Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, May 24, 2019

ဒီပံုေလးfb ေပၚတက္လာတာေတြ႕ေတာ့ ေတြ႕ေတြ႕ခ်င္း ေလွာင္ၿပီးဟားတိုက္ရယ္မိတယ္


ဒီပံုေလးfb ေပၚတက္လာတာေတြ႕ေတာ့ ေတြ႕ေတြ႕ခ်င္း ေလွာင္ၿပီးဟားတိုက္ရယ္မိတယ္ ….ဒီေလာက္႐ူးရသလားေပါ ့…. ၿပီးမွၾကည့္ေနရင္းၾကည့္ေနရင္းနဲ႔ မရယ္ရက္ေတာ့ပဲ မ်က္ရည္ဝိုင္းလာမိတယ္….

မူရင္းဓာတ္ပံု ပိုင္ရွင္ Thiha tun ဆိုသူ႐ိုက္ထားတဲ့ဒီပံုေ လးfb ေပၚတက္လာတာေတြ႕ေတာ့ ေတြ႕ေတြ႕ခ်င္း ေလွာင္ၿပီးဟားတိုက္ရယ္မိတယ္ ….ဒီေလာက္႐ူးရသလားေပါ ့…. ၿပီးမွၾကည့္ေနရင္းၾကည့္ေနရင္းနဲ႔ မရယ္ရက္ေတာ့ပဲ မ်က္ရည္ဝိုင္းလာမိတယ္။

အဲ့ေကာင္မေလးေနရာ မွာ ကိုယ့္ပံုရိပ္ကို ျပန္ေတြ႕လိုက္ရသလို ၊အဲ့ေကာင္မေလးေနရာမွာ အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ားရဲ႕ပံုရိပ္ကို ျပန္ေတြ႕လိုက္ရသလိုခံစားမိလိုက္လို႔ ပါပဲ ။ ကိုယ္တို႔မိန္းမေတြ ရဲ႕ မိုက္႐ူးရဲဆန္မႈ ၊စြန္႔စားမႈေတြ ကိုအဲ့ဓာတ္ပံုထဲမွာ ျပန္ျမင္ေနရသလိုခံစားမိတယ္ ။

ကိုယ္ေတြက ကိုယ့္ကိုလွမ္းဆြဲတဲ့လက္တစ္စံုကိုယံုၾကည္မိတဲ့အခါ ၊ စြန္႔စားရဖို႔မေၾကာက္ေတာ့တဲ့ကမာ႓့သတၱိအရွိဆံုးလူသားေတြျဖစ္လာခဲ့တယ္။ ဒီလက္တစ္စံုဟာကိုယ့္အတြက္ အလံုျခံဳဆံုး ေစာင့္ေရွာက္မႈကိုေပးႏိုင္လိမ့္မယ္လို႔ေမွ်ာ္လင့္တႀကီး ႐ူးမိုက္ခဲ့ၾကတယ္။

ဒီလက္တစ္စံုဟာ ကိုယ့္အတြက္ ေမတၱာတရားအျပည့္နဲ႔ ေဖးမလိမ့္မယ္လို႔ အားကိုး တႀကီး ယံုၾကည္ခဲ့ၾကတယ္။ ဒီလက္တစ္စံုသာ ရွိရင္အရာရာရင္ဆိုင္ရဲၿပီဆိုတဲ့ သတၱိေတြနဲ႔ ေလာကႀကီးကို စိန္ေခၚခဲ့ၾကတယ္။

ကိုယ္ဆြဲမိတဲ့ လက္တစ္စံုဟာကိုယ့္ကို ေဖးမစာနာၿပီး တြဲေခၚေစာင့္ေရွာက္တဲ့လက္မ်ိဳး ပိုင္ဆိုင္ႏိုင္ခဲ့ရင္ ဘယ္ေလာက္ပဲပင္ပန္းပါေစ ေပ်ာ္မဆံုး၊ေမာ္မဆံုး ၊ၾကည္ႏူးမဆံုးနဲ႔ ႏွစ္ကိုယ္တူဘဝခရီးလမ္းကိုရင္ဆိုင္ေလ်ာက္လွမ္းႏိုင္စြမ္းေတြရွိခဲ့ၾကတယ္။

ဒါေပမယ့္ ကိုယ္ေတြ လွမ္းဆြဲခဲ့တဲ့လက္တစ္စံုက ကိုယ့္လက္ေတြကိုၿမဲၿမဲမတြဲ ထားႏိုင္တဲ့အခါ ၊ကိုယ္ လွမ္းဆုပ္ခဲ့တဲ့လက္တစ္စံုမွာကိုယ့္အတြက္ စာနာေဖးမမႈေတြ၊ ေမတၱာတရားနဲ႔ေစာင့္ေရွာက္မႈေတြ၊ တာဝန္သိတတ္မႈနဲ႔ ငဲ့ညႇာ သနားမႈေတြ ေပ်ာက္ဆံုးလာတဲ့အခါ ….

ကိုယ္တို႔မိန္းမေတြဟာ ပံုထဲကမိန္းခေလးလို ေျခကားယား လက္ကားယားနဲ႔ ေလာကအလယ္ကို႔ယို႔ကားယားျဖစ္ၾကရေတာ့မွ အိပ္မက္ဆိုးကႏိုးလာသလို ကိုယ္ေတြ ယံုၾကည္မိခဲ့တဲ့လက္တစ္စံုကို ကေယာင္ကတမ္းလိုက္ဖမ္းရင္း အလဲလဲအၿပိဳၿပိဳ ျဖစ္ၾကရတဲ့ သူေတြရွိသလို ….

ဆြဲထူမယ့္လက္တစ္စံုမရွိေတာ့တဲ့အခါလဲ ငါသန္မာမွျဖစ္မယ္၊ငါ ရပ္တည္မွျဖစ္မယ္၊ ငါၾကံ့ၾကံ့ခံအေကာင္းဆံုးရင္ဆိုင္မယ္၊ငါ တစ္ေယာက္ထဲလဲ ရဲရင့္တတ္ရမယ္ ဆိုတဲ့စိတ္နဲ႔ ကိုယ့္ဘာသာ မာန္တင္းရင္း ျပဳတ္က်တဲ့ဘဝကိုကိုယ့္ဘာသာျပန္ ဆယ္ရင္း ကမ္းေရာက္ေအာင္လက္ျပစ္ကူးေနၾကသူေတြလဲ ရွိလိမ့္မယ္ ။

ကိုယ္ေတြ အားကိုးတႀကီး ဆုပ္ကိုင္မိခဲ့တဲ့လက္တစ္စံုလြတ္ထြက္သြားတဲ့အခါ .. ဝ႐ုန္းသုန္းကားၿပိဳလဲရင္းနစ္မြန္းေနမလား ၊ လဲက်တဲ့အခါအားမာန္အျပည့္နဲ႔ မတ္မတ္ျပန္ထၿပီး ကိုယ့္ဘဝကိုယ္ အေကာင္းဆံုးရင္ဆိုင္ရပ္တည္မလား ဆိုတာေတာ့ ကိုယ့္ေရြးျခယ္မႈ ပါပဲ ေလ ……..

( ဓာတ္ပံုေလးၾကည့္မိၿပီး ေတြးမိေတြးရာေရးမိေရးရာမို႔ လြတ္လပ္စြာသေဘာထားကြဲလြဲႏိုင္ပါတယ္) ( မူရင္းဓာတ္ပံုနဲ႔သက္ဆိုင္သူမ်ားအားလံုးကို လဲ ေလးစားစြာcredit ေပးပါတယ္ေနာ္)…..
Zune Zune ko

unicode

မူရင်းဓာတ်ပုံ ပိုင်ရှင် Thiha tun ဆိုသူရိုက်ထားတဲ့ဒီပုံေ လးfb ပေါ်တက်လာတာတွေ့တော့ တွေ့တွေ့ချင်း လှောင်ပြီးဟားတိုက်ရယ်မိတယ် ….ဒီလောက်ရူးရသလားပေါ ့…. ပြီးမှကြည့်နေရင်းကြည့်နေရင်းနဲ့ မရယ်ရက်တော့ပဲ မျက်ရည်ဝိုင်းလာမိတယ်။

အဲ့ကောင်မလေးနေရာ မှာ ကိုယ့်ပုံရိပ်ကို ပြန်တွေ့လိုက်ရသလို ၊အဲ့ကောင်မလေးနေရာမှာ အမျိုးသမီးတော်တော်များများရဲ့ပုံရိပ်ကို ပြန်တွေ့လိုက်ရသလိုခံစားမိလိုက်လို့ ပါပဲ ။ ကိုယ်တို့မိန်းမတွေ ရဲ့ မိုက်ရူးရဲဆန်မှု ၊စွန့်စားမှုတွေ ကိုအဲ့ဓာတ်ပုံထဲမှာ ပြန်မြင်နေရသလိုခံစားမိတယ် ။

ကိုယ်တွေက ကိုယ့်ကိုလှမ်းဆွဲတဲ့လက်တစ်စုံကိုယုံကြည်မိတဲ့အခါ ၊ စွန့်စားရဖို့မကြောက်တော့တဲ့ကမာ႓့သတ္တိအရှိဆုံးလူသားတွေဖြစ်လာခဲ့တယ်။ ဒီလက်တစ်စုံဟာကိုယ့်အတွက် အလုံခြုံဆုံး စောင့်ရှောက်မှုကိုပေးနိုင်လိမ့်မယ်လို့မျှော်လင့်တကြီး ရူးမိုက်ခဲ့ကြတယ်။

ဒီလက်တစ်စုံဟာ ကိုယ့်အတွက် မေတ္တာတရားအပြည့်နဲ့ ဖေးမလိမ့်မယ်လို့ အားကိုး တကြီး ယုံကြည်ခဲ့ကြတယ်။ ဒီလက်တစ်စုံသာ ရှိရင်အရာရာရင်ဆိုင်ရဲပြီဆိုတဲ့ သတ္တိတွေနဲ့ လောကကြီးကို စိန်ခေါ်ခဲ့ကြတယ်။

ကိုယ်ဆွဲမိတဲ့ လက်တစ်စုံဟာကိုယ့်ကို ဖေးမစာနာပြီး တွဲခေါ်စောင့်ရှောက်တဲ့လက်မျိုး ပိုင်ဆိုင်နိုင်ခဲ့ရင် ဘယ်လောက်ပဲပင်ပန်းပါစေ ပျော်မဆုံး၊မော်မဆုံး ၊ကြည်နူးမဆုံးနဲ့ နှစ်ကိုယ်တူဘဝခရီးလမ်းကိုရင်ဆိုင်လျောက်လှမ်းနိုင်စွမ်းတွေရှိခဲ့ကြတယ်။

ဒါပေမယ့် ကိုယ်တွေ လှမ်းဆွဲခဲ့တဲ့လက်တစ်စုံက ကိုယ့်လက်တွေကိုမြဲမြဲမတွဲ ထားနိုင်တဲ့အခါ ၊ကိုယ် လှမ်းဆုပ်ခဲ့တဲ့လက်တစ်စုံမှာကိုယ့်အတွက် စာနာဖေးမမှုတွေ၊ မေတ္တာတရားနဲ့စောင့်ရှောက်မှုတွေ၊ တာဝန်သိတတ်မှုနဲ့ ငဲ့ညှာ သနားမှုတွေ ပျောက်ဆုံးလာတဲ့အခါ ….

ကိုယ်တို့မိန်းမတွေဟာ ပုံထဲကမိန်းခလေးလို ခြေကားယား လက်ကားယားနဲ့ လောကအလယ်ကို့ယို့ကားယားဖြစ်ကြရတော့မှ အိပ်မက်ဆိုးကနိုးလာသလို ကိုယ်တွေ ယုံကြည်မိခဲ့တဲ့လက်တစ်စုံကို ကယောင်ကတမ်းလိုက်ဖမ်းရင်း အလဲလဲအပြိုပြို ဖြစ်ကြရတဲ့ သူတွေရှိသလို ….

ဆွဲထူမယ့်လက်တစ်စုံမရှိတော့တဲ့အခါလဲ ငါသန်မာမှဖြစ်မယ်၊ငါ ရပ်တည်မှဖြစ်မယ်၊ ငါကြံ့ကြံ့ခံအကောင်းဆုံးရင်ဆိုင်မယ်၊ငါ တစ်ယောက်ထဲလဲ ရဲရင့်တတ်ရမယ် ဆိုတဲ့စိတ်နဲ့ ကိုယ့်ဘာသာ မာန်တင်းရင်း ပြုတ်ကျတဲ့ဘဝကိုကိုယ့်ဘာသာပြန် ဆယ်ရင်း ကမ်းရောက်အောင်လက်ပြစ်ကူးနေကြသူတွေလဲ ရှိလိမ့်မယ် ။

ကိုယ်တွေ အားကိုးတကြီး ဆုပ်ကိုင်မိခဲ့တဲ့လက်တစ်စုံလွတ်ထွက်သွားတဲ့အခါ .. ဝရုန်းသုန်းကားပြိုလဲရင်းနစ်မွန်းနေမလား ၊ လဲကျတဲ့အခါအားမာန်အပြည့်နဲ့ မတ်မတ်ပြန်ထပြီး ကိုယ့်ဘဝကိုယ် အကောင်းဆုံးရင်ဆိုင်ရပ်တည်မလား ဆိုတာတော့ ကိုယ့်ရွေးခြယ်မှု ပါပဲ လေ ……..

( ဓာတ်ပုံလေးကြည့်မိပြီး တွေးမိတွေးရာရေးမိရေးရာမို့ လွတ်လပ်စွာသဘောထားကွဲလွဲနိုင်ပါတယ်) ( မူရင်းဓာတ်ပုံနဲ့သက်ဆိုင်သူများအားလုံးကို လဲ လေးစားစွာcredit ပေးပါတယ်နော်)
Zune Zune ko

No comments:

Post a Comment