Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, June 14, 2019

ေကာင္ေလးေခ်ာေခ်ာေလးေတြကို ၾကည့္ျခင္းက… အမ်ိဳးသမီးေတြကို …မွတ္ဥာဏ္ပိုေကာင္းေစ


KBS ရုပ္သံလိႈင္းရဲ႕ Discoveries in Lifeဆိုတဲ့ အစီအစဥ္ကေန သူတို႕ရဲ႕ ရွာေဖြေတြ႔ရွိမႈတစ္ခုကို ထုတ္ေဖၚတင္ဆက္ခဲ့ပါတယ္။

အဒါကေတာ ရုပ္ရည္ေခ်ာေမာတဲ့ အမ်ိဳးသားေတြကို ၾကည့္ျခင္းက ေက်ာင္းမွာ အမွတ္ေကာင္းေကာင္းရေစႏိုင္တယ္ဆိုတဲ့ အေၾကာင္းအရာပဲျဖစ္ပါတယ္။ ဒီေလ့လာမႈကိုေတာ့ သက္လတ္ပိုင္း အမိ်ိဳးသမီးေတြနဲ႔ စမ္းသပ္ခဲ့တာျဖစ္ပါတယ္။

အဲဒီအမ်ိဳးသမီးေတြကို ၁မိနစ္အတြင္းမွာ လူနဲ႔နာမည္ေတြ မွတ္ႏို္င္သေလာက္ မွတ္ခိုင္းခဲ့ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ ေကာင္ေလးေခ်ာေခ်ာေလးေတြရဲ႕ ဓါတ္ပံုကို ၾကည့္ခိုင္းခဲ့တာျဖစ္ပါတယ္။

မွတ္ဥာဏ္ျပန္လည္စစ္ေဆးတဲ့အခါမွာေတာ့ သူတို႕ေတြ ၄ခုထက္ပိုတဲ့ အေျဖမွန္ေတြကို ေျဖေပးႏိုင္ပါတယ္။ ဒီေလ့လာမႈကေတာ့ အမ်ိဳးသမီးေတြရဲ႕ ဦးေႏွာက္လိႈင္းကို ေလ့လာခဲ့တာျဖစ္ၿပီး ရုပ္ေခ်ာတဲ့ အမ်ိဳးသားဓါတ္ပံုေတြကို ၾကည့္ေနတဲ့အခ်ိန္မွာ ဦးေႏွာ္က္လိႈင္းေတြက ပံုမွန္အခ်ိန္ထက္ သိသိသာသာ တက္ၾကြေနတာကို ေတြ႔ရပါတယ္။ ဦးေႏွာက္နဲ႔ အာရံုေၾကာ ေလ့လာတဲ့ ဌာနေခါင္းေဆာင္ကလည္း ဒီအေၾကာင္းကို အတည္ျပဳေပးခဲ့ပါတယ္။

ေနာက္ထပ္ ေဆးသိပၸံပညာရွင္တစ္ေယာက္ရဲ႕ အဆိုအရေတာ့ ရုပ္ရည္ေခ်ာေမာတဲ့အမ်ိဳးသားေတြရဲ႕ ပံုကို ၾကည့္ျခင္းက ဦးေႏွာက္အေပၚမွာ ေကာင္းမြန္တဲ့ အက်ိဳးသက္ေရာက္မႈေတြရွိတယ္လို႔ သိရပါတယ္။ ဒါေပမဲ့ အမ်ိဳးသားေတြက ရုပ္ရည္လွပတဲ့ အမ်ိိဳးသမီးေတြကို ၾကည့္တဲ့အခါမွာေတာ့ သူတိုရဲ႕ မွတ္ဥာဏ္က ဘာတိုးတက္္မႈမွမရွိတာကို ေတြ႔ရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အမ်ိဳးသားေတြက အာရံုေထြျပားတာေၾကာင့္ ျဖစ္ပါတယ္။

Unicode Version
KBS ရုပ်သံလှိုင်းရဲ့ Discoveries in Lifeဆိုတဲ့ အစီအစဉ်ကနေ သူတို့ရဲ့ ရှာဖွေတွေ့ရှိမှုတစ်ခုကို ထုတ်ဖေါ်တင်ဆက်ခဲ့ပါတယ်။
အဒါကတော ရုပ်ရည်ချောမောတဲ့ အမျိုးသားတွေကို ကြည့်ခြင်းက ကျောင်းမှာ အမှတ်ကောင်းကောင်းရစေနိုင်တယ်ဆိုတဲ့ အကြောင်းအရာပဲဖြစ်ပါတယ်။ ဒီလေ့လာမှုကိုတော့ သက်လတ်ပိုင်း အမျိုးသမီးတွေနဲ့ စမ်းသပ်ခဲ့တာဖြစ်ပါတယ်။
အဲဒီအမျိုးသမီးတွေကို ၁မိနစ်အတွင်းမှာ လူနဲ့နာမည်တွေ မှတ်နိုင်သလောက် မှတ်ခိုင်းခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ကောင်လေးချောချောလေးတွေရဲ့ ဓါတ်ပုံကို ကြည့်ခိုင်းခဲ့တာဖြစ်ပါတယ်။
မှတ်ဉာဏ်ပြန်လည်စစ်ဆေးတဲ့အခါမှာတော့ သူတို့တွေ ၄ခုထက်ပိုတဲ့ အဖြေမှန်တွေကို ဖြေပေးနိုင်ပါတယ်။ ဒီလေ့လာမှုကတော့ အမျိုးသမီးတွေရဲ့ ဦးနှောက်လှိုင်းကို လေ့လာခဲ့တာဖြစ်ပြီး ရုပ်ချောတဲ့ အမျိုးသားဓါတ်ပုံတွေကို ကြည့်နေတဲ့အချိန်မှာ ဦးနှော်က်လှိုင်းတွေက ပုံမှန်အချိန်ထက် သိသိသာသာ တက်ကြွနေတာကို တွေ့ရပါတယ်။ ဦးနှောက်နဲ့ အာရုံကြော လေ့လာတဲ့ ဌာနခေါင်းဆောင်ကလည်း ဒီအကြောင်းကို အတည်ပြုပေးခဲ့ပါတယ်။



နောက်ထပ် ဆေးသိပ္ပံပညာရှင်တစ်ယောက်ရဲ့ အဆိုအရတော့ ရုပ်ရည်ချောမောတဲ့အမျိုးသားတွေရဲ့ ပုံကို ကြည့်ခြင်းက ဦးနှောက်အပေါ်မှာ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အမျိုးသားတွေက ရုပ်ရည်လှပတဲ့ အမျိုးသမီးတွေကို ကြည့်တဲ့အခါမှာတော့ သူတိုရဲ့ မှတ်ဉာဏ်က ဘာတိုးတက်မှုမှမရှိတာကို တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသားတွေက အာရုံထွေပြားတာကြောင့် ဖြစ်ပါတယ်။

No comments:

Post a Comment