CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Monday, May 20, 2019
အတူအိပ္မယ္႔ ျပည္႔တန္ဆာမိန္းကေလးမွ အမ်ိဳးသားေသာက္မည့္ဘီယာထဲေဆးခပ္လိုက္ေသာအခါ…..
အတူအိပ္မယ္႔ ျပည္႔တန္ဆာမိန္းကေလးမွအမ်ိဳးသားကုိေဆးခပ္ျပီး အခ်ဥ္ဖမ္း ထြက္ေျပး
ရန္ကုန္တိုင္းေဒသႀကီး ေရႊျပည္သာၿမိဳ႕မွတည္းခိုးခန္းတစ္ခုတြင္ အခေၾကးေငြျဖင့္ ကာမေပ်ာ္ပါးရန္ ေရာက္ရိွေနသည့္ အမ်ိဳးသားထံမွ ေငြသားႏွင့္ လက္၀တ္ရတနာမ်ား စုစုေပါင္း က်ပ္သိန္း ၁၀၀ ေက်ာ္ လိမ္လည္ထြက္ေျပးသူ ျပည့္တန္ဆာ အမ်ိဳးသမီးတစ္ဦးကို ကရင္ျပည္နယ္ ျမ၀တီၿမိဳ႕တြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ေမလ ၈ ရက္ ညေန ၆ နာရီ အခ်ိန္ ေရႊျပည္သာၿမိဳ႕နယ္ (၅)ရပ္ကြက္မွ အမ်ိဳးသားတစ္ဦးသည္ အမ်ိဳးသမီးတစ္ ဦးႏွင့္ ကာမေပ်ာ္ပါးရန္အတြက္ ေငြက်ပ္ ၁၀၀၀၀ ျဖင့္ သေဘာတူညီမူရၿပီးေနာက္တည္းခိုခန္းတြင္ တည္းခိုေနစဥ္…..
အမ်ိဳသမီးက ဘီယာထဲ မူးယစ္ေစတတ္ေသာ ပစၥည္းေတြနဲ႔ ေရာတိုက္ခဲ့ၿပီး အမ်ိဳးသား အိပ္ေပ်ာ္သြားခ်ိန္တြင္ ၎အမ်ိဳးသားဝတ္ဆင္ထား သည့္ ေရြႊထည္ပစၥည္းႏွင့္ ေငြသားအပါဝင္ စုစုေပါင္းတန္ဖိုး သိန္း ၁၀၀ ရာေက်ာ္ခန္႔ကိုယူေဆာင္ၿပီး တိမ္းေ႐ွာင္သြားခဲ့ျခင္းျဖစ္ ေၾကာင္းသိရသည္။
တရားလိုျဖစ္သူမွ ေရႊျပည္သာ ရဲစခန္းတြင္ လာေရာက္အမူ႔ဖြင့္ခဲ့သျဖင့္ လိုက္လံစံုစမ္းရာလိမ္လည္သြားသည့္ အမ်ိဳးသမီးမွာ မခ်ိဳမင္းသူ(၂၆) ႏွစ္ ရန္ကုန္တိုင္းေဒသႀကီး ေရြျပည္သာၿမိဳ႕ ထန္းေျခာက္ပင္ အနီးတြင္ ေနထိုင္သူျဖစ္ေၾကာင္း သိ႐ွိရသျဖင့္….
(ပ)၁၅၇၅/၂၀၁၉ ရာဇသတ္ႀကီး ပုဒ္မ ၃၂၈/၃၈၀ျဖင့္ အမူ႔ဖြင့္အေရးယူခဲ့ၿပီး ကရင္ျပည္နယ္ ျမဝတီၿမိဳ႕မွာ ေရာက္႐ွိေနေၾကာင္း သတင္းရ႐ွိသျဖင့္ ျမဝတီၿမိဳ႕မရဲစခန္းႏွင့္ ခ်ိတ္ဆက္ စံုစမ္းခဲ့ေၾကာင္း သိရသည္။
ယင္းသို႔စံုစမ္းရာမွ တရားခံ မခ်ိဳမင္းသူကို ျမဝတီအမွတ္ ၄ ရပ္ကြက္ ေနအိမ္တန္းလ်ားတစ္ခုတြင္ ေမလ ၁၇ ရက္ ညေန ၄ နာရီ အခ်ိန္တြင္ ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း သိရသည္။
unicode
အတူအိပ်မယ့် ပြည့်တန်ဆာမိန်းကလေးမှအမျိုးသားကိုဆေးခပ်ပြီး အချဉ်ဖမ်း ထွက်ပြေး
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့မှတည်းခိုးခန်းတစ်ခုတွင် အခကြေးငွေဖြင့် ကာမပျော်ပါးရန် ရောက်ရှိနေသည့် အမျိုးသားထံမှ ငွေသားနှင့် လက်ဝတ်ရတနာများ စုစုပေါင်း ကျပ်သိန်း ၁၀၀ ကျော် လိမ်လည်ထွက်ပြေးသူ ပြည့်တန်ဆာ အမျိုးသမီးတစ်ဦးကို ကရင်ပြည်နယ် မြဝတီမြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေလ ၈ ရက် ညနေ ၆ နာရီ အချိန် ရွှေပြည်သာမြို့နယ် (၅)ရပ်ကွက်မှ အမျိုးသားတစ်ဦးသည် အမျိုးသမီးတစ် ဦးနှင့် ကာမပျော်ပါးရန်အတွက် ငွေကျပ် ၁၀၀၀၀ ဖြင့် သဘောတူညီမူရပြီးနောက်တည်းခိုခန်းတွင် တည်းခိုနေစဉ်…..
အမျိုသမီးက ဘီယာထဲ မူးယစ်စေတတ်သော ပစ္စည်းတွေနဲ့ ရောတိုက်ခဲ့ပြီး အမျိုးသား အိပ်ပျော်သွားချိန်တွင် ၎င်းအမျိုးသားဝတ်ဆင်ထား သည့် ရွွှေထည်ပစ္စည်းနှင့် ငွေသားအပါဝင် စုစုပေါင်းတန်ဖိုး သိန်း ၁၀၀ ရာကျော်ခန့်ကိုယူဆောင်ပြီး တိမ်းရှောင်သွားခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
တရားလိုဖြစ်သူမှ ရွှေပြည်သာ ရဲစခန်းတွင် လာရောက်အမူ့ဖွင့်ခဲ့သဖြင့် လိုက်လံစုံစမ်းရာလိမ်လည်သွားသည့် အမျိုးသမီးမှာ မချိုမင်းသူ(၂၆) နှစ် ရန်ကုန်တိုင်းဒေသကြီး ရွေပြည်သာမြို့ ထန်းခြောက်ပင် အနီးတွင် နေထိုင်သူဖြစ်ကြောင်း သိရှိရသဖြင့်….
(ပ)၁၅၇၅/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၂၈/၃၈ဝဖြင့် အမူ့ဖွင့်အရေးယူခဲ့ပြီး ကရင်ပြည်နယ် မြဝတီမြို့မှာ ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် မြဝတီမြို့မရဲစခန်းနှင့် ချိတ်ဆက် စုံစမ်းခဲ့ကြောင်း သိရသည်။
ယင်းသို့စုံစမ်းရာမှ တရားခံ မချိုမင်းသူကို မြဝတီအမှတ် ၄ ရပ်ကွက် နေအိမ်တန်းလျားတစ်ခုတွင် မေလ ၁၇ ရက် ညနေ ၄ နာရီ အချိန်တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
အတူအိပ္မယ္႔ ျပည္႔တန္ဆာမိန္းကေလးမွ အမ်ိဳးသားေသာက္မည့္ဘီယာထဲေဆးခပ္လိုက္ေသာအခါ…..
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
May 20, 2019
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment