Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, June 23, 2019

မယားငယ္ စႏုိက္ေၾကာ္ေတြကုိ ..ဆံုးမလိုက္တဲ့ ပန္ဆယ္လုိ


လို ခ်င္ ရင္ ကြကိုယ္ ရွာယူပါ။ သူမ်ားလင္ အေခ်ာင္မႏႈိက္ပါနဲ႔။ လင္ယူတယ္ဆိုတာ လြယ္တာမဟုတ္ဘူး။ ငယ္ရြယ္ ႏုပ်ိဳမႈေတြ အကုန္ေပးဆပ္ၿပီး ဘဝရဲ႕ အေကာင္းဆံုးေသာ အခ်ိန္အတိုင္းအတာ တစ္ခုကို ရင္းထားခဲ့ရတာ။

လင္ ယူ ရင္ ပံုပ်က္ပါတယ္။ ဘယ္လင္မွ အလွထိုင္ၾကည့္မေနပါဘူး။ မပိန္ခ်င္တာေတြ ပိန္ၿပီး မပူခ်င္တာေတြ ပူလာ တတ္ပါတယ္။ ဘယ္ေလာက္ အထိန္းအသိမ္း ေကာင္းေကာင္း ေအာ္ရီဂ်င္နယ္ေတာ့ မက်န္ပါ။ ကေလးေမြးရင္ အင္ဂ်င္ပါ ထိပါတယ္။ ဗိုက္ေတြမွာ အေၾကာျပတ္ရာ ဗရဗ်စ္နဲ႔ ခြဲပဲေမြးေမြး၊ ႐ိုး႐ိုးပဲ ေမြးေမြး မေမြးရေသးခင္လိုေတာ့ ရွိမေနပါ။

ငါက ပိုဆြဲေဆာင္ႏိုင္လို႔ နင့္လင္ႀကီး ပါလာတာေလလို႔ ဂုဏ္မဆာပါနဲ႔။ မစားရဖူးေသးရင္ အသစ္ေတြခ်ည္းပါ။ ရွင္မွ မဟုတ္ဘူး… ဘယ္သူကမဆို ဆြဲေဆာင္ႏိုင္ပါတယ္။ ရွင္လည္း အၿမဲတမ္း သစ္မေနႏိုင္ပါ။ ေဟာင္းသြားရင္ ပစ္တတ္တဲ့ လူမ်ိဳးကို ရထားတယ္ဆိုတာ မေမ့ပါနဲ႔။

အိမ္ေ ထာင္ေရး တစ္ခုဆိုတာ လြယ္လြယ္ကူကူ တည္ေဆာက္ထားရတာ မဟုတ္ဘူး။ ေလာကဓံ ေနဒဏ္၊ မိုးဒဏ္ေအာက္ မွာ တစ္ေယာက္ကို တစ္ေယာက္ အုပ္မိုးကာကြယ္ရင္း ျဖတ္သန္းခဲ့ၾကတာ။ အ တူ ရယ္ဖူးသလို အတူငိုဖူးတယ္။ အတူစားဖူး သလို အတူငတ္ဖူးမယ္။ ေအးအတူ ပူအမွ်ဆိုတဲ့ ေခါင္းစဥ္ေအာက္က တစ္စံုတစ္ေယာက္ကို ဆြဲထုတ္ခံရတဲ့ နာက်င္မႈ ဆိုတာ ဘာနဲ႔မွ မတူဘူး။

ကိုယ့္လင္ကိုယ္ႏိုင္ေအာင္ထိန္းေလတဲ့။ လင္လုၿပီးရင္ ေျပာတတ္တဲ့စကား။ ဘယ္မိန္းမမွ မထိန္းဘယ္ရွိပါ့မလဲ။ ဘယ္မိန္းမ ကမွလည္း ပ်က္ရင္ပ်က္ေလလို႔ မထိန္းေနပါ့မလဲ။ ေယာက္်ားဆိုတာ ခ်ည္တိုင္ကႏြားမဟုတ္သလို ဆပ္ကပ္ထဲက က်ားလည္း မဟုတ္ဘူး။



ဒီအိမ္ေထာင္ေရးကို ပ်က္စီးမခံႏိုင္လို႔၊ ဖ်က္ဆီးခြင့္မေပးႏိုင္လို႔ ညႇိႏႈိင္းတာ၊ သူမ်ားအိမ္ေထာင္ေရးကို ဖ်က္ဆီးခ်င္တဲ့ မိန္းမေတြထက္ ဂုဏ္သိကၡာအဆင့္အတန္း နိမ့္ပါးေနလို႔ တိုးလ်ိဳးတာ မဟုတ္ဘူး။ သိထားပါ လင္သားက အျခားမိန္းမ ေနာက္ ေကာက္ေကာက္ပါသြားလို႔ အဲ့မိန္းမ ငိုေႂကြးရ၊ ဝမ္းနည္း႐ ေျခာက္လ တစ္ႏွစ္ပါ။ ဒီလို အက်င့္ဆိုးရွိတဲ့ ေယာက္်ား မ်ိဳးကို ဆက္လက္ထမ္းပိုးသြားရမွာက အဲ့မိန္းမဟုတ္ေတာ့ဘူး။ ဒီလို ကိုယ္က်င့္တရား တန္ဖိုးမထားတတ္တဲ့လူမ်ိဳးကို ရွင္ရင္းယူလိုက္ရတာက မယားငယ္ဆိုတဲ့ ဂုဏ္ပုဒ္နဲ႔ပါ။ လင္လုမဆိုတဲ့ ဂုဏ္ပုဒ္နဲ႔ပါ။

ဘယ္သူ႔ဆီကမွ ခိုးဝွက္ယူထားတာ မဟုတ္တဲ့ ဂုဏ္သေရရွိမိန္းမေတြက မ်က္ရည္သုတ္ၿပီးတစ္ေန႔ ျပန္လည္ ေခါင္းေမာ့ လာႏိုင္လိမ့္မယ္။ ရွင္ကေတာ့ ဒီလိုေဖာက္ျပားတတ္တဲ့ ေယာက္်ားမ်ိဳးကို ရၿပီး ေခါင္းမေဖာ္ႏိုင္ ျဖစ္လာေတာ့မယ္။ ေသြးေအးခ်ိန္မွာ ရွက္မိလာမယ္။ ေနာင္တရလာမယ္။ မယားႀကီး က်ခဲ့ရတဲ့ မ်က္ရည္ေတြ ရွင္တို႔ မ်က္လံုးက ျပန္က်လာ ရလိမ့္မယ္။

မယားႀကီးေတြဟာ သနားစရာမဟုတ္ဘူး။ ကိုယ့္ကိုယ္ကိုယ္ သနားပါ။ ကိုယ့္ဘဝကိုယ္သနားပါ။ ဝဋ္ဆိုတာ လီဗာမလိုဘူး။ ဝဋ္ဆိုတာ ကတိတည္တယ္။ ဝဋ္ဆိုတာ ရွင္ရလိုက္တဲ့ သူမ်ားလင္ထက္ သစၥာရွိတယ္ဆိုတာ ယံု။ မိန္းမတစ္ေယာက္ရဲ႕ ႏွလံုးသားကို မိန္းမတစ္ေယာက္က နင္းေခ်တာ ဘယ္ဘုရားမွ ခြင့္မလႊတ္ဘူး။

စာႂကြင္း။ အငွားဖီလင္နဲ႔ ျမင္ေနရတဲ့ကိစၥေတြအေပၚ ခံစားမႈပါ။ အိမ္က သစၥာရွိဆဲ လင္ေတာ္ေမာင္နဲ႔ ဘာမွ မဆိုင္ပါ ေၾကာင္း၊ ကိုယ့္လင္ လာထိရဲရင္လည္း အဟင္းဟင္းေပါ့ ငိ

အိပန္ဆယ္လုိ

Unicode Version
လိုချင်ရင် ကွကိုယ် ရှာယူပါ။ သူများလင် အချောင်မနှိုက်ပါနဲ့။ လင်ယူတယ်ဆိုတာ လွယ်တာမဟုတ်ဘူး။ ငယ်ရွယ် နုပျိုမှုတွေ အကုန်ပေးဆပ်ပြီး ဘဝရဲ့ အကောင်းဆုံးသော အချိန်အတိုင်းအတာ တစ်ခုကို ရင်းထားခဲ့ရတာ။

လင်ယူရင် ပုံပျက်ပါတယ်။ ဘယ်လင်မှ အလှထိုင်ကြည့်မနေပါဘူး။ မပိန်ချင်တာတွေ ပိန်ပြီး မပူချင်တာတွေ ပူလာ တတ်ပါတယ်။ ဘယ်လောက် အထိန်းအသိမ်း ကောင်းကောင်း အော်ရီဂျင်နယ်တော့ မကျန်ပါ။ ကလေးမွေးရင် အင်ဂျင်ပါ ထိပါတယ်။ ဗိုက်တွေမှာ အကြောပြတ်ရာ ဗရဗျစ်နဲ့ ခွဲပဲမွေးမွေး၊ ရိုးရိုးပဲ မွေးမွေး မမွေးရသေးခင်လိုတော့ ရှိမနေပါ။

ငါက ပိုဆွဲဆောင်နိုင်လို့ နင့်လင်ကြီး ပါလာတာလေလို့ ဂုဏ်မဆာပါနဲ့။ မစားရဖူးသေးရင် အသစ်တွေချည်းပါ။ ရှင်မှ မဟုတ်ဘူး… ဘယ်သူကမဆို ဆွဲဆောင်နိုင်ပါတယ်။ ရှင်လည်း အမြဲတမ်း သစ်မနေနိုင်ပါ။ ဟောင်းသွားရင် ပစ်တတ်တဲ့ လူမျိုးကို ရထားတယ်ဆိုတာ မမေ့ပါနဲ့။

အိမ်ထောင်ရေးတစ်ခုဆိုတာ လွယ်လွယ်ကူကူ တည်ဆောက်ထားရတာ မဟုတ်ဘူး။ လောကဓံ နေဒဏ်၊ မိုးဒဏ်အောက် မှာ တစ်ယောက်ကို တစ်ယောက် အုပ်မိုးကာကွယ်ရင်း ဖြတ်သန်းခဲ့ကြတာ။ အတူရယ်ဖူးသလို အတူငိုဖူးတယ်။ အတူစားဖူး သလို အတူငတ်ဖူးမယ်။ အေးအတူ ပူအမျှဆိုတဲ့ ခေါင်းစဉ်အောက်က တစ်စုံတစ်ယောက်ကို ဆွဲထုတ်ခံရတဲ့ နာကျင်မှု ဆိုတာ ဘာနဲ့မှ မတူဘူး။

ကိုယ့်လင်ကိုယ်နိုင်အောင်ထိန်းလေတဲ့။ လင်လုပြီးရင် ပြောတတ်တဲ့စကား။ ဘယ်မိန်းမမှ မထိန်းဘယ်ရှိပါ့မလဲ။ ဘယ်မိန်းမ ကမှလည်း ပျက်ရင်ပျက်လေလို့ မထိန်းနေပါ့မလဲ။ ယောက်ျားဆိုတာ ချည်တိုင်ကနွားမဟုတ်သလို ဆပ်ကပ်ထဲက ကျားလည်း မဟုတ်ဘူး။



ဒီအိမ်ထောင်ရေးကို ပျက်စီးမခံနိုင်လို့၊ ဖျက်ဆီးခွင့်မပေးနိုင်လို့ ညှိနှိုင်းတာ၊ သူများအိမ်ထောင်ရေးကို ဖျက်ဆီးချင်တဲ့ မိန်းမတွေထက် ဂုဏ်သိက္ခာအဆင့်အတန်း နိမ့်ပါးနေလို့ တိုးလျိုးတာ မဟုတ်ဘူး။ သိထားပါ လင်သားက အခြားမိန်းမ နောက် ကောက်ကောက်ပါသွားလို့ အဲ့မိန်းမ ငိုကြွေးရ၊ ဝမ်းနည်းရ ခြောက်လ တစ်နှစ်ပါ။ ဒီလို အကျင့်ဆိုးရှိတဲ့ ယောက်ျား မျိုးကို ဆက်လက်ထမ်းပိုးသွားရမှာက အဲ့မိန်းမဟုတ်တော့ဘူး။ ဒီလို ကိုယ်ကျင့်တရား တန်ဖိုးမထားတတ်တဲ့လူမျိုးကို ရှင်ရင်းယူလိုက်ရတာက မယားငယ်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ပါ။ လင်လုမဆိုတဲ့ ဂုဏ်ပုဒ်နဲ့ပါ။

ဘယ်သူ့ဆီကမှ ခိုးဝှက်ယူထားတာ မဟုတ်တဲ့ ဂုဏ်သရေရှိမိန်းမတွေက မျက်ရည်သုတ်ပြီးတစ်နေ့ ပြန်လည် ခေါင်းမော့ လာနိုင်လိမ့်မယ်။ ရှင်ကတော့ ဒီလိုဖောက်ပြားတတ်တဲ့ ယောက်ျားမျိုးကို ရပြီး ခေါင်းမဖော်နိုင် ဖြစ်လာတော့မယ်။ သွေးအေးချိန်မှာ ရှက်မိလာမယ်။ နောင်တရလာမယ်။ မယားကြီး ကျခဲ့ရတဲ့ မျက်ရည်တွေ ရှင်တို့ မျက်လုံးက ပြန်ကျလာ ရလိမ့်မယ်။

မယားကြီးတွေဟာ သနားစရာမဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် သနားပါ။ ကိုယ့်ဘဝကိုယ်သနားပါ။ ဝဋ်ဆိုတာ လီဗာမလိုဘူး။ ဝဋ်ဆိုတာ ကတိတည်တယ်။ ဝဋ်ဆိုတာ ရှင်ရလိုက်တဲ့ သူများလင်ထက် သစ္စာရှိတယ်ဆိုတာ ယုံ။ မိန်းမတစ်ယောက်ရဲ့ နှလုံးသားကို မိန်းမတစ်ယောက်က နင်းချေတာ ဘယ်ဘုရားမှ ခွင့်မလွှတ်ဘူး။

စာကြွင်း။ အငှားဖီလင်နဲ့ မြင်နေရတဲ့ကိစ္စတွေအပေါ် ခံစားမှုပါ။ အိမ်က သစ္စာရှိဆဲ လင်တော်မောင်နဲ့ ဘာမှ မဆိုင်ပါ ကြောင်း၊ ကိုယ့်လင် လာထိရဲရင်လည်း အဟင်းဟင်းပေါ့ ငိ

အိပန်ဆယ်လို

No comments:

Post a Comment