Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 12, 2019

မန်း​လေးမြို့ကြီးအကျဉ်းတန်​​နေပြီ . . အားလုံးလဲသွားလဲသတိ လာလဲသတိလေးနဲ့သွားလာကျပါ .












ကူညီမဲ့သူမဲ့နေတဲ့ကျနော်တို့ညီကို၂ယောက်မဖြစ်ဖူးသူတို့လက်ထဲတော့အသေမခံနိုင်ဘူးဆိုပြီးကျနော်တို့နေတဲ့စိန်ပန်း၄၁လမ်းလမ်းကြီးပေါ်ရအောင်မောင်းခဲ့ပါတယ်….ကျနော်တို့ကိုဘယ်မှပြေးမရအောင်ဆိုင်ကယ်၂စီးညှပ်ပြီးလိုက်ပစ်ပါတယ်..ဘယ်မှလဲဝင်မရဘူးဘ်ာသူ့မှလဲအကူညီမတောင်းလိုက်ရတော့ဘူး.













ခင်ဗျားတို့အတွက်နဲ့တကယ်ပြည်သူ့အတွက်အလုပ်လုပ်နေတဲ့ရဲအရာရှိတွေလဲသိက္ခာကျတယ်…ပြည်သူကိုတကယ်ချစ်တဲ့ရဲအရာရှိတွေလဲလူမုန်းခံရတော့မယ်….ခင်ဗျားတို့နည်းနည်းလေးလောက်အသိဥာဏ်မရှိကျတော့ဘူးလားဗျာ…..


ကျနော်တို့ကိုလုပ်တဲ့၆ယောက်အဖွဲ့လဲကျနော်တို့နာကျင်ခံစားရသလိုသူတို့လဲကျနော်တို့လိုဝေဒနာမခံစားရပါစေနဲ့လို့ဆုတောင်းပါတယ်…






Unicode Version
မင်း မဲ့ တိုင်းပြည်ကြီးမှာကျနော်နေပါတယ်….အားလုံးလဲသွားလဲသတိ လာလဲသတိလေးနဲ့သွားလာကျပါလို့မေတ္တာရပ်ခံပါတယ်…..

မင်း မဲ့ တိုင်းပြည်ကြီးမှာကျနော်နေပါတယ်….

မ သွား နဲ့မလာနဲ့လို့တော့ကျနော်မပြောလိုပါဘူး…ဒါပေမဲ့အရေးတကြီးသွားရမယ်ဆိုတော့သတိလေးနဲ့သွားလာကျပါ…ဘာမှမဟုတ်ပဲနဲ့သက်သက်ကြီးတော့မသွားကျပါနဲ့လို့ကျနော်အသိလေးပေးပါရစေချစ်သောမိတ်ဆွေ…



၁၀.၅.၂၀၁၉ည၇နာရီ၄၉မိနစ်အချိန်တွင်၇၈လမ်းကနေ၃၈လမ်းစကွေ့ခါစရှိသေးအနောက်ကနေဆိုင်ကယ်၂စီးနဲ့လူ၆ယောက်ကကျနော်တို့ညီကို၂ယောက်ကိုလေးဂွတွေနဲ့ဝိုင်းပြီးပစ်ကျပါတယ်…..

ကျနော် တို့ညီကိုသူတို့နဲ့ရန်ညှိးရန်စလဲမရှိပါဘူးဗျာ ..အဲ့နေ့ကကိစ္စလေးတစ်ခုရှိလို့အပြင်ထွက်မိတာပါ…ဘာရန်ညှိးရန်စမှမရှိပါဘူး….သက်သက်မဲ့ကိုလိုက်ပြီးလေးဂွတွေနဲ့ဝိုင်းပစ်ချင်းကိုခံခဲ့ရတာပါ…ပထမတစ်ချက်ပစ်တော့သတိမထားမိဘူးသြော်ကားကဂဲနင်းမိလိုချော်မှန်တာပဲနေမှာပါဆိုထားလိုက်တယ်…

နောက် တစ်ချက် ခါးကိုမှန်တယ်..ဒါသွေးရိုးသားမဖြစ်နိုင်တော့ဘူးဆိုပြီးနောက်လှည့်ကြည့်လိုက်အဲ့ချိန်မျက်နှာကိုMaskအုပ်ဦးထုပ်ဆောင်းထားတဲ့ဆိုင်ကယ်၂စီးနဲ့လူ၆ယောက်အဖွဲ့ကကျနော်တို့ညီကို၂ယောက်မောင်းလာတဲ့ဆိုင်ကယ်နောက်ကနေကျနော်တို့ကိုလေးဂွတွေနဲ့ပစ်နေတော့တာပဲ…



ဒါနဲ့ ကျနော် ဆိုင်ကယ်မောင်းရင်းတောင်းပန်တာပေါ့အကိုတို့ဘာလိုချင်လို့လဲဆိုင်ကယ်လိုချင်လို့လားဖုန်းနဲ့ပိုက်ဆံတို့လိုချင်လို့လားမေးတော့သူတို့ကမင်းစောက်ပါးစပ်ကိုပိတ်ထားဆိုပြီးလေးဂွနဲ့ပါးစပ်ကိုပစ်လိုက်ပါတယ်…ကျနော့်နှုတ်ခမ်းကွဲပြီးသွားတွေလဲကျွတ်ထွက်သွားပါတယ်..

အဲ့နာ နဲ့မဖြစ်တော့ဘူး ဆိုပြီးသံလမ်းကျော်အောင်မောင်းပြီးလမ်းမှာရှိတဲ့လူတွေအကူညီတောင်းပါတယ်..ကျနော်တို့လေးဂွတွေနဲ့ဝိုင်းပစ်နေလို့ကူညီပါဦးလို့ပြောတော့ဘေးမှာရှိတဲ့လူစိတ်မရှိတဲ့လူတွေကကျနော်တို့ကိုမျက်နှာလွဲဂဲပစ်မသိဟန်ပြုပြီးရှောင်တိန်းထွက်ခွားသွားကျပါတယ်…



အဲ့ အချိန် သူတို့အဖွဲ့ပြန်ရောက်လာပြီးလေးဂွတွေနဲ့ပစ်ကျပါတယ်ကျနော့်ညီကတော့နောက်ကျောတပြင်လုံးသူတို့ပစ်တဲ့ဖန်ပေသီးအရာစက်ဘီးဂုန်းတွေမူလီတွေအစရှိတာတွေနဲ့ပစ်ခက်ချင်းကိုလဲခံရပါတယ်……

မခံနိုင်တော့တဲ့အဆုံးကျနော်တို့ဆိုင်ကယ်စက်နှိုးပြီးကျနော်တို့နေတဲ့ဘက်ကိုဇွတ်အတင်းမောင်းနှင်လာခဲ့တယ်…တစ်လမ်းလုံးကယ်တော်မှုကျပါဦးကျနော်တို့ကိုလေးဂွတွေနဲ့ဝိုင်းပစ်နေကျပါတယ်လို့အော်ဟစ်အကူအညီတောင်းသော်ညားလဲများပြာလှတဲ့လူတွေကတုပ်တုပ်မျှမလှပ်ပဲသူတို့လမ်းသူတို့သွားပြီးရှောင်ကွင်းသွားကျပါတယ်….



ကူညီမဲ့သူမဲ့နေတဲ့ကျနော်တို့ညီကို၂ယောက်မဖြစ်ဖူးသူတို့လက်ထဲတော့အသေမခံနိုင်ဘူးဆိုပြီးကျနော်တို့နေတဲ့စိန်ပန်း၄၁လမ်းလမ်းကြီးပေါ်ရအောင်မောင်းခဲ့ပါတယ်….ကျနော်တို့ကိုဘယ်မှပြေးမရအောင်ဆိုင်ကယ်၂စီးညှပ်ပြီးလိုက်ပစ်ပါတယ်..ဘယ်မှလဲဝင်မရဘူးဘာ်သူ့မှလဲအကူညီမတောင်းလိုက်ရတော့ဘူး.

.နောက်ဆုံးဘီယာဆိုင်ထဲကိုထိုးဝင်လိုက်တယ်…ကျနော့်ညီဆင်းပြေးဘီယာဆိုထဲဝင်အကူညီတောင်းတယ်…တသ်ယောက်မှမကူညီသောက်မြဲတိုင်းသောက်နေကျတယ်…အဲ့အချိန်မှာဆိုငကြယ်ရပ်ပြီးကျနော်ဆင်းပြေးမယ်အလုပ်သူတို့လမ်းပစ်လိုက်တယ်..ကျနော့်မေးရိုးကိုထိမှန်သွားတယ်…



အဲ့ဒီမှာကျနော်မျက်လုံးတွေပြာထွက်သွားပြီးမလှုပ်နိုင်တော့ဘူး…ဆိုင်ကယ်ပေါ်ခွရပ်ကြီးနဲ့နောက်တစ်ချက်ဆက်ပစ်လိုက်တယ်ကျနော်နားအုံပွင့်သွားတယ်ကျနော်လဲဆိုင်ကယ်နဲ့ထပ်ရပ်ကြီးလဲနေတဲ့အချိန်ဆက်ပစ်ပါတယ်ကျနော့်ညီလဲအကူမရတဲ့အဆုံးအနီးမှာရှိတဲ့ဂဲတွေကောက်ပြီးကျနော့်ကိုပစ်နေတဲ့လူတွေကကိုလှမ်းပစ်နေတယ်..

အဲ့အချိန်မှဘီယာဆိုင်ထဲကလူတွေဝိုင်းအုံပြီးထွက်လာကျတယ်…ဒါမှကျနော်လဲသူတို့ရဲ့အသက်ဘေးမှာလွတ်မြောက်ခဲ့ရတယ်..သွေးတွေစီးအိုင်ကျနေတဲ့ကျနော့်ကိုကောက်ထူးရင်းဘေးမှာရှိတဲ့ ၂၄နာရီဆေးခန်းကိုကျနော့်ညီကဆွဲခေါ်သွားတယ်.

.ဆေးခန်းထဲအရောက်မှာသေမတတ်ဖြစ်နေတဲ့ကျနော်ကိုဆေးခန်းထဲကဆရာမကရောက်ရောက်ချင်းစောက်နဲ့ထွင်းဆိုသလိုပဲရှင့်ကိုကျမဆေးကုမပေးမနိုင်ဘူးတဲ့ရှင့်ဆေးရုံကြီးသွားမှရမယ်တဲ့ဒါဆိုလဲဆရာမယ်သွေးတိတ်အောင်တော့လုပ်ပေးပါလို့တောင်းပန်ပြီးပြောတော့ဂွမ်းလေးနဲ့ဖိပေးလိုက်တယ်တဲ့

အဲ့တာတောင်သူ့ရဲ့အကူသူနာပြုကလုပ်ပေးလိုက်တာသူကတော့ဖုန်းပွတ်နေလေရဲ့ကျနော်သူတို့ကိုပစ်တင်ဝေဖန်နေတာမဟုတ်ဘာလို့အကျင်နာတရားခေါင်းပါးနေကျတာလဲဘာလို့မကူညီချင်တာလဲဆိုပြီးအတွေးတွေဝင်ရောက်လာတယ်..တစ်လမ်းလုံးကလူတွေကလဲမကြားတာလား?မမြင်တာလားဆိုပြီးတွေးမိတယ်..သွေးလွန်ပြီးမျက်လုံးတွေပြာလာတဲ့နောက်ဆုံးကိုဖုန်းဆက်ပြီးမန္တလေးဆေးရုံကြီးကိုအရောက်သွားရတော့တယ်…

.ရောက်တော့လူနာစာရင်းတင်မေးတာဖြေနေရတယ်ဆေးမထည့်ပေးသေးဘူးချုပ်လဲမပေးသေးဘူး…သူတို့မေးသမျှကိုအရင်ဖြေပေးနေရတယ်…ကျနော်နားလည်ပေးပါတယ်အဲ့တာတွေကိုနောက်ဆုံးချုပ်တော့မယ်ဆိုတော့သူ့အပ်ကိုနှမျောလို့တဲ့ကျနော်အမေကိုအပ်သွားဝယ်ခိုင်းတယ်…ဝယ်ပြီးပြန်လာတော့လဲသူ့အပ်နဲ့ပဲချုပ်ပေးတော့မယ်ဆိုပြီးချုပ်ပေးတယ်..သေရမယ်နာတွေဆိုသေနေလောက်ပြီ

သူတို့လုပ်နေတာနဲ့တင်ချုပ်လဲပြီးရောမှု့ခင်းရဲရောက်လာပါလေရောကျနော့်ကိုနာမေးတယ်အသက်မေးတယ်ဘယ်မှာနေတာလဲမေးပြီးရောဘာဖြစ်တာလဲဘာလို့ဒဏ်ရာရတာလဲတဲ့မေးတယ်…၇၈လမ်း၃၈လမ်းထောင့်လို့လဲပြောရောဘာမှဆက်မမေးတော့ဘူး…

သူ့နေရာသူပြန်ထိုင်နေတယ်သူ့တာဝန်မဟုတ်ဖူးဆိုတဲ့စတိုင်ကြီးနဲ့လစ်သွားတယ်ဘာမဟုတ်တဲ့ကိစ္စလေးတွေကျတော့ဓာတ်မှန်ရိုက်တဲ့နေရာထိလိုက်မေးတယ်….ကျနော်လဲဓာတ်မှန်သွားရိုက်မယ်အလုပ်ဘေးကပြောသံလေးကြားလိုက်တယ်….မနေ့ကလဲအဲ့လိုပဲလေးဂွနဲ့လိုက်ပစ်ခံရလို့အမှတ်( ၉ )ရဲစခန်းကိုသွားတိုင်တာတဲ့လေးဂွနဲ့ပစ်တဲ့အမှုတွေများ
နေပြီတဲ့ကျနော်တို့ဘယ်လိုက်ဖမ်းရမှာလဲတဲ့…?

ကျနော်ပြောချင်တာကရဲဆိုတဲ့အမျိုးကဘယ်နေရာမှာလူမိုက်ရှိတယ်…?ဘယ်နေရာမှာသူခိုးဂျပိုးရှိတယ်…?ဘယ်နေရာမှာမူးယစ်သူရှိတယ်ဆိုတာသူတို့အပိုင်သိပြီးသားပါဗျာ…အခုဟာကတာဝန်မဲ့တဲ့စကားကြီးပြောထွက်ရက်တယ်…သူတို့ဖမ်းချင်ရင်လွယ်လွယ်လေးပါဒီလိုကြီးတာဝန်မဲ့စကားတော့ပြောမထွက်ရက်သင့်ဘူး…?ပြည်သူတွေကျေနပ်အောင်တော့ဟုတ်ကဲ့ကျနော်တို့သေချာစုံစမ်းပေးပါ့မယ်အမှုအမှန်ပေါ်ပေါက်အောင်အမြန်းဆုံးဆောင်ရွက်ပေးပါ့မယ်ပြည်သူတွေကျေနပ်အောင်အားရအောင်တော့ပြောပေးသင့်ပါတယ်…..

ကျနော်မဖြစ်ခင်သတင်းတစ်ခုကြားမိသေးတယ်…မြစ်သစ်ဘက်မှာလဲလူရိုက်ပြီးလုပြေးနေတဲ့အဖွဲ့ကိုပြာ်သူတွေကဝိုင်းဖမ်းရဲလက်ကိုအပ်ခဲ့ကျတယ်တဲ့မကြာပါဘူးမနက်မိုးလင်းတော့ပြန်လွတ်ပေးလိုက်တယ်တဲ့ဗျာ…ကျနော်တွေးမိတာလေးပေါ့ဗျာ

အဲ့ဆိုအဲ့လုယက်ခိုးဆိုးနေတဲ့လူတွေနဲ့ကရသမျှကိုတဝက်စီယူပြီးလုပ်စားနေကျတာလားဒါမှမဟုတ်ရုပ်ရှင်တွေထဲကလိုပိုက်ဆံရှိသားသမီးတွေကဇာတ်ကားတွေကြည့်ပြီးအဲ့ထဲကိုလိုလိုက်လုပ်ရဲနဲ့ပူးပေါင်းတဝက်စီခွဲယူ…ဒါမှမဟုတ်သူတို့ကရဲတွေကိုပြန်ပြီးခြိမ်းခြောက်ထားလို့ဒါမှမဟုတ်ရဲသားသမီးတွေလားလို့ကျနော်တွေးမိတယ်….

ကျနော်တို့ပြည်သူတွေကဘယ်ရဲကိုအဖေခေါ်ပြီးဘယ်သူ့ကိုအားကိုးရတော့မှာလဲဗျာ…ထိခိုက်နစ်နာနေတဲ့ကျနော်တို့လိုပြည်သူတွေလက်ပိုက်ပြီးကြည့်နေကျတော့မှာလား..?ကျနော်တို့ပြည်သူတွေသေပေးရတော့မှာလား….?အခုလိုချိန်မှာခင်ဗျားတို့သားသမီးတွေဆိုဒီအတိုင်းလက်ပိုက်ပြီးကြည့်နေကျမှာလာ….?

ခင်ဗျားတို့ယူနေတဲ့လစာ…ခင်ဗျားတို့စားသောက်ဝတ်စားနေတာကလဲပြည်သူတွေကပေးကျွေးနေတာလေဗျာ…အခုတော့ပြည်သူတွေကိုခင်ဗျားတို့ကမသိကျွေးကျွန်ပြုနေကျပြီလား?

ခင်ဗျားတို့အတွက်နဲ့တကယ်ပြည်သူ့အတွက်အလုပ်လုပ်နေတဲ့ရဲအရာရှိတွေလဲသိက္ခာကျတယ်…ပြည်သူကိုတကယ်ချစ်တဲ့ရဲအရာရှိတွေလဲလူမုန်းခံရတော့မယ်….ခင်ဗျားတို့နည်းနည်းလေးလောက်အသိဉာဏ်မရှိကျတော့ဘူးလားဗျာ…..

တစ်ခုတော့ပြောချင်မိတယ်…ခင်ဗျားသားသမီးတွေလဲကျနော်တို့လိုအခြေအနေမျိုးရောက်လာတဲ့အခါကျနော်တို့မိဘတွေမျက်ရည်ကျသလိုမကျမိပါစေနဲ့လို့ဆုတောင်းမိတယ်…

ကျနော်တို့ကိုလုပ်တဲ့၆ယောက်အဖွဲ့လဲကျနော်တို့နာကျင်ခံစားရသလိုသူတို့လဲကျနော်တို့ိလိုဝေဒနာမခံစားရပါစေနဲ့လို့ဆုတောင်းပါတယ်…

အားလုံးလဲသွားလဲသတိလာလဲသတိလေးနဲ့သွားလာကျပါလို့မေတ္တာရပ်ခံပါတယ်…..

No comments:

Post a Comment