Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, May 22, 2019

ရုတ္တရက္ ေလျဖတ္ျခင္း…၊ေသဆံုးျခင္း ..အထိ ျဖစ္ႏိုင္တဲ႔ …အပူလွ်ပ္ျခင္းအႏၱရာယ္နဲ႔ …အေရးေပၚကုသနည္း


အ ပူ လ်ွပ္ တယ္ ဆိုရင္ ျမန္မာႏိုင္ငံမွာလူအမ်ားစုကေနပူထဲက ျပန္လာၿပီး႐ုတ္တရက္ ေရခ်ိဳးလိုက္တာတို႔ ၊‎ မ်က္ႏွာသစ္လိုက္တာတို႔ လို႔ ထင္ေနၾကတယ္။

႐ုတ္ တ ရက္ သတိလစ္ အသက္႐ွဴရပ္သြားတယ္ေပါ့။
တ ကယ္ တမ္းေတာ့ အဲ့ဒါဟာအပူလ်ွပ္တယ္ ဆိုတဲ့အထဲက အလြန္႐ွားပါးေသာျဖစ္ရပ္သာျဖစ္တယ္။

ပူ ရာေ န ႐ုတ္တရက္ ေအးသြားတာေၾကာင့္အေရျပား႐ွိေသြးေၾကာေတြရဲ႕ တုန္႔ျပန္မႈ ကေမာက္ကမျဖစ္သြားလို႔ ႏွလံုးခုန္ရပ္သြားတာသာ ျဖစ္တယ္။ မၾကာဘူး စကၠန္႔ ပိုင္းအတြင္း ေသႏိုင္ပါတယ္။သိနားလည္သူ႐ွိလို႔ အသက္ကယ္မယ္ဆိုရင္ ခ်က္ခ်င္း ျမန္ျမန္ ႏွလံုးခုန္ေအာင္ျပန္လုပ္ႏိုင္ရင္ အသက္႐ွင္မွာပါပဲ။အဂၤလိပ္လို Vagal Inhibition လို႔ ေခၚပါတယ္။

တ ကယ့္ Heat stroke အပူလ်ွပ္ျခင္း အစစ္ကေတာ့ ဒီလို မသက္သာပါဘူး။ေဆးရံုမွာ အၾကာႀကီးခံရၿပီးမွေသဆံုးရတတ္တာမ်ိဳးျဖစ္ပါတယ္။အပူလ်ွပ္ျခင္း အ စစ္ကေတာ့ေရဓာတ္နဲ႔ ဓာတ္ဆားဓာတ္( အဖန္ဓာတ္ ၊ အငံဓာတ္) ေတြ ဆံုး႐ွံုးၿပီး မမ်ွတလို႔ ျဖစ္ရတာပါ။

ေႏြ ရာ သီလို ပူတဲ့အခါ ပူတဲ့ လုပ္ငန္းလုပ္ရတဲ့အခါေခြၽးေတြအရမ္းထြက္ပါတယ္ ဆားေတြပါ ပါသြားပါတယ္။ဆားေတြမ်ားမ်ားပါသြားေလေလ ေရက မငတ္ေတာ့ေလေလ ပါပဲ။ေရက မေသာက္မိဘူး။ ပိုပို ဆိုးလာေတာ့တာေပါ့။

အ စ ပိုင္းမွာ ခႏၶာကိုယ္က ျပန္ထိန္းေပးပါတယ္။

ဘယ္ လိုထိန္းသလဲဆိုေတာ့ဆီးသိပ္မသြားဘူးဆီးအေနနဲ႔ထြက္ရမယ့္ ေရဓာတ္ကို ျပန္သိမ္းတယ္။ဒီေတာ့ ဆီးအေရာင္ ရင့္လာပါတယ္။

ဒါ့ေၾကာင့္ ပူတဲ့အခါ ေရဆာဆာ မဆာဆာ ဆီးအေရာင္ရင့္ေနရင္ ေရမ်ားမ်ားေသာက္ရမယ္လို႔ ပညာ႐ွင္ေတြက လမ္းၫႊန္ပါတယ္။

ဒီလိုနဲ႔ ေရက မေသာက္မိေတာ့ေခြၽးေတြ အလြန္ထြက္ၿပီး‎ေရနဲ႔ဆားေတြ ဆံုး႐ွံုးရေတာ့‎လူဟာ အရမ္းႏြမ္းနယ္လာပါေတာ့တယ္။‎အခုထိ ေခြၽးကေတာ့ ထြက္ျမဲပါပဲ။‎ဒါကို Heat Exhaustion လို႔ ေခၚပါတယ္။‎အပူလြန္၍ပင္ပန္းျခင္း ေပါ့။

ဒီ အခ်ိန္မွာမွ ေရနဲ႔ဆား ျပန္ျဖည့္တဲ့ဓာတ္ဆားရည္ေသာက္တာမ်ိဳး၊ ဓာတ္ဆားဓာတ္ျပည့္ေစတဲ့ အခ်ိဳရည္ေတြေသာက္တာမ်ိဳး မလုပ္ဘူးဆိုရင္ေတာ့ ခႏၶာကိုယ္က ေခြၽးေတာင္ မထြက္ႏိုင္ေတာ့ပါဘူး။

သူ႔ ၾကည့္လိုက္ရင္ေျခာက္ေျခာက္ကပ္ကပ္ ပင္ပင္ပန္းပန္းနဲ႔အသားကို ကိုင္ၾကည့္ရင္ မီးခဲလို ပူတယ္ ေခြၽးက နည္းနည္း မွ မ႐ွိဘူး။ဒါဆိုရင္ေတာ့ Heat stroke အပူလ်ွပ္သြားပါၿပီးေဆးရံု ျမန္ျမန္ေျပးပါ။( တခ်ိဳ႕ကေတာ့ Heat exhaustion အဆင့္မွာကတည္းက ေဆးရံု သြားျပခိုင္းတယ္)

ေဆးရံုနဲ႔ေဝးရင္ ၊ ဒါမွမဟုတ္ ေဆးရံုမေရာက္ခင္ ဘာလုပ္ရမွာလဲ ဆိုေတာ့

အပူက်ေအာင္ လုပ္ရပါမယ္။အဓိကမွတ္ထားရမွာပါက အဖ်ားက်တဲ့ Paracetamol လို ေဆးမ်ိဳး ေပးဖို႔မသင့္ပါဘူး။Organ Failure အတြင္းအဂၤါပ်က္စီးမႈ
ပိုဆိုးေစလို႔လို႔ ဆိုပါတယ္။

ေရနဲ႔ဆား အရင္ျဖည့္ဖို႔ ဓာတ္ဆားရည္အမ်ားႀကီးတိုက္ရပါမယ္ သီးစံုဓာတ္ဆား မတိုက္သင့္ပါ။Shark၊ကြၽဲ႐ိုင္း၊ ေကာ္ဖီ၊အရက္၊ burn၊ speed ၊ M150၊ Lippo အစ႐ွိတဲ့ လူကို လန္းဆန္းေစတဲ့ Stimulating Fluid ေတြ လံုးဝ မေသာက္သင့္ပါဘူး အပူလ်ွပ္ျခင္းကို ပိုမိုလြယ္ကူေစလို႔ပါ။

လူနာက သတိမေကာင္းေတာ့ဘူးဆိုရင္ေတာ့ ေရခဲေသတၱာထဲ အေအးခံထားတဲ့ အငံ ပုလင္း NS ကို ေသြးေၾကာကေနျမန္ျမန္ခ်ိတ္သြင္းရပါမယ္။Rapid Cool NS infusion ။

အရင္ဆံုး အဝတ္ေတြ အကုန္ခြၽတ္သင့္ပါတယ္။Air con ခန္းထဲေခၚရပါမယ္Air con ကို Dehumifying mode or Dry mode မွာ ထားၿပီး ဖြင့္ရင္ ပိုေကာင္းပါတယ္။

ေရေအးေအးနဲ႔ ေလာင္းခ် ေပးရပါမယ္။ေရေႏြးေႏြးေလး ကို ေရေအးငါးခါေလာင္းၿပီးတိုင္းတစ္ခါေလာင္းေပးရပါမယ္။ေသြးေၾကာေတြ ပြင့္က်ယ္လာေအာင္ျဖစ္ပါတယ္။

တစ္ခု ထူးျခားတာကအပူလ်ွပ္ျခင္း ျဖစ္သြားရင္ေတာ့ေဆးရံုမွာ ကုသေပမယ့္လည္း ၁၀၀မွာ ၂၀ေယာက္ေလာက္က ေသတာပါပဲတဲ့။

ဒီေတာ့ ႀကိဳတင္ကာကြယ္ျခင္းဟာ မ႐ွိမျဖစ္လိုအပ္တယ္။ကာကြယ္တာလည္း မခက္ဘူးဓာတ္ဆားရည္ ကို ကိုယ့္အလုပ္ေပၚမူတည္ၿပီးေသာက္ေပးေနရံုပါပဲ။

ေသြးတိုးသမားေတြကေတာ့ ေရပဲ အဓိကေသာက္ရံု။အဝတ္ကို ေခ်ာင္ေခ်ာင္ပါးပါးဝတ္ရမွာျဖစ္ပါတယ္။ အရမ္းလည္း အပင္ပန္းမခံဖို႔လိုပါေသးတယ္။

ဒီလိုဆိုရင္ အပူလ်ွပ္ဖို႔ မေၾကာက္ရေတာ့ပါဘူး။

****************************************

အရပ္ေခၚ အပူလွ်ပ္ျခင္းဆိုသည္မွာ ျပင္းထန္ေသာအပူဒဏ္ (ေနပူဒဏ္)ႏွင့္ထိေတြ့ၿပီး အေရျပားမွ တစ္ဆင့္ ခႏၶာကိုယ္ေသြးေၾကာမ်ား အတြင္းသို့ အပူဓာတ္လြန္ကဲစြာ ေရာက္သြားၿပီးဖ်ားလာျခင္း၊ ထို့ ေနာက္ ဦးေႏွာက္ေသြးေၾကာေပါက္ကာ သတိလစ္ျခင္း၊ ဦးေႏွာက္အတြင္း ေသြးယိုစိမ့္မႈေၾကာင့္ ေလျဖတ္ ၿပီး ခႏၶာကိုယ္တစ္ျခမ္း(သို့မဟုတ္) တစ္စိတ္တစ္ေဒသ မလႈပ္ရွားႏိုင္ေတာ့ျခင္း၊ စကားပီသေအာင္မေျပာ ႏိုင္ျခင္း (သို့မဟုတ္) လံုးဝစကားမေျပာႏုိင္ေတာ့ျခင္း ျဖစ္ရပ္မ်ား ဆက္တိုက္ဆိုသလုိ ျဖစ္ပြားျခင္းကိုေခၚ သည္။

အပူဒဏ္ေၾကာင့္ ေလျဖတ္ျခင္း (၂) မ်ုိး

(က) ေနပူထဲမွ ျပန္လာၿပီး အေအးထဲသို့ ဝင္ေရာက္ျခင္း၊ ေရေအးေသာက္ျခင္း၊ ေရခ်ုိးျခင္းမ်ား ျပုလုပ္မိျခင္း။(ဥပမာ- အဲယားကြန္း ဖြင့္ထားေသာအခန္း၊ ယာဥ္ရထား၊ ကုန္တုိက္ႀကီး မ်ားအတြင္း သို့ ဝင္ေရာက္ျခင္း)

(ခ) အေအးခန္းအတြင္း ေနထုိင္ရာမွရုတ္တရက္ ပူျပင္းေသာေနေရာင္ေအာက္သို့ ထြက္ျခင္း။ (ဥပမာ- အဲယားကြန္းကားစီးၿပီး ဆင္းလိုက္ေသာအခါ ပူျပင္းေသာေနေရာင္ျခည္ႏွင့္ တိုက္ရုိက္ထိ ေတြ့ျခင္း)

အပူအေအး ဝိေရာဓိျဖစ္ျခင္းဟုေခၚေသာ ဆန့္က်င္ဘက္ျဖစ္ျခင္းေၾကာင့္ ခႏၶာကိုယ္တြင္း ေသြးစီး ေၾကာင္းမ်ားတြင္ ေသြးေၾကာမ်ားရုတ္ျခည္း ေျပာင္းလဲမႈဒဏ္ကို မခံႏုိင္ေတာ့ဘဲ ေသြးေၾကာႀကီးမ်ား အက္ ကြဲျခင္း၊ ေသြးေၾကာငယ္ေလးမ်ား ျပတ္ထြက္ျခင္းျဖစ္ႏိုင္ေပသည္။ အသက္ႀကီးသူူမ်ားတြင္ ပုိ၍ျဖစ္ရျခင္းမွာ သူတို့၏ ေသြးေၾကာမ်ားမွာ ေဟာင္းႏြမ္းၿပီး မာဆတ္မႈေၾကာင့္ ပူ၍ က်ယ္ျခင္း၊ ေအး၍ က်ဳံ့ျခင္းဒဏ္ကို မခံ ႏုိင္ျခင္းျဖစ္သည္။ ပလတ္စတစ္ပိုက္မ်ား ေဟာင္းႏြမ္းေသာအခါ မာကၽြတ္ဆတ္ၿပီး ကြဲလြယ္ေပါက္လြယ္ သည့္ သေဘာပင္ျဖစ္သည္။

Heat Stroke မျဖစ္ေစရန္ ကာကြယ္ရမည့္ နည္းလမ္းမ်ား

(က) ေနပူျပင္းခ်ိန္တြင္ အျပင္မထြက္ပါႏွင့္ မလြဲမေရွာင္သာ၍ ထြက္ရလွ်င္ လံုၿခံုေသာအေဆာင္း၊ အကာ၊ ထီး၊ ဦးထုပ္ပါဖို့ လိုသည္။

(ခ) ေစာင့္ဆိုင္းရေသာ အလုပ္ျဖစ္လွ်င္ သစ္ပင္အရိပ္၊ အေဆာက္အအံုအရိပ္၊ အမိုးအကာေအာက္မွ ေစာင့္ပါ။

(ဂ) ေရငတ္လွ်င္ ရုိးရုိးေရေသာက္ပါ။ ေရခဲေရမေသာက္ပါႏွင့္။

(ဃ) အဲယားကြန္းကားစီးၿပီး လုိရာေရာက္၍ ေနပူရွိန္ျပင္းေသာ ေနရာတြင္ ဆင္းရမည္ဆုိလွ်င္ မဆင္းမီက ႀကို တင္၍ ေရေသာက္ထားပါ။ အစာအိမ္အတြင္း ေရရွိလွ်င္ ေသြးေၾကာမ်ားက ေရကို စုပ္ယူထားသျဖင့္ ေတာ္ရုံ အပူဒဏ္ကို ခံႏိုင္သည္။

(င) ေနပူထဲမွ ျပန္လာၿပီးလွ်င္ ေရခဲေရ (လံုးဝ) မေသာက္ပါႏွင့္၊ ေရမခ်ိုးပါႏွင့္၊ မ်က္ႏွာမသစ္ပါႏွင့္။

(စ) ေရေႏြးၾကမ္းတြင္ ဆားေလွာ္အနည္းငယ္ ခပ္ေသာက္ျခင္းသည္ ေရွးလူႀကီးမ်ား၏ အပူဒဏ္ကာကြယ္ နည္း ျဖစ္ပါသည္။

Credit:(Dr. မ်ိဳးသန္႔ႏိုင္-ေဆး မေကြး)

Unicode Version
အ ပူ လျှပ် တယ် ဆိုရင် မြန်မာနိုင်ငံမှာလူအများစုကနေပူထဲက ပြန်လာပြီးရုတ်တရက် ရေချိုးလိုက်တာတို့ ၊‎ မျက်နှာသစ်လိုက်တာတို့ လို့ ထင်နေကြတယ်။

ရုတ် တ ရက် သတိလစ် အသက်ရှူရပ်သွားတယ်ပေါ့။

တ ကယ် တမ်းတော့ အဲ့ဒါဟာအပူလျှပ်တယ် ဆိုတဲ့အထဲက အလွန်ရှားပါးသောဖြစ်ရပ်သာဖြစ်တယ်။

ပူ ရာေ န ရုတ်တရက် အေးသွားတာကြောင့်အရေပြားရှိသွေးကြောတွေရဲ့ တုန့်ပြန်မှု ကမောက်ကမဖြစ်သွားလို့ နှလုံးခုန်ရပ်သွားတာသာ ဖြစ်တယ်။ မကြာဘူး စက္ကန့် ပိုင်းအတွင်း သေနိုင်ပါတယ်။သိနားလည်သူရှိလို့ အသက်ကယ်မယ်ဆိုရင် ချက်ချင်း မြန်မြန် နှလုံးခုန်အောင်ပြန်လုပ်နိုင်ရင် အသက်ရှင်မှာပါပဲ။အင်္ဂလိပ်လို Vagal Inhibition လို့ ခေါ်ပါတယ်။

တ ကယ့် Heat stroke အပူလျှပ်ခြင်း အစစ်ကတော့ ဒီလို မသက်သာပါဘူး။ဆေးရုံမှာ အကြာကြီးခံရပြီးမှသေဆုံးရတတ်တာမျိုးဖြစ်ပါတယ်။အပူလျှပ်ခြင်း အ စစ်ကတော့ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်( အဖန်ဓာတ် ၊ အငံဓာတ်) တွေ ဆုံးရှုံးပြီး မမျှတလို့ ဖြစ်ရတာပါ။

နွေ ရာ သီလို ပူတဲ့အခါ ပူတဲ့ လုပ်ငန်းလုပ်ရတဲ့အခါချွေးတွေအရမ်းထွက်ပါတယ် ဆားတွေပါ ပါသွားပါတယ်။ဆားတွေများများပါသွားလေလေ ရေက မငတ်တော့လေလေ ပါပဲ။ရေက မသောက်မိဘူး။ ပိုပို ဆိုးလာတော့တာပေါ့။

အ စ ပိုင်းမှာ ခန္ဓာကိုယ်က ပြန်ထိန်းပေးပါတယ်။

ဘယ် လိုထိန်းသလဲဆိုတော့ဆီးသိပ်မသွားဘူးဆီးအနေနဲ့ထွက်ရမယ့် ရေဓာတ်ကို ပြန်သိမ်းတယ်။ဒီတော့ ဆီးအရောင် ရင့်လာပါတယ်။

ဒါ့ကြောင့် ပူတဲ့အခါ ရေဆာဆာ မဆာဆာ ဆီးအရောင်ရင့်နေရင် ရေများများသောက်ရမယ်လို့ ပညာရှင်တွေက လမ်းညွှန်ပါတယ်။

ဒီလိုနဲ့ ရေက မသောက်မိတော့ချွေးတွေ အလွန်ထွက်ပြီး‎ရေနဲ့ဆားတွေ ဆုံးရှုံးရတော့‎လူဟာ အရမ်းနွမ်းနယ်လာပါတော့တယ်။‎အခုထိ ချွေးကတော့ ထွက်မြဲပါပဲ။‎ဒါကို Heat Exhaustion လို့ ခေါ်ပါတယ်။‎အပူလွန်၍ပင်ပန်းခြင်း ပေါ့။

ဒီ အချိန်မှာမှ ရေနဲ့ဆား ပြန်ဖြည့်တဲ့ဓာတ်ဆားရည်သောက်တာမျိုး၊ ဓာတ်ဆားဓာတ်ပြည့်စေတဲ့ အချိုရည်တွေသောက်တာမျိုး မလုပ်ဘူးဆိုရင်တော့ ခန္ဓာကိုယ်က ချွေးတောင် မထွက်နိုင်တော့ပါဘူး။

သူ့ ကြည့်လိုက်ရင်ခြောက်ခြောက်ကပ်ကပ် ပင်ပင်ပန်းပန်းနဲ့အသားကို ကိုင်ကြည့်ရင် မီးခဲလို ပူတယ် ချွေးက နည်းနည်း မှ မရှိဘူး။ဒါဆိုရင်တော့ Heat stroke အပူလျှပ်သွားပါပြီးဆေးရုံ မြန်မြန်ပြေးပါ။( တချို့ကတော့ Heat exhaustion အဆင့်မှာကတည်းက ဆေးရုံ သွားပြခိုင်းတယ်)

ဆေးရုံနဲ့ဝေးရင် ၊ ဒါမှမဟုတ် ဆေးရုံမရောက်ခင် ဘာလုပ်ရမှာလဲ ဆိုတော့

အပူကျအောင် လုပ်ရပါမယ်။အဓိကမှတ်ထားရမှာပါက အဖျားကျတဲ့ Paracetamol လို ဆေးမျိုး ပေးဖို့မသင့်ပါဘူး။Organ Failure အတွင်းအင်္ဂါပျက်စီးမှု
ပိုဆိုးစေလို့လို့ ဆိုပါတယ်။

ရေနဲ့ဆား အရင်ဖြည့်ဖို့ ဓာတ်ဆားရည်အများကြီးတိုက်ရပါမယ် သီးစုံဓာတ်ဆား မတိုက်သင့်ပါ။Shark၊ကျွဲရိုင်း၊ ကော်ဖီ၊အရက်၊ burn၊ speed ၊ M150၊ Lippo အစရှိတဲ့ လူကို လန်းဆန်းစေတဲ့ Stimulating Fluid တွေ လုံးဝ မသောက်သင့်ပါဘူး အပူလျှပ်ခြင်းကို ပိုမိုလွယ်ကူစေလို့ပါ။

လူနာက သတိမကောင်းတော့ဘူးဆိုရင်တော့ ရေခဲသေတ္တာထဲ အအေးခံထားတဲ့ အငံ ပုလင်း NS ကို သွေးကြောကနေမြန်မြန်ချိတ်သွင်းရပါမယ်။Rapid Cool NS infusion ။

အရင်ဆုံး အဝတ်တွေ အကုန်ချွတ်သင့်ပါတယ်။Air con ခန်းထဲခေါ်ရပါမယ်Air con ကို Dehumifying mode or Dry mode မှာ ထားပြီး ဖွင့်ရင် ပိုကောင်းပါတယ်။

ရေအေးအေးနဲ့ လောင်းချ ပေးရပါမယ်။ရေနွေးနွေးလေး ကို ရေအေးငါးခါလောင်းပြီးတိုင်းတစ်ခါလောင်းပေးရပါမယ်။သွေးကြောတွေ ပွင့်ကျယ်လာအောင်ဖြစ်ပါတယ်။

တစ်ခု ထူးခြားတာကအပူလျှပ်ခြင်း ဖြစ်သွားရင်တော့ဆေးရုံမှာ ကုသပေမယ့်လည်း ၁၀၀မှာ ၂၀ယောက်လောက်က သေတာပါပဲတဲ့။

ဒီတော့ ကြိုတင်ကာကွယ်ခြင်းဟာ မရှိမဖြစ်လိုအပ်တယ်။ကာကွယ်တာလည်း မခက်ဘူးဓာတ်ဆားရည် ကို ကိုယ့်အလုပ်ပေါ်မူတည်ပြီးသောက်ပေးနေရုံပါပဲ။

သွေးတိုးသမားတွေကတော့ ရေပဲ အဓိကသောက်ရုံ။အဝတ်ကို ချောင်ချောင်ပါးပါးဝတ်ရမှာဖြစ်ပါတယ်။ အရမ်းလည်း အပင်ပန်းမခံဖို့လိုပါသေးတယ်။

ဒီလိုဆိုရင် အပူလျှပ်ဖို့ မကြောက်ရတော့ပါဘူး။

****************************************

အရပ်ခေါ် အပူလျှပ်ခြင်းဆိုသည်မှာ ပြင်းထန်သောအပူဒဏ် (နေပူဒဏ်)နှင့်ထိတွေ့ပြီး အရေပြားမှ တစ်ဆင့် ခန္ဓာကိုယ်သွေးကြောများ အတွင်းသို့ အပူဓာတ်လွန်ကဲစွာ ရောက်သွားပြီးဖျားလာခြင်း၊ ထို့ နောက် ဦးနှောက်သွေးကြောပေါက်ကာ သတိလစ်ခြင်း၊ ဦးနှောက်အတွင်း သွေးယိုစိမ့်မှုကြောင့် လေဖြတ် ပြီး ခန္ဓာကိုယ်တစ်ခြမ်း(သို့မဟုတ်) တစ်စိတ်တစ်ဒေသ မလှုပ်ရှားနိုင်တော့ခြင်း၊ စကားပီသအောင်မပြော နိုင်ခြင်း (သို့မဟုတ်) လုံးဝစကားမပြောနိုင်တော့ခြင်း ဖြစ်ရပ်များ ဆက်တိုက်ဆိုသလို ဖြစ်ပွားခြင်းကိုခေါ် သည်။

အပူဒဏ်ကြောင့် လေဖြတ်ခြင်း (၂) မျိုး

(က) နေပူထဲမှ ပြန်လာပြီး အအေးထဲသို့ ဝင်ရောက်ခြင်း၊ ရေအေးသောက်ခြင်း၊ ရေချိုးခြင်းများ ပြုလုပ်မိခြင်း။(ဥပမာ- အဲယားကွန်း ဖွင့်ထားသောအခန်း၊ ယာဉ်ရထား၊ ကုန်တိုက်ကြီး များအတွင်း သို့ ဝင်ရောက်ခြင်း)

(ခ) အအေးခန်းအတွင်း နေထိုင်ရာမှရုတ်တရက် ပူပြင်းသောနေရောင်အောက်သို့ ထွက်ခြင်း။ (ဥပမာ- အဲယားကွန်းကားစီးပြီး ဆင်းလိုက်သောအခါ ပူပြင်းသောနေရောင်ခြည်နှင့် တိုက်ရိုက်ထိ တွေ့ခြင်း)

အပူအအေး ဝိရောဓိဖြစ်ခြင်းဟုခေါ်သော ဆန့်ကျင်ဘက်ဖြစ်ခြင်းကြောင့် ခန္ဓာကိုယ်တွင်း သွေးစီး ကြောင်းများတွင် သွေးကြောများရုတ်ခြည်း ပြောင်းလဲမှုဒဏ်ကို မခံနိုင်တော့ဘဲ သွေးကြောကြီးများ အက် ကွဲခြင်း၊ သွေးကြောငယ်လေးများ ပြတ်ထွက်ခြင်းဖြစ်နိုင်ပေသည်။ အသက်ကြီးသူူများတွင် ပို၍ဖြစ်ရခြင်းမှာ သူတို့၏ သွေးကြောများမှာ ဟောင်းနွမ်းပြီး မာဆတ်မှုကြောင့် ပူ၍ ကျယ်ခြင်း၊ အေး၍ ကျုံ့ခြင်းဒဏ်ကို မခံ နိုင်ခြင်းဖြစ်သည်။ ပလတ်စတစ်ပိုက်များ ဟောင်းနွမ်းသောအခါ မာကျွတ်ဆတ်ပြီး ကွဲလွယ်ပေါက်လွယ် သည့် သဘောပင်ဖြစ်သည်။

Heat Stroke မဖြစ်စေရန် ကာကွယ်ရမည့် နည်းလမ်းများ

(က) နေပူပြင်းချိန်တွင် အပြင်မထွက်ပါနှင့် မလွဲမရှောင်သာ၍ ထွက်ရလျှင် လုံခြုံသောအဆောင်း၊ အကာ၊ ထီး၊ ဦးထုပ်ပါဖို့ လိုသည်။

(ခ) စောင့်ဆိုင်းရသော အလုပ်ဖြစ်လျှင် သစ်ပင်အရိပ်၊ အဆောက်အအုံအရိပ်၊ အမိုးအကာအောက်မှ စောင့်ပါ။

(ဂ) ရေငတ်လျှင် ရိုးရိုးရေသောက်ပါ။ ရေခဲရေမသောက်ပါနှင့်။

(ဃ) အဲယားကွန်းကားစီးပြီး လိုရာရောက်၍ နေပူရှိန်ပြင်းသော နေရာတွင် ဆင်းရမည်ဆိုလျှင် မဆင်းမီက ကြို တင်၍ ရေသောက်ထားပါ။ အစာအိမ်အတွင်း ရေရှိလျှင် သွေးကြောများက ရေကို စုပ်ယူထားသဖြင့် တော်ရုံ အပူဒဏ်ကို ခံနိုင်သည်။

(င) နေပူထဲမှ ပြန်လာပြီးလျှင် ရေခဲရေ (လုံးဝ) မသောက်ပါနှင့်၊ ရေမချိုးပါနှင့်၊ မျက်နှာမသစ်ပါနှင့်။

(စ) ရေနွေးကြမ်းတွင် ဆားလှော်အနည်းငယ် ခပ်သောက်ခြင်းသည် ရှေးလူကြီးများ၏ အပူဒဏ်ကာကွယ် နည်း ဖြစ်ပါသည်။

Credit:(Dr. မျိုးသန့်နိုင်-ဆေး မကွေး)

No comments:

Post a Comment