Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, June 6, 2019

မဒေါက်မြို့တွင် ဖခင်ဖြစ်သူက ၁၄ နှစ်အရွယ် သမီးအရင်းကို အဓမ္မပြုကျင့်မှုဖြင့် ရဲစခန်းတွင်အမှုဖွင့်



ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် မဒေါက်မြို့ ဗောဓိကုန်းကျေးရွာမှာ ဖခင်ဖြစ်သူက ၁၄ နှစ်အရွယ် သမီးအရင်းကို အဓမ္မပြုကျင့်တဲ့အတွက် ဇွန်လ ၆ ရက်နေ့ မနက်က မိခင်ဖြစ်သူက လာရောက်အမှုဖွင့်တိုင်းကြားထားတယ်လို့ မြို့မရဲစခန်းမှူးက ပြောပါတယ်။

ဇွန်လ ၅ ရက်နေ့ညနေက မိခင်ဖြစ်သူ ရွာထဲမှာအခွေငှားပြီပြန်လာစဉ် နေအိမ်မှာကျန်ခဲ့တဲ့ ၁၄ နှစ်အရွယ်သမီးဖြစ်သူ မ -------- နှင့် ခင်ပွန်းဖြစ်သူ သန့်ဇင်ဦးတို့အား နေအိမ်အိပ်ခန်းအတွင်းမှာတွေ့ခဲ့တာကြောင့်မင်္သကာလို့သမီးဖြစ်သူအားမေးမြန်းရာမှဖခင်ဖြစ်သူရဲ့ သားမယားအဖြစ်ပြုကျင့်ခံခဲ့ရတာကိုသိရှိခဲ့တာလို့ဆိုပါတယ်။

ယခင်ကလည်းဖခင်ဖြစ်သူ သန့်ဇင်အောင်မှာ သမီးအရင်ဖြစ်သူကို သားမယားအဖြစ်ပြုကျင့်နေသည်မှာလေးငါးကြိမ်ခန့်ရှိခဲ့တယ်လို့သမီးဖြစ်သူရဲ့ပြောပြချက်အရ သိရှိခဲ့ရတာကြောင့် တရားဥပဒေအရအရေးယူပေးဖို့အတွက် လာရောက်အမှု့ဖွင့်ခဲ့တာလို့ပြောပါတယ်။

ဒုရဲမှူးဌေးဝင်း ( ညောင်လေးပင်မြို့မစခန်းမှူး )က သူတို့ ခုမှအမှုလာဖွင့်တာက သူတို့လူကြီးမိဘတွေနဲ့တိုင်ပင်နေလို့နောက်ကျတာလို့ပြောတယ်။ကျူးလွန်ခံရတဲ့ကလေးကိုတော့ဆေးစာပို့တာတွေသက်သေခံပစ္စည်းသိမ်းဆည်းတာတွေလုပ်ပြီပါပြီ။ဖခင်းဖြစ်သူကိုလည်းဖမ်းထားပြီပါပြီလို့ပြောပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး ဖခင်းဖြစ်သူ သန့်ဇင်ဦးကို ညောင်လေးပင်မြို့မရဲစခန်းက (ပ) ၂၅၃/၂၀၁၉ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ နဲ့ အမှုဖွင့် ဖမ်းဆီးစစ်ဆေးနေပါတယ်။

သတင်း –ဓါတ်ပုံ
နေလင်းထိုက်

No comments:

Post a Comment