Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, June 26, 2019

သံဃာကိုေက်ာင္းေဆာက္လွဴတာနဲ႔ ေစတီတည္တာ ဘယ္ဟာပိုအကိ်ဳးမ်ားလဲ


ေစတီတစ္ဆူတည္ၿပီးေတာ့ ဘုရားကိုးကြယ္မယ္ဆိုလို႔႐ွိရင္ ျမတ္စြာဘုရားကိုအာရံုျပဳလို႔ ဗုဒၶပူဇာေတာ့ျဖစ္ပါတယ္.. ေက်ာင္းတစ္ေက်ာင္းေဆာက္ၿပီးေတာ့ လွဴလိုက္တာေလာက္ ဒီသာသနာေတာ္အတြက္ အက်ိဳးျဖစ္ထြန္းမႈ႐ွိမ႐ွိ စဥ္းစားၿပီးေတာ့ၾကည့္ၾကရေအာင္…

ေစတီလွဴတယ္ ဟုတ္ၿပီ လမ္းသြားလမ္းလာပုဂၢိဳလ္ေတြ ဘုရားကို႐ွိခိုးမယ္ လက္အုပ္ခ်ီၾကတယ္ ကုသိုလ္ရၾကမယ္ မွန္တယ္ ဒီေလာက္ပဲ.. ေစတီတည္တဲ့ပုဂၢိဳလ္ဟာလည္း ဘုရားကိုအာရံုျပဳၿပီးေတာ့ကုသိုလ္ေတြရမယ္ ဟုတ္တယ္ အဲေလာက္ပဲရမယ္..

#ေက်ာင္းတစ္ေဆာင္ေဆာက္လွဴလို႔႐ွိရင္ #ဘုရားကိုပူေဇာ္ၿပီးသားလည္းျဖစ္မယ္ #တရားကိုပူေဇာ္ၿပီးသားလည္းျဖစ္မယ္ #သံဃာကိုပူေဇာ္ၿပီးသားလည္းျဖစ္မယ္ #ရတနာသုံးပါးလုံးပူေဇာ္ၿပီးျဖစ္ရံုမ်ွမက #သာသနာေတာ္အဓြန္႔႐ွည္ၾကာဖို႔ #မိမိျပဳလုပ္လိုက္တဲ့ကုသိုလ္ဟာ #တစ္ေထာင့္တစ္ေနရာကေနၿပီးေတာ့ #အက်ိဳးျပဳေနတာျဖစ္တယ္.. #အင္မတန္မွတန္ဖိုး႐ွိတဲ့ကုသိုလ္လို႔စိတ္ထဲမွာဝမ္းသာေနရမယ္..

”ဘုရားထက္ျမတ္တယ္”လို႔ ေျပာတာမဟုတ္ဘူးေနာ္ စဥ္းစားျပီးေတာ့ၾကည့္ အက်ိဳးျဖစ္တာကိုေျပာတာေနာ္.. ျမတ္စြာဘုရားက ေစတီတည္ၿပီးေတာ့ကိုးကြယ္တာကို ကုသိုလ္မရဘူးလို႔ ေျပာတာမဟုတ္ဘူး ရတယ္ ဘုရားကိုပူေဇာ္တာမေကာင္းဘူးေျပာတာမဟုတ္ဘူး ေကာင္းတယ္ အက်ိဳးကိုတြက္ၾကည့္လိုက္…

ေက်ာင္းေဆာက္လိုက္ရင္ ဘုရားပါတယ္ အဲဒီထဲမွာေနာ္ ဘုရား႐ုပ္ပြားေတာ္ထည့္သြင္းပူေဇာ္ထားတယ္ #ဗုဒၶပူဇာ သံဃာေတြသီတင္းသုံးေနတဲ့အတြက္ေၾကာင့္ ထိုသံဃာေတြသင္ၾကားေနတဲ့တရား #ဓမၼပူဇာ သံဃာေတြကိုပူေဇာ္ျခင္းဆိုတဲ့ #သံဃာ့ပူဇာ

ေစတီကိုတည္ထားကိုးကြယ္မယ္ဆိုရင္ ဗုဒၶပူဇာတစ္ခုပဲရႏိုင္တယ္ ဓမၼပူဇာမရႏိုင္ဘူး သံဃာ့ပူဇာမရႏိုင္ဘူး ဘာျပဳလို႔တုန္းဆို ေစတိယ_ေစတီက အာရံုျပဳလို႔ရတာတစ္ခုပဲ႐ွိတယ္ အခုလို စာေပက်မ္းဂန္ေတြအေၾကာင္းျပဳၿပီးေတာ့ သံဃာေတြသီတင္းသုံးလို႔ရတာမဟုတ္ဘူး အဲဒါေၾကာင့္မို႔ ေက်ာင္းေဆာက္ၿပီးေတာ့လွဴရတာဟာ သာသနာေတာ္အတြက္ အင္မတန္မွအက်ိဳးျဖစ္တယ္ ဒီလိုမွတ္ရမယ္ေနာ္..

ျမတ္စြာဘုရားကိုယ္တိုင္ကိုက ေဝလာမသုတၱန္မွာ သံဃာကိုေက်ာင္းေဆာက္လွဴဒါန္းတာဟာ ပိုေကာင္းတယ္ ဆြမ္း သကၤန္း ေက်ာင္း ေဆး ဆိုတဲ့အလွဴဟာ ပိုေကာင္းတယ္တဲ့ေနာ္

ဘာျပဳလို႔လဲဆိုရင္ အခုေျပာတဲ့အတိုင္းပဲ ေက်ာင္းေဆာက္လိုက္သျဖင့္ ဗုဒၶပူဇာျဖစ္တယ္ တရားဓမၼေတြသင္ယူပို႔ခ်ေနသည့္အတြက္ေၾကာင့္ ဓမၼပူဇာလည္းျဖစ္တယ္ သံဃာေတြသီတင္းသုံးေနသည့္အတြက္ေၾကာင့္ သံဃာ့ပူဇာလည္းျဖစ္တယ္ ဒါတင္လားလို႔ဆိုေတာ့ မကဘူး သံဃာေတြက အဲဒီေက်ာင္းမွာ သီတင္းသုံးၿပီးေတာ့ (Generation to Generation) မ်ိဳးဆက္သစ္ေတြကိုလက္ဆင့္ကမ္းၿပီးေတာ့ ဘုရားရဲ႕တရားေတာ္ေတြကို သင္ၾကားပို႔ခ်ေပးလိုက္လို႔ ေနာက္တစ္ဆက္က ထပ္ၿပီးေတာ့ သင္ၾကားပို႔ခ်ေပးမယ္ဆိုရင္ ျမတ္စြာဘုရားရဲ႕တရားေတာ္ေတြကို လက္ဆင့္ကမ္းၿပီးသင္ယူသြားတာပဲ..

ေ႐ွးတုန္းကလည္း ဒီစနစ္နဲ႔သင္ယူလာလို႔ ခု (၂၆၀၀)ထိေအာင္ တရားေတြမေပ်ာက္မပ်က္တာ.. အကယ္၍ မသင္ပဲေနမယ္ဆိုလို႔႐ွိရင္ ေပ်ာက္သြားတာၾကာလွၿပီ ဘယ္သူမွအဓိပၸါယ္မေဖာ္ႏိုင္ေတာ့ ဘူး အဲေတာ့ သာသနာ႐ွည္ၾကာဖို႔အတြက္ တို႔လုပ္ထားတဲ့အလုပ္ဟာ အင္မတန္မွအက်ိဳးျဖစ္တယ္လို႔ မွတ္ရမယ္..
ေက်းဇူးရွင္ပါခ်ဳပ္ဆရာေတာ္ႀကီး
# Unicode Version # ျဖင့္ ဖတ္ပါ #

စေတီတစ်ဆူတည်ပြီးတော့ ဘုရားကိုးကွယ်မယ်ဆိုလို့ရှိရင် မြတ်စွာဘုရားကိုအာရုံပြုလို့ ဗုဒ္ဓပူဇာတော့ဖြစ်ပါတယ်.. ကျောင်းတစ်ကျောင်းဆောက်ပြီးတော့ လှူလိုက်တာလောက် ဒီသာသနာတော်အတွက် အကျိုးဖြစ်ထွန်းမှုရှိမရှိ စဉ်းစားပြီးတော့ကြည့်ကြရအောင်…

စေတီလှူတယ် ဟုတ်ပြီ လမ်းသွားလမ်းလာပုဂ္ဂိုလ်တွေ ဘုရားကိုရှိခိုးမယ် လက်အုပ်ချီကြတယ် ကုသိုလ်ရကြမယ် မှန်တယ် ဒီလောက်ပဲ.. စေတီတည်တဲ့ပုဂ္ဂိုလ်ဟာလည်း ဘုရားကိုအာရုံပြုပြီးတော့ကုသိုလ်တွေရမယ် ဟုတ်တယ် အဲလောက်ပဲရမယ်..

#ကျောင်းတစ်ဆောင်ဆောက်လှူလို့ရှိရင် #ဘုရားကိုပူဇော်ပြီးသားလည်းဖြစ်မယ် #တရားကိုပူဇော်ပြီးသားလည်းဖြစ်မယ် #သံဃာကိုပူဇော်ပြီးသားလည်းဖြစ်မယ် #ရတနာသုံးပါးလုံးပူဇော်ပြီးဖြစ်ရုံမျှမက #သာသနာတော်အဓွန့်ရှည်ကြာဖို့ #မိမိပြုလုပ်လိုက်တဲ့ကုသိုလ်ဟာ #တစ်ထောင့်တစ်နေရာကနေပြီးတော့ #အကျိုးပြုနေတာဖြစ်တယ်.. #အင်မတန်မှတန်ဖိုးရှိတဲ့ကုသိုလ်လို့စိတ်ထဲမှာဝမ်းသာနေရမယ်..

”ဘုရားထက်မြတ်တယ်”လို့ ပြောတာမဟုတ်ဘူးနော် စဉ်းစားပြီးတော့ကြည့် အကျိုးဖြစ်တာကိုပြောတာနော်.. မြတ်စွာဘုရားက စေတီတည်ပြီးတော့ကိုးကွယ်တာကို ကုသိုလ်မရဘူးလို့ ပြောတာမဟုတ်ဘူး ရတယ် ဘုရားကိုပူဇော်တာမကောင်းဘူးပြောတာမဟုတ်ဘူး ကောင်းတယ် အကျိုးကိုတွက်ကြည့်လိုက်…

ကျောင်းဆောက်လိုက်ရင် ဘုရားပါတယ် အဲဒီထဲမှာနော် ဘုရားရုပ်ပွားတော်ထည့်သွင်းပူဇော်ထားတယ် #ဗုဒ္ဓပူဇာ သံဃာတွေသီတင်းသုံးနေတဲ့အတွက်ကြောင့် ထိုသံဃာတွေသင်ကြားနေတဲ့တရား #ဓမ္မပူဇာ သံဃာတွေကိုပူဇော်ခြင်းဆိုတဲ့ #သံဃာ့ပူဇာ

စေတီကိုတည်ထားကိုးကွယ်မယ်ဆိုရင် ဗုဒ္ဓပူဇာတစ်ခုပဲရနိုင်တယ် ဓမ္မပူဇာမရနိုင်ဘူး သံဃာ့ပူဇာမရနိုင်ဘူး ဘာပြုလို့တုန်းဆို စေတိယ_စေတီက အာရုံပြုလို့ရတာတစ်ခုပဲရှိတယ် အခုလို စာပေကျမ်းဂန်တွေအကြောင်းပြုပြီးတော့ သံဃာတွေသီတင်းသုံးလို့ရတာမဟုတ်ဘူး အဲဒါကြောင့်မို့ ကျောင်းဆောက်ပြီးတော့လှူရတာဟာ သာသနာတော်အတွက် အင်မတန်မှအကျိုးဖြစ်တယ် ဒီလိုမှတ်ရမယ်နော်..

မြတ်စွာဘုရားကိုယ်တိုင်ကိုက ဝေလာမသုတ္တန်မှာ သံဃာကိုကျောင်းဆောက်လှူဒါန်းတာဟာ ပိုကောင်းတယ် ဆွမ်း သင်္ကန်း ကျောင်း ဆေး ဆိုတဲ့အလှူဟာ ပိုကောင်းတယ်တဲ့နော်

ဘာပြုလို့လဲဆိုရင် အခုပြောတဲ့အတိုင်းပဲ ကျောင်းဆောက်လိုက်သဖြင့် ဗုဒ္ဓပူဇာဖြစ်တယ် တရားဓမ္မတွေသင်ယူပို့ချနေသည့်အတွက်ကြောင့် ဓမ္မပူဇာလည်းဖြစ်တယ် သံဃာတွေသီတင်းသုံးနေသည့်အတွက်ကြောင့် သံဃာ့ပူဇာလည်းဖြစ်တယ် ဒါတင်လားလို့ဆိုတော့ မကဘူး သံဃာတွေက အဲဒီကျောင်းမှာ သီတင်းသုံးပြီးတော့ (Generation to Generation) မျိုးဆက်သစ်တွေကိုလက်ဆင့်ကမ်းပြီးတော့ ဘုရားရဲ့တရားတော်တွေကို သင်ကြားပို့ချပေးလိုက်လို့ နောက်တစ်ဆက်က ထပ်ပြီးတော့ သင်ကြားပို့ချပေးမယ်ဆိုရင် မြတ်စွာဘုရားရဲ့တရားတော်တွေကို လက်ဆင့်ကမ်းပြီးသင်ယူသွားတာပဲ..

ရှေးတုန်းကလည်း ဒီစနစ်နဲ့သင်ယူလာလို့ ခု (၂၆၀၀)ထိအောင် တရားတွေမပျောက်မပျက်တာ.. အကယ်၍ မသင်ပဲနေမယ်ဆိုလို့ရှိရင် ပျောက်သွားတာကြာလှပြီ ဘယ်သူမှအဓိပ္ပါယ်မဖော်နိုင်တော့ ဘူး အဲတော့ သာသနာရှည်ကြာဖို့အတွက် တို့လုပ်ထားတဲ့အလုပ်ဟာ အင်မတန်မှအကျိုးဖြစ်တယ်လို့ မှတ်ရမယ်..
ကျေးဇူးရှင်ပါချုပ်ဆရာတော်ကြီး

No comments:

Post a Comment