Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, June 16, 2019

ေက်ာင္းဆက္တက္ရန္… အခက္ခဲ႐ွိၿပီး …စားဝတ္ေနေရး အတြက္ရုန္းကန္ေနရတဲ့…. ( ၄ )ဘာသာဂုဏ္ထူး႐ွင္


ေရၾကည္ၿမိဳ႕နယ္ ၂ဝ၁၈-၂ဝ၁၉ တကၠသိုလ္ဝင္စာေမးပြဲတြင္ ေလးဘာသာဂုဏ္ထူးရွင္ ေက်ာင္းသူတစ္ဦး ေက်ာင္းဆက္တက္ႏိုင္ေရး အကူအညီလုိအပ္လ်က္ရွိပါတယ္

ဧရာဝတီတိုင္းေဒသႀကီး ေရၾကည္ၿမိဳ႕နယ္ ကကၠဴေလး အုပ္စု ကုလားကုန္းေက်းရြာမွ ဦးအထြန္းေလး၏သမီး မခိုင္သဇင္ထြန္းသည္၂ဝ၁၈-၂ဝ၁၉ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ ကုန္းျပင္ စာစစ္ဌာနတြင္ ခုံအမွတ္ အရဖ-၉၃၉ ျဖင့္ စာေမးပြဲေအာင္ျမင္ၿပီး ဂုဏ္ထူးေလးဘာသာပါခဲ့ေၾကာင္း သိရသည္။

ေက်ာင္းသူေလး မခိုင္သဇင္ ထြန္းသည္ေရၾကည္ၿမိဳ႕နယ္ကကၠဴ ေလးအုပ္စု ကုလားကုန္းေက်းရြာ မွ ကုန္းျပင္ေက်းရြာ အထက္တန္း ေက်ာင္းသို႔ ရွစ္မိုင္ခန္႔အကြ အေဝး ကို ေျခက်င္ေလွ်ာက္သြားရၿပီး ေက်ာင္းစာအေပၚ ဂ႐ုတစိုက္ ႀကိဳး စားကာ က်ဴရွင္မတက္ခ့ဲေၾကာင္း သိရသည္။

ယခုအခ်ိန္တြင္ ေက်ာင္းသူ မခိုင္သဇင္ထြန္းသည္ ပညာေရး အတြက္ေရွ႕ဆက္ေလွ်ာက္ရန္ မိဘ ဆင္းရဲႏြမ္းပါး၍ အခက္အခဲရွိေနျပီး မိသားစု စားဝတ္ေနေရးအတြက္ ေရၾကည္ၿမိဳ႕နယ္ ေရနံ႔သာဂိတ္နား ဧရာမိုလ္း စားေသာက္ဆိုင္တြင္ စားပြဲထိုးျပဳလုပ္ေနေၾကာင္း မိခင္ ျဖစ္သူ ေဒၚတင္မာေအးက ေျပာသည္။
မခိုင္သဇင္ထြန္းသည္ ပညာ ေရးလိုလားသူျဖစ္ၿပီး ”B.Ed ပါ ရင္ တက္ခ်င္ပါတယ္။ ပညာေရး ေကာလိပ္ပါရင္လည္း တက္ခ်င္ပါ တယ္။ တိုင္းျပည္အတြက္ အက်ိဳး ျပဳခ်င္တယ္”ဟု ေျပာသည္။

ေက်ာင္းသူ မခိုင္သဇင္ထြန္း ပညာဆက္လက္သင္ယူႏိုင္ရန္ ပရ ဟိတအျဖစ္ ဧရာမိုလ္းစားေသာက္ ဆိုင္က ေငြက်ပ္ ၅ဝဝဝဝ၊ ေဒါက္ တာေနဝင္းထြန္း၊ ေဒါက္တာလွ ကလ်ာဟန္က ေငြက်ပ္ ၅ဝဝဝဝ၊ ဒုရဲအုပ္ ေအာင္မ်ဳိးမင္းက ေငြက်ပ္ ၃ဝဝဝဝ၊City Home အိမ္ေဆာက္ ပစၥည္းဆိုင္က ေငြက်ပ္ ၅ဝဝဝဝ၊ ၿဖိဳးရတနာေရႊဆိုင္က ေငြက်ပ္ ၅ဝဝဝဝ၊ ဦးမိုးသိုင္းက ေငြက်ပ္ ၁ဝဝဝဝ စုစုေပါင္း ေငြက်ပ္ ၂၄ဝဝဝဝ ျဖင့္ မခိုင္သဇင္ထြန္း ေက်ာင္းဆက္တက္ႏိုင္ရန္ ဘဏ္အေကာင့္ ဖြင့္ထားေပးေၾကာင္းကို ဒုရဲအုပ္ေအာင္မ်ဳိးမင္း ေျပာသည္။
ဆန္းတင့္(ေရၾကည္)

Unicode vErsion
ရေကြည်မြို့နယ် ၂ဝ၁၈-၂ဝ၁၉ တက္ကသိုလ်ဝင်စာမေးပွဲတွင် လေးဘာသာဂုဏ်ထူးရှင် ကျောင်းသူတစ်ဦး ကျောင်းဆက်တက်နိုင်ရေး အကူအညီလိုအပ်လျက်ရှိပါတယ်

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် ကက္ကူလေး အုပ်စု ကုလားကုန်းကျေးရွာမှ ဦးအထွန်းလေး၏သမီး မခိုင်သဇင်ထွန်းသည်၂ဝ၁၈-၂ဝ၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကုန်းပြင် စာစစ်ဌာနတွင် ခုံအမှတ် အရဖ-၉၃၉ ဖြင့် စာမေးပွဲအောင်မြင်ပြီး ဂုဏ်ထူးလေးဘာသာပါခဲ့ကြောင်း သိရသည်။



ကျောင်းသူလေး မခိုင်သဇင် ထွန်းသည်ရေကြည်မြို့နယ်ကက္ကူ လေးအုပ်စု ကုလားကုန်းကျေးရွာ မှ ကုန်းပြင်ကျေးရွာ အထက်တန်း ကျောင်းသို့ ရှစ်မိုင်ခန့်အကွ အဝေး ကို ခြေကျင်လျှောက်သွားရပြီး ကျောင်းစာအပေါ် ဂရုတစိုက် ကြိုး စားကာ ကျူရှင်မတက်ခဲ့ကြောင်း သိရသည်။

ယခုအချိန်တွင် ကျောင်းသူ မခိုင်သဇင်ထွန်းသည် ပညာရေး အတွက်ရှေ့ဆက်လျှောက်ရန် မိဘ ဆင်းရဲနွမ်းပါး၍ အခက်အခဲရှိနေပြီး မိသားစု စားဝတ်နေရေးအတွက် ရေကြည်မြို့နယ် ရေနံ့သာဂိတ်နား ဧရာမိုလ်း စားသောက်ဆိုင်တွင် စားပွဲထိုးပြုလုပ်နေကြောင်း မိခင် ဖြစ်သူ ဒေါ်တင်မာအေးက ပြောသည်။



မခိုင်သဇင်ထွန်းသည် ပညာ ရေးလိုလားသူဖြစ်ပြီး ”B.Ed ပါ ရင် တက်ချင်ပါတယ်။ ပညာရေး ကောလိပ်ပါရင်လည်း တက်ချင်ပါ တယ်။ တိုင်းပြည်အတွက် အကျိုး ပြုချင်တယ်”ဟု ပြောသည်။

ကျောင်းသူ မခိုင်သဇင်ထွန်း ပညာဆက်လက်သင်ယူနိုင်ရန် ပရ ဟိတအဖြစ် ဧရာမိုလ်းစားသောက် ဆိုင်က ငွေကျပ် ၅ဝဝဝဝ၊ ဒေါက် တာနေဝင်းထွန်း၊ ဒေါက်တာလှ ကလျာဟန်က ငွေကျပ် ၅ဝဝဝဝ၊ ဒုရဲအုပ် အောင်မျိုးမင်းက ငွေကျပ် ၃ဝဝဝဝ၊City Home အိမ်ဆောက် ပစ္စည်းဆိုင်က ငွေကျပ် ၅ဝဝဝဝ၊ ဖြိုးရတနာရွှေဆိုင်က ငွေကျပ် ၅ဝဝဝဝ၊ ဦးမိုးသိုင်းက ငွေကျပ် ၁ဝဝဝဝ စုစုပေါင်း ငွေကျပ် ၂၄ဝဝဝဝ ဖြင့် မခိုင်သဇင်ထွန်း ကျောင်းဆက်တက်နိုင်ရန် ဘဏ်အကောင့် ဖွင့်ထားပေးကြောင်းကို ဒုရဲအုပ်အောင်မျိုးမင်း ပြောသည်။
ဆန္းတင့္(ေရၾကည္)

No comments:

Post a Comment