Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, May 18, 2019

သစၥာမရွိဆုံး ေယာက္်ား(၄) မ်ဳိး


သိပၸံပညာအရ အေဖာက္ျပန္တတ္ဆုံး ေယာက္်ားအမ်ဳိးအစား (၄)မ်ဳိးရွိတာကို ေတြ႔ရွိခဲ့ပါတယ္။ ဒီအမ်ဳိးအစား ၄ မ်ဳိးထဲမွာပါတဲ့ အမ်ဳိးသားေတြနဲ႔ ပတ္သက္ဖူးသူေတြကေတာ့ ဒီေတြ႔ရွိမႈမွန္ကန္တာကို သိၾကမွာျဖစ္ပါတယ္။ ေတြ႔ရွိမႈအရ လူမ်ဳိးေတြထဲမွာ ျပင္သစ္လူမ်ဳိးက အေဖာက္ျပန္ဆုံးျဖစ္ျပီး ၇၅%ေသာ ျပင္သစ္ေတြက ေဖာက္ျပန္ၾကပါတယ္လုိ႔ ဝန္ခံထားၾကပါတယ္။ ေကာက္ယူထားတဲ့ စစ္တမ္းအမ်ဳိးမ်ဳိးရဲ႕ အေထာက္အထားေတြအရ သစၥာမရွိဆုံးေယာက္်ားေတြကေတာ့-

၁) အသက္မွာ ၉ ဂဏန္းနဲ႔ဆုံးတဲ့ေယာက္်ား - သိပၸံသဘာဝ အကယ္ဒမီက ျပဳလုပ္တဲ့ ေလ့လာမႈအရ ၉ နဲ႔ဆုံးတဲ့ အသက္အရြယ္ကို ေရာက္ေနတဲ့ ေယာက္်ားေတြက ေဖာက္ျပန္ဖို႔ပိုမ်ားပါတယ္တဲ့။ ဥပမာ- ၁၉ ၊ ၂၉ ၊၃၉၊ ၄၉ ။ ျဖစ္ႏုိ္င္တဲ့အေၾကာင္းရင္းကေတာ့ သူတုိ႔က ဆယ္စုႏွစ္အသစ္တစ္ခုကို ေရာက္ဖို႔နီးကပ္လာတဲ့ အခ်ိန္မွာ ေရြးခ်ယ္မႈေတြ၊ အေျပာင္းအလဲေတြကို လုပ္ခ်င္လာတတ္တာေၾကာင့္ျဖစ္ပါတယ္။

၂) အရည္ရွည္တဲ့ ေယာက္်ားမ်ား - အိမ္ေထာင္ေရးျပင္ပ အေပ်ာ္ရွာေဖြေပးေရးဝက္ဘ္ဆုိက္ေတြကို ေလ့လာခဲ့တဲ့ စစ္တမ္းတစ္ခုအရ အရပ္ရွည္တဲ့အမ်ဳိးသားေတြက ပုံမွန္အရပ္ရွည္တဲ့သူေတြထက္ ၂ ဆပိုျပီး ေဖာက္ျပန္ႏုိင္ေခ်မ်ားတယ္လို႔ ဆုိပါတယ္။

၃) IT လုပ္ငန္းခြင္မွ ေယာက္်ားမ်ား- ႏူးညံ့ၾကင္နာတတ္ျပီး စိတ္ရွည္မယ့္ပုံေပၚတဲ့ IT သမားေတြက အရႈပ္ေပြဆုံးနဲ႔ သစၥာမရွိဆုံးေယာက္်ားေတြလို႔ Ashley Madison စစ္တမ္းကဆုိပါတယ္။ ဒီစစ္တမ္းကပဲ သစၥာမရွိဆုံးဇနီးကေတာ့ ဆရာမေတြပဲ ျဖစ္တယ္လို႔ဆုိပါတယ္။

၄)လူမႈမီဒီယာအသုံးမ်ားတဲ့ ေယာက္်ား- University of Missouri က လုပ္တဲ့စစ္တမ္းအရ လူမႈမီဒီယာအသုံးမ်ားတဲ့ ေယာက္်ားေတြဟာ အခ်စ္ေရးမွာ ျပႆနာအမ်ားဆုံးျဖစ္ေစျပီး သစၥာမရွိဆုံးေယာက္်ားေတြျဖစ္ပါတယ္ဆိုတာ ေတြ႔ခဲ့ရပါတယ္။
Credit:Original Writer

#Unicode Version#
 သိပ္ပံပညာအရ အဖောက်ပြန်တတ်ဆုံး ယောက်ျားအမျိုးအစား (၄)မျိုးရှိတာကို တွေ့ရှိခဲ့ပါတယ်။ ဒီအမျိုးအစား ၄ မျိုးထဲမှာပါတဲ့ အမျိုးသားတွေနဲ့ ပတ်သက်ဖူးသူတွေကတော့ ဒီတွေ့ရှိမှုမှန်ကန်တာကို သိကြမှာဖြစ်ပါတယ်။ တွေ့ရှိမှုအရ လူမျိုးတွေထဲမှာ ပြင်သစ်လူမျိုးက အဖောက်ပြန်ဆုံးဖြစ်ပြီး ၇၅%သော ပြင်သစ်တွေက ဖောက်ပြန်ကြပါတယ်လို့ ဝန်ခံထားကြပါတယ်။ ကောက်ယူထားတဲ့ စစ်တမ်းအမျိုးမျိုးရဲ့ အထောက်အထားတွေအရ သစ္စာမရှိဆုံးယောက်ျားတွေကတော့-

၁) အသက်မှာ ၉ ဂဏန်းနဲ့ဆုံးတဲ့ယောက်ျား - သိပ္ပံသဘာဝ အကယ်ဒမီက ပြုလုပ်တဲ့ လေ့လာမှုအရ ၉ နဲ့ဆုံးတဲ့ အသက်အရွယ်ကို ရောက်နေတဲ့ ယောက်ျားတွေက ဖောက်ပြန်ဖို့ပိုများပါတယ်တဲ့။ ဥပမာ- ၁၉ ၊ ၂၉ ၊၃၉၊ ၄၉ ။ ဖြစ်နိုင်တဲ့အကြောင်းရင်းကတော့ သူတို့က ဆယ်စုနှစ်အသစ်တစ်ခုကို ရောက်ဖို့နီးကပ်လာတဲ့ အချိန်မှာ ရွေးချယ်မှုတွေ၊ အပြောင်းအလဲတွေကို လုပ်ချင်လာတတ်တာကြောင့်ဖြစ်ပါတယ်။

၂) အရည်ရှည်တဲ့ ယောက်ျားများ - အိမ်ထောင်ရေးပြင်ပ အပျော်ရှာဖွေပေးရေးဝက်ဘ်ဆိုက်တွေကို လေ့လာခဲ့တဲ့ စစ်တမ်းတစ်ခုအရ အရပ်ရှည်တဲ့အမျိုးသားတွေက ပုံမှန်အရပ်ရှည်တဲ့သူတွေထက် ၂ ဆပိုပြီး ဖောက်ပြန်နိုင်ချေများတယ်လို့ ဆိုပါတယ်။

၃) IT လုပ်ငန်းခွင်မှ ယောက်ျားများ- နူးညံ့ကြင်နာတတ်ပြီး စိတ်ရှည်မယ့်ပုံပေါ်တဲ့ IT သမားတွေက အရှုပ်ပွေဆုံးနဲ့ သစ္စာမရှိဆုံးယောက်ျားတွေလို့ Ashley Madison စစ်တမ်းကဆိုပါတယ်။ ဒီစစ်တမ်းကပဲ သစ္စာမရှိဆုံးဇနီးကတော့ ဆရာမတွေပဲ ဖြစ်တယ်လို့ဆိုပါတယ်။

၄)လူမှုမီဒီယာအသုံးများတဲ့ ယောက်ျား- University of Missouri က လုပ်တဲ့စစ်တမ်းအရ လူမှုမီဒီယာအသုံးများတဲ့ ယောက်ျားတွေဟာ အချစ်ရေးမှာ ပြဿနာအများဆုံးဖြစ်စေပြီး သစ္စာမရှိဆုံးယောက်ျားတွေဖြစ်ပါတယ်ဆိုတာ တွေ့ခဲ့ရပါတယ်။
Credit:Original Writer

No comments:

Post a Comment