Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, May 24, 2019

Huawei Founder နဲ့ BBC အင်တာဗျူး


ဒီနေ့ Huawei Founder နဲ့ BBC အင်တာဗျူးလုပ်ထားတာ နားထောင်လိုက်ရတယ်။
သိပ်စိတ်ဝင်စားစရာကောင်းတဲ့ အချက်လေးတွေ တွေ့လိုက်ရတယ်။

ဟာဝေးကို လူတွေက တရုတ်ဖုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီလို့သာ သိထားကြတာ။ ဟာဝေးက ၂၀၁၂ ကတည်းက Sweden အခြေဆိုက် Ericsson ကိုနောက်ကောက်ကျကာ ကမ္ဘာအကြီးဆုံး တယ်လီကွန်း ပစ္စည်းထုတ်လုပ်သူဖြစ်နေပြီ။

နောက်ပြီး 2018 ကတည်းက Apple ကို ကျော်ဖြတ်က ကမ္ဘာ ဒုတိယ အကြီးဆုံး ဖုန်း ထုတ်လုပ်သူ ဖြစ်နေပြီ။ သူ့ရှေမှာ Samsung ပဲရှိတော့တယ်။

ဟာဝေး Founder ဖြစ်တဲ့ Ren Zhengfei က လွန်ခဲ့တဲ့ အနှစ် ၃၀ က လူ ၃ ယောက်နဲ့ ဒေါ်လာ ၂၅၀၀ ထဲနဲ့ ကုမ္ပဏီကို စခဲ့တာတဲ့..။

BBC က မေးတယ်။ အမေရိကန် အစိုးရက စွပ်ဆွဲတယ်။ ဟာဝေးက သူတို့နည်းပညာကို ခိုးယူခဲ့တယ်တဲ့..။ ဒါကိုမင်းဘယ်လိုဖြေမလဲ။ ဒီစွပ်ဆွဲချက်က မျှတတယ်ထင်ရဲ့လားတဲ့။

သူက ခပ်အေးအေးပဲ ဖြေတယ်။ အမေရိကန်က ဥပဒေ စိုးမိုးတဲ့ နိုင်ငံ။ ဒီကိစ္စတွေကို ဥပဒေကြောင်းအရပဲ ဖြေရှင်းတာပေါ့တဲ့။ ဒီထက်ပိုပြီး ငါတို့အတွက် ဝမ်းသာ စရာကောင်းတာက အခုဆို US တာဝန်ရှိသူတွေက ဟိုမှာလဲ Huawei ဒီမှာလဲ Huawei ဆိုပြီးပြောကြတော့ အခု ဟာဝေးအကြောင်းကို လူတွေ ပိုသိကုန်ကြပြီတဲ့။ တချို့နေရာတွေဆို ဟာဝေး မဖြန့်ရသေးတော့ လူတွေ မသိသေးတာ သူတို့ကြောင့် လူတွေ ဟာဝေးကို ပို သိကုန်ကြပီတဲ့။ ဒါက ဈေးအသက်ဆုံးနဲ့ အကြီးမားဆုံး ကြော်ငြာပေးမှုပဲတဲ့။ ဒီလို အခက်အခဲကြီးတွေ ကြုံနေတာတောင် အရမ်းကို positive ဆန်တဲ့ အတွေးအခ်ါပါ။

BBC က မေးတယ်။ Cisco, Nortal, Motorola တို့က စွပ်ဆွဲတယ်။ ဟာဝေးက သူတို့နည်းပညာကို ခိုးယူခဲ့တယ်ဆိုပြီးတော့။ ဒါကို မင်းဘယ်လိုဖြေရှင်းမလဲတဲ့။

သူက ပြန်ဖြေတယ်။ အခု ငါတို့မှာ ရှိနေတဲ့ နည်းပညာတွေဟာ သူတို့ထက်ရှေ့အများကြီးရောက်နေပီ။ 5G နည်းပညာ တင်မကဘူး optical switching, chips set တွေဟာ သူတို့ထက် နည်းပညာအားဖြင့် အများကြီး ရှေ့ရောက်နေပီ။ ဒါတွေ သူတို့မှာမရှိသေးဘူး။ ဒါတွေ သူတို့မှာ မရှိသေးဘဲနဲ့ သူတို့ဆီက နည်းပညာခိုးတယ် ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲတဲ့..။ သေသေချာချာ ပြင်ဆင်ထားတဲ့ အရမ်းကောင်းတဲ့ အဖြေတွေပါ။

BBC က မေးတယ်။ အခုမင်းသမီး အဖမ်းခံထားရတာတွေ ဒီလို ခက်ခဲတဲ့ အချိန်တွေကြုံတွေ့နေရ နဲ့ ပတ်သက်ပြီး အဖေ တစ်ယောက် အနေနဲ့ ဘာပြောချင်လဲ။

သူက ပြန်ဖြေတယ်။ ငါ့သမီးတစ်ယောက် ဒီလိုကြုံတွေ့ရတာ ငါ့အသဲကွဲသလိုပဲပေါ့တဲ့။ ငါက အဖေ တစ်ယောက် အနေနဲ့ ဘယ်လို ကြည့်နေနိုင်မှာလဲ။ ဒါပေမဲ့ ငါတို့ ဘာမှ မလုပ်နိုင်ဘူး။ ဥပဒေရဲ့  ဆုံးဖြတ်ချက်ကို စောင့်ယုံပဲ။ ကောင်းတဲ့ ဘက်က ကြည့်ရဲ့  သူ့ဒီလို အခက်အခဲတွေကြုံရတာ သူအတွက် အခွင့် အလမ်းကောင်းပဲ။ ဒါက သူဘဝ ပိုမိုတိုးတက်ဖို့အတွက် အတောင်ပံတွေ ပေးသလိုပဲ။

ဒီအတွက် အမေရိကန် အစိုးကိုလည်း ကျေးဇူးတင်တယ်။ အရမ်းသန်မာတဲ့ အတောင်ပံတွေ ပေးတဲ့ အတွက်။ ဒါမှ သူမဟာ ရှေ့လျောက် ဒီထက် ပိုမြင့်မြင့်ပျံနိုင်မှာတဲ့..။ အရမ်းကောင်းတဲ့ အဖြေပါ။ အရမ်းကို positive ဆန်တဲ့ အတွေးအခ်ါပါ။

Every Organization Rises & Falls depend on Leader ဆိုတဲ့စကားရှိပါတယ်။ ဘယ်အဖွဲ့ အစည်းဖြစ်ဖြစ် အောင်မြင်မှု ကျဆုံးမှုဟာ ခေါင်းဆောင် ပေါ်မှာပဲ မူတည်ပါတယ်။

ဟာဝေးမှာ ခေါင်းဆောင် ကောင်းရှိပါတယ်။ နောက်ပြီး တရုတ် အစိုးရ backup ရှိပါတယ်..။

နပိုလီယံက ပြောခဲ့ဖူးတယ်။ တရုတ် ဘီးလူးကြီး အိပ်နေတာ အိပ်ပါစေတဲ့ သူနိုးထလာတာနဲ့ ကမ္ဘာကြီးကို ကိုင်လှုပ်လိမ့်မယ်လို့ ပြောထားခဲ့တယ်။
အခု တရုတ် ဘီးလူးကြီး နိုးထလာပါပြီ..။ ကမ္ဘာရဲ့  တချို့ အပိုင်းတွေကိုလည်း စတင်ကိုင်လှုပ်စ ပြုနေပါပြီ။

လူတွေက ဟာဝေး ကျဆုံးတော့ မယ်ဆိုပြီး ပြောနေကြပါတယ်။

ကျနော့် အထင်တော့ ယာဝေး ပြန်လာပါလိမ့်မယ်.... အချိန်အတိုင်းအတာ တခု အတွင်းမှာ ယာဝေး ပြန်လာပါလိမ့်မယ်။

(မှတ်ချက်။ ။ ကျနော်က china supporter တစ်ယောက်မဟုတ်ပါ။ ကျနော့်အမြင်တင်ပြခြင်း သာဖြစ်ပါတယ်)

Ye Min
24/5/2019

Reference: Huawei’s Founder Speaks To BBC

No comments:

Post a Comment