Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, June 20, 2019

(၂၀၁၉)(၁)ႏွစ္လံုးစာ.. ၾကာသပေတးသားသမီးမ်ား …အတြက္ ေဟာစာတမ္း …..


(၂၀၁၉)(၁)ႏွစ္လံုးစာ ၾကာသပေတးသားသမီးမ်ား အတြက္ ေဟာစာတမ္း …..

ၾကာသပေတးသားသမီးမ်ားအတြက္ ၁၃၈၁-ခုႏွစ္၊ တစ္ႏွစ္စာ ေဟာစာတမ္း …..

ႀကီးမားေသာအေျပာင္းအလဲမ်ားျဖစ္လတၱံ႔။ ကံ အလြန္အမင္းေကာင္းႏိုင္သလို ၊ ကံ အလြန္အမင္းလည္း ဆိုးလတၱံ႔။ ၿငိမ္ၿငိမ္ေနလွ်င္ အလြန္အမင္းညံ့လတၱံ႔။ လႈပ္ရွားလွ်င္ ကံအလြန္အမင္းေကာင္းလတၱံ႔။ အိပ္ယာေျပာင္းအိပ္ျခင္း၊ခရီးထြက္ျခင္း စသည့္ လႈပ္လႈပ္ရွားရွားေနထိုင္ေဆာင္ရြက္ပါက ကံေကာင္းလတၱံ႔။

စိတ္ကူးအႀကံအစည္ ရည္ရြယ္ခ်က္မ်ားကို စြန္႔စြန္႔စားစား ႀကိဳးစားေဆာင္ရြက္လွ်င္ ေအာင္ျမင္လတၱံ႔။ ေအာက္လက္ငယ္သား ေရႊ ရတနာအတြက္ စိတ္ပူရအံ့။

က်န္းမာေရးခ်ဴျခာျခင္း၊ေဆးရံုေဆးခန္းမ်ားႏွင့္ပက္သက္ရျခင္း၊ဘာမွန္းမသိ ေရာဂါရွာမရပဲ တေရွာင္ေရွာင္ျဖစ္ျခင္း၊အစားမွားေဆးမွားျဖစ္ျခင္း၊စကားေျပာျငင္းခုန္ရျခင္း၊ခိုက္ရန္ျဖစ္ပြားတတ္ျခင္း၊စကားေျပာကၽြံျခင္း

လြန္ျခင္း ၊ စက္ပစၥည္း ၊ စာရြက္စာတမ္း ၊စပ္တူရွယ္ယာကိစၥမ်ားႏွင့္ပက္သက္ၿပီး စိတ္ညစ္ရတတ္ျခင္း တို႔ႀကံဳရအံ့။

ေငြေရးေၾကးေရး – ရစရာေပးစရာေငြမ်ား ထစ္ေငါ့ၾကန္႔ၾကာ လြဲေခ်ာ္တတ္။ ေငြေတြ၀င္ေနၿပီး အေၾကြးတင္ေနအံ့။ ေငြလိမ္ခံရတတ္။သတိထားသင့္။ ၀င္သမွ်ေငြမ်ား ျပန္ထြက္ၿပီး ေငြမၿမဲပဲျဖစ္ေနအံ့။ ေငြမ၀င္ခင္ကပင္ သံုးစရာ ကုန္စရာမ်ားက ေစာင့္ႀကိဳေနအံ့။ ေငြအတြက္ အနည္းငယ္ စိတ္ပူရအံ့။

ေငြေရးေၾကးေရး အထူးယၾတာ – ေငြၿမဲရန္ မၾကာခဏ ငါေသတၱာဗူးေပၚတြင္ ဖေယာင္းတိုင္ထြန္းၿပီး ဆုေတာင္းပါ ။ ေငြေၾကးကံေကာင္းရန္ မရွိႏြမ္းပါးေသာသက္ႀကီးရြယ္အိုတစ္ဦးကို ဆပ္ျပာအၾကမ္း ၊ လုက္သုပ္ပ၀ါအၾကမ္း ၊ ပိုက္ဆံအႏြမ္း မၾကာခဏ လွဴဒါန္းရင္း ဆုေတာင္းပါ ။

ဘယ္လက္မွာ (က) ကႀကီးအကၡရာေရး ၊ ညာဘက္လက္မွာ (ယ) ယပလက္ အကၡရာေရး ၊ လက္၀ါးခ်င္းရိုက္ၿပီးဆုေတာင္းပါ။

( ၄င္းယၾတာမ်ားသည္ လုပ္ရသည္မွာလြယ္ကူေသာ္လည္း အင္မတန္ထိေရာက္ေအာင္ျမင္ေသာ ယၾတာမ်ားျဖစ္သည္။ေငြေၾကးကံေကာင္းၿပီး ဘ၀တစ္ဆစ္ခ်ဳိးေျပာင္းလဲျမင့္တက္ခ်မ္းသာသြားသည္မ်ားကို မၾကာခဏေတြ႕ႀကံဳဖူးပါသည္။ ထို႔ေၾကာင့္ ယံုယံုၾကည္ၾကည္ ေလးေလးနက္နက္ ေဆာင္ရြက္ေစလိုပါသည္။)

ထီထိုးကံစမ္းရန္ – အေၾကာ္(၁၂)ခု ဘုရားလွဴပါ ၊ သူငယ္ခ်င္းမိတ္ေဆြမ်ားကို ဒါနလုပ္ပါ ။ ၿပီးလွ်င္ (အ ဥ က ခ ဂ ဃ င ) ပါေသာထီဆိုင္တြင္ (၁) ႏွင့္ (၂) မ်ားမ်ားပါေသာ ထီလက္မွတ္ကိုေရြးထိုးပါ။ ပါးစပ္မွေန တာဗားႏိုး ( TAVANO) ရြတ္ၿပီးထိုးပါ …။

အခ်စ္ေရး – ရန္ျဖစ္လိုက္ ျပန္ခ်စ္လိုက္ျဖင့္ ဂဏာမၿငိမ္ျဖစ္တတ္ျခင္း ၊ စိတ္အေျပာင္းအလဲျမန္ျခင္း ၊ ခ်စ္သူပါေျပာင္းသြားတတ္ျခင္း တို႔ႀကံဳရလတၱံ႔။ ခ်စ္ျခင္းေမတၱာမ်ား

သံေယာဇဥ္မ်ားလည္း ေျပာင္းလဲသြားတတ္။ မတည္မၿငိမ္ျဖစ္အံ့။ ထိလြယ္ ရွလြယ္ျဖစ္အံ့။ ဆုပ္လည္းစူး စားလည္းရူးအေျခအေနမ်ားႀကံဳရအံ့။ အဆင္မသင့္လွ်င္ လမ္းခြဲျပတ္စဲသြားရအံ့။

အိမ္ေထာင္ေရး -အေကာင္းအဆိုးေရာေထြးေနလတၱံ႔။ စိတ္ပူစရာမ်ား စိတ္အေႏွာက္အယွက္ျဖစ္စရာမ်ား ၾကည္ႏူးရင္ခုန္စရာမ်ား ေရာေထြးေနအံ့။ မၾကာခဏဆိုသလို ခြဲခြာေနလွ်င္ အညံ့မ်ားေျပေပ်ာက္ၿပီး အိမ္ေထာင္ေရးသုခမ်ားခံစားရလတၱံ႔။ မၾကာခဏ အိပ္ယာခြဲအိပ္ပါ။ေျပာင္းအိပ္ပါ။

အခ်စ္ေရးအိမ္ေထာင္ေရးတြင္ ေသာၾကာသားသမီးမ်ား ၊ နာမည္တြင္ သ ဟ ပါေသာသူမ်ား ေရနားနီးေသာ ၊ ေရေၾကာင္းခရီး ၊ သေဘၤာ ၊ ေဟာ္တယ္လုပ္ငန္း ၊ ခရီသြားလုပ္ငန္း ၊ စကားေျပာ ၊ ပြဲစားအလုပ္ႏွင့္ပက္သက္သူမ်ား ၀င္ရႈပ္တတ္။

အခ်စ္ေရးအိမ္ေထာင္ေရး အထူးယၾတာ – ႏွစ္ေယာက္ဓါတ္ပံုကိုကို မ်က္ႏွာခ်င္းဆိုင္ကပ္။ စြယ္ေတာ္ရြက္ႏွင့္ညွပ္ ၊ ေခါင္းအံုးေအာက္မွာထားအိပ္ပါ။

ပညာေရး – ပညာေရးကံအလယ္အလတ္သာရွိအံ့။ မိမိရည္မွန္းထားသေလာက္သာ ေအာင္ျမင္အံ့။ ၀ီရိယအား ၊ ဥာဏ္အား ၊ လူအားစိုက္ထုတ္ၿပီး ႀကိဳးစားသင့္။ အေပါင္းအသင္းမွားတတ္သည့္အတြက္ ဂရုိစိုက္သင့္။

ပညာေရးကံေကာင္းေစရန္ – မနက္ေစာေစာ သစ္သီး(၆)လံုး၊ ပန္းအျဖဴ(၅)ပြင့္၊ ေသာက္ေတာ္ေရ(၅)ခြက္၊ ဖေယာင္းတိုင္(၅)တိုင္ ဘုရားလွဴၿပီး မိမိျဖစ္ခ်င္တာကို ျပတ္ျပတ္သားသား သဲသဲကြဲကြဲ အသံထြက္ဆုေတာင္းပါ။ ခ်ဳိးမယ့္ေရထဲမွာ ပန္းအျဖဴဳ(၂)ပြင့္ထည့္ၿပီးေရးခ်ဳိးရင္းလည္းဆုေတာင္းပါ။

( စာေမးပြဲေျဖ၊ အင္တာဗ်ဴးေျဖ၊ အလုပ္ေလ်ာက္သည့္အခါမ်ားတြင္လည္း ျပဳလုပ္ႏိုင္ပါသည္)

က်န္းမာေရး – ေသြးသား ၊ ေသြးခ်ဳိ ၊ သြား ႏွင့္ ပက္သက္ေသာေရာဂါ ေ၀ဒနာမ်ား သတိထားသင့္။ေဆးရံု ေဆးခန္းႏွင့္ ပက္သက္ရတတ္။ (တပ္အပ္ျဖစ္မည္ဟု မဆိုလိုပါ ။ သတိထားရန္ျဖစ္သည္)

က်န္းမာေရးညံ့လွ်င္ျပဳလုပ္ရမည့္ယၾတာ – ၾကာသပေတးေန႔ည …။ ပံုး တစ္ခုထဲတြင္ မိမိ၏ ေျခသည္း ၊ လက္သည္း ၊ ဆံပင္ အနည္းငယ္ထည့္ပါ …။ အက်ီအစုတ္ ၊

လံုခ်ည္အစုတ္ထည့္ပါ …။ ဆန္လက္တစ္ဆုပ္ထည့္ပါ …။ အိပ္ယာေဘးမွာ တစ္ညထားအိပ္ပါ …။ ေနာက္ေမ႔မနက္ စီးေနေသာေရထဲသို႔သြားေမွ်ာလုိက္ပါ …။ မေကာင္းတဲ့အခို္ကအညံ့ေတြ ေရာဂါေတြပါသြားပါေစလို႔ဆုေတာင္းပါ …။

အခက္အခဲႀကီးႀကီးမားမားရွိလွ်င္ အထူးျပဳလုပ္သင့္ေသာ ယၾတာ … ၾကာသပေတးေန႔ည၀တ္အိပ္ထားေသာ အ၀တ္ေဟာင္းတစ္စံုကို ေနာက္ေန႔မနက္ေစာ လမ္းတြင္သြားစြန္႔ပါ။ (ငါ့မွာရွိေနတဲ့မေကာင္းတဲ့အခိုက္အညံ့ေတြအားလံုး ပါသြားပါေစလို႔ဆုေတာင္းပါ) (၂)လတစ္ခါလုပ္ပါ။အေရးအေၾကာင္းကိစၥေပၚလွ်င္ထပ္လုပ္ပါ။

ပစၥည္းမ်ား အျမန္ေရာင္းထြက္ေရာင္းေကာင္းရန္ – အျမန္ေရာင္းထြက္ခ်င္တဲ့ ၊ ေရာင္းေကာင္းခ်င္တဲ့ပစၥည္းမ်ားကို ေရခြက္ နဲ႔ရုိက္ေပးပါ …။ ေရႊရည္ျဖန္းေပးပါ …။ (ေရႊစိမ္ထားေသာေရ ) ပါးစပ္ကေနၿပီးေတာ့လည္း ျပတ္ျပတ္သားသား ဆုေတာင္းပါ …။ ဘယ္ေန႔ ဘယ္ခ်ိန္မဆို ဥာဏ္ရွိသလိုုလုပ္ပါ …။

ယၾတာ။ ။မည့္သည့္ေန႔တြင္မဆို မနက္(၆)နာရီ (၃၀) မိနစ္တိတိတြင္ ဆြမ္းပူပူ(၃)ပန္းကန္ ၊ သစ္သီး(၆)လံုး ၊ ေသာက္ေတာ္ေရ (၂)ခြက္ ၊ ဖေယာင္းတိုင္ (၂) တိုင္ ၊

မိမိေနအိမ္ဘုရားတြင္ လွဴဒါန္းဆုေတာင္းျခင္းျဖင့္္ တစ္ႏွစ္တာလံုး အခိုက္အည့ံမ်ား ကင္းစင္ေၾကေပ်ာက္ၿပီး အႀကံအစည္မ်ားေအာင္ျမင္လတၱံ႔။(အေၾကာင္းရွိတိုင္း မၾကာခဏျပဳလုပ္ႏိုင္သည္)

မင္းသိမ္းခိုင္ – ေရႊရမ္းထူးလင္း

ၾကာသပေတးသားသမီးမ်ား

Unicode Version
(၂၀၁၉)(၁)နှစ်လုံးစာ ကြာသပတေးသားသမီးများ အတွက် ဟောစာတမ်း …..

ကြာသပတေးသားသမီးများအတွက် ၁၃၈၁-ခုနှစ်၊ တစ်နှစ်စာ ဟောစာတမ်း …..

ကြီးမားသောအပြောင်းအလဲများဖြစ်လတ္တံ့။ ကံ အလွန်အမင်းကောင်းနိုင်သလို ၊ ကံ အလွန်အမင်းလည်း ဆိုးလတ္တံ့။ ငြိမ်ငြိမ်နေလျှင် အလွန်အမင်းညံ့လတ္တံ့။ လှုပ်ရှားလျှင် ကံအလွန်အမင်းကောင်းလတ္တံ့။ အိပ်ယာပြောင်းအိပ်ခြင်း၊ခရီးထွက်ခြင်း စသည့် လှုပ်လှုပ်ရှားရှားနေထိုင်ဆောင်ရွက်ပါက ကံကောင်းလတ္တံ့။

စိတ်ကူးအကြံအစည် ရည်ရွယ်ချက်များကို စွန့်စွန့်စားစား ကြိုးစားဆောင်ရွက်လျှင် အောင်မြင်လတ္တံ့။ အောက်လက်ငယ်သား ရွှေ ရတနာအတွက် စိတ်ပူရအံ့။

ကျန်းမာရေးချူခြာခြင်း၊ဆေးရုံဆေးခန်းများနှင့်ပက်သက်ရခြင်း၊ဘာမှန်းမသိ ရောဂါရှာမရပဲ တရှောင်ရှောင်ဖြစ်ခြင်း၊အစားမှားဆေးမှားဖြစ်ခြင်း၊စကားပြောငြင်းခုန်ရခြင်း၊ခိုက်ရန်ဖြစ်ပွားတတ်ခြင်း၊စကားပြောကျွံခြင်း

လွန်ခြင်း ၊ စက်ပစ္စည်း ၊ စာရွက်စာတမ်း ၊စပ်တူရှယ်ယာကိစ္စများနှင့်ပက်သက်ပြီး စိတ်ညစ်ရတတ်ခြင်း တို့ကြုံရအံ့။

ငွေရေးကြေးရေး – ရစရာပေးစရာငွေများ ထစ်ငေါ့ကြန့်ကြာ လွဲချော်တတ်။ ငွေတွေဝင်နေပြီး အကြွေးတင်နေအံ့။ ငွေလိမ်ခံရတတ်။သတိထားသင့်။ ၀င်သမျှငွေများ ပြန်ထွက်ပြီး ငွေမမြဲပဲဖြစ်နေအံ့။ ငွေမဝင်ခင်ကပင် သုံးစရာ ကုန်စရာများက စောင့်ကြိုနေအံ့။ ငွေအတွက် အနည်းငယ် စိတ်ပူရအံ့။

ငွေရေးကြေးရေး အထူးယတြာ – ငွေမြဲရန် မကြာခဏ ငါသေတ္တာဗူးပေါ်တွင် ဖယောင်းတိုင်ထွန်းပြီး ဆုတောင်းပါ ။ ငွေကြေးကံကောင်းရန် မရှိနွမ်းပါးသောသက်ကြီးရွယ်အိုတစ်ဦးကို ဆပ်ပြာအကြမ်း ၊ လုက်သုပ်ပဝါအကြမ်း ၊ ပိုက်ဆံအနွမ်း မကြာခဏ လှူဒါန်းရင်း ဆုတောင်းပါ ။

ဘယ်လက်မှာ (က) ကကြီးအက္ခရာရေး ၊ ညာဘက်လက်မှာ (ယ) ယပလက် အက္ခရာရေး ၊ လက်ဝါးချင်းရိုက်ပြီးဆုတောင်းပါ။

( ၄င်းယတြာများသည် လုပ်ရသည်မှာလွယ်ကူသော်လည်း အင်မတန်ထိရောက်အောင်မြင်သော ယတြာများဖြစ်သည်။ငွေကြေးကံကောင်းပြီး ဘဝတစ်ဆစ်ချိုးပြောင်းလဲမြင့်တက်ချမ်းသာသွားသည်များကို မကြာခဏတွေ့ကြံုဖူးပါသည်။ ထို့ကြောင့် ယုံယုံကြည်ကြည် လေးလေးနက်နက် ဆောင်ရွက်စေလိုပါသည်။)

ထီထိုးကံစမ်းရန် – အကြော်(၁၂)ခု ဘုရားလှူပါ ၊ သူငယ်ချင်းမိတ်ဆွေများကို ဒါနလုပ်ပါ ။ ပြီးလျှင် (အ ဥ က ခ ဂ ဃ င ) ပါသောထီဆိုင်တွင် (၁) နှင့် (၂) များများပါသော ထီလက်မှတ်ကိုရွေးထိုးပါ။ ပါးစပ်မှနေ တာဗားနိုး ( TAVANO) ရွတ်ပြီးထိုးပါ …။

အချစ်ရေး – ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဖြင့် ဂဏာမငြိမ်ဖြစ်တတ်ခြင်း ၊ စိတ်အပြောင်းအလဲမြန်ခြင်း ၊ ချစ်သူပါပြောင်းသွားတတ်ခြင်း တို့ကြံုရလတ္တံ့။ ချစ်ခြင်းမေတ္တာများ

သံယောဇဉ်များလည်း ပြောင်းလဲသွားတတ်။ မတည်မငြိမ်ဖြစ်အံ့။ ထိလွယ် ရှလွယ်ဖြစ်အံ့။ ဆုပ်လည်းစူး စားလည်းရူးအခြေအနေများကြံုရအံ့။ အဆင်မသင့်လျှင် လမ်းခွဲပြတ်စဲသွားရအံ့။

အိမ်ထောင်ရေး -အကောင်းအဆိုးရောထွေးနေလတ္တံ့။ စိတ်ပူစရာများ စိတ်အနှောက်အယှက်ဖြစ်စရာများ ကြည်နူးရင်ခုန်စရာများ ရောထွေးနေအံ့။ မကြာခဏဆိုသလို ခွဲခွာနေလျှင် အညံ့များပြေပျောက်ပြီး အိမ်ထောင်ရေးသုခများခံစားရလတ္တံ့။ မကြာခဏ အိပ်ယာခွဲအိပ်ပါ။ပြောင်းအိပ်ပါ။

အချစ်ရေးအိမ်ထောင်ရေးတွင် သောကြာသားသမီးများ ၊ နာမည်တွင် သ ဟ ပါသောသူများ ရေနားနီးသော ၊ ရေကြောင်းခရီး ၊ သင်္ဘော ၊ ဟော်တယ်လုပ်ငန်း ၊ ခရီသွားလုပ်ငန်း ၊ စကားပြော ၊ ပွဲစားအလုပ်နှင့်ပက်သက်သူများ ၀င်ရှုပ်တတ်။

အချစ်ရေးအိမ်ထောင်ရေး အထူးယတြာ – နှစ်ယောက်ဓါတ်ပုံကိုကို မျက်နှာချင်းဆိုင်ကပ်။ စွယ်တော်ရွက်နှင့်ညှပ် ၊ ခေါင်းအုံးအောက်မှာထားအိပ်ပါ။

ပညာရေး – ပညာရေးကံအလယ်အလတ်သာရှိအံ့။ မိမိရည်မှန်းထားသလောက်သာ အောင်မြင်အံ့။ ၀ီရိယအား ၊ ဉာဏ်အား ၊ လူအားစိုက်ထုတ်ပြီး ကြိုးစားသင့်။ အပေါင်းအသင်းမှားတတ်သည့်အတွက် ဂရိုစိုက်သင့်။

ပညာရေးကံကောင်းစေရန် – မနက်စောစော သစ်သီး(၆)လုံး၊ ပန်းအဖြူ(၅)ပွင့်၊ သောက်တော်ရေ(၅)ခွက်၊ ဖယောင်းတိုင်(၅)တိုင် ဘုရားလှူပြီး မိမိဖြစ်ချင်တာကို ပြတ်ပြတ်သားသား သဲသဲကွဲကွဲ အသံထွက်ဆုတောင်းပါ။ ချိုးမယ့်ရေထဲမှာ ပန်းအဖြူု(၂)ပွင့်ထည့်ပြီးရေးချိုးရင်းလည်းဆုတောင်းပါ။

( စာမေးပွဲဖြေ၊ အင်တာဗျူးဖြေ၊ အလုပ်လျောက်သည့်အခါများတွင်လည်း ပြုလုပ်နိုင်ပါသည်)

ကျန်းမာရေး – သွေးသား ၊ သွေးချို ၊ သွား နှင့် ပက်သက်သောရောဂါ ဝေဒနာများ သတိထားသင့်။ဆေးရုံ ဆေးခန်းနှင့် ပက်သက်ရတတ်။ (တပ်အပ်ဖြစ်မည်ဟု မဆိုလိုပါ ။ သတိထားရန်ဖြစ်သည်)

ကျန်းမာရေးညံ့လျှင်ပြုလုပ်ရမည့်ယတြာ – ကြာသပတေးနေ့ည …။ ပုံး တစ်ခုထဲတွင် မိမိ၏ ခြေသည်း ၊ လက်သည်း ၊ ဆံပင် အနည်းငယ်ထည့်ပါ …။ အကျီအစုတ် ၊

လုံချည်အစုတ်ထည့်ပါ …။ ဆန်လက်တစ်ဆုပ်ထည့်ပါ …။ အိပ်ယာဘေးမှာ တစ်ညထားအိပ်ပါ …။ နောက်မေ့မနက် စီးနေသောရေထဲသို့သွားမျှောလိုက်ပါ …။ မကောင်းတဲ့အခို်ကအညံ့တွေ ရောဂါတွေပါသွားပါစေလို့ဆုတောင်းပါ …။

အခက်အခဲကြီးကြီးမားမားရှိလျှင် အထူးပြုလုပ်သင့်သော ယတြာ … ကြာသပတေးနေ့ညဝတ်အိပ်ထားသော အဝတ်ဟောင်းတစ်စုံကို နောက်နေ့မနက်စော လမ်းတွင်သွားစွန့်ပါ။ (ငါ့မှာရှိနေတဲ့မကောင်းတဲ့အခိုက်အညံ့တွေအားလုံး ပါသွားပါစေလို့ဆုတောင်းပါ) (၂)လတစ်ခါလုပ်ပါ။အရေးအကြောင်းကိစ္စပေါ်လျှင်ထပ်လုပ်ပါ။

ပစ္စည်းများ အမြန်ရောင်းထွက်ရောင်းကောင်းရန် – အမြန်ရောင်းထွက်ချင်တဲ့ ၊ ရောင်းကောင်းချင်တဲ့ပစ္စည်းများကို ရေခွက် နဲ့ရိုက်ပေးပါ …။ ရွှေရည်ဖြန်းပေးပါ …။ (ရွှေစိမ်ထားသောရေ ) ပါးစပ်ကနေပြီးတော့လည်း ပြတ်ပြတ်သားသား ဆုတောင်းပါ …။ ဘယ်နေ့ ဘယ်ချိန်မဆို ဉာဏ်ရှိသလိုုလုပ်ပါ …။

ယတြာ။ ။မည့်သည့်နေ့တွင်မဆို မနက်(၆)နာရီ (၃၀) မိနစ်တိတိတွင် ဆွမ်းပူပူ(၃)ပန်းကန် ၊ သစ်သီး(၆)လုံး ၊ သောက်တော်ရေ (၂)ခွက် ၊ ဖယောင်းတိုင် (၂) တိုင် ၊

မိမိနေအိမ်ဘုရားတွင် လှူဒါန်းဆုတောင်းခြင်းဖြင့်် တစ်နှစ်တာလုံး အခိုက်အည့ံများ ကင်းစင်ကြေပျောက်ပြီး အကြံအစည်များအောင်မြင်လတ္တံ့။(အကြောင်းရှိတိုင်း မကြာခဏပြုလုပ်နိုင်သည်)

မင်းသိမ်းခိုင် – ရွှေရမ်းထူးလင်း

ကြာသပတေးသားသမီးများ

No comments:

Post a Comment