Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, May 15, 2019

ဇနီးျဖစ္သူကို ဓားျဖင့္ဆင့္ထိုးသတ္ခဲ့သည့္ အမ်ိဳးသားအား လိႈင္သာယာတြင္ဖမ္းမိ


တြံေတးၿမိဳ႕နယ္ ေအာက္တမာတေကာ ေက်း႐ြာ တံတားေပၚတြင္ အသက္ ၃၀ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးကို ဓားျဖင့္ဆင့္ ထိုးသတ္ခဲ့သည့္ ခင္ပြန္းအား လိႈင္သာယာၿမိဳ႕နယ္ ေညာင္႐ြာရပ္ကြက္တြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း ရဲတပ္ဖြဲ႔ထံမွသိရသည္။

ထိုးသြင္းဒဏ္ရာမ်ားျဖင့္ ေသဆံုးေနသည့္ အမ်ိဳးသမီး၏ ႐ုပ္အေလာင္းကို ေမ ၁၂ ရက္ ညပိုင္းကေတြ႔ရွိခဲ့ၿပီး စစ္ေဆးရာမွ ေသဆံုးသူ၏ ႏိုင္ငံသားစိစစ္ေရးကတ္ႏွင့္ အလုပ္သမားကတ္၊ လူမႈဖူလံုေရးကတ္၊ Samsung အမ်ိဳးအစား လက္ကိုင္ဖုန္းတစ္လံုးတို႔ကို ေတြ႔ရွိသိမ္းဆည္းရမိခဲ့သည္။

ယင္းေနာက္ လက္ကိုင္ဖုန္း အတြင္းရွိ ဖုန္းအဝင္နံပါတ္မ်ားကိုစစ္ေဆးရာ ေနာက္ဆံုးေခၚဆိုထားသည့္ ဖုန္းနံပါတ္မွာ ေသဆံုးသူ၏ခင္ပြန္း အသက္ ၂၈ ႏွစ္အ႐ြယ္ ေက်ာ္မိုးေအးျဖစ္ၿပီး ေမ ၁၂ ရက္ ညေနပိုင္းက စက္႐ံုအလုပ္ဆင္းခ်ိန္ ၎၏ဇနီးကို ဆိုင္ကယ္ျဖင့္လာေရာက္ ေခၚေဆာင္သြားေၾကာင္း၊ အခင္းျဖစ္ေနရာသို႔ ေရာက္ရွိခ်ိန္၌ ဇနီးျဖစ္သူကို လူမႈေရးေဖာက္ျပန္သည္ဟု စြပ္စြဲေျပာဆိုၿပီး ဓားျဖင့္ ဆင့္ထိုးသတ္ခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သည္။

လူသတ္မႈက်ဴးလြန္ခဲ့သူ ေက်ာ္မိုးေအးကို ေမ ၁၃ ရက္ေန႔က လိႈင္သာယာၿမိဳ႕နယ္၊ ေညာင္႐ြာရပ္ကြက္ရွိ ၎၏ ေနအိမ္တြင္ ဖမ္းဆီးရမိခဲ့ၿပီး တြံေတးၿမိဳ႕နယ္၊ ခေလာက္ခ်ိဳက္နယ္ေျမ ရဲစခန္းက (ပ) ၁၉၅/၂၀၁၉၊ ရာဇသတ္ႀကီး ပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း ရဲတပ္ဖြဲ႔ထံမွသိရသည္။ Thevoicemyanmar

#Unicode Version#
တွံတေးမြို့နယ် အောက်တမာတကော ကျေးရွာ တံတားပေါ်တွင် အသက် ၃၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ဓားဖြင့်ဆင့် ထိုးသတ်ခဲ့သည့် ခင်ပွန်းအား လှိုင်သာယာမြို့နယ် ညောင်ရွာရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသမီး၏ ရုပ်အလောင်းကို မေ ၁၂ ရက် ညပိုင်းကတွေ့ရှိခဲ့ပြီး စစ်ဆေးရာမှ သေဆုံးသူ၏ နိုင်ငံသားစိစစ်ရေးကတ်နှင့် အလုပ်သမားကတ်၊ လူမှုဖူလုံရေးကတ်၊ ှSamsung အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ယင်းနောက် လက်ကိုင်ဖုန်း အတွင်းရှိ ဖုန်းအဝင်နံပါတ်များကိုစစ်ဆေးရာ နောက်ဆုံးခေါ်ဆိုထားသည့် ဖုန်းနံပါတ်မှာ သေဆုံးသူ၏ခင်ပွန်း အသက် ၂၈ နှစ်အရွယ် ကျော်မိုးအေးဖြစ်ပြီး မေ ၁၂ ရက် ညနေပိုင်းက စက်ရုံအလုပ်ဆင်းချိန် ၎င်း၏ဇနီးကို ဆိုင်ကယ်ဖြင့်လာရောက် ခေါ်ဆောင်သွားကြောင်း၊ အခင်းဖြစ်နေရာသို့ ရောက်ရှိချိန်၌ ဇနီးဖြစ်သူကို လူမှုရေးဖောက်ပြန်သည်ဟု စွပ်စွဲပြောဆိုပြီး ဓားဖြင့် ဆင့်ထိုးသတ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

လူသတ်မှုကျူးလွန်ခဲ့သူ ကျော်မိုးအေးကို မေ ၁၃ ရက်နေ့က လှိုင်သာယာမြို့နယ်၊ ညောင်ရွာရပ်ကွက်ရှိ ၎င်း၏ နေအိမ်တွင် ဖမ်းဆီးရမိခဲ့ပြီး တွံတေးမြို့နယ်၊ ခလောက်ချိုက်နယ်မြေ ရဲစခန်းက (ပ) ၁၉၅/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။ 
Thevoicemyanmar

No comments:

Post a Comment