Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, May 24, 2019

ဆရာဝန်တစ်ဦး၏ လမ်းဘေးခွေးကိစ္စ ရှင်းပြချက်


မနှစ်က တပြည်လုံးမှာ လူ ၂ သိန်းခန့် ခွေးကိုက်ခံရပါတယ်။ အဲဒီထဲက ၁၁ % က စမ်းချောင်းတမြို့နယ်ထဲမှာ အကိုက်ခံရတာပါ။ ဒါကြောင့် စမ်းချောင်းမှာ ခွေးဆန့်ကျင်သူတွေကို မဲပေးကြတာပါ။ စမ်းချောင်းလွှတ်တော်အမတ်က ထပ်မံပီး အဆိုတင်ထားပါတယ်။ လေလွင့်ခွေး သားကြောဖြတ်တယ်ဆိုတာက အာရွှီးလုပ်ငန်းပါ။ ၂၀၁၆ ထဲက လုပ်နေတာ မအောင်မြင်ပဲ အခု ပိုတောင် များလာပါသေးတယ်။ အင်းစိန်ဆေးရုံမှာ နေ့စဉ်နေ့တိုင်း လူ ၂၀ ခွေးကိုက်ခံရလို့ လာပြနေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်တဲ့ စာရင်းတွေမှာ မြန်မာနိုင်ငံထိပ်ဆုံးမှာ ရှိတာကတော့ ခွေးကိုက်အခံရဆုံးနိုင်ငံဖြစ်တယ်ဆိုတာနဲ့ ခွေးရူးရောဂါအဖြစ်အများဆုံးနိုင်ငံဖြစ်တယ်ဆိုတာပါပဲ။ ဘယ်နိုင်ငံမှ ဒီနိုင်ငံလောက်မဆိုးပါ။ နိုင်ငံတ်ာလဲ ခွေးရူးကာကွယ်ဆေးဖိုး မတတ်နိုင်တော့ပါဘူး။ ဒါတွေဟာ မယောင်ရာ ဆီလူးတဲ့ ခွေးချစ်သူတွေကြောင့် ပိုဆိုးနေတာပါ။ ဒီလမ်းဘေးက လေလွင့်ခွေးတွေကို ရှင်းပစ်တာက အကောင်းဆုံးပါပဲ။

လမ်းဘေးခွေး ၄ ကောင်အနက် ၃ကောင် တနည်း ၇၅ % က ခွေးရူးပိုးရှိနေပါတယ်။ အဲခွေးတွေကို သားကြောဖြတ်လဲ ဘာမှမထူးပါဘူး။ ပိုတောင်ဒေါသကြီးပီး ပိုကိုက်ပါတယ်။ ခွေးရူးပိုးက သူတို့ပါးစပ်က သားရေတွေထဲရှိနေတာပါ။ သားကြောထဲရှိနေတာ မဟုတ်ပါဘူး။ သားကြောဖြတ်ထားတဲ့ခွေး ကိုက်လဲ သေမှာပါပဲ။ ခွေးရူးဟာ ကုဖို့ ဆေးမရှိပါဘူး။ ၁၀ ယောက် ခွေးရူးရောဂါဖြစ်ပီဆို ၁၀ ယောက်လုံး သေတာပါ။ ၁၀၀% သေဆုံးနှုန်းရှိပါတယ်။ AIDS ဖြစ်တောင် လူတန်းစေ့နီးပါး နေလို့ရနေတဲ့အချိန်မှာ ဘယ်လောက်ဆိုးရွားတဲ့အနေအထားလဲဆိုတာ ခန့်မှန်းလို့ရပါတယ်။ ဒီတော့ သိပ်တတ်နိုင်တယ်ဆို လမ်းဘေးခွေးတွေကို လိုက်စစ်။ ခွေးရူးပိုး ရှိရင် ရှင်း။ မရှိရင် သားကြောဖြတ်ပေါ့။ အဲလို မဟုတ်ပဲ လေနဲ့ ချစ်ပြနေတာတို့ ခွေးပြဆန်တောင်းနေတာတို့ဆိုရင်တော့ ဆောရီးပါ။

ကိုလိုနီခေတ်တုန်းက လမ်းဘေးခွေးမရှိအောင် ရှင်းပါတယ်။ ခွေးမွေးချင်ရင် လိုင်စင်နဲ့ တရားဝင်မွေးပါ။ ဆေးထိုးထားရတယ်။ အပြင်သွားရင် ကြိုးချည်ထားရတယ်။ ကိုက်တတ်ရင် နှုတ်သီးစွတ်သွားရတယ်။ ပြည်သူပိုင်လမ်းပေါ် ချေးပါရင် ပြန်ရှင်းလင်းပေးရတယ်။ အဲလိုမဟုတ်ရင် ဒဏ်ငွေ သို့ ပြစ်ဒဏ်ဆောင်ရပါတယ်။ လေလွင့်ခွေးနေဲ့ ပတ်သက်ရင်တော့ လေလွင့်ခွေး တကောင်တွေ့ရင် အမဲတုံးတတုံးပစ်တာပါပဲ။ ည ၁၁ လောက်မှာ ပစ်တယ်။ မနက် ၃ ၄ နာရီဆို ခွေးသေကို လာယူသွားပါပီ။ အဲလိုနည်းနဲ့ အလုပ်လုပ်ပါတယ်။ အခုလဲ အဲသလို ပြတ်ပြတ်သားသား လုပ်ဆောင်နေသင့်ပါပီ။ Fb ပေါ်မှာကော အပြင်မှာပါ ခွေးကို တကယ်ချစ်တဲ့ သူငယ်ချင်းတွေရှိပါတယ်။ သူတို့ခွေးကို ကာကွယ်ဆေးထိုးတယ်။ သေချာထားတယ်။ ဖြစ်သမျှ အကုန်တာဝန်ယူပါတယ်။ အဲလို လူတွေက လမ်းဘေးခွေးရှင်းဖို့ ကိစ္စကို ဘာမှမပြောကြပါဘူး။ ပြောနေကြသူ အများစုက စီးပွားရှာသမားတွေနဲ့ လေဖမ်းဒန်းစီးနေသူတွေပဲ ရှိပါတယ်။ ရန်ကုန်လို လမ်းလျှောက်ကြသူ အများအပြားရှိတဲ့ မြို့တွေမှာ ခွေးကိုက်မှုပိုများပါတယ်။ ဒီခွေးရူးပြသနာဟာ နိုင်ငံတော်ရဲ့ ကျန်းမာရေးပြသနာတခု ဖြစ်လာနေပီး သေချာမထိန်းသိမ်းနိုင် မရှင်းလင်းနိုင်ရင်တော့ တိုင်းပြည်ထဲက လူ့အသက်များစွာဟာ Risk ရှိနေပီဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်။
Nay Thway

No comments:

Post a Comment