Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, May 3, 2019

နိုင္ငံတကာမီးသတ္တပ္ဖြဲ႕ေတြ သတိေပးလိုက္တဲ့ ကားထဲကေရသန္႕ဗူးအႏၱရာယ္


 မွန္ဘီလူးကိုျဖတ္ျပီး စကၠဴကိုမီးရိႈ႕တဲ့ ျဖစ္စဥ္ေလးတစ္ခုကို ငယ္ငယ္က လုပ္ခဲ့ဖူးတာကို ျပန္စဥ္းစားၾကည့္လိုက္ရင္ မွန္ကိုျဖတ္လာတဲ့ ေနေရာင္က ဘယ္ေလာက္အႏၱရာယ္မ်ားလဲဆိုတာကို သိနိုင္မွာပါ။ ဒါနဲ႕ပတ္သက္လို႕ နိုင္ငံတကာ မီးသတ္အဖြဲ႕က သတိေပးခ်က္ေလးတစ္ခုထုတ္ျပန္ခဲ့ပါတယ္။ အဲ့ဒါကေတာ့ ကားထဲမွာ ေရသန္႕ဗူးေတြမထားၾကဖို႕ပဲျဖစ္ပါတယ္္။ ဘာလို႕လဲဆိုေတာ့ ေနပူလာတဲ့အခါ ကားမွန္ကိုျဖတ္လာတဲ့ေနေရာင္ျခည္က ပလတ္စတစ္ကိုျဖတ္သန္းျပီး အခ်ိန္ၾကာလာတဲ့အခါ ေရဗူးထဲကေရကို ၂၅၀ ဒီဂရီအထိပူလာေစနိုင္ျပီး ကားမီးေလာင္မႈျဖစ္ပြားေစနိုင္လို႕ပဲျဖစ္ပါတယ္။

ပံုထဲမွာျမင္ရသလိုမ်ိဳး အေနအထားက အျမဲလိုလိိုျမင္ေနက်ျဖစ္လို႕ မထူးဆန္းေတာ့ပါဘူး။ ဒါေပမယ့္ အဲ့ဒါရဲ႕ ေနာက္ဆက္တြဲအေျခအေနကေတာ့ ေတာ္ေတာ္ေၾကာက္ဖို႕ေကာင္းတာေၾကာင့္ ဒီအခ်က္ေလးေတြကို သတိထားဆင္ျခင္ဖို႕ လိုပါတယ္။

ကားထဲက ေနေရာင္ျခည္က်ေရာက္နိုင္တဲ့ေနရာေတြမွာ ေရဗူးကိုတင္ထားတာမ်ိဳး၊ ကားထဲမွာ ေရဗူးထည့္ထားျပီး ေမ့က်န္ထားခဲ့တာမ်ိဳး မျဖစ္ေအာင္ အျမဲလိုလိုသတိထားပါ။မျဖစ္မေန ေရဗူးယူသြားရမယ္ဆိုရင္ ကားေပၚကဆင္းတာနဲ႕ေရဗူးကိုတစ္ခါတည္းယူလာပါ။ ဒါမွမဟုတ္ရင္လည္း ေနေရာင္မ၀င္ေရာက္နိုင္မယ့္ ေနရာမွာ ေသခ်ာထားခဲ့ပါ။ ထိုင္ခံေပၚမွာ ျပီးစလြယ္တင္ထားခဲ့တာမ်ိဳးမလုပ္ပါနဲ႕။

ျဖစ္နိုင္ရင္ ကိုယ္သြားမယ့္ေနရာ၊ ကိုယ္ေသာက္မယ့္ေရပမာဏကို ခ်င့္ခ်ိန္ျပီး ယူသြားဖို႕အၾကံေပးခ်င္ပါတယ္။ ျပီးေတာ့ ေရသန္႕ဗူးေတြကို ေနပူထဲမွာအခ်ိန္ၾကာၾကာထားထားတဲ့အခါ က်န္းမာေရးကိုလည္း ဆိုးဆိုးရြားရြားထိခိုက္ေစနိုင္ပါတယ္။

ေရသန္႕ဗူးကို ေနေရာင္တိုက္ရိုက္ထိေတြ႕တဲ့အခါ antimony and bisphenol A (the dreaded BPA) တို႕ကိုထုတ္လႊတ္ေစျပီး အဲ့ဒီေရကိုေသာက္လိုက္တဲ့အခါ ေဟာ္မုန္းပမာဏေျပာင္းလဲျခင္း၊ႏွလံုးက်န္းမာေရးထိခိုက္ျခင္း၊ကင္ဆာျဖစ္နိုင္ေခ်ပိုမ်ားလာျခင္း၊အစာအိမ္နာေရာဂါျဖစ္ျခင္း၊ ၀မ္းပ်က္၀မ္းေလွ်ာေရာဂါျဖစ္ေစျခင္း၊ ေအာ့အန္ျခင္း တို႕ကိုျဖစ္ေစနိုင္ပါတယ္။ ဒီထက္ပိုဆိုးလာရင္ေတာ့ ကိုုယ္၀န္ပ်က္ျခင္း နဲ႕ မ်က္လံုးေသြးေၾကာေတြထိခိုက္တာမ်ိဳးအထိျဖစ္ေစနိုင္ပါတယ္။ ဒါေၾကာင့္ ကားမီးေလာင္ျခင္း၊ က်န္းမာေရးထိခိုက္ျခင္း စတဲ့ရန္ကေန ကင္းေ၀းဖို႕အတြက္ ေရသန္႕ဗူးေတြကိို ေနပူထဲ၊ ကားထဲမွာ ထားခဲ့ျခင္းကို ဆင္ျခင္ၾကဖို႕ နိုင္ငံတကာမီးသတ္အဖြဲ႕ေတြက သတိေပးခ်က္ထုတ္ျပန္ထားပါတယ္။
 brightside

#Unicode Version# ျဖင့္ဖတ္ပါ ။

မှန်ဘီလူးကိုဖြတ်ပြီး စက္ကူကိုမီးရှို့တဲ့ ဖြစ်စဉ်လေးတစ်ခုကို ငယ်ငယ်က လုပ်ခဲ့ဖူးတာကို ပြန်စဉ်းစားကြည့်လိုက်ရင် မှန်ကိုဖြတ်လာတဲ့ နေရောင်က ဘယ်လောက်အန္တရာယ်များလဲဆိုတာကို သိနိုင်မှာပါ။ ဒါနဲ့ပတ်သက်လို့ နိုင်ငံတကာ မီးသတ်အဖွဲ့က သတိပေးချက်လေးတစ်ခုထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒါကတော့ ကားထဲမှာ ရေသန့်ဗူးတွေမထားကြဖို့ပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ နေပူလာတဲ့အခါ ကားမှန်ကိုဖြတ်လာတဲ့နေရောင်ခြည်က ပလတ်စတစ်ကိုဖြတ်သန်းပြီး အချိန်ကြာလာတဲ့အခါ ရေဗူးထဲကရေကို ၂၅၀ ဒီဂရီအထိပူလာစေနိုင်ပြီး ကားမီးလောင်မှုဖြစ်ပွားစေနိုင်လို့ပဲဖြစ်ပါတယ်။

ပုံထဲမှာမြင်ရသလိုမျိုး အနေအထားက အမြဲလိုလိုမြင်နေကျဖြစ်လို့ မထူးဆန်းတော့ပါဘူး။ ဒါပေမယ့် အဲ့ဒါရဲ့ နောက်ဆက်တွဲအခြေအနေကတော့ တော်တော်ကြောက်ဖို့ကောင်းတာကြောင့် ဒီအချက်လေးတွေကို သတိထားဆင်ခြင်ဖို့ လိုပါတယ်။

ကားထဲက နေရောင်ခြည်ကျရောက်နိုင်တဲ့နေရာတွေမှာ ရေဗူးကိုတင်ထားတာမျိုး၊ ကားထဲမှာ ရေဗူးထည့်ထားပြီး မေ့ကျန်ထားခဲ့တာမျိုး မဖြစ်အောင် အမြဲလိုလိုသတိထားပါ။မဖြစ်မနေ ရေဗူးယူသွားရမယ်ဆိုရင် ကားပေါ်ကဆင်းတာနဲ့ရေဗူးကိုတစ်ခါတည်းယူလာပါ။ ဒါမှမဟုတ်ရင်လည်း နေရောင်မဝင်ရောက်နိုင်မယ့် နေရာမှာ သေချာထားခဲ့ပါ။ ထိုင်ခံပေါ်မှာ ပြီးစလွယ်တင်ထားခဲ့တာမျိုးမလုပ်ပါနဲ့။

ဖြစ်နိုင်ရင် ကိုယ်သွားမယ့်နေရာ၊ ကိုယ်သောက်မယ့်ရေပမာဏကို ချင့်ချိန်ပြီး ယူသွားဖို့အကြံပေးချင်ပါတယ်။ ပြီးတော့ ရေသန့်ဗူးတွေကို နေပူထဲမှာအချိန်ကြာကြာထားထားတဲ့အခါ ကျန်းမာရေးကိုလည်း ဆိုးဆိုးရွားရွားထိခိုက်စေနိုင်ပါတယ်။

ရေသန့်ဗူးကို နေရောင်တိုက်ရိုက်ထိတွေ့တဲ့အခါ antimony and bisphenol A (the dreaded BPA) တို့ကိုထုတ်လွှတ်စေပြီး အဲ့ဒီရေကိုသောက်လိုက်တဲ့အခါ ဟော်မုန်းပမာဏပြောင်းလဲခြင်း၊နှလုံးကျန်းမာရေးထိခိုက်ခြင်း၊ကင်ဆာဖြစ်နိုင်ချေပိုများလာခြင်း၊အစာအိမ်နာရောဂါဖြစ်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေခြင်း၊ အော့အန်ခြင်း တို့ကိုဖြစ်စေနိုင်ပါတယ်။ ဒီထက်ပိုဆိုးလာရင်တော့ ကိုယ်ဝန်ပျက်ခြင်း နဲ့ မျက်လုံးသွေးကြောတွေထိခိုက်တာမျိုးအထိဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကားမီးလောင်ခြင်း၊ ကျန်းမာရေးထိခိုက်ခြင်း စတဲ့ရန်ကနေ ကင်းဝေးဖို့အတွက် ရေသန့်ဗူးတွေကို နေပူထဲ၊ ကားထဲမှာ ထားခဲ့ခြင်းကို ဆင်ခြင်ကြဖို့ နိုင်ငံတကာမီးသတ်အဖွဲ့တွေက သတိပေးချက်ထုတ်ပြန်ထားပါတယ်။
 brightside

No comments:

Post a Comment