Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, May 26, 2019

ခ်င္​းတြင္​းတံတား​ေအာက္​ ​​ေရယာဥ္​နစ္​ျမဳပ္​မႈ မိသားစုတစ္​စုပါဝင္​ခဲ့ၿပီး မိခင္​သာ အသက္​႐ွင္​ခဲ့


ယေန႔မနက္ ၉နာရီခန္႔က ျဖစ္ပြားခဲ႔ေသာ ေဖာင္ဆြဲေမာ္ေတာ္ နစ္ျမွဳပ္မႈတြင္ ​ေမာ္​​ေတာ္​၏ ကိုယ္​စားလွယ္​ မိသားစုတစ္​စုပါဝင္​ခဲ့ၿပီးမိခင္​ျဖစ္​သူသာလြတ္​​ေျမာက္​ခဲ့သည္​။

မိသားစု ဝင္ ၄ဦးပါဝင္လာရာ ၄ႏွစ္အရြယ္ႏွင္​့၈လအရြယ္ သားေယာက်ာ္းေလးႏွစ္​ဦးႏွင္​့ ဖခင္ျဖစ္သူ ေသဆံုးသြားျပီး မိခင္ျဖစ္သူမွာ လြတ္ေျမာက္လာျခင္းျဖစ္သည္။

နစ္ျမွုပ္သြားသည့္ ေမာ္ေတာ္ေပၚတြင္ စလင္၊ေရယာဥ္အုပ္၊စခန္းအုပ္၊ကိုယ္စားလွယ္မိသားစု ႏွင့္ ေဖာင္ဆြဲလုပ္သားမ်ားစုစု​ေပါင္​း၁၁ဦးပါဝင္​ခဲ့သည္​။

ေမာ္ေတာ္ စက္ေခါင္းတြင္လိုက္ပါလာသည့္ စက္​ခန္းအုပ္ျဖစ္သူဦးေအာင္သန္းစိုး၏ ေျပာျပခ်က္အရ အလံုျမိဳ႕ ကိုင္းဘက္သို႔အင္ ကညင္ ေဖာင္သြားဆြဲသည့္ ေမာ္ေတာ္သည္ ကုန္တင္သံခြံယာဥ္ကို ေက်ာ္အတက္တြင္ တက္မညပ္ျပီး သံခြံထည္အား တိုက္မိကာ ယ​ေန႔ ​ေမလ ၂၆ရက္​နံနက္​ပိုင္​းက နစ္ျမွဳပ္ခဲ့ျခင္​းျဖစ္​သည္​။

“တိုက္ျပီးခ်က္ခ်င္းေမွာက္သြားတာ။က်ြန္ေတာ့္အေပၚမွာ ေမာ္ေတာ္၊ေအာက္မွာေျမၾကီးစမ္းမိတာဆိုေတာ့ သြားျပီထင္တာ။တျဖည္းျဖည္းစမ္းရင္း အလင္းေရာင္ရွိတဲ႔ဘက္ ထြက္လာလိုက္တာ”ဟု ဦးေအာင္သန္းစိုးက ဆက္ေျပာျပသည္။

ေမာ္ေတာ္ေပၚတြင္ပါသည့္ ေဖာင္ဆြဲလုပ္သားျဖစ္သူ ဦးမ်ိဳးဝင္း၏ေျပာျပခ်က္အရ ၄င္းတို႔ေမာ္ေတာ္မွာ ဗိုလ္ေဇာ္ေအာင္၁ ျဖစ္ျပီးအလံုျမိဳ႕ ကိုင္းဘက္သို႔ အင္ကညင္ ေဖာင္မ်ားသြားေရာက္သယ္ယူၾကျခင္းျဖစ္သည္ဟု သိရသည္။

ေဖာင္ဆြဲလုပ္သားမ်ားမွာ ဆားလင္းၾကီးျမိဳ႔နယ္ ေပါင္းဝရြာမွျဖစ္ၾကၿပီး၄င္းတို႔ လုပ္ငန္းမွာ ေဖာင္ဖြဲ႔ေရးမွ ပုဂၢလိကသို႔ ကန္ထရိုက္ေပး လုပ္ခိုင္းသည့္ လုပ္ငန္းျဖစ္သည္ဟု သိရသည္။

​ေမာ္​​ေတာ္​မွာ လူမ်ား​ေပၚတြင္​​ေမွာက္​ခ်ခဲ့သလိုျဖစ္​ခဲ့ရၿပီး ႐ုပ္​​အ​ေလာင္​းမ်ားကို မီးသတ္​တပ္​ဖြဲ႔မွ လႊစက္​မ်ားျဖင္​့ ​ေမာ္​​ေတာ္​ဝမ္​းဗိုက္​ကို ​ေဖာက္​၍ဆယ္​ယူခဲ့ရသည္​။ ​ေသဆံုးသူစုစု​ေပါင္​း၅ဦး ​ေသဆံုးခဲ့ၿပီး ၆ဦး အသက္​႐ွင္​ခဲ့သည္​။

Monywa Gazette

Unicode

ချင်​းတွင်​းတံတား​အောက်​ ​​ရေယာဉ်​နစ်​မြုပ်​မှု မိသားစုတစ်​စုပါဝင်​ခဲ့ပြီး မိခင်​သာ အသက်​ရှင်​ခဲ့

ယနေ့မနက် ၉နာရီခန့်က ဖြစ်ပွားခဲ့သော ဖောင်ဆွဲမော်တော် နစ်မြှုပ်မှုတွင် ​မော်​​တော်​၏ ကိုယ်​စားလှယ်​ မိသားစုတစ်​စုပါဝင်​ခဲ့ပြီးမိခင်​ဖြစ်​သူသာလွတ်​​မြောက်​ခဲ့သည်​။

မိသားစု ဝင် ၄ဦးပါဝင်လာရာ ၄နှစ်အရွယ်နှင်​့၈လအရွယ် သားယောကျာ်းလေးနှစ်​ဦးနှင်​့ ဖခင်ဖြစ်သူ သေဆုံးသွားပြီး မိခင်ဖြစ်သူမှာ လွတ်မြောက်လာခြင်းဖြစ်သည်။

နစ်မြှုပ်သွားသည့် မော်တော်ပေါ်တွင် စလင်၊ရေယာဉ်အုပ်၊စခန်းအုပ်၊ကိုယ်စားလှယ်မိသားစု နှင့် ဖောင်ဆွဲလုပ်သားများစုစု​ပေါင်​း၁၁ဦးပါဝင်​ခဲ့သည်​။

မော်တော် စက်ခေါင်းတွင်လိုက်ပါလာသည့် စက်​ခန်းအုပ်ဖြစ်သူဦးအောင်သန်းစိုး၏ ပြောပြချက်အရ အလုံမြို့ ကိုင်းဘက်သို့အင် ကညင် ဖောင်သွားဆွဲသည့် မော်တော်သည် ကုန်တင်သံခွံယာဉ်ကို ကျော်အတက်တွင် တက်မညပ်ပြီး သံခွံထည်အား တိုက်မိကာ ယ​နေ့ ​မေလ ၂၆ရက်​နံနက်​ပိုင်​းက နစ်မြှုပ်ခဲ့ခြင်​းဖြစ်​သည်​။

“တိုက်ပြီးချက်ချင်းမှောက်သွားတာ။ကျွန်တော့်အပေါ်မှာ မော်တော်၊အောက်မှာမြေကြီးစမ်းမိတာဆိုတော့ သွားပြီထင်တာ။တဖြည်းဖြည်းစမ်းရင်း အလင်းရောင်ရှိတဲ့ဘက် ထွက်လာလိုက်တာ”ဟု ဦးအောင်သန်းစိုးက ဆက်ပြောပြသည်။

မော်တော်ပေါ်တွင်ပါသည့် ဖောင်ဆွဲလုပ်သားဖြစ်သူ ဦးမျိုးဝင်း၏ပြောပြချက်အရ ၄င်းတို့မော်တော်မှာ ဗိုလ်ဇော်အောင်၁ ဖြစ်ပြီးအလုံမြို့ ကိုင်းဘက်သို့ အင်ကညင် ဖောင်များသွားရောက်သယ်ယူကြခြင်းဖြစ်သည်ဟု သိရသည်။

ဖောင်ဆွဲလုပ်သားများမှာ ဆားလင်းကြီးမြို့နယ် ပေါင်းဝရွာမှဖြစ်ကြပြီး၄င်းတို့ လုပ်ငန်းမှာ ဖောင်ဖွဲ့ရေးမှ ပုဂ္ဂလိကသို့ ကန်ထရိုက်ပေး လုပ်ခိုင်းသည့် လုပ်ငန်းဖြစ်သည်ဟု သိရသည်။

​မော်​​တော်​မှာ လူများ​ပေါ်တွင်​​မှောက်​ချခဲ့သလိုဖြစ်​ခဲ့ရပြီး ရုပ်​​အ​လောင်​းများကို မီးသတ်​တပ်​ဖွဲ့မှ လွှစက်​များဖြင်​့ ​မော်​​တော်​ဝမ်​းဗိုက်​ကို ​ဖောက်​၍ဆယ်​ယူခဲ့ရသည်​။ ​သေဆုံးသူစုစု​ပေါင်​း၅ဦး ​သေဆုံးခဲ့ပြီး ၆ဦး အသက်​ရှင်​ခဲ့သည်​။

Monywa Gazette

No comments:

Post a Comment