Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, May 19, 2019

မၾကားဝ့ံမနာသာ….ဘႀကီးေတာ္စပ္သည့္အမ်ိဳးသားက ၃ ႏွစ္သမီးကို အိမ္သာထဲတြင္ အဓမၼျပဳက်င့္မႈျဖစ္ပြား




မၾကားဝ့ံမနာသာ​ေတြဗ်ာ သတိထားႏိုင္​​ေစဖို႔ပါ
၃ ႏွစ္သမီးကို ဘႀကီးေတာ္စပ္သည့္အမ်ိဳးသားက အိမ္သာထဲတြင္ အဓမၼျပဳက်င့္မႈျဖစ္ပြား
၃ ႏွစ္သမီးကို ဘႀကီးေတာ္စပ္သူအမ်ိဳးသားကအိမ္သာထဲ၌ အဓမၼျပဳက်င့္သြားသည့္ျဖစ္စဥ္တစ္ခု မေကြးတိုင္းေဒသႀကီး၊ အထက္မင္းလွၿမိဳ႕၌ျဖစ္ပြားေၾကာင္း သတင္းရ႐ွိသည္။
အထက္မင္းလွၿမိဳ႕နယ္၊ ရံုးရပ္ေျမာက္ပိုင္းရပ္ကြက္၌ပန္းရံလုပ္ကိုင္လ်က္႐ွိေသာ အသက္ ၃၅ ႏွစ္႐ွိတင္ေထြးဆိုသူသည္ ၎၏တူမျဖစ္သူ၏ သမီး ၃ ႏွစ္အရြယ္ကို ေမလ ၁၇ ရက္၊ ေန႔လယ္ ၁ နာရီတြင္အဓမၼျပဳက်င့္သြားျခင္းျဖစ္ေၾကာင္း တိုင္ၾကားခ်က္အရ သိရသည္။

“တင္​​ေထြးနဲ႔သူ႔ဇနီးကမင္​းဘူးၿမိဳ႕နယ္​​၊​ေရငံအုပ္​စု၊ပက္​ပယ္​​ေက်းရြာမွာ​ေနထိုင္​ၾကတာပါ၊မင္​းလွၿမိဳ႕ ရံုးရပ္​​ေျမာက္​ပိုင္​းရပ္​ကြက္​ကိုပန္​းရံလုပ္​ငန္​းလာ​ေရာက္​လုပ္​ကိုင္​​ေနတာပါ။အဲဒီ​ေန႔က သမီး​ေလးကတင္​​ေထြးရဲ႕ဇနီးနဲ႔အတူသူတို႔ အလုပ္​လုပ္​​ေနတဲ့အိမ္​မွာအတူအိပ္​​ေနၾကတာပါ။

အဲဒီမွာတင္​​ေထြးကသမီး​ေလးကိုအိမ္​သာထဲ​ေခၚ​ေဆာင္​သားမယားအျဖစ္​ အဓမၼျပဳက်င္​့ခဲ့တယ္​လို႔သမီး​ေလးက​ျပန္ေျပာလို႔ ကြၽန္မသိရတာပါ”ဟု က်ဴးလြန္ခံရသည့္ကေလးမိခင္​ျဖစ္​သူက​ေျပာသည္​။

ယင္းျဖစ္စဥ္ျဖစ္ပြားၿပီး ၆ နာရီအၾကာ ယမန္႔ေန႔ည ၇ နာရီ၌ က်ဴးလြန္ခံရသူကေလးမိခင္ကိုယ္တိုင္ ရဲစခန္းသို႔တရားလိုအျဖစ္ တိုင္တန္းသျဖင့္ ျပစ္မႈက်ဴးလြန္သူကို ဖမ္းဆီးကာအမႈဖြင့္ေပးခဲ့ေၾကာင္း မင္းလွၿမိဳ႕မစခန္းမွဴးက ေျပာသည္။


“ဒီအမွဴက ​ေဆြမ်ိဳး​ေတာ္​စပ္​သူကကယံုၾကည္​မွဴကိုအခြင္​့​ေကာင္​းယူၿပီးက​ေလးမ​ေလးကိုအသံုးခ်သြားလို႔ျဖစ္​ပြားခဲ့ရတာပါ၊အမွဴကိုခိုင္​မာ​ေအာင္​တည္​​ေဆာက္​ၿပီးတရားစြဲတင္​ႏိုင္​​ေရးစီစဥ္​​ေဆာင္​ရြက္​လွ်က္​႐ွိပါတယ္​”ဟုမင္​းလွၿမိဳ႕မစခန္​းမွဴး ဒုရဲမွဴး သန္​းလိႈင္က​ေျပာသည္​။

ယင္းအတြက္ေၾကာင့္ ျပစ္မႈက်ဴးလြန္ေသာတင္​​ေထြး(၃၅)ႏွစ္​ကိုမင္​းလွၿမိဳ႕မရဲစခန္​း၌ (ပ)၁၉၆/၂၀၁၉(အမွဴႀကီးအမွတ္​စဥ္​(၄/၂၀၁၉)၊ရာဇသတ္​ႀကီးပုဒ္​မ-၃၇၆ ျဖင္​့အမႈဖြင္​့အေရးယူထားေၾကာင္း သတင္းရ႐ွိသည္။

သက္ေနာင္(မင္းလွ)အကုန္သိသတင္းဌာန

unicode

မကြားဝ့ံမနာသာ​တွေဗျာ သတိထားနိုင်​​စေဖို့ပါ

၃ နှစ်သမီးကို ဘကြီးတော်စပ်သည့်အမျိုးသားက အိမ်သာထဲတွင် အဓမ္မပြုကျင့်မှုဖြစ်ပွား

၃ နှစ်သမီးကို ဘကြီးတော်စပ်သူအမျိုးသားကအိမ်သာထဲ၌ အဓမ္မပြုကျင့်သွားသည့်ဖြစ်စဉ်တစ်ခု မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၌ဖြစ်ပွားကြောင်း သတင်းရရှိသည်။

အထက်မင်းလှမြို့နယ်၊ ရုံးရပ်မြောက်ပိုင်းရပ်ကွက်၌ပန်းရံလုပ်ကိုင်လျက်ရှိသော အသက် ၃၅ နှစ်ရှိတင်ထွေးဆိုသူသည် ၎င်း၏တူမဖြစ်သူ၏ သမီး ၃ နှစ်အရွယ်ကို မေလ ၁၇ ရက်၊ နေ့လယ် ၁ နာရီတွင်အဓမ္မပြုကျင့်သွားခြင်းဖြစ်ကြောင်း တိုင်ကြားချက်အရ သိရသည်။

“တင်​​ထွေးနဲ့သူ့ဇနီးကမင်​းဘူးမြို့နယ်​​၊​ရေငံအုပ်​စု၊ပက်​ပယ်​​ကျေးရွာမှာ​နေထိုင်​ကြတာပါ၊မင်​းလှမြို့ ရုံးရပ်​​မြောက်​ပိုင်​းရပ်​ကွက်​ကိုပန်​းရံလုပ်​ငန်​းလာ​ရောက်​လုပ်​ကိုင်​​နေတာပါ။အဲဒီ​နေ့က သမီး​လေးကတင်​​ထွေးရဲ့ဇနီးနဲ့အတူသူတို့ အလုပ်​လုပ်​​နေတဲ့အိမ်​မှာအတူအိပ်​​နေကြတာပါ။

အဲဒီမှာတင်​​ထွေးကသမီး​လေးကိုအိမ်​သာထဲ​ခေါ်​ဆောင်​သားမယားအဖြစ်​ အဓမ္မပြုကျင်​့ခဲ့တယ်​လို့သမီး​လေးက​ပြန်ပြောလို့ ကျွန်မသိရတာပါ”ဟု ကျူးလွန်ခံရသည့်ကလေးမိခင်​ဖြစ်​သူက​ပြောသည်​။

ယင်းဖြစ်စဉ်ဖြစ်ပွားပြီး ၆ နာရီအကြာ ယမန့်နေ့ည ၇ နာရီ၌ ကျူးလွန်ခံရသူကလေးမိခင်ကိုယ်တိုင် ရဲစခန်းသို့တရားလိုအဖြစ် တိုင်တန်းသဖြင့် ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးကာအမှုဖွင့်ပေးခဲ့ကြောင်း မင်းလှမြို့မစခန်းမှူးက ပြောသည်။

“ဒီအမှူက ​ဆွေမျိုး​တော်​စပ်​သူကကယုံကြည်​မှူကိုအခွင်​့​ကောင်​းယူပြီးက​လေးမ​လေးကိုအသုံးချသွားလို့ဖြစ်​ပွားခဲ့ရတာပါ၊အမှူကိုခိုင်​မာ​အောင်​တည်​​ဆောက်​ပြီးတရားစွဲတင်​နိုင်​​ရေးစီစဉ်​​ဆောင်​ရွက်​လျှက်​ရှိပါတယ်​”ဟုမင်​းလှမြို့မစခန်​းမှူး ဒုရဲမှူး သန်​းလှိုင်က​ပြောသည်​။

ယင်းအတွက်ကြောင့် ပြစ်မှုကျူးလွန်သောတင်​​ထွေး(၃၅)နှစ်​ကိုမင်​းလှမြို့မရဲစခန်​း၌ (ပ)၁၉၆/၂၀၁၉(အမှူကြီးအမှတ်​စဉ်​(၄/၂၀၁၉)၊ရာဇသတ်​ကြီးပုဒ်​မ-၃၇၆ ဖြင်​့အမှုဖွင်​့အရေးယူထားကြောင်း သတင်းရရှိသည်။

သက်နောင်(မင်းလှ)အကုန်သိသတင်းဌာန

No comments:

Post a Comment