Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, May 17, 2019

ၾကက္သြန္ျဖဴကို တစ္ေန႔တစ္မႊာ စားေပးျခင္းျဖင့္ ရ႐ွိလာမည့္ က်န္းမာေရး အက်ိဳးေက်းဇူးမ်ား

ၾကက္သြန္ျဖဴက လူမ်ိဳးေတာ္ေတာ္မ်ားမ်ားရဲ႕ တိုင္းရင္းေဆးေတြမွာ အဓိက ပါ၀င္ပါတယ္။ လြန္ခဲ့တဲ့ ရာစုႏွစ္ေပါင္းမ်ားစြာကတည္းက ဟင္းလ်ာေတြ အရသာရွိဖို႔ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ အသံုးျပဳၾကပါတယ္။

ၾကက္သြန္ျဖဴမွာ ဆာလဖာ ကြန္ေပါင္းနဲ႔ Phytonutrients ဓာတ္ေတြပါ၀င္တာေၾကာင့္ ဖ်ားနာေတြ ေပ်ာက္ေအာင္ ကုတဲ့ေနရာမွာ ထည့္သံုးခဲ့ၾကဖူးပါတယ္။ ၾကက္သြန္ျဖဴ တစ္မႊာကို ေန႔စဥ္စားရင္ အစာေျခစနစ္ကို အားေကာင္းေစၿပီး အာဟာရေတြကိုလည္း အမ်ားႀကီး ရရွိႏိုင္ပါတယ္။
ေသြးလည္ပတ္မႈကို ျမွင့္တင္ေပး

ၾကက္သြန္ျဖဴမွာ ဗီတာမင္ B ဓာတ္ၾကြယ္၀စြာပါ၀င္တာေၾကာင့္ Homocysteine ကို ေလ်ာ့နည္းေစပါတယ္။ Homocysteine ဓာတ္က ေသြးေၾကာေတြကို က်ဥ္းေစၿပီး၊ ေသြးေၾကာေတြပါးလာၿပီး ထံုးလာတတ္ပါတယ္။
သဘာ၀ ပိုးသတ္ေဆး (Antibiotic)

ဒုတိယကမာၻစစ္တုန္းက ေဆး၀ါးေတြ ျပတ္လတ္တုန္းကဆိုရင္ ၾကက္သြန္ျဖဴကို ပိုးသတ္ေဆးအျဖစ္ အသံုးျပဳခဲ့ၾကပါတယ္။ ၾကက္သြန္ျဖဴက အစြမ္းထက္တဲ့ သဘာ၀ ပိုးသတ္ေဆးတစ္မ်ိဳးျဖစ္တာေၾကာင့္ ေန႔စဥ္ ၾကက္သြန္ျဖဴ တစ္မႊာစားရင္ ကိုယ္ခံအားစနစ္ကို ေကာင္းမြန္ေစပါတယ္။

တုပ္ေကြး၊ ဖ်ားနာျခင္းနဲ႔ ေရာဂါပိုးမႊား၀င္ျခင္းကို ကုသေပးပါတယ္။ အနာကို ျမန္ျမန္က်က္ေစပါတယ္။ အသည္း က်န္းမာေရးအတြက္လည္း ေကာင္းမြန္ေစပါတယ္။ ၾကက္သြန္ျဖဴက ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြ၊ ကပ္ပါးေကာင္းေတြနဲ႔ Heavy Metals ေတြကို ဖယ္ရွားေပးႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အသည္းက်န္းမာေရးအတြက္ အထူးေကာင္းမြန္ပါတယ္။

ၾကက္သြန္ျဖဴမွာ ဗီတာမင္ A,B, C ဓာတ္ေတြၾကြယ္၀စြာပါ၀င္တာေၾကာင့္ အသည္းရဲ႕လုပ္ငန္းေဆာင္တာေတြကို အေထာက္အကူျပဳပါတယ္။ အသည္းအဆီဖံုးတာကိုလည္း ကာကြယ္ေပးပါတယ္။
MyFood Myanmar

#Unicode Version#
ကြက်သွန်ဖြူက လူမျိုးတော်တော်များများရဲ့ တိုင်းရင်းဆေးတွေမှာ အဓိက ပါဝင်ပါတယ်။ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းက ဟင်းလျာတွေ အရသာရှိဖို့ နိုင်ငံတော်တော်များများမှာ အသုံးပြုကြပါတယ်။

ကြက်သွန်ဖြူမှာ ဆာလဖာ ကွန်ပေါင်းနဲ့ Phytonutrients ဓာတ်တွေပါဝင်တာကြောင့် ဖျားနာတွေ ပျောက်အောင် ကုတဲ့နေရာမှာ ထည့်သုံးခဲ့ကြဖူးပါတယ်။ ကြက်သွန်ဖြူ တစ်မွှာကို နေ့စဉ်စားရင် အစာခြေစနစ်ကို အားကောင်းစေပြီး အာဟာရတွေကိုလည်း အများကြီး ရရှိနိုင်ပါတယ်။
သွေးလည်ပတ်မှုကို မြှင့်တင်ပေး

ကြက်သွန်ဖြူမှာ ဗီတာမင် B ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် Homocysteine ကို လျော့နည်းစေပါတယ်။ Homocysteine ဓာတ်က သွေးကြောတွေကို ကျဉ်းစေပြီး၊ သွေးကြောတွေပါးလာပြီး ထုံးလာတတ်ပါတယ်။
သဘာ၀ ပိုးသတ်ဆေး (Antibiotic)

ဒုတိယကမ္ဘာစစ်တုန်းက ဆေးဝါးတွေ ပြတ်လတ်တုန်းကဆိုရင် ကြက်သွန်ဖြူကို ပိုးသတ်ဆေးအဖြစ် အသုံးပြုခဲ့ကြပါတယ်။ ကြက်သွန်ဖြူက အစွမ်းထက်တဲ့ သဘာ၀ ပိုးသတ်ဆေးတစ်မျိုးဖြစ်တာကြောင့် နေ့စဉ် ကြက်သွန်ဖြူ တစ်မွှာစားရင် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။

တုပ်ကွေး၊ ဖျားနာခြင်းနဲ့ ရောဂါပိုးမွှားဝင်ခြင်းကို ကုသပေးပါတယ်။ အနာကို မြန်မြန်ကျက်စေပါတယ်။ အသည်း ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေပါတယ်။ ကြက်သွန်ဖြူက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ၊ ကပ်ပါးကောင်းတွေနဲ့ Heavy Metals တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့ကြောင့် အသည်းကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။

ကြက်သွန်ဖြူမှာ ဗီတာမင် A,B, C ဓာတ်တွေကြွယ်ဝစွာပါဝင်တာကြောင့် အသည်းရဲ့လုပ်ငန်းဆောင်တာတွေကို အထောက်အကူပြုပါတယ်။ အသည်းအဆီဖုံးတာကိုလည်း ကာကွယ်ပေးပါတယ်။
MyFood Myanmar

No comments:

Post a Comment