Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 16, 2019

နည်းလမ်းမှန်စွာ ရေချိုးပါ


အခုလို ပူတဲ့ရာသီမှာ ခဏခဏ ရေချိုးချင် စိတ်တွေရှိနေကြမယ် ထင်တယ်နော် ...

ရေချိုးတော့မယ်ဆိုရင် ပထမဆုံး နားလည်ရမှာက ခန္ဓာကိုယ်ရဲ့ အစွန်အဖျားများမှ မိမိကိုယ်တွင်းအပူများ မှန်ကန်သောနည်းလမ်းများဖြင့် ထွက်သွားနိုင်ဖို့ လိုပါတယ်၊

ပထမဆုံး ရေချိုးတော့မယ်ဆိုရင် ဘယ်ခြေ ဖမိုးကနေ ပေါင်းရင်းအထိ ရေကိုလောင်းပါ၊အေးသွားပြီဆိုရင် ညာဘက် လက်ဖမိုးမှ လက်မောင်းရင်းထိ ၉ရေလောင်းပါ၊

ဘာကြောင့်ဘယ်ခြေ ၊ညာလက်ရေ စပြီး လောင်းရသလဲဆိုရင် ဦးနှောက်အလုပ်လုပ်ပုံက ဘယ်ခြေ ညာလက် အလုပ်လုပ်ပါတယ်၊ ဒါမှ ဟန်ချက်ညီပါတယ်၊စစ်သားများ လမ်းလျှောက်လျှင်
ဘယ်ခြေ ညာလက် စတင် လမ်းလျှောက်ရပါတယ်၊ ဟန်ချက်ညီစေရန် အတွက် ဖြစ်ပါသည်၊ပြီးရင် ညာခြေဖမိုးကနေ ပေါင်းလယ်အထိ ရေကို ဖြေးဖြေးလောင်းပါ

အပူ ဆိုသည်မှာ ပူ သည့်နေရာမှ အေးသည့်နေရာသို့ 
ကူးပြောင်းတတ်သည့် အပူကူးခြင်းနိယာမအရ ကိုယ်တွင်းရှိအပူများသည် ခံနိုင်ရည်ကောင်းသည့် ခန္ဓာကိုယ်အောက်ပိုင်း
သို့ စီးဆင်းသွားကြမည်ဖြစ်သည်၊ ပြီးလျှင် ဘယ်နာရွက်၊ ညာနာရွက်၊ နှင့် နှာသီးဖျားတို့ ကိုရေစွတ်ပေးပါ၊

ဂုတ်ပိုး နှင့် နားရွက်နောက် ၊လည်ပင်းတစ်ဝိုက်ကို ရေဆွတ်ပါ၊ထိုနောက် ရေကို ရှုပေးစေချင်ပါသည်၊ ရေရှုခြင်းသည်လည်း ရောဂါပျောက်ကင်းစေနိုင်သော ဆေးနည်းလမ်းကောင်းတစ်ခု ဖြစ်ပါသည်။

ထိုနောက် ကိုယ်အောက်ပိုင်းမှ စတင်ပြီး ရေကို တစ်ဖြည်းဖြည်း လောင်းချိုးနိုင်ပါသည်၊

ခေါင်းလျှော်မည့် သူများ သတိထားကြပါ၊ ခေါင်းကို ရေမချိုးမှီ မလောင်းလျှော် ပါနှင့် ၊ မိမိခန္ဓာကိုယ် အရင်အေးအောင် အပူများ ကူးပြောင်းစေရန် အရင် လုပ်ရန် လိုပါသည်၊

ထိုသို့ ပြုလုပ်ပြီးမှ ခေါင်းကို ရေလောင်း လျှော်သင့်ပါသည်၊

ရေ ကို ဘယ်အချိန်အထိ ချိုးသင့်ပါသနည်းဟု မေးခဲ့လျှင် ဖြေရန်အဖြေရှိပြီးဖြစ်သည် ၊ ရေချိုး ရပ်သင့်မရပ်သင့်ကို လူ့ ၏ခန္ဓာ ကိုယ်ပေါ်တွင် အချက်ပြကိရိယာရှိပါသည် ၊ထိုသည်ကား ဂျိုင်း ပင်ဖြစ်ပါသည်၊ ဂျိုင်းအား လက်ဖြင့် စမ်းသပ်​ကြည့်လိုက်မည်ဆိုလျှင် ပူနေသေးလျှင် ရေဆက်ချိုးရန်လိုအပ်သလို ၊ မပူ မ အေးး အနေအထား ရောက်ပြီးဆိုလျှင် ရေချိုးရပ်သင့်သည့်အချိန်သို့ ရောက်ရှိပါပြီ၊

ခေါင်းမှစတင်ပြီး ခြောက်သွေ့ အောင်သုတ်ဖို့ လိုပါမည်၊ ခန္ဓာကို်ယ်အပူများသည်ဟု ထင်လျှင် သနက်ခါးရေကျဲ (သို့ ) ကရမက်ရေကျဲလေးကို အကျီအောက်လက်နှိုက်ပြီး လိမ်းသင့်ပါသည်၊ ထိုသည်ကား မှန်ကန်စွာ ရေချိုးခြင်းနည်း လမ်းပင် ဖြစ်ပေတော့သည်။

မှန်ကန်စွာ ရေချိုးတတ်ခြင်းနှင့်အတူ ခြေဖ၀ါး ဆားပွတ်သည့်အကြောင်းလည်း ပြောပြပါရစေ၊

ခြေဖ၀ါးဆားပွတ်ခြင်းသည် ကျန်းမာရေးအတွက် အထောက်အကူဖြစ်သည်ဆိုသည့် အကြောင်းများကို မှတ်တမ်း၊ ဆောင်းပါးမြောက်များစွာ ရှိကြသည်၊

ခန္ဓာကိုယ်အစွန် အဖျားရှိ သွေးကြောများ ထိတိုင်အောင် သွေစီးဆင်း နိုင်ခြင်းသည် လက်ဖျားခြေဖျား အေးခြင်း၊ ထုံခြင်း၊ ကျဉ်ခြင်း၊ လေပြတ်ခြင်းများကို သက်သာ ပျောက်ကင်းစေနိုင်ပါသည်၊

ထိုအတွက်ကြောင့် ရေမချိုမှီ ခြေဖ၀ါး ဆားပွတ်ရန်လိုအပ်ပါသည် ခြေဖ၀ါး ဆားမည်သို့ ပွတ်ရပါမည်နည်း၊

ပထမဦးစွာ ကွမ်းသီးလုံးအရွယ်ခန့်  ဆားကို ညာဖက်လက်ဖ၀ါးတွင် ထည့်ပြီး ဘယ် ဖက် ခြေဖ၀ါး အား အကြိမ် ၆၀ (၁ မိနစ်) ခန့် ပွတ်တိုက်ရမည်ဖြစ်ပါသည်၊ ၊ဘယ်ခြေဖ၀ါး ညာလက် ဖ၀ါး နှင့် ညာခြေဖ၀ါး ဘယ်လက်ဖ၀ါးကို နေ့ စဉ် ရေမချိုးမှီ ဆားပွတ်ပေးခြင်းဖြင့်မိမိကိုယ်တွင်းအပူများ သွေးလည်ပတ်မှု့ များကိုကောင်းမွန်စေရန်ပြုပြင်နိုင်ပြီး “ရေတစ်ကြိမ် ချိုး ကျန်းမာတိုး”ဟုဆိုရလောက်အောင် ကျန်းမာရေးအတွက် အထောက်အကူပြုကြမည် ဖြစ်ပါသည်၊

“ဓါတ် ကို မသင်”
”မမြင် လက္ခဏာ”
”အနာမသိ”
“ ဆေးမရှိ”

(ဗုဒ္ဓ နည်းကျ သြဠာရိက သုခုမ တိုင်းရင်းဆေးပညာမှ ကောက်နှုတ်ချက်)

သတ္တ၀ါတွေ အစာဝ၊အနာကင်း၊ဘယာရှင်း ကြပါစေ
အရှင်သံဝရာ လင်္ကာရ

No comments:

Post a Comment