက္အႏၲရာယ္ၾကီးပါတယ္။ တကိုုယ္လံုုးဖူးေယာင္လာတဲ့အခါ အသက္ရႈလမ္းေၾကာင္းလည္း အတြင္းမွာ ဖူးေယာင္လာမွာျဖစ္ေတာ့ အသက္ရႉၾကပ္လာျပီး ေဆးရံုု ျမန္ျမန္ မေရာက္လွ်င္ ေသဆံုုးသြားနိုုင္ပါတယ္။

ေဆးရံုကို ခ်က္ျခင္းေျပးျပီး ကုသမႈခံယူပါ။ အစား ေဆးေတြနဲ႕ မတည့္မႈ (အလာဂ်ီ) အျပင္းအထန္ျဖစ္တဲ့ လူနာေတြကို ကုမယ့္ အသက္ကယ္ေဆးေတြ ဆရာဝန္ေတြမွာ အဆင္သင့္ ရွိေနမွာပါ။

ပ်ားတူေကာင္ တစ္ေကာင္ကို သတ္လိုက္လွ်င္ အေသေကာင္က pheromone ဖရိုုမုုန္း ဓါတုအနံ႕ထြက္လာျပီး အသိုက္ ထဲက အေကာင္ေတြကို စုျပံဳလာကိုက္ေစပါတယ္။ ဒါေၾကာင့္ လာကို္က္တဲ့ အေကာင္ကို လံုးဝမသတ္ဘဲ လြတ္ရာ အျမန္ ထြက္ေျပးပါ။ အသိုက္ေတြ႕လွ်င္ ခဲနဲ႕ ေပါက္ ထုတ္နဲ႕ထိုးတာတို႕ မလုပ္ပါနဲ႕။

လက္ေပၚ ကိုယ္ေပၚ တစ္ေကာင္ နွစ္ေကာင္ လာနားလွ်င္ မလႈပ္ဘဲ ေနၾကည့္ပါ။ သူတို႕ စပ္စုသာလည္း ျဖစ္တယ္။ သူ႕ဘာသာသူ စပ္စုုလိုု႕ အားရရင္ ျပန္သြား ပါလိမ့္မယ္။

လက္ေပၚမွာ ကိုုယ့္ေပၚမွာ လာနားတဲ့ ပ်ားတူေကာင္ အေကာင္ကို ရုိက္သတ္လိုက္တာနဲ႕ pheromone အနံ႕ထြက္ျပီး က်န္တဲ့ သူ႕ေဘာ္ဒါေတြ ဒီအနံ႕ရလိုု႕ လာကိုက္ၾကမယ္။

ဒီအနံ႕က “ဒီမွာ ရန္သူေတြ႕ထားတယ္ လာသတ္ၾက”ဆိုုတဲ့ message သတင္းပါဘဲ။ ပ်ားတူေကာင္ေတြရဲ႕ သားေကာင္ေတြျဖစ္တဲ့ ပ်ားေတြကို တိုက္ခိုက္ဖို႕ ႏွိဳးေဆာ္တဲ့ 2 pentanol,

3-methyl-1-butanol, and 1-methylbutyl 3-methylbutanoate ဆိုတဲ့ ဓါတုနံ႕ေတြကို ဒီအေကာင္ေတြ က ကိုယ္ထဲကထုတ္သံုးတာမ်ိဳးပါ။

ကုိယ့္အသိုက္ကို လာရန္လုပ္မယ့္လူေတြ ဝက္ဝံေတြကို လာေရာက္ တိုက္ခိုက္ဖို႕ လည္း ေသသြားတဲ့အေကာင္ ဒါမွမဟုတ္ ေရွ႕ေျပး အေထာက္ေတာ္ အေကာင္ေတြက ကိုယ္ထဲက ဒီ pheromone ကိုဘဲ ထုတ္ သံုးပါတယ္။

အစားအစာေတြမွာ ထည့္တဲ့ လူလုုပ္အနံ႕ေတြျဖစ္တဲ့ ငွက္ေပ်ာသီးနံ႕ ပန္းသီးနံ႕ေတြနဲ႕ C5 alcohols and C10 esters ေတြပါတဲ့ အနံ႕ေတြ လူကိုုယ္မွာျဖစ္ျဖစ္ အဝတ္ေတြ တျခားကိုုယ္နဲ႕အတူ

သယ္လာတဲ့ပစၥည္းေတြမွာ ေပေနလိုု႕ အနံ႕ရ တဲ့ အခါမွာလည္း လာေရာက္တိုုက္ခိုုက္ၾကပါတယ္။ ပန္းသီးနံ႕ ငွက္ေပ်ာသီးနံ႕ေတြပါတဲ့ မုန္႕ေတြစားျပီး အသိုက္နား ေလွ်ာက္သြားရန္ မသင့္ပါ။

ပ်ားတူေကာင္ အသိုက္ေတြကို ဖယ္ရွားတဲ့အခါ ဖယ္ရွားသူက ပ်ားတုတ္မည့္ရန္ကို တစ္ကိုယ္လံုးကို ကာကြယ္တဲ့ ဝတ္စံု ဝတ္ထားျပီး က်န္သူေတြက အနားမွာ မေနပါနဲ႕။

အာရွတိုက္က Asian Giant Hornet အာရွ ပ်ားတူေကာင္ အၾကီးစား နဲ႕ Japanese Giant Hornet ဂ်ပန္ ပ်ားတူေကာင္အၾကီးေစား ေတြက အဆိပ္အျပင္းဆံုးဆိုပါတယ္။ ပ်ားတူေကာင္ေတြ ဟာ လူေတြအတြက္ အစားအစာ သီးႏွံထုတ္လုပ္မႈမွာ အေရးပါတဲ့ပ်ားေတြရဲ႕ အဓိကရန္သူျဖစ္တယ္။

ပ်ားတူေကာင္ေတြ ဟာ ပ်ားအံုေတြထဲဝင္ျပီး ပ်ားေတြအားလံုးကို သတ္ျပီး ပ်ားသလက္ေတြကို သိမ္းပိုက္ လုယူၾကတယ္။ ပ်ားတူေကာင္ အေကာင္ ၃၀ ဟာ ပ်ားအံုတခုအတြင္းမွာရွိတဲ့

ပ်ားအေကာင္ သံုေသာင္းကို သံုးနာရီေက်ာ္ေက်ာ္အတြင္းမွာ သတ္ပစ္နိုင္ ၾက တယ္။ နက်ယ္ေကာင္ေတြ (wasp) အဆိပ္နဲ႕ မတည့္သူေတြဟာ ပ်ားတူေကာင္ အဆိပ္နဲ႕လည္း မတည့္ပါ။

ပ်ားတူအံုုကိုု မိုုက္မဲတဲ့ သတၱိျပခ်င္တာနဲ႕ ခဲနဲ႕ေပါက္ တုတ္နဲ႕ ထိုုးျပီးေျပးမယ့္ နားမလည္တဲ့ လူငယ္ေလးေတြ (ကေလး ေတြ) ကိုု ေျပာျပရန္ျဖစ္ပါတယ္။ ကမၻာ့အေျပး ခ်န္ပီယံေတာင္ ဘယ္လိုုမွ် ေျပးမလြတ္နိုုင္ပါ။

စကၠန္႕ အနည္းငယ္ အတြင္း ဝိုုင္းအံုု အကိုု္က္ခံရမယ္။ ပ်ားတူေတြဟာ တစကၠန္႕အတြင္းမွာ ေပ ၂၀ ခန္႕ ပ်ံနိုုင္တဲ့ အျမန္နႈန္းရွိပါတယ္။ တစ္စကၠန္႔အတြင္းမွာ ေလထဲမွာ အၾကိမ္၁၀၀ ခန္႕ အေတာင္ခတ္နိုုင္ပါတယ္။

ကာကြယ္မႈ။ ။ ပ်ားတူနဲ႕ ပ်ားေတြ အံုုနားမွာ ကိုုယ္ေရာက္ေနတာ မသိဘဲ၊ ငွက္ေပ်ာသီးလိုု အသီးတစ္ခုုခုု စားေနလိုု႕ ဒါမွမဟုုတ္ အသီးနံ႕ ေမႊးေနတဲ့ အခ်ိဳရည္ တစ္ခုုခုုကိုု ေသာက္ေနတဲ့အခါ

နႈတ္ခမ္းတိုု႕ မ်က္နွာတိုု႕ အသီးေရေပေနတဲ့ လက္တိုု႕ကိုု ပ်ားတိုု႕ ပ်ားတူတိုု႕ လာနားတဲ့အခါ တခါတေလ အေကာင္းဆံုုးကေတာ့ လက္ျဖင့္ အျပင္းအထန္ ေမာင္းထုုတ္ ျခင္း မျပဳဘဲ ျငိမ္ေနလိုုက္ျခင္းပါဘဲ။ သူစပ္စုုလိုု႕ အားရျပီး ျပန္ထြက္သြားတဲ့အခါၾကမွဘဲ ထြက္ေျပးေပေရာ့။

ကိုုယ့္ကိုုယ္ကိုု ကာကြယ္တဲ့အေနနဲ႕ အသီးအနံ႕ရွိတဲ့ အခ်ိဳေရေသာက္ေနတဲ့အခါ နႈတ္ခမ္းေတြ ေမးေတြ လက္ေတြမွာ အခ်ိဳရည္ေတြ မေပက်ံေအာင္ ေသာက္ျခင္းပါဘဲ။ ဒါေတာင္မွ အသီးအခ်ိဳေရ ပုုလင္း

အဝတိုု႕ ဖရဲသီးျခမ္းတိုု႕ သရက္သီး စိတ္ေတြကိုု ပ်ားေတြဝိုုင္းလာရင္ အသီးေတြေရာ အခ်ိဳရည္ပုုလင္းေတြကိုုပါ ေျမေပၚမွာ ညင္သာစြာခ်ျပီး ပ်ားတူေတြ ပ်ားေတြကိုု အခ်ိဳေရ စတုုဒီသာတုုိက္ျပီး ကိုုယ္လြတ္ရာ အျမန္သြားထြားနိုုင္ပါတယ္။ (ပ်ားေတြနဲ႕ကေတာ့ ၾကံဳဖူးတဲ့ ကိုုယ္ေတြ႕ အျဖစ္အပ်က္ေတြပါ။)

ထပ္ေျပာပါဦးမယ္။ အဆင္မေျပလိုု႕ ပ်ားတူ တစ္ေကာင္ရဲ႕ အကိုုက္ခံလိုု႕ကေတာ့ ေျပးပါ။ သိပ္ဆိုုးဝါးစြာ အာလာဂ်ီ ဒဏ္ (ပ်ားဆိပ္သင့္ဒဏ္) ခံစားရရင္ ေဆးရံုု ဆရာဝန္ေတြဆီေျပးပါ။

ကိုုယ့္ ဆရာဝန္က ေပးထားတဲ့ အေရးေပၚအသက္ကယ္ ေဆး ကိုု အသက္ရႈ စျပီး မၾကပ္ေသးဘူးဆိုုရင္ေတာ့ အျမန္ေသာက္နိုု္င္ပါတယ္။ အင္တာနက္က ေဆးမီးတိုုေတြကိုု အားမကိုုးပါနဲ႕။

Maung Maung Myint (ေလးစားစြာျဖင့္ ခရက္ဒစ္)

Unicode Version
လွန် ခဲ့တဲ့ ၆နှစ်က ရန်ကုန် ကုတင်၅၀၀ ဆေးရုံနဲ့ တစ်ကီလိုမီတာ မကွာတဲ့နေရာ လမ်းမတော် ၁ မျက်နှာချင်းဆိုင် church ကျောင်းဝင်းထဲမှာ လူတစ်ဦး ပဒူတုပ်လို့ hornet bite ကြောင့် သေတယ်။

ဒီ လို မိုးဦးကျ ဇွန်လမှာပါပဲ။ အဲဒီအချိန်က ပဒူကောင် ဘယ်လိုအန္တရာယ်ရှိတယ် ရေးထားခဲ့တာတောင် ခုရက်ပိုင်း ပြန်တင်ပေးထားပါတယ်။

တို တိုပြောရင် ကိုက်တဲ့ ပဒူကောင်ကို ရိုက်မိတာနဲ့ သူ့ဆီက pheromone ဆိုတဲ့ ဓါတ်တစ်ခု အနံ့ တစ်ခုထွက်လာတယ်။ ဒီအနံ့ဟာ ပဒူအုံက ကျန် ပဒူကောင်တွေကို “ငါတို့ရန်သူ



ရောက်နေပြီ တိုက်ခိုက်ကြ” လို့ တပ်လှန့်သံပါပဲ။ ဒါကြောင့် အုံနဲ့ကျင်း နဲ့ ဝိုင်းကိုက်ကြတာပါ။ ပြေးလို့မလွတ်ပါဘူး။ ဆောင်ရန်ရှောင်ရန် အသေးစိတ်ရေးထားလို့ သိချင်ရင် ပြန်ရှာ ဖတ်ပါ။ (1st comment မှာ Link ပေးထားပါမယ်။)

ခုပြောပြမှာက ပဒူတုပ်တဲ့အခါ ဘာတွေဖြစ်လဲပါပဲ။ ပဒူ hornet က ဖင်က ဆူးနဲ့ ထိုးလိုက်တာပါပဲ။ ဒီအခါခန္ဓာကိုယ်က ဓါတ်မတည့်တဲ့အတွက် histamine ဓါတ်တွေ ထွက်ပါတယ်။ တုပ်ခံရတဲ့နေရာမှာ ဖောင်းမယ် ယောင်မယ် နာကျင်မယ် ယားယံမယ်။ တချက်၂ချက်ကတော့ ဒီလောက်ပါပဲ။

သေနိုင်လောက်တဲ့ အချက်ရေဟာ လူကြီးမှာ ၁၀၀၀ လောက် ကလေးမှာ ၅၀၀ လောက်လို့ဆိုပါတယ်။ အပေါ်မှာ ဆိုထားသလို ကိုက်တာနဲ့ လိမ်မာပါးနပ်စွာ ရှောင်နိုင်ရင် ကိုက်ခံရတဲ့ အချက်ရေ နည်းပါလိမ့်မယ်။ တအုံလုံးထွက်ကိုက်ရင်တော့ မလွယ်ပါဘူး။ သေနိုင်ပါတယ်။



တစ်ချက်နှစ်ချက် ကိုက်တာတော့ ဆူးလေးနှုတ် ဆေးထည့် မလုပ်တတ်ရင် ဆေးခန်းပြပါလေ။ အကောင်ကိုက်ချက်န ည်း လို့ လိမ်းရတဲ့ဆေးကတော့ Anthisan oitment တဲ့။

ပူတာအို နန်းပန်းဒင်အတွက် ဆေးတွေစီစဉ်တော့ ဒီဆေး ထည့်ပေးဖို့ သတိရတယ်။ ဈေးကွက်မှာ ဝယ်မရလို့ မပေးလိုက်နိုင်ခဲ့ဘူး။ အကောင်ငယ်များ (မြွေမပါ). ကိုက်တာအတွက် သင့်တဲ့လိမ်းဆေးပါ။

ကိုက်ခံရတဲ့ အချက်ရေ နည်းသော်လည်း ဒီ sting နဲ့ ဓါတ်မတည့်သူအဖို့ အလွန်အန္တရာယ် ရှိပါတယ်။ မြောက်ဒဂုံက အဖြစ်ဟာ ကိုက်ချက်နည်းပေမယ့် ဓါတ်မတည့်လို့ ဆိုးဆိုးဝါးဝါး ဖြစ်ရတယ် ယူဆပါတယ်။

ဒီလက္ခဏာတွေက ကိုက်တဲ့ နေရာ အပြင် မကိုက်တဲ့နေရာတွေမှာ ယားယံမယ်။ ဘုတွေအပိန့်တွေ ထလာတယ်။ မျက်ခွံ မျက်နှာ နှာခေါင်း နှုတ်ခမ်း ယောင်လာမယ်။

အသက်ရှုခက်မယ်။ ရှူရင် အသံမြည်မယ်။ ခေါင်းအုံ ခေါင်းမူးမယ်။ သွေးပေါင်ကျမယ်။ ဗိုက်ထဲက ရစ်နာမယ်။ အော့ချင်အန်ချင်မယ်။ အန်မယ်။ ဝမ်းသွားမယ်။ ဒါတွေဟာ သေလောက်တဲ့ အန္တရာယ်လို့ သဘောပေါက်ပါ။ ဆေးရုံကို အမြန်ပြေးပါ။

တကယ်တော့ တကိုယ်လုံးယောင်ရာမှာ လေပြွန်ဝပါ ယောင်ရမ်းပြီး ပိတ်ဆို့လို့အသက်မရှုနိုင်လို့ သွေးပေါင်ကျလို့ သေရ တာပါ။ ဒီလို histamine တွေ အများအပြား ထွက်တာအတွက် ပြန်ဖြေတဲ့ဆေးဟာ antihistamine “ဘာမီတွန်” တဲ့။ အခြား အသက်ကယ်ဖို့ လိုက်ရတဲ့ ဆေးတွေတော့ ရှိပါသေးတယ်။

မှတ်ထားရမှာက ပဒူတုပ်ရင် မပေါ့ရ။ သေနိုင်ပါ တယ်။ သေလောက်တဲ့ လက္ခဏာတွေ သိထားပြီး ဆေးရုံ အမြန် ပြေးဖို့ပါပဲ။

link ရှာရခက်နေမှာစိုးလို့ copy တင်ပေးလိုက်ပါတယ်။ ဒီ ပျားတူကောင်အကြောင်း သေနိုင်လောက်အောင် အန္တရာယ်ရှိလို့ ဗဟုသုတ သိထားရအောင် ပြန်share ပါတယ်။

ဖတ်လိုက်ရတဲ့ သိထားသင့်တဲ့ အကြောင်းအရာလေးပါ. မူရင်း source က Share လုပ်လို့ မရလို့ Saya Win Thura Nyunt wall ပေါ်က Copy လုပ်ရပါတယ်.။ (credit to Original writer)

ပျားတူကောင် (hornet) ပျားတူကောင် (hornet) တွေရဲ့ အသိုက်တွေနား မသွားပါနဲ့။ တစ်ကောင်လာကိုက်လျှင် လည်း အဲဒီအကောင်ကို မသတ်ပါနဲ့။ ထွက်ပြေးပါ။

အစားအစာ အမျိုးမျိုးနဲ့ မတည့်သူတွေ အင်းဆက်ကိုက်မှုတွေနဲ့ မတည့်သူတွေအတွက် အသက်အန္တရာယ်ကြီးပါတယ်။ တကိုယ်လုံးဖူးယောင်လာတဲ့အခါ အသက်ရှုလမ်းကြောင်းလည်း အတွင်းမှာ ဖူးယောင်လာမှာဖြစ်တော့ အသက်ရှူကြပ်လာပြီး ဆေးရုံ မြန်မြန် မရောက်လျှင် သေဆုံးသွားနိုင်ပါတယ်။

ဆေးရုံကို ချက်ခြင်းပြေးပြီး ကုသမှုခံယူပါ။ အစား ဆေးတွေနဲ့ မတည့်မှု (အလာဂျီ) အပြင်းအထန်ဖြစ်တဲ့ လူနာတွေကို ကုမယ့် အသက်ကယ်ဆေးတွေ ဆရာဝန်တွေမှာ အဆင်သင့် ရှိနေမှာပါ။

ပျားတူကောင် တစ်ကောင်ကို သတ်လိုက်လျှင် အသေကောင်က pheromone ဖရိုမုန်း ဓါတုအနံ့ထွက်လာပြီး အသိုက် ထဲက အကောင်တွေကို စုပြုံလာကိုက်စေပါတယ်။ ဒါကြောင့် လာကိုက်တဲ့ အကောင်ကို လုံးဝမသတ်ဘဲ လွတ်ရာ အမြန် ထွက်ပြေးပါ။ အသိုက်တွေ့လျှင် ခဲနဲ့ ပေါက် ထုတ်နဲ့ထိုးတာတို့ မလုပ်ပါနဲ့။

လက်ပေါ် ကိုယ်ပေါ် တစ်ကောင် နှစ်ကောင် လာနားလျှင် မလှုပ်ဘဲ နေကြည့်ပါ။ သူတို့ စပ်စုသာလည်း ဖြစ်တယ်။ သူ့ဘာသာသူ စပ်စုလို့ အားရရင် ပြန်သွား ပါလိမ့်မယ်။

လက်ပေါ်မှာ ကိုယ့်ပေါ်မှာ လာနားတဲ့ ပျားတူကောင် အကောင်ကို ရိုက်သတ်လိုက်တာနဲ့ pheromone အနံ့ထွက်ပြီး ကျန်တဲ့ သူ့ဘော်ဒါတွေ ဒီအနံ့ရလို့ လာကိုက်ကြမယ်။

ဒီအနံ့က “ဒီမှာ ရန်သူတွေ့ထားတယ် လာသတ်ကြ”ဆိုတဲ့ message သတင်းပါဘဲ။ ပျားတူကောင်တွေရဲ့ သားကောင်တွေဖြစ်တဲ့ ပျားတွေကို တိုက်ခိုက်ဖို့ နှိုးဆော်တဲ့ 2 pentanol,

3-methyl-1-butanol, and 1-methylbutyl 3-methylbutanoate ဆိုတဲ့ ဓါတုနံ့တွေကို ဒီအကောင်တွေ က ကိုယ်ထဲကထုတ်သုံးတာမျိုးပါ။

ကိုယ့်အသိုက်ကို လာရန်လုပ်မယ့်လူတွေ ဝက်ဝံတွေကို လာရောက် တိုက်ခိုက်ဖို့ လည်း သေသွားတဲ့အကောင် ဒါမှမဟုတ် ရှေ့ပြေး အထောက်တော် အကောင်တွေက ကိုယ်ထဲက ဒီ pheromone ကိုဘဲ ထုတ် သုံးပါတယ်။

အစားအစာတွေမှာ ထည့်တဲ့ လူလုပ်အနံ့တွေဖြစ်တဲ့ ငှက်ပျောသီးနံ့ ပန်းသီးနံ့တွေနဲ့ C5 alcohols and C10 esters တွေပါတဲ့ အနံ့တွေ လူကိုယ်မှာဖြစ်ဖြစ် အဝတ်တွေ တခြားကိုယ်နဲ့အတူ

သယ်လာတဲ့ပစ္စည်းတွေမှာ ပေနေလို့ အနံ့ရ တဲ့ အခါမှာလည်း လာရောက်တိုက်ခိုက်ကြပါတယ်။ ပန်းသီးနံ့ ငှက်ပျောသီးနံ့တွေပါတဲ့ မုန့်တွေစားပြီး အသိုက်နား လျှောက်သွားရန် မသင့်ပါ။

ပျားတူကောင် အသိုက်တွေကို ဖယ်ရှားတဲ့အခါ ဖယ်ရှားသူက ပျားတုတ်မည့်ရန်ကို တစ်ကိုယ်လုံးကို ကာကွယ်တဲ့ ဝတ်စုံ ဝတ်ထားပြီး ကျန်သူတွေက အနားမှာ မနေပါနဲ့။

အာရှတိုက်က Asian Giant Hornet အာရှ ပျားတူကောင် အကြီးစား နဲ့ Japanese Giant Hornet ဂျပန် ပျားတူကောင်အကြီးစေား တွေက အဆိပ်အပြင်းဆုံးဆိုပါတယ်။ ပျားတူကောင်တွေ ဟာ လူတွေအတွက် အစားအစာ သီးနှံထုတ်လုပ်မှုမှာ အရေးပါတဲ့ပျားတွေရဲ့ အဓိကရန်သူဖြစ်တယ်။

ပျားတူကောင်တွေ ဟာ ပျားအုံတွေထဲဝင်ပြီး ပျားတွေအားလုံးကို သတ်ပြီး ပျားသလက်တွေကို သိမ်းပိုက် လုယူကြတယ်။ ပျားတူကောင် အကောင် ၃၀ ဟာ ပျားအုံတခုအတွင်းမှာရှိတဲ့

ပျားအကောင် သုံသောင်းကို သုံးနာရီကျော်ကျော်အတွင်းမှာ သတ်ပစ်နိုင် ကြ တယ်။ နကျယ်ကောင်တွေ (wasp) အဆိပ်နဲ့ မတည့်သူတွေဟာ ပျားတူကောင် အဆိပ်နဲ့လည်း မတည့်ပါ။

ပျားတူအုံကို မိုက်မဲတဲ့ သတ္တိပြချင်တာနဲ့ ခဲနဲ့ပေါက် တုတ်နဲ့ ထိုးပြီးပြေးမယ့် နားမလည်တဲ့ လူငယ်လေးတွေ (ကလေး တွေ) ကို ပြောပြရန်ဖြစ်ပါတယ်။ ကမ္ဘာ့အပြေး ချန်ပီယံတောင် ဘယ်လိုမျှ ပြေးမလွတ်နိုင်ပါ။

စက္ကန့် အနည်းငယ် အတွင်း ဝိုင်းအုံ အကိုက်ခံရမယ်။ ပျားတူတွေဟာ တစက္ကန့်အတွင်းမှာ ပေ ၂၀ ခန့် ပျံနိုင်တဲ့ အမြန်နှုန်းရှိပါတယ်။ တစ်စက္ကန့်အတွင်းမှာ လေထဲမှာ အကြိမ်၁၀၀ ခန့် အတောင်ခတ်နိုင်ပါတယ်။

ကာကွယ်မှု။ ။ ပျားတူနဲ့ ပျားတွေ အုံနားမှာ ကိုယ်ရောက်နေတာ မသိဘဲ၊ ငှက်ပျောသီးလို အသီးတစ်ခုခု စားနေလို့ ဒါမှမဟုတ် အသီးနံ့ မွှေးနေတဲ့ အချိုရည် တစ်ခုခုကို သောက်နေတဲ့အခါ

နှုတ်ခမ်းတို့ မျက်နှာတို့ အသီးရေပေနေတဲ့ လက်တို့ကို ပျားတို့ ပျားတူတို့ လာနားတဲ့အခါ တခါတလေ အကောင်းဆုံးကတော့ လက်ဖြင့် အပြင်းအထန် မောင်းထုတ် ခြင်း မပြုဘဲ ငြိမ်နေလိုက်ခြင်းပါဘဲ။ သူစပ်စုလို့ အားရပြီး ပြန်ထွက်သွားတဲ့အခါကြမှဘဲ ထွက်ပြေးပေရော့။

ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ အသီးအနံ့ရှိတဲ့ အချိုရေသောက်နေတဲ့အခါ နှုတ်ခမ်းတွေ မေးတွေ လက်တွေမှာ အချိုရည်တွေ မပေကျံအောင် သောက်ခြင်းပါဘဲ။ ဒါတောင်မှ အသီးအချိုရေ ပုလင်း

အဝတို့ ဖရဲသီးခြမ်းတို့ သရက်သီး စိတ်တွေကို ပျားတွေဝိုင်းလာရင် အသီးတွေရော အချိုရည်ပုလင်းတွေကိုပါ မြေပေါ်မှာ ညင်သာစွာချပြီး ပျားတူတွေ ပျားတွေကို အချိုရေ စတုဒီသာတိုက်ပြီး ကိုယ်လွတ်ရာ အမြန်သွားထွားနိုင်ပါတယ်။ (ပျားတွေနဲ့ကတော့ ကြုံဖူးတဲ့ ကိုယ်တွေ့ အဖြစ်အပျက်တွေပါ။)

ထပ်ပြောပါဦးမယ်။ အဆင်မပြေလို့ ပျားတူ တစ်ကောင်ရဲ့ အကိုက်ခံလို့ကတော့ ပြေးပါ။ သိပ်ဆိုးဝါးစွာ အာလာဂျီ ဒဏ် (ပျားဆိပ်သင့်ဒဏ်) ခံစားရရင် ဆေးရုံ ဆရာဝန်တွေဆီပြေးပါ။

ကိုယ့် ဆရာဝန်က ပေးထားတဲ့ အရေးပေါ်အသက်ကယ် ဆေး ကို အသက်ရှု စပြီး မကြပ်သေးဘူးဆိုရင်တော့ အမြန်သောက်နိုင်ပါတယ်။ အင်တာနက်က ဆေးမီးတိုတွေကို အားမကိုးပါနဲ့။

Maung Maung Myint (လေးစားစွာဖြင့် ခရက်ဒစ်)

No comments:

Post a Comment