Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 10, 2019

4D

ဒီလောက် အကုန်ကျခံ ဘော်ဒါထားပြီးမှ ဖိုးဒီလောက်မှမပါရင် နင်တော့အသေဘဲ ကြိမ်းလိုက်တာ
အောင်စာရင်းမထွက်ခင်
သမီးဖြစ်သူ လင်နောက်လိုက်ပြေးသွားတယ်။
ုစိတ်နာနာနဲ့ ပစ်ထားမယ် စိတ်ကူးတာ သူ့အမေငိုနေတာ မကြည့်ရက်လို့ ပြန်ခေါ်ရတယ်လေ။
အဖေတို့ သဘောတူပါတယ်ပေါ့။
ကောင်လေးဘက်ကလည်း လူကြီးမိဘအစုံအလင်နဲ့ ချက်ချင်းပြန်လာအပ်ပါတယ်။
ကောင်လေးကြည့်ရတာ ကလေးရုပ်တောင် မပျောက်သေးဘူး။
အမြဲတမ်း အဖေ့စကားနားထောင်ရှာတဲ့ သမီး ဒီတစ်ခါပဲ အမှားလုပ်ဘူးတာ။
တစ်ခါဆို တစ်ခါပဲ ပြင်မရတဲ့အဖြစ်။
မတတ်နိုင်ဘူး စိတ်လျှော့မှပဲ။
ကိုယ့်သမီးမှ လိုက်သွားပြီးပြီးကိုး။
ကောင်လေးကို အကဲခတ်ချင်တာနဲ့ စကားစမြည်ပြောမယ်ပေါ့။
သမက်ဖြစ်နေပြီ နာမည်တောင် မသိရသေးဘူး ဒါနဲ့
"မင့်နာမည်က"
"ဖိုးဒီပါ ဦးလေး"
နာမည်ကြားလိုက်တာနဲ့ ဒေါသတွေ ငယ်ထိပ်ထိ လှိမ့်တက်လာတယ်။
အမိုက်မ ဒါသက်သက်ရွဲ့တာ။
သမီးကို လှမ်းကြည့်တော့ ဖအေကို ရင်မဆိုင်ရဲသလို ခေါင်းငုံ့နေတယ်။
"ယီးလုပ်ရမှာလား ဖိုးဒီက"
"ဗျာ"တဲ့
အေးလေ သူခမြာဘယ်နားလည်ပါ့မလဲ ကိုယ့်ခံစားချက်ဒေါသတွေကို။
 ThihaZaw

No comments:

Post a Comment