Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, May 27, 2019

အစာအိမ္ ေလပူေရာဂါႏွင့္ဖီးၾကမ္းငွက္ေပ်ာသီး


ဖီးၾကမ္းငွက္ေပ်ာသီး အခြံအတြင္းမွ အသား (အေျမႇး) အမွ်င္မ်ားမွာ ေလပူကို ႏုိင္ၿပီး ပါးစပ္အနာ၊ အစာအိမ္ အနာမ်ားကို ေပ်ာက္ကင္းေစႏုိင္ပါသည္။ ဖီးၾကမ္းငွက္ေပ်ာသီး စားသူမ်ားမွာ ထိုေဆးဖက္ဝင္သည့္ အမွ်င္အသားမ်ားကို အခြံခြာၿပီး မစားမိဘဲ လႊတ္ပစ္လိုက္ၾကပါသည္။ ငွက္ေပ်ာသီးမွည့္ကို မီးဖုတ္၊ မီးကင္ေသာအခါ ထိုအေျမႇးမ်ားသည္ေပ်ာ္ၿပီး ငွက္ေပ်ာသီးအသားႏွင့္ ေပါင္းစပ္သြားသျဖင့္ မီးဖုတ္စားခုိင္းျခင္းျဖင့္ ပါးစပ္ႏွင့္ အစာအိမ္ အနာမ်ားကို သက္သာေစႏုိင္ေလသည္။ ပဲခူး႐ိုးမတြင္ ဝါးခုတ္သည့္ ကရင္လူမ်ိဳးမ်ားသည္ ဖီးၾကမ္းငွက္ေပ်ာသီး အစိမ္းမ်ားကို ဟင္းခ်က္စားေလ့ ရွိၾကသည္။

င႐ုတ္သီးစိမ္းေထာင္း အနည္းငယ္၊ ငါးပိ အနည္းငယ္ႏွင့္ ငွက္ေပ်ာသီးစိမ္း၊ ငွက္ေပ်ာဖူး၊ ငွက္ေပ်ာအူတုိင္တို႔ကို ေရာခ်က္သည့္ ဟင္းကို တာလေပါဟင္းဟု ေခၚၾကေလသည္။ လြန္ခဲ့ေသာ ႏွစ္ ၂၀ ခန္႔ (၁၉၉၂ ခုႏွစ္) က အိႏၵိယႏုိင္ငံရွိ အာယုေဗၺဒ ေဆးတကၠသိုလ္ႀကီးမွ ငွက္ေပ်ာသီးဖီးၾကမ္း အစိမ္းႏွင့္ အစာအိမ္ေရာဂါ ရွိသူမ်ားကို စမ္းသပ္ ကုသေပးခဲ့ဖူးသည္။

အထူးသျဖင့္ အစာအိမ္နံရံတြင္ အခၽြဲအေျမႇး မရွိသျဖင့္ ဗိုက္နာဗိုက္ေအာင့္သူမ်ား၊ အစာအိမ္ေရာဂါ ရွိသူမ်ား၊ အူသိမ္ပိုင္း အနာရွိသူမ်ားကို ဘစ္စမတ္ေခၚ အစာအိမ္ေဆးေပါင္ဒါမႈန္႔ႏွင့္ ကုသူမ်ားႏွင့္ ငွက္ေပ်ာသီးဖီးၾကမ္း အမႈန္႔ကို ေဆးေတာင့္ (Capsule) ထည့္၍ မသိေအာင္ ေပးၿပီး တိုက္ေကၽြးသူ လူေပါင္း ၁၀၀ ကို စမ္းသပ္ခဲ့ရာ ဖီးၾကမ္းအမႈန္႔ႏွင့္ ကုသသူ ၈၀ မွာ အစာအိမ္ေဝဒနာ ခံစားေနရျခင္းမွာ ေပ်ာက္ကင္းသက္သာေၾကာင္း စမ္းသပ္ ေတြ႕ရွိခဲ့ရသည္ဟု ဆိုသည္။ အစာအိမ္ေရာဂါ၊ ေလပူေရာဂါ၊ ေလအထက္လွန္ေရာဂါ၊ လည္ေခ်ာင္းနာ၊ အာသီးေရာင္ေရာဂါ၊ သြားဖုန္းႂကြ သြားနာေရာဂါ ရွိသူမ်ား ထို႔အျပင္ ႏွလံုးေလပင့္၍ ေမာသူ၊ ေသြးတိုးေရာဂါ ရွိသူမ်ားအတြက္ ဖီးၾကမ္း
ငွက္ေပ်ာသီးသည္ ဓာတ္စာလည္းျဖစ္၊ ေဆးလည္း ျဖစ္ပါသည္။

ပံုမွန္အတုိင္းေသာ္ လည္းေကာင္း၊ အစိမ္းကို ဟင္းခ်က္၍ေသာ္ လည္းေကာင္း စားသံုးၾကည့္ပါ။ ႏွစ္ရွည္ျဖစ္ေနေသာ အစာအိမ္နာသာမက ေလးဘက္နာ၊ ႏွလံုးေရာဂါ၊ ေလေၾကာင့္ျဖစ္ေသာေခါင္းကိုက္၊ ေခါင္းအံု မူးေဝေသာ ေရာဂါမ်ားအျပင္ ႏွစ္ရွည္ စြဲစားလွ်င္ ေသြးတုိးေရာဂါကိုပါ ေပ်ာက္ကင္းေစၿပီး ေလျဖတ္ျခင္း၊ ဦးေႏွာက္ေသြးေၾကာ ျပတ္ျခင္းမ်ားကိုပါ ကာကြယ္ႏုိင္ေၾကာင္း ေရးသား တင္ျပလိုက္ရပါသည္။
ၾကည္လြင္ျမင့္ (မုျဒာ)

#Unicode Version#
ဖီးကြမ်းငှက်ပျောသီး အခွံအတွင်းမှ အသား (အမြှေး) အမျှင်များမှာ လေပူကို နိုင်ပြီး ပါးစပ်အနာ၊ အစာအိမ် အနာများကို ပျောက်ကင်းစေနိုင်ပါသည်။ ဖီးကြမ်းငှက်ပျောသီး စားသူများမှာ ထိုဆေးဖက်ဝင်သည့် အမျှင်အသားများကို အခွံခွာပြီး မစားမိဘဲ လွှတ်ပစ်လိုက်ကြပါသည်။ ငှက်ပျောသီးမှည့်ကို မီးဖုတ်၊ မီးကင်သောအခါ ထိုအမြှေးများသည်ပျော်ပြီး ငှက်ပျောသီးအသားနှင့် ပေါင်းစပ်သွားသဖြင့် မီးဖုတ်စားခိုင်းခြင်းဖြင့် ပါးစပ်နှင့် အစာအိမ် အနာများကို သက်သာစေနိုင်လေသည်။ ပဲခူးရိုးမတွင် ဝါးခုတ်သည့် ကရင်လူမျိုးများသည် ဖီးကြမ်းငှက်ပျောသီး အစိမ်းများကို ဟင်းချက်စားလေ့ ရှိကြသည်။

ငရုတ်သီးစိမ်းထောင်း အနည်းငယ်၊ ငါးပိ အနည်းငယ်နှင့် ငှက်ပျောသီးစိမ်း၊ ငှက်ပျောဖူး၊ ငှက်ပျောအူတိုင်တို့ကို ရောချက်သည့် ဟင်းကို တာလပေါဟင်းဟု ခေါ်ကြလေသည်။ လွန်ခဲ့သော နှစ် ၂၀ ခန့် (၁၉၉၂ ခုနှစ်) က အိန္ဒိယနိုင်ငံရှိ အာယုဗ္ဗေဒ ဆေးတက္ကသိုလ်ကြီးမှ ငှက်ပျောသီးဖီးကြမ်း အစိမ်းနှင့် အစာအိမ်ရောဂါ ရှိသူများကို စမ်းသပ် ကုသပေးခဲ့ဖူးသည်။

အထူးသဖြင့် အစာအိမ်နံရံတွင် အချွဲအမြှေး မရှိသဖြင့် ဗိုက်နာဗိုက်အောင့်သူများ၊ အစာအိမ်ရောဂါ ရှိသူများ၊ အူသိမ်ပိုင်း အနာရှိသူများကို ဘစ်စမတ်ခေါ် အစာအိမ်ဆေးပေါင်ဒါမှုန့်နှင့် ကုသူများနှင့် ငှက်ပျောသီးဖီးကြမ်း အမှုန့်ကို ဆေးတောင့် (Capsule) ထည့်၍ မသိအောင် ပေးပြီး တိုက်ကျွေးသူ လူပေါင်း ၁၀၀ ကို စမ်းသပ်ခဲ့ရာ ဖီးကြမ်းအမှုန့်နှင့် ကုသသူ ၈၀ မှာ အစာအိမ်ဝေဒနာ ခံစားနေရခြင်းမှာ ပျောက်ကင်းသက်သာကြောင်း စမ်းသပ် တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။ အစာအိမ်ရောဂါ၊ လေပူရောဂါ၊ လေအထက်လှန်ရောဂါ၊ လည်ချောင်းနာ၊ အာသီးရောင်ရောဂါ၊ သွားဖုန်းကြွ သွားနာရောဂါ ရှိသူများ ထို့အပြင် နှလုံးလေပင့်၍ မောသူ၊ သွေးတိုးရောဂါ ရှိသူများအတွက် ဖီးကြမ်း
ငှက်ပျောသီးသည် ဓာတ်စာလည်းဖြစ်၊ ဆေးလည်း ဖြစ်ပါသည်။

ပုံမှန်အတိုင်းသော် လည်းကောင်း၊ အစိမ်းကို ဟင်းချက်၍သော် လည်းကောင်း စားသုံးကြည့်ပါ။ နှစ်ရှည်ဖြစ်နေသော အစာအိမ်နာသာမက လေးဘက်နာ၊ နှလုံးရောဂါ၊ လေကြောင့်ဖြစ်သောခေါင်းကိုက်၊ ခေါင်းအုံ မူးဝေသော ရောဂါများအပြင် နှစ်ရှည် စွဲစားလျှင် သွေးတိုးရောဂါကိုပါ ပျောက်ကင်းစေပြီး လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြော ပြတ်ခြင်းများကိုပါ ကာကွယ်နိုင်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။
ကြည်လွင်မြင့် (မုဒြာ)

No comments:

Post a Comment